နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်

မြောက်ကိုရီးယား

မြောက်ကိုရီးယား ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားတပ်ဖွဲ့တွေ အားကောင်းလာဖို့အတွက် မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ၃၀၀၀၀ လောက် စေလွှတ်မယ်လို့ ယူကရိန်းအရာရှိတွေပြော

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက်

မြောက်ကိုးရီးယားသည် ယူကရိန်းနှင့် ရှေ့တန်းတလျှောက် ရုရှားအတွက် တိုက်ပွဲဝင်ပေး နေသည့် ၎င်း၏တပ်ဖွဲ့ဝင်အရေအတွက်ကို သုံးဆတိုးကာ မော်စကိုကို ကူညီရန် နောက်ထပ် စစ်သား ၂၅,၀၀၀ မှ ၃၀,၀၀၀ စေလွှတ်ခဲ့ကြောင်း ယူကရိန်းအရာရှိများ၏ ထောက်လှမ်းရေး အကဲဖြတ်ချက်အရ သိရသည်။

တပ်ဖွဲ့ဝင်များသည် လာမည့်လများအတွင်း ရုရှားနိုင်ငံသို့ ရောက်ရှိလာနိုင်သည်ဟု CNN မှ မြင်တွေ့ရသည့် အကဲဖြတ်ချက်အရ နိုဝင်ဘာလတွင် ရုရှား၏ ကာ့စ်ခ် (Kursk) ဒေသသို့ စေလွှတ်လိုက်သော တပ်ဖွဲ့ဝင် ၁၁,၀၀၀ ကို ယူကရိန်းကျူးကျော်ဝင်ရောက်မှုကို တွန်းလှန်ရန် ကူညီခဲ့သူများအဖြစ်ပေါင်းထည့်ထားသည်။ အဆိုပါ တပ်ဖြန့်မှုတွင် မြောက်ကိုရီးယား စစ်သား ၄,၀၀၀ ခန့် သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ကြောင်း အနောက်နိုင်ငံအရာရှိများ၏ ပြောကြားချက်အရ သိရသည်။ သို့သော်လည်း မော်စကိုနှင့် ပြုံယမ်း၏ ပူးပေါင်း ဆောင်ရွက်မှုသည် ရင်းနှီးမှုများ ပိုမိုတိုးတက်လာခဲ့သည်။

ရုရှားနိုင်ငံသို့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်သစ် ၃၀,၀၀၀ ခန့်စေလွှတ်နိုင်မည်ဟု ယူကရိန်း အကဲဖြတ်မှုကို အနောက်ထောက်လှမ်းရေးအရာရှိတစ်ဦးက ယူကရိန်း၏ခန့်မှန်း အကဲဖြတ်မှု ကို သီးခြားစုံစမ်းမှုအချက်အလက်များအရ မှန်ကန်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။

CNN မှ မြင်တွေ့ရသည့် ယူကရိန်းအကဲဖြတ်မှုတွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ရုရှားတိုက်ခိုက်ရေးယူနစ်များနှင့် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များ ထပ်မံပေါင်းစည်းရန် ရည်ရွယ်ချက်ဖြင့် “ လိုအပ်သော စက်ကိရိယာများ၊ လက်နက်များနှင့် ခဲယမ်းမီးကျောက်များ” ပေးအပ်သည်ဟု ဆိုသည်။ ကြီးမားသောထိုးစစ်စစ်ဆင်ရေးအတွင်း အပါအဝင် ရုရှားသိမ်းပိုက်ထားသော ယူကရိန်း၏အစိတ်အပိုင်းများတွင် မြောက်ကိုးရီးယား တပ်ဖွဲ့ဝင်များကို ပါဝင်တိုက်ခိုက်စေခြင်းသည် “ဖြစ်နိုင်ခြေများသည်” ဟု ထပ်လောင်း ဖော်ပြထားသည်။

ယူကရိန်းကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီမှ အကဲဖြတ်ချက်အရ ရုရှားစစ် လေယာဉ်များသည် စစ်မှုထမ်းများ တင်ဆောင်ရန် ပြန်လည်ပြင်ဆင်ထားကြောင်း အရိပ်အမြွက် ဖော်ပြထားပြီး အနောက်တောင်ဘက်စွန်းရှိ မြောက်ကိုရီးယားနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရုရှားဆိုက်ဘေးရီးယားကိုဖြတ်၍ ထောင်ပေါင်းများစွာသော နိုင်ငံခြားတပ်ဖွဲ့ဝင်များကို ရွှေ့ပြောင်းခြင်းလုပ်ငန်းကို ထင်ဟပ်နေပါသည်။

ဖြစ်နိုင်ခြေရှိသောတပ်ဖွဲ့အသစ်များကို ပို့ဆောင်ရန်ပြင်ဆင်နေခြင်းတွင် မနှစ်က မြောက်ကိုရီးယား စစ်သားများကို ပို့ဆောင်ပေးခဲ့သည့် သင်္ဘောတစင်း ရုရှားဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိလာခြင်းလည်း ပါဝင်ခဲ့ပြီး ‌မြောက်ကိုရီးယား ဆူနန်လေဆိပ်တွင် ကုန်တင်လေယဥ်တစင်းကိုလည်း အာကာသဂြိုလ်တုမှ ဖမ်းယူထားသည့် ပုံရိပ်များမှ ဖြန့်ကျက်မှုအသစ်အတွက် ဖြစ်နိုင်ခြေရှိသော ပြင်ဆင်မှုများကို CNN က တွေ့ရှိခဲ့သည်။

မြောက်ကိုရီးယားသည် ၂၀၂၄ ခုနှစ် နှောင်းပိုင်းတွင် ရုရှားသို့ လျှို့ဝှက်စွာ တပ်ဖွဲ့ဝင် တစ်သောင်းတထောင် (၁၁,၀၀၀) ကို စေလွှတ်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်က ဧပြီလနှောင်းပိုင်းတွင်မှ တပ်ဖြန့်ပို့ဆောင်မှုကို အတည်ပြုခဲ့သည်။

အောက်တိုဘာလတွင်၊ စစ်အခြေစိုက်စခန်း Primorskyi Krai ရှိ Sergeevka ဒေသ၌ မြောက်ကိုရီးယားစစ်သားများကို ရှေ့တန်းတွင်တိုက်ပွဲဝင်ရန်အတွက် လက်နက် ကိရိယာများ ပေးအပ်နေသည်ကို ဓာတ်ပုံရိုက်ခဲ့ကြသည်။

တစ်လအကြာတွင် ရိုပူချာ (Ropucha) အတန်းအစား ရုရှားသင်္ဘောတစ်စင်းသည် အနောက်တောင် ဘက် ၉၅ ကီလိုမီတာ (၅၉ မိုင်) အကွာရှိ ဒူနိုင်း (Dunai) ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ပြီး ထိုသင်္ဘောသည် တပ်ဖွဲ့ဝင် ၄၀၀ အထိ တင်ဆောင်နိုင်သည်ဟု လေ့လာသူ များက ပြောကြားခဲ့သည်။

အလားတူ တပ်ဖွဲ့ဝင်များ ပို့ဆောင်နေသည့် ရိုပူချာ (Ropucha) သင်္ဘောအမျိုးအစားသည် မေလ ၁၈ ရက်နေ့တွင် တူညီသော ဒူနိုင်း (Dunai) ဆိပ်ကမ်းတွင် ထပ်မံဆိုက်ကပ်ခဲ့ကြောင်း၊ ကာကွယ်ရေးနှင့် လုံခြုံရေးနှင့် ဆက်စပ်သော open-source ထောက်လှမ်းရေးကို အထူးပြုသည့် အကျိုးအမြတ်မယူသော ဗြိတိန်အခြေစိုက် Open Source Centre မှ CNN ကို ပေးပို့သော ဂြိုလ်တုဓာတ်ပုံများအရ သိရသည်။

ပျံသန်းမှုပုံစံများသည် နောက်ထပ်တပ်ဖွဲ့ဝင်အချို့ကို ပို့ဆောင်မည့် ရွေ့လျားမှုကိုလည်း တွေ့မြင်နေရကြောင်း အကြံပြုထားသည်။ Open Source Center သည် ဇွန် ၄ ရက်က မြောက်ကိုရီးယားရှိ ဆူနန်လေဆိပ်မှ ဂြိုလ်တုဓာတ်ပုံများကို CNN မှ ထောက်ပံ့ပေးခဲ့ပြီး ကုန်တင်လေယာဉ်များဖြစ်သည့် IL76s သည် ယမန်နှစ်က ဖြန့်ကျက်အသုံးပြုခဲ့သည့် အလားတူလေယာဉ်အမျိုးအစားဖြစ်သည့် လေယဥ်ပြေးလမ်းပေါ်တွင် နေရာချထားခြင်းကို တွေ့ရှိရသည်။ မည်သည့်သင်္ဘောနှင့် လေယာဉ်များကို အသုံးပြုနေကြသည်ကို ရုပ်ပုံများက မပြသော်လည်း ရွေ့လျားမှုများသည် ယမန်နှစ် လေ့လာသူများ လေ့လာတွေ့ရှိခဲ့သည့် စံနမူနာနှင့် ကိုက်ညီသည့်ပုံစံကို တွေ့ရှိရသည်။

“ ဂြိုလ်တုပုံရိပ်များတွင် မေလတွင် ဒူနိုင်း (Dunai) သို့ ရုရှားသံကြပ်ကာ ကားအစီး ရောက်ရှိ လာခြင်း နှင့် မေလနှင့် ဇွန်လတွင် ဆူနန် (Sunan) လေဆိပ်၌ လှုပ်ရှားမှုများကို ပြသနေသည်” ဟု Open Source Centre မှ အကြီးတန်းလေ့လာသုံးသပ်သူ ဂျိုးဘာနီ (Joe Byrne) က ပြောကြားခဲ့သည်။ “ဒါက မြောက်ကိုရီးယား တပ်ဖွဲ့တွေကို ရွှေ့ဖို့ အရင်က အသုံးပြုခဲ့တဲ့ လမ်းကြောင်းတွေက အသက်ဝင်နေပြီး အနာဂတ်တွင် ဝန်ထမ်းအများအပြား လွှဲပြောင်းပေးမှု မှာ အသုံးပြုနိုင်တယ်ဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။”

စတင်မ်ဆန် စင်တာ (Stimson Center) မှ ကိုရီးယားအစီအစဉ်၏ အကြီးတန်းဝန်ထမ်းနှင့် ဒါရိုက်တာဖြစ်သူ ဂျယ်နီ တောင်း(Jenny Town) က ယူကရိန်း၏အကဲဖြတ်မှုအရ လူပေါင်း ၃၀,၀၀၀ ပို့ဆောင်မည်ဟု ဆိုခြင်းသည် မြင့်မားသော်လည်း ၎င်းတို့သည် ထိုအရေအတွက် ကို သေချာပေါက် ရောက်ရှိလာနိုင်သည် ဟုဆိုသည်။ ၎င်းတို့သည် အထက်တန်းစား စစ်သားများ မဟုတ်ပေ။ ကင်ဂျုံအွန် (Kim Jong Un) က စစ်ရေးကိစ္စအားလုံးတွင် ပါဝင်နေပြီဖြစ်သော ကြောင့် ရုရှားတောင်းဆိုသည့်အပေါ် မူတည်သည်” ဟု ပြောကြားခဲ့သည်။

ဂျယ်နီ တောင်း (Jenny Town) က ၁၀,၀၀၀ မှ ၂၀,၀၀၀ ဆိုသည်က “ပို၍လက်တွေ့ဆန်သည်” ဟုပြောပြီး မြောက်ကိုရီးယားသည် တပ်ဖွဲ့များကို အဆင့်ဆင့် ဖြည်းဖြည်းချင်း တပ်ဖြန့် ပို့ဆောင်နိုင်မည်ဟု ဆိုသည်။ “ရုရှားဗိုလ်ချုပ်ကြီးတွေဟာ မြောက်ကိုရီးယားကို ရောက်နေပြီး နိုင်ငံအတွင်းမှာ တပ်တွေကို လေ့ကျင့်ရေး တွေလုပ်နေပြီလို့ ကောလာဟလတွေ ထွက်ပေါ် နေပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

ယူကရိန်းကာကွယ်ရေးဝန်ကြီး ရပ်တမ်အူမာရော့ဗ် (Rustem Umerov) က မြောက်ကိုးရီးယားတပ်များ ထပ်မံပို့ဖွယ်ရှိသည်ဟု သံသယရှိသော်လည်း နိုင်ငံ၏ ခေါင်းဆောင် ကင်ဂျုံအွန် (Kim Jong Un) သည် ထိပ်တန်း တပ်ဖွဲ့ဝင်များစွာကို ရှေ့တန်း စစ်မျက်နှာတွင် အသေအပျောက်နှုန်းမြင့်မားသောနေရာသို့ပို့ ခြင်းဖြင့် ၎င်း၏အစိုးရကို အန္တရာယ်ဖြစ်စေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ “ရုရှားက ထိပ်တန်း မြောက်ကိုရီးယားတပ်တွေကို အသုံးပြုတာဟာ အာဏာရှင်အစိုးရတွေကို မှီခိုအားထားရုံ သာမက သူ့ရဲ့ အရန်စစ်သား စုဆောင်းမှုရဲ့ ကြီးမားတဲ့ပြဿနာတွေကိုပါ ပြသနေပါတယ်” ဟု အူမာရော့ဗ် (Umerov) က ပြောကြားခဲ့သည်။ “ ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ၊ ကျွန်ုပ်တို့သည် ဤခြိမ်းခြောက်မှုများကို စောင့်ကြည့်နေပြီး လျော်ညီစွာ တုံ့ပြန်သွားမည်” ဟု ဆိုသည်။

ယူကရိန်းစစ်ဦးစီးချုပ် အိုလက်စန်ဒါ စာရက်စကီ (Oleksandr Syrskyi) က ရုရှားသည် မဟာဗျူဟာကျသော လူဦးရေစင်တာကို ထိုးစစ်ဆင်ရန်အတွက် ရှေ့တန်းအဓိက စစ်ပူနေသောပေါ့ရိုဗက်ခ် (Pokrovsk) မြို့ အနီးတွင် တပ်ဖွဲ့ဝင် ၁၁၀,၀၀၀ စုဆောင်း ထားကြောင်း ပြောကြားခဲ့သည်။

ယခင်က ၎င်း၏ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ပူတင်၏ ထိပ်တန်းအကြံပေးတစ်ဦးဖြစ်သည့် ဆာဂျီရှိုဂူသည် ဇွန် ၁၇ ရက်က ပြုံယမ်းသို့ ပူတင်၏အမိန့်အတိုင်း အလည်အပတ်ရောက်ရှိခဲ့ပြီးသူ၏ဒုတိယအကြိမ်မြောက် ခရီးစဉ်တစ်ခုလည်းဖြစ်ကြောင်းရုရှားသတင်းဌာနတပ်စ်ကဆိုသည်။

ခရီးစဉ်အတွင်းဆာဂျီရှိုဂူက ကာ့စ်ခ် (Kursk) ဒေသရှိ မိုင်းရှင်းလင်းရေးနှင့် “ကျူးကျော် ဝင်ရောက်လာသူများ ဖျက်စီးသွားသော အခြေခံအဆောက်အဦများကို ပြန်လည်ပြုပြင်ရန်” မြောက်ကိုးရီးယား စစ်အင်ဂျင်နီယာတပ်သား ၁,၀၀၀ နှင့် စစ်ဘက် ဆောက်လုပ်ရေးလုပ်သား ၅,၀၀၀ ကို ရုရှားနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း TASS သတင်းဌာက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ဇူလိုင်လ သို့မဟုတ် သြဂုတ်လ အစောပိုင်းတွင် နိုင်ငံရပ်ခြားတွင် တပ်ဖြန့်ချထားရန်အတွက် ဝန်ထမ်းများကို စတင်ရွေးချယ်နေပြီဟု ဆိုးလ်မြို့ရှိ ဥပဒေပြု အမတ်များအား အကျဉ်းချုံးကာ တောင်ကိုရီးယားအမျိုးသား ထောက်လှန်းရေး အဖွဲ့ ((NIS)ကာရှင်းလင်းပြောကြားခဲ့ကြောင်း လွှတ်တော်အမတ် လီဆဲအွန်ကူအွန် (Lee Seong-kweun) ၏ ပြောကြားချက်အရ သိရသည်။သူက ရုရှား၏ လူထုကို အသိပေးချက် ထုတ်ပြန်ရာတွင် မြောက်ကိုရီးယား မိုင်းရှင်းလင်းရေးသမား ၆၀၀၀ နှင့် စစ်ဘက်ဆောက်လုပ်ရေးလုပ်သားများကို ခေါ်ယူခြင်း ကိစ္စကို မီးမောင်းထိုးပြခဲ့သည်။ ယူကရိန်း ထောက်လှမ်းရေးက စစ်သား၃၀၀၀၀ ကိုပို့ဆောင်ခဲ့သည်ဟု အကဲဖြတ်ချက်ကို NIS က မျှဝေခဲ့ခြင်း ရှိ၊ မရှိ မရှင်းမလင်းခဲ့ပါ။

ရုရှားမီဒီယာများမှ အစီရင်ခံတင်ပြမှုများတွင် မြောက်ကိုရီးယားနှင့်အလွန်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုကို အရိပ်အမြွက်အဖြစ်ဖော်ပြခဲ့ကြသည်။ ဧပြီလနှောင်းပိုင်းတွင် ကရင်မလင်က စစ်ပွဲတွင် မြောက်ကိုရီးယား၏ပါဝင်နေမှု အခန်းကဏ္ဍကို ဝန်ခံပြီးနောက် နှစ်ရက်အကြာတွင် ရုရှားရုပ်သံတင်ဆက်သူနှင့် နိုင်ငံရေးသမား မာရီနာကင်မ် (Marina Kim) မှ တယ်လီဂရမ်တွင် လွှင့်တင်ထားသော ဗီဒီယိုတွင် မြောက်ကိုရီးယားတပ်ဖွဲ့ယူနစ်တစ်ခု၏ ပြင်းထန်သောပြင်ဆင်မှုများနှင့် ကာလကြာရှည်စွာနေထိုင်နေခြင်းတို့ကို ပြသခဲ့သည်။

CNN နှင့် ယူကေအခြေစိုက် သတင်းအချက်အလက်စင်တာတို့သည် ဘူမိနေရာရှာဖွေရေးအရ ထိုနေရာသည် ကာ့စ်ခ် (Kursk) မြို့အရှေ့ဘက် ၁၀ ကီလိုမီတာ (၆ မိုင်) တွင်ရှိသည့် Postoyalye Dvory ၏ အပြင်ဘက်လယ်ကွင်းတစ်ခုတွင် အဆိုပါ တပ်ဖွဲ့ကို နေရာချထားပေးခဲ့ကြောင်း သိရသည်။

ခြောက်မိနစ်ကြာ ဗီဒီယိုတွင် ရောက်ရှိလာသော အသက် ၂၃ နှစ်မှ ၂၇ နှစ်ကြား မြောက်ကိုရီးယား နိုင်ငံသားများသည် “ရုပ်ပိုင်းကြံခိုင်မှုဆိုင်ရာ ကောင်းမွန်စွာပြင်ဆင်ထား” ကြောင်း ရုရှားစစ်သင်တန်းပို့ချသူတစ်ဦးက ထုတ်ဖော်ပြသထားသည်။ သူက “တိုက်ခိုက်ရေး သမားတွေအနေနဲ့ ငါတို့လောက် မဆိုးဘူး။ ရန်သူက အရင်ထွက်ပြေးတယ်” ဟုဆိုသည်။

ရုရှားသင်တန်းဆရာသည် ကင်မ် (Kim) နှင့် ကိုရီးယားဘာသာသို့ အခြေခံစစ်ရေးဆိုင်ရာ ရုရှားဝေါဟာရများကို ဘာသာပြန်ရေးသားရန်ကို ဆွေးနွေးခဲ့သည်။ မြောက်ကိုရီးယား သင်တန်းသားများသည် အသစ်ရောက်ရှိလာခြင်း ရှိ၊မရှိ သို့မဟုတ် ယမန်နှစ်က စေလွှတ်လိုက်သော တပ်သား ၁၁၀၀၀ ၏ အကြွင်းအကျန်များ ဖြစ်မဖြစ် ရှင်းရှင်းလင်းလင်း မသိရသေးပေ။

သတင်းထောက်သည် မြောက်ကိုရီးယားနိုင်ငံသားများသည် အနီရောင် ကိုရီးယားငရုတ်သီးမှုန့်ကဲ့သို့သော အခြေခံနှစ်သိမ့်မှုပစ္စည်းများဖြင့် နေထိုင်သည့် ကတုတ်ကျင်းကွန်ရက်သို့လည်း သွားရောက်ကြည့်ရှုပြီး ၎င်းတို့၏အိပ်ဆောင်များပေါ်ရှိ “ကျဆုံးသွားသော ရဲဘော်များအတွက် လက်စားချေရန်” ဟု ကိုရီးယားဘာသာ လက်ရေးဖြင့် ရေးထားသော ပိုစတာများ ကပ်ထားသည်။

TASS မှတင်ထားသော နောက်ထပ်ဗီဒီယိုနှစ်ခုတွင် မြောက်ကိုရီးယားစစ်သားများကို ရုရှားစစ်တပ်တွင် ယခင်ကတွေ့မြင်ထားသည်ထက် ပိုမိုများပြားစွာ ပေါင်းစည်းမှုကို တွေ့ရသည်။ ယူကရိန်းအရာရှိများ၏ အကဲဖြတ်ချက်များအရ မော်စကိုတပ်များနှင့် ဘာသာစကား အတားအဆီးကြောင့် မြောက်ကိုးရီးယားတပ်များသည် ကာ့စ်ခ် (Kursk) ရှိ ရှေ့တန်းစစ်မျက်နှာသို့ သီးခြားယူနစ်တစ်ခုအဖြစ်ပို့ဆောင်ခဲ့သည်။

TASS ဗီဒီယိုတစ်ခုတွင် မြောက်ကိုးရီးယားနှင့် ရုရှားတပ်ဖွဲ့ဝင်များသည် တိုက်ခိုက်ရေး လေ့ကျင့်မှုတွင် အဆောက်အအုံများကို အတူတကွရှင်းလင်းရန် လုပ်ဆောင်နေကြသည်ကို ပြသထားပြီး နောက်တစ်ခုတွင် ယူကရိန်းမောင်းသူမဲ့လေယာဉ်များ၏ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းရာတွင် မြောက်ကိုရီးယားနိုင်ငံသားများက သေနတ်ဖြင့် ပစ်ခတ်လေ့ကျင့်မှု ကို ပြသထားသည်။

နောက်ထပ်တပ်ဖွဲ့ဝင်များသည် ပဋိပက္ခတွင် သိသာထင်ရှားသောတိုးတက်မှုကို အမှတ်အသားပြုပြီး မြောက်ကိုရီးယားခေါင်းဆောင်သည် မော်စကိုအား ထောက်ခံမှု နှစ်ဆတိုးလာနေသည့် လက္ခဏာဖြစ်သည်။ ကင်ဂျုံအန်းသည် မြောက်ကိုရီးယား အထူးတပ်ဖွဲ့ဝင်များ အား မေလ ၁၄ ရက်က စစ်ဆေးနေခြင်းကို မြောက်ကိုရီးယား အစိုးရ မီဒီယာတွင် တွေ့မြင်ရပြီး လေ့လာသူအချို့က အဆိုပါ ခရီးစဉ်သည် အနာဂတ်တပ်ဖြန့်မှုနှင့် ဆက်စပ်နေသည်ဟု သံသယရှိကြသည်။ မြောက်ကိုရီးယား၏ အဓိကတပ်ဖြန့်မှုမှာ မော်စကို၏ စစ်ပွဲကို ထောက်ခံသည့် မြောက်ကိုရီးယား၏ ကျယ်ပြန့်သည့် အခန်းကဏ္ဍနှင့် ပတ်သက်ပြီး လကြာ CNN စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပေါ်လွင်လာခြင်း ဖြစ်သည်။

ယူကရိန်းထောက်လှမ်းရေးက မြောက်ကိုရီးယား KN-23 နှင့် KN-24 ပဲ့ထိန်းဒုံးကျည် ၈၂ ကြိမ် ပစ်ခတ်မှုတွင် အပြည့်စုံဆုံးစံချိန်ကို ထောက်ပံ့ပေးခဲ့ပြီး Pokrovsk တွင် အရပ်သား ၁၁ ဦး သေဆုံးမှုနှင့် ယခုနှစ် ဖေဖော်ဝါရီတွင် ၎င်းတို့၏ ပြင်းထန်စွာ အသုံးပြုမှုများအတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် တာဝန်ရှိကြောင်း ဖော်ပြခဲ့သည်။ ၎င်းတို့၏အသုံးပြုမှုပုံစံကို CNN မှ အသေးစိတ်ဖော်ပြခဲ့သည်။

CNN သည် ရုရှားဘာသာသို့ ပြန်ဆိုထားသော မြောက်ကိုရီးယား၏အမြောက်လက်နက်များ အသုံးပြုခြင်းဆိုင်ရာလေ့ကျင့်ရေးလက်စွဲစာအုပ်ကို ယူကရိန်းကာကွယ်ရေး ထောက်လှမ်း ရေး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးထံမှ ရယူခဲ့သည်။ လက်နက်များကို နေရာအနှံ့အပြားတွင် လည်းကောင်း၊ မော်စကိုနှင့် ပြုံယမ်းတပ်ဖွဲ့များအကြား ပူးပေါင်း စစ်ဆင်ရေး လုပ်ခြင်းများ တိုးမြင့်လာခဲ့သည်။

“ရှေ့တန်းမှာ မြောက်ကိုရီးယား အမြောက်ကပစ်တဲ့ ဗီဒီယို အရေအတွက် တိုးလာနေတဲ့ တစ်ချိန်တည်းမှာပဲ ထွက်ပေါ်လာတဲ့ လမ်းညွှန်ချက်တွေကို ကုလအဖွဲ့ဝင် ၁၁ နိုင်ငံက အစီရင်ခံစာအရ ပြုံးယမ်းက ၂၀၂၄ ခုနှစ်မှာ ရုရှားဆီ အနည်းဆုံး ပဲ့ထိန်းဒုံးကျည် ၁၀၀ နဲ့ အမြောက်ကျည် ၉ သန်းကျော် ပေးပို့ခဲ့တယ်” ဟု ဆိုသည်။

ယခုနှစ်အစောပိုင်းတွင် နောက်ထပ် မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ၃၀၀၀ ကို ရုရှားသို့ စေလွှတ်ထားကြောင်း မတ်လတွင် တောင်ကိုးရီးယားစစ်တပ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Stimson Center မှ တောင်း (Town) က ပြုံယမ်းသည် မော်စကို၏ အကြွေးတင်နေသည့် အတွက် ရေရှည်အကျိုးရှိကြောင်း မြင်သည်ဟု ဆိုသည်။ “သူတို့ကြားထဲမှာ ‘သွေးကြွေးမြီ’ ပိုများလေ၊ ရေတိုမှာ စွန့်လွှတ်အနစ်နာခံနေရရင်တောင် မြောက်ကိုရီးယားက ရေရှည်မှာ ပိုပြီးအကျိုးရှိလေ” ဟု သူမက ဆိုသည်။

CNN အင်္ဂလိပ်သတင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား အမေရိကန်

အဓိက နျူကလီးယား လက်နက် စာချုပ်တစ်ခု သက်တမ်းကုန်ဆုံးတော့မည် – ၎င်းသည် ရုရှား၏ စူပါပါဝါ အဆင့်အတန်း ကျဆင်းလာခြင်း၏ လက္ခဏာတစ်ခု ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၅ရက် ဆိုဗီယက်ယူနီယံ ဟောင်း ပြိုကွဲသွားပြီးနောက်ပိုင်း ရုရှားသည် နိုင်ငံတကာ စင်မြင့်ထက်တွင် သိသိသာသာ အင်အားချည့်နဲ့လာသည့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယခင်က ငါးဖမ်းရန် အသုံးပြုခဲ့သော ဤပိုက်ကွန်များသည် ယခုအခါ ရုရှားဒရုန်းများကို ဖမ်းဆီးရန် ဖြစ်လာခဲ့သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နယ်သာလန်နိုင်ငံတွင် တူးလစ် (Tulip) ပန်းပင်များကို ကာကွယ်ရန် တစ်ချိန်က အသုံးပြုခဲ့သော ပိုက်ကွန်များသည် ယခုအခါ ယူကရိန်းစစ်သားများနှင့် အရပ်သားများကို ရုရှားဒရုန်းများရန်မှ ကာကွယ်ပေးရန်
တရုတ် တောင်ကိုရီးယား နိုင်ငံတကာသတင်း ဥရောပ

အမေရိကန်သည်မဟာမိတ်များအပေါ် တင်းမာနေချိန် တရုတ်သမတကကမ္ဘာ့ နိုင်ငံအများအပြားနှင့် သံတမန်ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်‌

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 78 Views
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၂၆ ခုနှစ်၏ အစောပိုင်း သီတင်းပတ်များအတွင်း တရုတ်နိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်သည် ၊ ဥရောပ၊ မြောက်အမေရိက၊ ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် တရုတ်နိုင်ငံ၏ အနီးဝန်းကျင် ဒေသများအထိသံတမန်ဆက်ဆံရေးကို နှစ်နိုင်ငံချင်းဖြစ်စေ၊
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

စစ်ပွဲကာလအတွင်း အမေရိကန်၊ ယူကရိန်းနှင့် ရုရှားတို့ ပထမဆုံးအကြိမ် သုံးပွင့်ဆိုင် ဆွေးနွေးမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 53 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ယူကရိန်း၊ အမေရိကန်နှင့် ရုရှားနိုင်ငံတို့မှ ညှိနှိုင်းရေးမှူးများသည် သောကြာနေ့က အာရပ် စော်ဘွားများပြည်ထောင်စု (UAE) တွင် ဆွေးနွေးမှုများ စတင်ခဲ့ကြသည်။ ယင်းသည် ၂၀၂၂
နိုင်ငံတကာသတင်း ရုရှား

ရုရှားသည် ပြည်ပရောက် ဝေဖန်ရေးသမားများကို ပစ်မှတ်ထားရန် အင်တာပိုလ်(Interpol) ၏ အလိုရှိသူစာရင်းကို အသုံးချနေကြောင်း ပေါက်ကြားလာသည့် အချက်အလက်များက ဖော်ပြခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 43 Views
BBC – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) မှ သတင်းပေးသူတစ်ဦးက ထုတ်ဖော်လိုက်သည့် ဖိုင်ပေါင်းထောင်ချီတွင် ရုရှားနိုင်ငံသည် ပြည်ပရောက် ၎င်း၏ ဝေဖန်ရေးသမားများကို ပစ်မှတ်ထားရန်အတွက် နိုင်ငံတကာရဲတပ်ဖွဲ့၏
နိုင်ငံတကာသတင်း မြောက်ကိုရီးယား

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ဒုတိယဝန်ကြီးချုပ်တစ်ဦးကို ရာထူးမှထုတ်ပယ်၊ ‘နွားလှည်းကို ဆွဲတဲ့ဆိတ်’ ဟုခိုင်း နှိုင်းပြစ်တင်ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 60 Views
CNN- ဆိုးလ်မြို့ – AP မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် စက်ရုံအဆင့်မြှင့်တင်ရေး စီမံကိန်း တစ်ခု တွင် ပြဿနာများရှိခဲ့ခြင်းကြောင့် ဒုတိယဝန်ကြီးချုပ်တစ်ဦးကို ရာထူးမှ ထုတ်ပယ် လိုက် သည်။ ဤလုပ်ရပ်သည် အရေးကြီးသော နိုင်ငံရေးညီလာခံ မတိုင်မီ
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ဥရောပ၏ ‘လက်တွေ့ဘဝသစ်’ – အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးများ ပြိုကွဲသွားခဲ့သည့် သီတင်းပတ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 89 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် ဘရပ်ဆဲလ်မြို့ — ဒေါ်နယ်ထရမ့်အနေဖြင့် ကမ္ဘာသစ်တစ်ခုကို တည်ဆောက်ရန် ခြောက်ရက် သာ အချိန်ယူခဲ့ရသည်။ ခုနစ်ရက်မြောက်နေ့တွင်မူ သူ၏ ဥရောပမဟာမိတ်ဟောင်းများ အနေဖြင့် သူ့ကို