နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်း မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ၏ အိုလံပစ်မြို့ဟောင်းရှိ ရေနံချက်စက်ရုံတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

CNN- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၃ရက်

ယူကရိန်းဒရုန်းတိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့သော ရုရှားနိုင်ငံ ဆိုချီမြို့ရှိ ရေနံချက်စက်ရုံ တစ်ခုတွင် မီးသတ်သမား ၁၂၀ ကျော်ဖြင့် မီးငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဗင်နီရာမင် ကွန်ဒရာယက်ဗ် (Veniamin Kondratyev) က တယ်လီဂရမ် တွင် တနင်္ဂနွေနေ့ အစောပိုင်းတွင် ပြောကြားခဲ့သည်။

ဆိုချီမြို့တည်ရှိရာ ပင်လယ်နက်ရှိ ကရပ်စ်နိုဒါ (Krasnodar) ဒေသတွင် ပမာဏ ၂,၀၀၀ ကုဗမီတာ (၇၀,၀၀၀ ကုဗပေ) ရှိသော ဆီတိုင်ကီတစ်လုံး မီးလောင်ခဲ့ကြောင်း ရုရှား၏ အရေးပေါ်တာဝန်ရှိသူများကို ကိုးကား၍ RIA သတင်းဌာနက ဖော်ပြခဲ့သည်။

ကရပ်စ်နိုဒါ ဒေသတဝိုက်နှင့် ပင်လယ်နက်ရေပြင်တွင် အစင်း ၆၀ အပါအဝင် ယူကရိန်း မောင်းသူမဲ့လေယာဉ် ၉၃ စင်းကို ညတွင်းချင်း ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက ၎င်း၏နေ့စဉ်နံနက်ခင်း အစီရင်ခံချက်ကိုတယ်လီဂရမ် တွင် ဖော်ပြခဲ့သည်။

ယူကရိန်းမှ ဒရုန်းအလုံးရေ မည်မျှ ပစ်လွှတ်ခဲ့သည်ကို မပြောဘဲ ၎င်း၏ ဒရုန်းအလုံးရေ မည်မျှ ဖျက်ဆီးခဲ့ကြောင်းကိုသာ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ရုရှား၏အရပ်ဘက်လေကြောင်းအာဏာပိုင် ရိုစာဗီယာစီယာ (Rosaviatsi) သည် လေကြောင်းအန္တရာယ်ကင်းရှင်းစေရန်အတွက် ဆိုချီ (Sochi) လေဆိပ်တွင် ပျံသန်းမှုများကို ခေတ္တရပ်နားထားသည်ဟု တယ်လီဂရမ်တွင် တနင်္ဂနွေနေ့ (ည ၁၀ နာရီအချိန် ET၊ စနေနေ့) တွင် ပျံသန်းမှုများပြန်လည်စတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ရိုက်တာသတင်းသည် သတင်းများကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ ယူကရိန်းဘက်မှ ချက်ခြင်းမှတ်ချက်ပေးခြင်း မရှိခဲ့ပေ။

အုပ်ချုပ်ရေးမှူး ကွန်ဒရာယက်ဗ် (Kondratyev) က ကမ်းရိုးတန်းအပန်းဖြေမြို့ အက်ဒလာ (Adler) ခရိုင်မှာ ရှိတဲ့ တိုက်ခိုက်မှုဟာ မော်စကိုရဲ့ စစ်ပွဲအတွက် အဓိကကျတယ်” ဟု ကိ့ဗ်က ယူဆသည်ဟု သူကဆိုသည်။ ဤတိုက်ခိုက်မှုသည် ရုရှားနိုင်ငံအတွင်းရှိ အခြေခံအဆောက်အအုံများအပေါ် ယူကရိန်းရဲ့ နောက်ဆုံးပေါ် တိုက်ခိုက်မှုဖြစ်သည်။

လွန်ခဲ့သည့်လနှောင်းပိုင်းတွင် ယူကရိန်းဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အက်ဒလာ ခရိုင်တွင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သော်လည်း ၂၀၁၄ အိုလံပစ် ဆောင်းရာသီ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဆိုချီတွင် တိုက်ခိုက်မှုများသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက စတင်ခဲ့သည့် စစ်ပွဲနောက်ပိုင်းတွင် မကြာခဏ ဖြစ်ပွားခဲ့သည်။

ခရပ်နိုဒါ (Krasnodar) ဒေသသည် ရုရှားနိုင်ငံတောင်ပိုင်းတွင် အကြီးဆုံးနှင့် ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများနှင့် မကြာခဏပစ်မှတ်ထားခံရသည့် ခရပ်နိုဒါ မြို့အနီးရှိ အီလ်စကိုင်း (Ilsky) ရေနံချက် စက်ရုံတည်ရှိရာ နေရာဖြစ်သည်။

ရုရှားနိုင်ငံ တောင်ပိုင်း ဗိုရိုနေ့ခ်ျ ဒေသ စစ်ဘက်အုပ်ချုပ်ရေးမှူး ကလည်း ယူကရိန်း ဒရုန်း တိုက်ခိုက်မှု ကြောင့် မီးလောင်မှု အများအပြား ဖြစ်ပွားခဲ့ပြီး လူလေးဦး ဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့သည်။ တချိန်တည်းမှာပင်ရုရှားဒုံးကျဥ်များဖြင့် ယူကရိန်းမြို့တော် ကိ့ဗ်မြို့ကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း စစ်အုပ်ချုပ်ရေးအဖွဲ့မှ ပြောကြား ခဲ့သည်။

“ ယူကရိန်းနဲ့ နယ်နိမိတ်ချင်းထိစပ်နေသည့် ဗိုရိုနက်ဇ် (Voronezh) ဒေသတွင် ယူကရိန်းဒရုန်း ၁၈ စင်းကို ဖျက်ဆီးခဲ့တယ်” ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက်
နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်များနှင့် သူမအလုပ်လုပ်ကိုင်ရာ သတင်းဌာနက ပြောကြား ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

ဟက်ဂ်ဆက်သ်က အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို အီရန်စစ်ပွဲအတွင်း ရာထူးမှထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွား နေစဉ်အတွင်း အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်