နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီဟာ နိုင်ငံရဲ့ (၃)ပုံ (၁)ပုံကိုဝောာင် မစိုးမိုးနိုင်တော့ဘူးလို့ NUG ပြော

စစ်ကောင်စီဟာ နိုင်ငံရဲ့ (၃)ပုံ (၁)ပုံကိုဝောာင် မစိုးမိုးနိုင်တော့ဘူးလို့ NUG ပြော

ဇန်နဝါရီလ (၄)ရက်။

စစ်ကောင်စီအနေနဲ့ နိုင်ငံရဲ့ (၃)ပုံ (၁)ပုံကိုတောင် စိုးမိုးအုပ်ချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားတဲ့ စစ်ရေးအစီရင်ခံစာမှာ ပြောဆိုထားချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းအထိ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက စိုးမိုးအုပ်ချုပ်နေတဲ့ မြို့နယ် (၁၄၄)မြို့နယ်ရှိပြီး အဲ့ဒီထဲက (၉၅)မြို့နယ်ကို အပြီးသတ် သိမ်းပိုက်ထားတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီအုပ်ချုပ်ထားတဲ့ မြို့နယ်ဟာ (၁၀၇)မြို့သာ ကျန်ရှိတော့ကာ တနိုင်ငံလုံးမြို့နယ် စုစုပေါင်းရဲ့ (၄၄)ရာခိုင်နှုန်းကို တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားပြီး (၂၄)ရာခိုင်နှုန်းက စစ်ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး အခုအခါ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးနဲ့ တနင်္သာရီတိုင်းတို့က အနည်းဆုံး (၆၇)မြို့ကို PDF နဲ့ ပကဖအပါအဝင် တေယ်လှန်ရေးအဖွဲ့တွေက ဝန်းရံပိတ်ဆို့ထားတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ၂၀၂၄ခုနှစ်ထဲ စစ်ကောင်စီဘက်က သေဆုံးတဲ့ အရာရှိ (၃၁၅)ဦးနဲ့ ဒဏ်ရာရသူ (၁၂၇)ဦးရှိခဲ့ကာ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှူးကြီးအဆင့်ရှိသူ (၅၃)ဦးထက်မနည်း သေဆုံးဒဏ်ရာရပြီး ဖမ်းဆီးခံခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

(၄)နှစ်တာနီးပါးကာလထဲ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲ စုစုပေါင်း (၁၄၇၆၀)ဦးရှိခဲ့ကာ ၂၀၂၄ခုနှစ်ထဲ  အရာရှိအဆင့်အနေနဲ့ ဒုဗိုလ်မှူးကြီး (၅)ဦး၊ ဗိုလ်မှူး (၄၂)ဦး၊ ဗိုလ်ကြီး (၃၂၃)ဦးနဲ့ ဗိုလ် (၁၀၂)ဦး ပါဝင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တိုက်စွမ်းရည်ရှိတဲ့ တပ်မတော်ဖြစ်အောင် တည်ဆောက်ပြီး နယ်မြေတွေ ဆက်လက်ချဲ့ထွင်ကာ ပြည်သူရဲ့ ထောက်ခံမှု၊ မဟာမိတ်အဖွဲ့တွေရဲ့ ရိုင်းပင်းကူညီမှုနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောဆိုထားပါတယ်။

NUG အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေရဲ့ စုပေါင်းအားနဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပြီး ဒေသအလိုက် လွတ်မြောက်ရေးကနေ ပြည်ထောင်စုတခုလုံး လွတ်မြောက်တဲ့အထိ ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 47 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 47 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 43 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 49 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 50 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 35 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို