နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

လာ့စ်ဗီးဂတ်စ်မြို့ရှိ တက်ဆလာ ဆိုက်ဘာထရပ် ပေါက်ကွဲမှုတွင် သံသယရှိသူသည် လက်ရှိတာဝန်ထမ်းဆောင်နေသော အထူးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်နေ

ဇန်နဝါရီလ (၄) ရက်။

လာ့စ်ဗီးဂတ်စ်မြို့ ဆိုက်ဘာထရပ် ပေါက်ကွဲမှုတွင် သံသယရှိသူ၏ မှတ်စုတိုကို တွေ့ရှိခဲ့ပြီး “ နိုင်ငံရေး မကျေနပ်မှုများ” နှင့် မိသားစုပြဿနာများကို ဖော်ပြခဲ့သည်ဟု သိရသည်။

နီဗားဒါးပြည်နယ်၊ လာ့စ်ဗီးဂတ်စ်မြို့ရှိ ထရန့် အင်တာနေရှင်နယ်ဟိုတယ် အပြင်ဘက်တွင် တက်ဆလာ ဆိုင်ဘာထရပ် (Tesla Cybertruck) ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ မော်တော်ကားကို ဖောက်ခွဲခဲ့သူသည် လက်ရှိ အမေရိကန်စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသူ အထူးတပ်ဖွဲ့ဝင် အသက် (၃၇) နှစ်အရွယ် စစ်ဘက်အရာရှိ မက်သရူး လီဘာဆာဘာဂါ (Matthew Libersberger) ဖြစ်ကြောင်း အာဏာပိုင်များက ဒီဇင်ဘာလ (၃) ရက်နေ့တွင် ဖော်ထုတ်နိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

“နိုင်ငံရေးအရာမကျေနပ်ချက်များ” နှင့် အခြားနိုင်ငံများတွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများနှင့် အိမ်တွင်ရေးပြဿနာများအကြောင်း ရေးသားခဲ့သည့် မှတ်စုကို တွေ့ရှိခဲ့ကြောင်း ပြောခဲ့သည်။

လာ့စ်ဗီးဂတ်စ်မြို့တော်ရဲဌာနမှ ရဲအရာရှိက ဆိုင်ဘာထရပ်ကို မောင်းနှင်သူ လီဘာဆာဘာဂါ၏ ဆဲလ်ဖုန်းတွင် တွေ့ရှိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ အဆိုအရ လီဘာဆာဘာဂါသည် ၎င်း၏မှတ်စုထဲတွင် ယခုဖြစ်စဉ်ကို “အကြမ်းဖက်တိုက်ခိုက်မှု” မဟုတ်ဘဲ “လှုပ်နှိုးခြင်း” အဖြစ် သတ်မှတ်ရန် ရည်ရွယ်ထားကြောင်း ရှင်းပြခဲ့သည်။ စုံစမ်းစစ်ဆေးသူများ သိမ်းဆည်းရရှိသည့်စာတွင် “ အမေရိကန်များသည် “ပွဲလမ်းများနှင့် အကြမ်းဖက်မှုများကိုသာ အာရုံစိုက်သောကြောင့်” “ မီးရှူးမီးပန်းနှင့် ပေါက်ကွဲမှုများ” ကသာ ၎င်းတို့၏ ရည်ရွယ်ချက်များကို ပြသရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် လီဘာဆာဘာဂါက သူ “ဆုံးရှုံးသွားသော ညီအစ်ကိုများ” ကို မိမိ၏နှလုံးထားမှ “သန့်စင်” ရန် လိုအပ်ပြီး “ငါ့လက်ဖြင့် ငါယူခဲ့သော အသက်တာဝန်ထုပ်ဝန်ပိုးမှ လွတ်မြောက်ရန်” လိုအပ်သည်ဟုလည်း ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် “ဖျားနာနေပြီး ပြိုကျရန် ဦးတည်နေသည်” ဟု ရေးသားခဲ့သည်။ ရွေးကောက်ခံသမ္မတ ထရန့်၊ အီလွန်မတ်စ်နှင့် ရောဘတ်ကနေဒီဂျူနီယာကို ထောက်ခံကြောင်း ရေးသားခဲ့သည်ဟု ဆိုပါသည်

ဇန်နဝါရီလ (၁) ရက်နေ့တွင် လာ့စ်ဗီးဂတ်စ်မြို့ရှိ ထရန့်အင်တာနေရှင်နယ်ဟိုတယ် အပြင်ဘက်တွင် ဆိုက်ဘာထရပ် လျှပ်စစ်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ကော်လိုရာပြည်နယ်ဖွား လီဘာဆာဘာဂါ သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။ တက်တူးများနှင့် ဆွေမျိုးများ၏ DNA များမှတစ်ဆင့် သံသယရှိသူ၏အမည်ကို အတည်ပြုခဲ့ကြောင်း အာဏာပိုင်များက ဇန်နဝါရီလ (၃) ရက်နေ့တွင် ကြေညာခဲ့သည်။

FBI လာ့စ်ဗီးဂတ်စ်ရုံး၏ အကြီးအကဲ အထူးအေးဂျင့် စပင်ဆာ အီဗန် (Spencer Evans) က ယင်းဖြစ်ရပ်တွင် ဆုများစွာရရှိထားသော စစ်ရေးအတွေ့အကြုံရှိသည့်ပုဂ္ဂိုလ်တစ်ဦး၏ ဝမ်းနည်းဖွယ်ကောင်းသော သေကြောင်းကြံစည်ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး သံသယရှိသူမှာ “ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ (Post-Traumatic Stress Disorder)” ခံစားနေရကြောင်း ပြောကြားခဲ့သည်။

လာ့စ်ဗီးဂတ်စ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် နံနက်အစောပိုင်းတွင် လူဝီစီယားနားပြည်နယ်၊ နယူးအော်လန်းတွင် နောက်ထပ် လူအသေအပျောက် ရှိသည့် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အမေရိကန်စစ်တပ်မှာ အမှုထမ်းခဲ့သည့် သံသယရှိသူသည် နှစ်သစ်ကူး ပွဲတော်ကျင်းပနေသည့် လူအုပ်ထဲကို ငှားလာသည့် ပစ်ကပ်ထရပ်ကားကို မောင်းနှင်ပြီး တိုက်ခိုက်ခဲ့ရာ လူ ၁၄ ဦး သေဆုံးခဲ့ပါသည်။ သံသယရှိသူနှစ်ဦးစလုံးသည် ယာဉ်အငှားကုမ္ပဏီတစ်ခုတည်းမှ ကားများကို ငှားရမ်းထားသော်လည်း စုံစမ်းရေးအာဏာပိုင်များမှ ကျွမ်းကျင်သူများက ယင်းဖြစ်ရပ်နှစ်ခုကြားတွင် ဆက်နွှယ်မှုမရှိဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

လာ့စ်ဗီးဂတ်စ် ဖြစ်ရပ်သည် “မိသားစုပြဿနာများနှင့် သူ့ဘဝတွင် ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်တွေကြောင့် ဖြစ်နိုင်သည်ဟု အီဗန်က ပြောကြားခဲ့သည်။ “တရားခံဟာ တစ်ဦးတည်း ရာဇ၀တ်မှု ကျူးလွန်ဖို့ စဉ်းစားကြံစည်ခဲ့ပြီး သေသေချာချာ ပြင်ဆင်ထားတယ်ဆိုတာ ရှင်းပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးသူများသည် ဆဲလ်ဖုန်းနှစ်လုံးနှင့် အခြားအထောက်အထားများအပါအဝင် အမှုနှင့်ပတ်သက်သည့် “ စာရွက်စာတမ်းများစွာ” ကို ပြန်လည်သုံးသပ်နေဆဲဖြစ်သည်။

ကြည်းတပ်၏ အထူးတပ်ဖွဲ့ Green Berets တွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် လီဘာဆာဘာဂါသည် အခင်းဖြစ်ပွားချိန်တွင် ဂျာမနီရှိ ၎င်း၏အခြေစိုက်စခန်းမှ ခွင့်ယူပြီး အမေရိကန်သို့ ပြန်လာခဲ့ကြောင်း အခြား သတင်းရင်းမြစ်များက ပြောကြားခဲ့သည်ဟု CNN တွင် ဖော်ပြထားသည်။ ပေါက်ကွဲမှုတွင် မီးရှူးမီးပန်းများ၊ ဂတ်စ်ဘူးများနှင့် Camp စခန်းချရာတွင် အသုံးပြုသည့် လောင်စာဆီများ ပေါင်းစပ်ကာ ပေါက်ကွဲမှုကို သံသယရှိသူမှ ထိန်းချုပ်သည့်ကိရိယာဖြင့် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

သတင်းရင်းမြစ်။ CNN

ဓာတ်ပုံ။

လက်ရှိ အမေရိကန်စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသူ အထူးတပ်ဖွဲ့ဝင် အသက် (၃၇) နှစ်အရွယ် စစ်ဘက်အရာရှိ မက်သရူး လီဘာဆာဘာဂါ/ Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 48 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 51 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 48 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 54 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 64 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 49 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက