နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းအတွက် စစ်ရေးအကူအညီတွေကို ယာယီရပ်ဆိုင်းဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်၊ ဇလန်းစကီးကို တောင်းပန်ဖို့ ဖိအားပေးနေ

မတ်လ (၄) ရက်။

ယူကရိန်းအတွက် စစ်ရေးအကူအညီတွေကို ယာယီရပ်ဆိုင်းဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်လိုက်တယ်လို့ အိမ်ဖြူတော် အရာရှိတစ်ဦးက CNN ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်က သမ္မတ ထရမ့်နဲ့ ယူကရိန်းသမ္မတဇလန်းစကီးတို့ရဲ့ တွေ့ဆုံမှုဟာ စကားအခြေတင်ဖြစ်ပြီး ဆွေးနွေးပွဲ ပျက်ပြားခဲ့ရပါတယ်။

“ငြိမ်းချမ်းရေးအတွက် သမ္မတက သူ့ရဲ့ ကတိကဝတ်ကို ရှင်းရှင်းလင်းလင်း ပြောထားပြီး အဲဒီပန်းတိုင်ကို ရောက်အောင် လုပ်ဆောင်ဖို့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အဲ့ဒီရည်မှန်းချက်အတွက် ကြိုးစားအားထုတ်ဖို့ လိုအပ် လိုအပ်ပါတယ်။ ခိုင်လုံတဲ့ ဖြေရှင်းချက်နဲ့ ဆက်နွယ်ဖို့ ကျွန်တော်တို့အနေနဲ့ အကူအညီတွေကို ခေတ္တရပ်ပြီး ပြန်လည် အကဲဖြတ်သွားမှာ ဖြစ်တယ်” လို့ အိမ်ဖြူတော် အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

အခြားအရာရှိတစ်ဦးက အခုဆိုင်းငံ့မှုမှာ ယူကရိန်းကို မဝင်ရောက်ရသေးတဲ့ စစ်ဘက်ဆိုင်ရာပစ္ စည်းအားလုံးနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။ ပိုလန်နိုင်ငံထဲမှာ ရောက်ရှိနေပြီးဖြစ်တဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းအားလုံးကိုလည်း ယူကရိန်းကို မပို့တော့ဘဲ ဆိုင်းငံ့ထားမယ်လို့ ဆိုပါတယ်။

အကူအညီ ရပ်တန့်မှုနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ဆုံမှုမှာ ထရမ့်က ဆိုးဆိုးဝါးဝါး ပြုမူခဲ့တယ်လို့ ဇလန်းစကီးက ရှုမြင်တဲ့အပေါ် တိုက်ရိုက်တုံ့ပြန်မှုဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းရေးကို ကြိုးစားအားထုတ်မှုကို သမ္မတ ဇလန်းစကီးက ပြသနိုင်ပါက ဆိုင်းငံ့ထားမှုကို ရုတ်သိမ်းနိုင်ပေးနိုင်တယ်လို့ အိမ်ဖြူတော်အာဏာပိုင်တွေက ပြောပါတယ်။

၂၈ ရက် ဆွေးနွေးပွဲအပြီး ဆက်ဆံရေး ပြိုကွဲမှုအတွက် ဇလန်းစကီးမှာ တာဝန်ရှိတာကို လက်ခံဖို့ အမေရိကန် အစိုးရ ထိပ်တန်း အရာရှိ အများအပြားက သမ္မတဇလန်းစကီးကို တောင်းဆိုခဲ့ကြပါတယ်။

အရာရှိအများအပြားရဲ့ အဆိုအရ ထရမ့်နဲ့ သူ့လက်ထောက်တွေက တွေ့ဆုံမှုမတိုင်မီ သဘောတူထားတဲ့ ဓာတ်သတ္တုဆိုင်ရာ သဘောတူညီချက်ကို ရှေ့ဆက်ဖို့ အခြေအနေတစ်ခုအနေနဲ့ ဇလန်းစကီးကို တရားဝင်တောင်းပန်မှုပုံစံနဲ့ ဆွေးနွေးပွဲ ပျက်ပြားမှုမှာ ဇလန်းစကီးမှာ တာဝန်ရှိကြောင်း အသိအမှတ်ပြုဖို့ တွန်းအားပေးနေကြပါတယ်။ ယူကရိန်းအပေါ် ဖိအားပေးဖို့ မဟာဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အကူအညီတွေကို ဆိုင်းငံ့ထားဖို့ မတ်လ (၃) ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကလည်း CNN နဲ့ အင်တာဗျူးမှာ ဇလန်းစကီးကို တောင်းပန်ဖို့ တောင်းဆိုခဲ့ပါတယ်။

သတင်းရင်းမြစ်။ CNN ဂျပန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ ဒရုန်းနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုလှိုင်းလုံးများကြောင့် ယူကရိန်းတွင် ၁၅ ဦး သေဆုံး

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 15 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် ဗုဒ္ဓဟူးနေ့ညပိုင်းက ယူကရိန်းတစ်ဝှမ်းသို့ ရုရှားက ဒရုန်းနှင့် ဒုံးကျည်များဖြင့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာအပစ်ရပ်စဲရေး လုပ်ငန်းစဉ်များ တုံ့ဆိုင်းနေစဉ် အပစ်ရပ်ပြီးနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေး

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် အမေရိကန်ဦးဆောင်သည့် အားနည်းလှသော သဘောတူညီချက်ကို ရှေ့ဆက်နိုင်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ဂါဇာအပစ်ရပ်စဲရေးကာလနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဟားမတ်စ်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်ကသူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ်သရုပ်ဖော်နေတယ်လို့အွန်လိုင်းမှာထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 32 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ထရမ့်ကTruth Social မှာ သူကိုယ်တိုင်တင်ထားတဲ့ သူ့ပုံကို သူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ် သရုပ်ဖော်ပြနေတယ်လို့ အွန်လိုင်းမှာ ဝေဖန်မှုတွေ ထွက်ပေါ် လာတာနဲ့ ပတ်သက်ပြီးသူကမေမြန်းသူသတင်းထောက်ကိုအောက်ပါအတိုင်းဖြေကြားခဲ့ပါတယ်။ “ ကဲ! ဒါက ဓာတ်ပုံတစ်ပုံ
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 54 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့် အာဏာတို့ကိုအလွန်အကျွံအသုံးပြုနေမှုသည် ပြည်တွင်း၌ရော ပြည်ပမှာပါ ပိုမိုစိန်ခေါ်ခံနေရပြီ ဖြစ်သည်။ ထရမ့်နှင့် သူ၏လက်အောက်ငယ်သားများသည် မိမိကိုယ်မိမိ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန်

ဇီလန်းစကီးက ထရန့်အား ‘ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးပါ’ ဟု တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 39 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ကိယက်ဗ် — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးသည် တနင်္လာနေ့တွင် ဒေါ်နယ်ထရန့်အား တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ အမေရိကန်သမ္မတအနေဖြင့် “ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးဖို့” လိုလားကြောင်း CNN
တရုတ် နိုင်ငံတကာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဖော်ပြသည့် ဆောင်းပါးရှင် John Liu ရေးသားသည့်တရုတ်နည်းပညာတိုးတက်လာမှုဆောင်းပါး။

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 35 Views
၂၀၂၆ခုနှစ် ဧပြီလ ၁၃ရက် တရုတ်နိုင်ငံသည် နည်းပညာကဏ္ဍတွင် အမေရိကန်ကို အမီလိုက်ရန် ရည်ရွယ်နေခြင်းမဟုတ် ဦးဆောင်ရန် ရည်မှန်းထားခြင်းသာဖြစ်သည်။ ဟောင်ကောင် — အမေရိကန်၏ ပြည်ပစစ်ရေးလှုပ်ရှားမှုများနှင့် ကုန်သွယ်ရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် ခေတ်ကာလတွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည်