နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းအတွက် စစ်ရေးအကူအညီတွေကို ယာယီရပ်ဆိုင်းဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်၊ ဇလန်းစကီးကို တောင်းပန်ဖို့ ဖိအားပေးနေ

မတ်လ (၄) ရက်။

ယူကရိန်းအတွက် စစ်ရေးအကူအညီတွေကို ယာယီရပ်ဆိုင်းဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်လိုက်တယ်လို့ အိမ်ဖြူတော် အရာရှိတစ်ဦးက CNN ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်က သမ္မတ ထရမ့်နဲ့ ယူကရိန်းသမ္မတဇလန်းစကီးတို့ရဲ့ တွေ့ဆုံမှုဟာ စကားအခြေတင်ဖြစ်ပြီး ဆွေးနွေးပွဲ ပျက်ပြားခဲ့ရပါတယ်။

“ငြိမ်းချမ်းရေးအတွက် သမ္မတက သူ့ရဲ့ ကတိကဝတ်ကို ရှင်းရှင်းလင်းလင်း ပြောထားပြီး အဲဒီပန်းတိုင်ကို ရောက်အောင် လုပ်ဆောင်ဖို့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အဲ့ဒီရည်မှန်းချက်အတွက် ကြိုးစားအားထုတ်ဖို့ လိုအပ် လိုအပ်ပါတယ်။ ခိုင်လုံတဲ့ ဖြေရှင်းချက်နဲ့ ဆက်နွယ်ဖို့ ကျွန်တော်တို့အနေနဲ့ အကူအညီတွေကို ခေတ္တရပ်ပြီး ပြန်လည် အကဲဖြတ်သွားမှာ ဖြစ်တယ်” လို့ အိမ်ဖြူတော် အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

အခြားအရာရှိတစ်ဦးက အခုဆိုင်းငံ့မှုမှာ ယူကရိန်းကို မဝင်ရောက်ရသေးတဲ့ စစ်ဘက်ဆိုင်ရာပစ္ စည်းအားလုံးနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။ ပိုလန်နိုင်ငံထဲမှာ ရောက်ရှိနေပြီးဖြစ်တဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းအားလုံးကိုလည်း ယူကရိန်းကို မပို့တော့ဘဲ ဆိုင်းငံ့ထားမယ်လို့ ဆိုပါတယ်။

အကူအညီ ရပ်တန့်မှုနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ဆုံမှုမှာ ထရမ့်က ဆိုးဆိုးဝါးဝါး ပြုမူခဲ့တယ်လို့ ဇလန်းစကီးက ရှုမြင်တဲ့အပေါ် တိုက်ရိုက်တုံ့ပြန်မှုဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းရေးကို ကြိုးစားအားထုတ်မှုကို သမ္မတ ဇလန်းစကီးက ပြသနိုင်ပါက ဆိုင်းငံ့ထားမှုကို ရုတ်သိမ်းနိုင်ပေးနိုင်တယ်လို့ အိမ်ဖြူတော်အာဏာပိုင်တွေက ပြောပါတယ်။

၂၈ ရက် ဆွေးနွေးပွဲအပြီး ဆက်ဆံရေး ပြိုကွဲမှုအတွက် ဇလန်းစကီးမှာ တာဝန်ရှိတာကို လက်ခံဖို့ အမေရိကန် အစိုးရ ထိပ်တန်း အရာရှိ အများအပြားက သမ္မတဇလန်းစကီးကို တောင်းဆိုခဲ့ကြပါတယ်။

အရာရှိအများအပြားရဲ့ အဆိုအရ ထရမ့်နဲ့ သူ့လက်ထောက်တွေက တွေ့ဆုံမှုမတိုင်မီ သဘောတူထားတဲ့ ဓာတ်သတ္တုဆိုင်ရာ သဘောတူညီချက်ကို ရှေ့ဆက်ဖို့ အခြေအနေတစ်ခုအနေနဲ့ ဇလန်းစကီးကို တရားဝင်တောင်းပန်မှုပုံစံနဲ့ ဆွေးနွေးပွဲ ပျက်ပြားမှုမှာ ဇလန်းစကီးမှာ တာဝန်ရှိကြောင်း အသိအမှတ်ပြုဖို့ တွန်းအားပေးနေကြပါတယ်။ ယူကရိန်းအပေါ် ဖိအားပေးဖို့ မဟာဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အကူအညီတွေကို ဆိုင်းငံ့ထားဖို့ မတ်လ (၃) ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကလည်း CNN နဲ့ အင်တာဗျူးမှာ ဇလန်းစကီးကို တောင်းပန်ဖို့ တောင်းဆိုခဲ့ပါတယ်။

သတင်းရင်းမြစ်။ CNN ဂျပန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 17 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 29 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ