နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းအတွက် စစ်ရေးအကူအညီတွေကို ယာယီရပ်ဆိုင်းဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်၊ ဇလန်းစကီးကို တောင်းပန်ဖို့ ဖိအားပေးနေ

မတ်လ (၄) ရက်။

ယူကရိန်းအတွက် စစ်ရေးအကူအညီတွေကို ယာယီရပ်ဆိုင်းဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်လိုက်တယ်လို့ အိမ်ဖြူတော် အရာရှိတစ်ဦးက CNN ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်က သမ္မတ ထရမ့်နဲ့ ယူကရိန်းသမ္မတဇလန်းစကီးတို့ရဲ့ တွေ့ဆုံမှုဟာ စကားအခြေတင်ဖြစ်ပြီး ဆွေးနွေးပွဲ ပျက်ပြားခဲ့ရပါတယ်။

“ငြိမ်းချမ်းရေးအတွက် သမ္မတက သူ့ရဲ့ ကတိကဝတ်ကို ရှင်းရှင်းလင်းလင်း ပြောထားပြီး အဲဒီပန်းတိုင်ကို ရောက်အောင် လုပ်ဆောင်ဖို့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အဲ့ဒီရည်မှန်းချက်အတွက် ကြိုးစားအားထုတ်ဖို့ လိုအပ် လိုအပ်ပါတယ်။ ခိုင်လုံတဲ့ ဖြေရှင်းချက်နဲ့ ဆက်နွယ်ဖို့ ကျွန်တော်တို့အနေနဲ့ အကူအညီတွေကို ခေတ္တရပ်ပြီး ပြန်လည် အကဲဖြတ်သွားမှာ ဖြစ်တယ်” လို့ အိမ်ဖြူတော် အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

အခြားအရာရှိတစ်ဦးက အခုဆိုင်းငံ့မှုမှာ ယူကရိန်းကို မဝင်ရောက်ရသေးတဲ့ စစ်ဘက်ဆိုင်ရာပစ္ စည်းအားလုံးနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။ ပိုလန်နိုင်ငံထဲမှာ ရောက်ရှိနေပြီးဖြစ်တဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းအားလုံးကိုလည်း ယူကရိန်းကို မပို့တော့ဘဲ ဆိုင်းငံ့ထားမယ်လို့ ဆိုပါတယ်။

အကူအညီ ရပ်တန့်မှုနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ဆုံမှုမှာ ထရမ့်က ဆိုးဆိုးဝါးဝါး ပြုမူခဲ့တယ်လို့ ဇလန်းစကီးက ရှုမြင်တဲ့အပေါ် တိုက်ရိုက်တုံ့ပြန်မှုဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းရေးကို ကြိုးစားအားထုတ်မှုကို သမ္မတ ဇလန်းစကီးက ပြသနိုင်ပါက ဆိုင်းငံ့ထားမှုကို ရုတ်သိမ်းနိုင်ပေးနိုင်တယ်လို့ အိမ်ဖြူတော်အာဏာပိုင်တွေက ပြောပါတယ်။

၂၈ ရက် ဆွေးနွေးပွဲအပြီး ဆက်ဆံရေး ပြိုကွဲမှုအတွက် ဇလန်းစကီးမှာ တာဝန်ရှိတာကို လက်ခံဖို့ အမေရိကန် အစိုးရ ထိပ်တန်း အရာရှိ အများအပြားက သမ္မတဇလန်းစကီးကို တောင်းဆိုခဲ့ကြပါတယ်။

အရာရှိအများအပြားရဲ့ အဆိုအရ ထရမ့်နဲ့ သူ့လက်ထောက်တွေက တွေ့ဆုံမှုမတိုင်မီ သဘောတူထားတဲ့ ဓာတ်သတ္တုဆိုင်ရာ သဘောတူညီချက်ကို ရှေ့ဆက်ဖို့ အခြေအနေတစ်ခုအနေနဲ့ ဇလန်းစကီးကို တရားဝင်တောင်းပန်မှုပုံစံနဲ့ ဆွေးနွေးပွဲ ပျက်ပြားမှုမှာ ဇလန်းစကီးမှာ တာဝန်ရှိကြောင်း အသိအမှတ်ပြုဖို့ တွန်းအားပေးနေကြပါတယ်။ ယူကရိန်းအပေါ် ဖိအားပေးဖို့ မဟာဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အကူအညီတွေကို ဆိုင်းငံ့ထားဖို့ မတ်လ (၃) ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကလည်း CNN နဲ့ အင်တာဗျူးမှာ ဇလန်းစကီးကို တောင်းပန်ဖို့ တောင်းဆိုခဲ့ပါတယ်။

သတင်းရင်းမြစ်။ CNN ဂျပန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

ထရန့်၏ အခွန်စည်းကြပ်မှု သတိပေးချက်သည် မြန်မာစစ်အစိုးရအတွက် သတင်းကောင်း ဖြစ်ပြီး တပ်မတော်အစိုးရကို “အသိအမှတ်ပြုမှု” အဖြစ် ကြိုဆို

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 33 Views
ဇူလိုင်လ (၁၃) ရက်။ ကမ္ဘာ့ခေါင်းဆောင်များစွာအတွက် အမေရိကန်သမ္မတ ထရန့်ထံမှ အကောက်ခွန်ဆိုင်ရာ စာတစ်စောင်သည် ခေါင်းကိုက်စရာ ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာမှ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

စုတ်ပြတ်သတ်နေသော်လည်း ဦးကျိုးမသွားဘဲ ဟားမတ်စ်သည် ပျောက်ကျားနည်းဗျူဟာများကို အသုံးပြုပြီး သတ်ဖြတ်နိုင်သည့် အင်အားရှိနေဆဲဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 14 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက်။ ဂါဇာကမ်းမြောင်ဒေသတွင် အသေအပျောက်ရှိသော အံ့အားသင့်ဖွယ် တိုက်ခိုက်မှုသည် ၎င်း၏တည်ရှိသည့်နေရာနှင့်အတူ တုန်လှုပ်ဖွယ်ဖြစ်လုနီးပါး ဖြစ်ခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန်

လုံလောက်သော အကြောင်းပြချက်မရှိဘဲ ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးမှ ဖမ်းဆီးခြင်းကို ရပ်တန့်ရန် ထရန့် အစိုးရအား တရားသူကြီးက အမိန့်ပေးခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 22 Views
CNN -၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၁ရက် အမိမြေလုံခြုံရေးဌာနသည် လော့စ်အိန်ဂျလိစ်တွင် လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုများကို ဖြစ်နိုင်ဖွယ်အကြောင်းမရှိဘဲ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကို ဖက်ဒရယ် အောက်ရုံး တရားသူကြီးတစ်ဦးက သောကြာနေ့တွင် တွေ့ရှိခဲ့ပြီး လူတစ်ဦးချင်းစီကို လူမျိုး၊ စကားပြောဘာသာစကား သို့မဟုတ်
ဆောင်းပါးများ တရုတ် နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

တရုတ်နိုင်ငံ၏ စောင့်ကြည့်မှုအောက်တွင် မြန်မာနိုင်ငံသည် ငရဲပြည်သို့ ကျရောက်နေပါသည်။ အနောက်နိုင်ငံများ၏ စိတ်ဝင်စားမှု ကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးရွားသော ကံကြမ္မာဆိုးကြီးတစ်ခုဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 38 Views
ဤဆောင်းပါးသည် Wedge online တွင် ဖော်ပြသည့် အိုကာဇာကီအင်စတီကျူမှ ရေးသားသည့် မြန်မာနိုင်ငံအတွက် သုံးသပ်ချက်ဖြစ်သည်။ အိုကာဇာကီအင်စတီကျူ ကို ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဟီဆာဟီကို အိုကာဇာကီ (Hisahiko Okazaki) သည် ဆော်ဒီအာရေးဗီးယားနှင့် ထိုင်းနိုင်ငံဆိုင်ရာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ရုရှားက ယူကရိန်းကို ဒုတိယညက ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကိယက်ဗ်မြို့ကို ပြင်းထန်သည့် တိုက်ခိုက်မှုတွေ ပြုလုပ်နေခြင်း။

  • 2025 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 24 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ရက် CNN- ကိ့ဗ် ယူကရိန်း။ ရုရှားနိုင်ငံသည် ယူကရိန်းနှင့် စစ်ပွဲအတွင်း သုံးနှစ်ကျော်ကြာ ဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြှင့် လာနေချိန်တွင် ယူကရိန်းနိုင်ငံမြို့တော် ကိ့ဗ် (Kyiv) ကို ကြာသပတေးနေ့ အစောပိုင်း
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရန့် သည် ပူတင်အပေါ် စိတ်ရှည်သည်းခံမှု ပျောက်ဆုံးနေပုံရသည်။ ဘာကြောင့်လဲ။

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 23 Views
CNN — ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၈ရက် လွန်ခဲ့သည့်ငါးလက သမ္မတ ဒေါ်နယ်ထရန့် သည် ယူကရိန်းကိုကျူးကျော်ခဲ့သော ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ယူကရိန်းတွင် ငြိမ်းချမ်းရေးလိုချင်ကြောင်း အခိုင်အမာဆိုခဲ့ပြီးနောက် သူ့စကားကို ပြန်လည်ရုတ်သိမ်းခဲ့သည်။ “ သူ ငြိမ်းချမ်းရေးကို
နိုင်ငံတကာသတင်း အာရှ

ဘင်္ဂလာဒေ့ရှ် ခေါင်းဆောင်ဟောင်းက ပစ်ခတ်သတ်ဖြတ်ပြီး ဖြိုခွင်းရန် တရားဝင်ခွင့်ပြု ထားသည့် အသံဖိုင်ပေါက်ကြား

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 26 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။ လွန်ခဲ့သည့်နှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျောင်းသားများ ဦးဆောင်သော ဆန္ဒပြပွဲများကို အသေအပျောက် များစေသော ဖြိုခွဲမှုအား ထိုအချိန်က ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ (Sheikh Hasina) က ခွင့်ပြုခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်၏ အခွန်စည်းကြပ်မှုအသစ် ခံရသည့်နိုင်ငံများ၏ ထုတ်ဖော်ပြောဆိုချက်များ။

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 24 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ရက် လန်ဒန် CNN — အမေရိကန်၏ ကုန်သွယ်ဖက် ဒါဇင်ပေါင်းများစွာသည် အမေရိကန်သို့ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်များ ချမှတ်မည့် နောက်ဆုံးရက်ဖြစ်သည့် သြဂုတ် ၁ ရက်မတိုင်မီညှိနှိုင်းရန် ကြိုးပမ်းနေကြသည်။