နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 1 ရက်

1027 Operations

1027 Operations မြန်မာသတင်း

လားရှိုးမြို့ပေါ်က နေရာအချို့ကို စစ်ကောင်စီ ပြန်လည်အုပ်ချုပ်ဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်

ဧပြီလ (၄)ရက်။

ကိုးကန့်တပ် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်အချို့ကို စစ်ကောင်စီက ပြန်လည်အုပ်ချုပ်သွားဖို့ရှိနေတယ်ဆိုပြီး နီးစပ်ရာအသိုင်းအဝိုင်းတွေဆီကနေ သတင်းတွေထွက်ပေါ်နေပါတယ်။

“အခု ရပ်ကွက်အလိုက်မှာ အစည်းအဝေးခေါ်ပြီး ပြောတာ။ မြို့ပေါ်က ရပ်ကွက်တွေမှာ စကစက ပြန်အုပ်ချုပ်မယ်ပေါ့၊ ဘယ်လိုပုံစံလာမလဲတော့ သေချာမသိရဘူး။ သင်္ကြန်အပြီးလောက်ဖြစ်ဖို့များတယ်”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်အချို့ကို စစ်ကောင်စီက ပြန်လည်အုပ်ချုပ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ရပ်ကွက်အလိုက် တာဝန်ရှိသူတွေက ဒေသခံတွေကို အစည်းအဝေးခေါ်ယူကာ အသိပေးနေတယ်လို့ သိရပါတယ်။

“လားရှိုးမှာ ပြန်အုပ်ချုပ်မယ့် စကစကို ကိုးကန့်တပ်က အပြင်ကနေဝိုင်းပြီး ကာကွယ်ပေးမယ်ဆိုတဲ့ ပုံစံမျိုးလို့တော့ကြားထားတယ်။ ဒီကိစ္စကြောင့် လားရှိုးက အခြေအနေမကောင်းဘူး။ လူတွေလဲ စိုးရိမ်နေကြတယ်”လို့ ကိုးကန့်တပ်အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီက လားရှိုးမြို့ပေါ်ရှိ နေရာတွေမှာ ပြန်လည်အုပ်ချုပ်မယ့်အပေါ် ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြရပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေဘက်ကတော့ တရားဝင် ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ဇန်နဝါရီလပိုင်းက တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်တာနဲ့ ကူးမင်းမြို့မှာ ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့ တွေ့ဆုံခဲ့ပြီး နှစ်ဖက် အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာတွေ မရှိခဲ့ဘူးလို့ ဒေသထဲသတင်းတွေက ဖော်ပြထားပါတယ်။

လားရှိူးမြို့ကို “၁၀၂၇ စစ်ဆင်ရေး”အနေနဲ့ ကိုးကန့်တပ်အပါအဝင် ‌ညီနောင်မဟာမိတ် (၃)ဖွဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်း တိုက်ခိုက်ခဲ့ကာ အခုလိုသတင်းထွက်ပေါ်တဲ့အပေါ် ဝေဖန်တာတွေရှိနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 16 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 15 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 17 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 19 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 17 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 19 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 31 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 25 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို