နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ဩစတြေးလျ၏ လက်ဝဲယိမ်း အလုပ်သမားပါတီသည် အာဏာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး ထိုအချက်သည် ထရန့် ဆန့်ကျင်ရေး စိတ်ဓာတ်ပြင်းထန်မှုအဖြစ် ရှုမြင်ရသည်။

မေလ (၃) ရက်။

သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်သည် သူ၏ဒုတိယသက်တမ်းအတွက် ထပ်မံ‌ ရွေးချယ်ခံရပြီး ပြိုင်ဖက်ကွန်ဆာဗေးတစ်များအတွက် ဆိုးဝါးသောည ဖြစ်စေခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ကမ္ဘာလုံးဆိုင်ရာ မငြိမ်မသက်ဖြစ်စေမှုကို ဆန့်ကျင်ကြသည့် မဲဆန္ဒရှင်များက အပြောင်းအလဲအတွက် တည်ငြိမ်မှုကို ရွေးချယ်ခဲ့ကြသောကြောင့်ကွန်ဆာဗေးတစ်ပြိုင်ဘက်များအတွက် ဆိုးရွားသောညအဖြစ် ကျရောက်ခဲ့ရခြင်းဖြစ်သည်။

ဩစတြေးလျ၏ လက်ဝဲယိမ်းအစိုးရတစ်ရပ်အဖြစ် အာဏာဆက်လက်ရလာခြင်းသည် ကနေဒါတွင် အလားတူဖြစ်ခဲ့သော မာ့ခ်ကာနေး၏ လစ်ဘရယ်ပါတီသည် ထရန့်ကြောင့် မဲအပြောင်းအလဲ ဖြစ်ခဲ့ပြီးကံကောင်းထောက်မစွာ အနိုင်ရရှိလာခဲ့သည်။ လစ်ဘရယ်ပါတီခေါင်းဆောင် ပီတာဒတ်တန်၏ ထိုင်ခုံ ဆုံးရှုံးခြင်းသည် ကနေဒါမှ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ပီယာ ပိုလီဗီယာ (Pierre Poilievre) ၏ ရှုံးနိမ့်မှုနှင့် အလားတူ ထင်ဟပ်နေပါသည်။

ဩစတြေးလျသည် ကနေဒါကဲ့သို့ ၎င်း၏ အချုပ်အခြာအာဏာကို တူညီသော ခြိမ်းခြောက်မှုများကို မရင်ဆိုင်ရသော်လည်း ထရန့်၏ ကမ္ဘာလုံးဆိုင်ရာ အခွန်အကောက်များနှင့် မူဝါဒ အပြောင်းအလဲများသည် အမေရိကန်အပေါ် သြစတြေးလျတို့၏ ယုံကြည်မှုကို ထိခိုက်စေခဲ့ကြောင်း မကြာသေးမီက စစ်တမ်းများအရ သိရသည်။

အယ်လ်ဘေးနီးစ်၏အောင်ပွဲကြောင့် ဩစတြေးလျဝန်ကြီးချုပ်သည် ဆယ်စုနှစ်နှစ်ခုအတွင်း ပြန်လည်အရွေးခံရသည့် ပထမဆုံးသော ဩစတြေးလျဝန်ကြီးချုပ်ဖြစ်လာပြီး ထိုင်ခုံ ၁၅၀ ရှိသော အောက်လွှတ်တော်တွင် အနည်းဆုံး ၈၇ နေရာဖြင့် ဒုတိယသက်တမ်းကို စတင်မည်ဖြစ်သည်။

စိတ်ခံစားမှု ထင်ရှားစွာရှိနေသော အယ်လ်ဘန်နီးစ်သည် ည ၁၀ နာရီမထိုးမီတွင် စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။ လူအများစုက အလုပ်သမားအစိုးရကို ရွေးချယ်သည့်အတွက် ဩစတေးလျ နိုင်ငံသားများကို ကျေးဇူးတင်စကားဆိုကာ ပါတီကြီးနှစ်ခုစလုံး ထိုင်ခုံဆုံးရှုံးမည်ဟု ခန့်မှန်းချက်များကို မမှန်ကြောင်းကို ပြသခဲ့သည်။

“ ကမ္ဘာ့မသေချာမရေရာမှုကာလမှာ သြစတြေးလျနိုင်ငံသားတွေဟာ အကောင်းမြင်ဝါဒနဲ့ စိတ်ပိုင်းဖြတ်မှုတွေကို ရွေးချယ်ခဲ့ပါတယ်” ဟု ဆစ်ဒနီမြို့ရှိ အလုပ်သမားပါတီအောင်ပွဲတွင် အယ်လ်ဘန်နီက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်အဖြစ် ထိုညတွင် ရရှိနိုင်မည်ဟု မျှော်လင့်ခဲ့သော ဒပ်တန် (Dutton) သည် အနှစ် ၂၀ ကျော်ကြာ ထိန်းသိမ်းထားသည့် ဘရစ္စဘိန်းမြို့ပြင် ဆင်ခြေဖုံးတွင် မိမိအမတ်နေရာကို ဆုံးရှုံးလိုက်ရပြီး နောက်ဆုံး ညွန့်ပေါင်းအစိုးရတွင် အကြီးတန်းနေရာများကို ရယူထားသည့် ဝါရင့်နိုင်ငံရေးသမားတဦးအတွက် ရက်စက်ကြမ်းကြုတ်သောညကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

ရှုံးနိမ့်မှုကို ၀န်ခံရာတွင် ဒပ်တန်က ရွေးကောက်ပွဲ ရှုံးနိမ့်မှုအတွက် အပြည့်အဝ တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

“ ဒီနေ့ညမှာ ကျွန်တော်တို့ရဲ့ လစ်ဘရယ်မိသားစုတွေဟာ နိုင်ငံအနှံ့အပြားမှာ ရှုံးနိမ့်မှုအတွက် စိတ်ခံစားနေကြရပါတယ်” “ဒီရွေးကောက်ပွဲမှာ ပြိုင်ဘက်တွေက ကျွန်တော်တို့ကို အနိုင်ယူခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီနေရာကနေ ပြန်ပြီးတည်ဆောက်ကြမယ်” ဟု ဒပ်တန်က ပြောကြားခဲ့သည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများက အယ်လ်ဘယ်နီးစ်ကို ဂုဏ်ပြုကြပါသည်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မာကိုရိုဘီယို (Marco Rubio) က သြစတြေးလျကို “တန်ဖိုးရှိသောမဟာမိတ်” ဟု ခေါ်ဝေါပြီး ဗြိတိန် ဝန်ကြီးချုပ် ကီယာစတာမာ (Keir Starmer) က “ဝေးရပ်မြေမှ မိတ်ဆွေသည် အခိုင်မာဆုံး ဖြစ်နိုင်သည်” ဟု ပြောကြားခဲ့သည်။

ကနေဒါရွေးကောက်ပွဲပြီးသည့်အခါ ဩစတေးလျရွေးကောက်ပွဲက လက်ဝဲဖက်ကို ယိမ်းသွားသည်။

အမေရိကန်သမ္မတနှင့် ဆက်ဆံနိုင်မှုစွမ်းရည်သည် ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးရေး၏အဓိက ဆွေးနွေးချက်တစ်ခု ဖြစ်သည်။ ထရန့်ကို ဖုန်းဆက်သွယ်မပြောဆိုနိုင်ဟု ဝေဖန်မှုများ ရှိနေသော်လည်း၊ အယ်ဘန်နီးစ်က ၎င်းတို့သည် အတိတ်က “ နွေးထွေးသော” စကားပြောဆိုခဲ့မှုများ ရှိခဲ့ကြောင်းကို ပြောကြားခဲ့ပြီး ထရန့်ကို မယုံကြည်စရာ အကြောင်းမရှိဟု အယ်လ်ဘန်နီးစ်က ပြောကြားခဲ့သည်။ ကင်ဘာရာသည် ထရမ့်၏ အခွန်စည်းကြပ်မှုဖြင့် ခြိမ်းခြောက်ခံနေသော်လည်း ဝါရှင်တန်၏ ခိုင်မာသောမဟာမိတ် ဖြစ်နေဆဲဖြစ်သည်။

ဒပ်တန်သည် ခိုင်မာသောထောက်ခံမှုများဖြင့် ငါးပတ်ကြာ မဲဆွယ်စည်းရုံးရေးသို့ ဝင်ရောက်ခဲ့သည်။ သို့သော် မူဝါဒလွဲချော်မှုများနှင့် ပြောင်းပြန်လှန်မှုများကြောင့် ၎င်း၏အခွင့်အလမ်းများကို ဆိုးဆိုးရွားရွားပျက်စီးစေခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာအာဏာစဥ်ကို ထရန့်၏ သိမ်းကြုံးဖျက်စီးမှုကြောင့် ဒပ်တန်အား ထောက်ခံမှု အလေးချိန် လျော့ကျသွားသည်ဟု သုံးသပ်သူများက ဆိုသည်။

ဆန့်ကျင်ဘက်အားဖြင့်၊ အယ်ဘာနီးစ် ၏အလုပ်သမားပါတီသည် တည်ငြိမ်သောမှုကို သရုပ်ပြနိုင်ခဲ့ပြီး ဩစတြေးလျအပေါ် စည်းကြပ်ခွန် ၁၀% ကောက်ခံရန် ထရမ့်၏ ဆုံးဖြတ်ချက်ကို တည်ငြိမ်စွာတုံ့ပြန် သရုပ်ပြနိုင်ခဲ့ကြောင်း ဟု လေ့လာသူများက ပြောကြားခဲ့ ပြီးနောက်ထရန့်ကအခွန်စည်းကြပ်မှုကိုဆိုင်းငံလိုက်သည်

ထရန့်၏ ဧပြီလ ၂ရက် “ လွတ်မြောက်ရေးနေ့” ကြေညာချက်အပြီးတွင် အယ်ဘယ်နီးစ်သည်သတင်းစာရှင်းလင်းပွဲကို ခေါ်ဆိုခဲ့ပြီး သူ၏ဘေးတွင် နိုင်ငံခြားရေးဝန်ကြီးနှင့် ကုန်သွယ်ရေးဝန်ကြီးများခြံရံကာ “ ဒါက မိတ်ဆွေတစ်ယောက်ရဲ့ လုပ်ရပ် မဟုတ်ပါဘူး” ဟုပြောကြားခဲ့သည်။

ဆန့်ကျင်ဘက်အားဖြင့် ဒပ်တန်သည် သူ၏ပေါ်လစီများသည် အမေရိကန်ခေါင်းဆောင်က သဘောကျစေကြောင်း သူ့အားပြိုင်ဖက်ပါတီက ထရန့်နှင့် ဆင်တူယိုးမား နှိုင်းယှဥ်နေခြင်းကို ရှင်းလင်းခြေပနိုင်ခြင်း မရှိချေ။

မဲဆွယ်စည်းရုံးရေးကာလအတွင်း အစိုးရ၏စွမ်းဆောင်ရည်အတွက် အရိပ်ဝန်ကြီး ဖြစ်လာရန် သူရည်ရွယ်ထားခဲ့သည့် အထက်လွှတ်တော်အမတ်က သူမသည် “ဩစတေးလျကို တစ်ဖန်ကြီးမြတ်လာစေရန်” လိုလားကြောင်း ကြေညာခဲ့သည်။ထိုကြေငြာချက်သည် ထရန့်၏ အမေရိကန်ကိုတဖန်ကြီးမြတ်လာစေရမည်ဆိုသည့်အချက်နှင့်တူညီနေခဲ့သည်။ ဂျက်စင်တာနမ် ပီဂျင်ပါပရိုက်စ်( Jacinta Nampijinpa Price) က သူမ ထိုကဲ့သို့ ပြောသည်ကို သူမ သတိမထားမိခဲ့ကြောင်း နောက်ပိုင်းတွင် ပြောကြားခဲ့သည်။ ထရန့်နှင့် နှိုင်းယှဥ်မှုသည် ဒပ်တန်ကို ထိခိုက်စေခြင်းရှိမရှိ စနေနေ့တွင် မေးမြန်းခဲ့သည့်အခါ ပရိုက်စ် (Price) က “ လေးဂွထဲ လောက်စာလုံးထည့်ပြီး အကြိမ်များစွာ ပစ်တဲ့အခါ ရွှံ့တော့ပေမှာပဲ” ဟု ဆိုသည်။

သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်အောင်ပွဲခံမိန့်ခွန်းပေးနေစဥ်။

ဒပ်တန်က ရွေးကောက်ပွဲ ရှုံးနိမ့်မှုကိုဝန်ခံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 30 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 30 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 47 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 47 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 45 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 54 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 41 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့