နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ဩစတြေးလျ၏ လက်ဝဲယိမ်း အလုပ်သမားပါတီသည် အာဏာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး ထိုအချက်သည် ထရန့် ဆန့်ကျင်ရေး စိတ်ဓာတ်ပြင်းထန်မှုအဖြစ် ရှုမြင်ရသည်။

မေလ (၃) ရက်။

သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်သည် သူ၏ဒုတိယသက်တမ်းအတွက် ထပ်မံ‌ ရွေးချယ်ခံရပြီး ပြိုင်ဖက်ကွန်ဆာဗေးတစ်များအတွက် ဆိုးဝါးသောည ဖြစ်စေခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ကမ္ဘာလုံးဆိုင်ရာ မငြိမ်မသက်ဖြစ်စေမှုကို ဆန့်ကျင်ကြသည့် မဲဆန္ဒရှင်များက အပြောင်းအလဲအတွက် တည်ငြိမ်မှုကို ရွေးချယ်ခဲ့ကြသောကြောင့်ကွန်ဆာဗေးတစ်ပြိုင်ဘက်များအတွက် ဆိုးရွားသောညအဖြစ် ကျရောက်ခဲ့ရခြင်းဖြစ်သည်။

ဩစတြေးလျ၏ လက်ဝဲယိမ်းအစိုးရတစ်ရပ်အဖြစ် အာဏာဆက်လက်ရလာခြင်းသည် ကနေဒါတွင် အလားတူဖြစ်ခဲ့သော မာ့ခ်ကာနေး၏ လစ်ဘရယ်ပါတီသည် ထရန့်ကြောင့် မဲအပြောင်းအလဲ ဖြစ်ခဲ့ပြီးကံကောင်းထောက်မစွာ အနိုင်ရရှိလာခဲ့သည်။ လစ်ဘရယ်ပါတီခေါင်းဆောင် ပီတာဒတ်တန်၏ ထိုင်ခုံ ဆုံးရှုံးခြင်းသည် ကနေဒါမှ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ပီယာ ပိုလီဗီယာ (Pierre Poilievre) ၏ ရှုံးနိမ့်မှုနှင့် အလားတူ ထင်ဟပ်နေပါသည်။

ဩစတြေးလျသည် ကနေဒါကဲ့သို့ ၎င်း၏ အချုပ်အခြာအာဏာကို တူညီသော ခြိမ်းခြောက်မှုများကို မရင်ဆိုင်ရသော်လည်း ထရန့်၏ ကမ္ဘာလုံးဆိုင်ရာ အခွန်အကောက်များနှင့် မူဝါဒ အပြောင်းအလဲများသည် အမေရိကန်အပေါ် သြစတြေးလျတို့၏ ယုံကြည်မှုကို ထိခိုက်စေခဲ့ကြောင်း မကြာသေးမီက စစ်တမ်းများအရ သိရသည်။

အယ်လ်ဘေးနီးစ်၏အောင်ပွဲကြောင့် ဩစတြေးလျဝန်ကြီးချုပ်သည် ဆယ်စုနှစ်နှစ်ခုအတွင်း ပြန်လည်အရွေးခံရသည့် ပထမဆုံးသော ဩစတြေးလျဝန်ကြီးချုပ်ဖြစ်လာပြီး ထိုင်ခုံ ၁၅၀ ရှိသော အောက်လွှတ်တော်တွင် အနည်းဆုံး ၈၇ နေရာဖြင့် ဒုတိယသက်တမ်းကို စတင်မည်ဖြစ်သည်။

စိတ်ခံစားမှု ထင်ရှားစွာရှိနေသော အယ်လ်ဘန်နီးစ်သည် ည ၁၀ နာရီမထိုးမီတွင် စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။ လူအများစုက အလုပ်သမားအစိုးရကို ရွေးချယ်သည့်အတွက် ဩစတေးလျ နိုင်ငံသားများကို ကျေးဇူးတင်စကားဆိုကာ ပါတီကြီးနှစ်ခုစလုံး ထိုင်ခုံဆုံးရှုံးမည်ဟု ခန့်မှန်းချက်များကို မမှန်ကြောင်းကို ပြသခဲ့သည်။

“ ကမ္ဘာ့မသေချာမရေရာမှုကာလမှာ သြစတြေးလျနိုင်ငံသားတွေဟာ အကောင်းမြင်ဝါဒနဲ့ စိတ်ပိုင်းဖြတ်မှုတွေကို ရွေးချယ်ခဲ့ပါတယ်” ဟု ဆစ်ဒနီမြို့ရှိ အလုပ်သမားပါတီအောင်ပွဲတွင် အယ်လ်ဘန်နီက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်အဖြစ် ထိုညတွင် ရရှိနိုင်မည်ဟု မျှော်လင့်ခဲ့သော ဒပ်တန် (Dutton) သည် အနှစ် ၂၀ ကျော်ကြာ ထိန်းသိမ်းထားသည့် ဘရစ္စဘိန်းမြို့ပြင် ဆင်ခြေဖုံးတွင် မိမိအမတ်နေရာကို ဆုံးရှုံးလိုက်ရပြီး နောက်ဆုံး ညွန့်ပေါင်းအစိုးရတွင် အကြီးတန်းနေရာများကို ရယူထားသည့် ဝါရင့်နိုင်ငံရေးသမားတဦးအတွက် ရက်စက်ကြမ်းကြုတ်သောညကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

ရှုံးနိမ့်မှုကို ၀န်ခံရာတွင် ဒပ်တန်က ရွေးကောက်ပွဲ ရှုံးနိမ့်မှုအတွက် အပြည့်အဝ တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

“ ဒီနေ့ညမှာ ကျွန်တော်တို့ရဲ့ လစ်ဘရယ်မိသားစုတွေဟာ နိုင်ငံအနှံ့အပြားမှာ ရှုံးနိမ့်မှုအတွက် စိတ်ခံစားနေကြရပါတယ်” “ဒီရွေးကောက်ပွဲမှာ ပြိုင်ဘက်တွေက ကျွန်တော်တို့ကို အနိုင်ယူခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီနေရာကနေ ပြန်ပြီးတည်ဆောက်ကြမယ်” ဟု ဒပ်တန်က ပြောကြားခဲ့သည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများက အယ်လ်ဘယ်နီးစ်ကို ဂုဏ်ပြုကြပါသည်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မာကိုရိုဘီယို (Marco Rubio) က သြစတြေးလျကို “တန်ဖိုးရှိသောမဟာမိတ်” ဟု ခေါ်ဝေါပြီး ဗြိတိန် ဝန်ကြီးချုပ် ကီယာစတာမာ (Keir Starmer) က “ဝေးရပ်မြေမှ မိတ်ဆွေသည် အခိုင်မာဆုံး ဖြစ်နိုင်သည်” ဟု ပြောကြားခဲ့သည်။

ကနေဒါရွေးကောက်ပွဲပြီးသည့်အခါ ဩစတေးလျရွေးကောက်ပွဲက လက်ဝဲဖက်ကို ယိမ်းသွားသည်။

အမေရိကန်သမ္မတနှင့် ဆက်ဆံနိုင်မှုစွမ်းရည်သည် ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးရေး၏အဓိက ဆွေးနွေးချက်တစ်ခု ဖြစ်သည်။ ထရန့်ကို ဖုန်းဆက်သွယ်မပြောဆိုနိုင်ဟု ဝေဖန်မှုများ ရှိနေသော်လည်း၊ အယ်ဘန်နီးစ်က ၎င်းတို့သည် အတိတ်က “ နွေးထွေးသော” စကားပြောဆိုခဲ့မှုများ ရှိခဲ့ကြောင်းကို ပြောကြားခဲ့ပြီး ထရန့်ကို မယုံကြည်စရာ အကြောင်းမရှိဟု အယ်လ်ဘန်နီးစ်က ပြောကြားခဲ့သည်။ ကင်ဘာရာသည် ထရမ့်၏ အခွန်စည်းကြပ်မှုဖြင့် ခြိမ်းခြောက်ခံနေသော်လည်း ဝါရှင်တန်၏ ခိုင်မာသောမဟာမိတ် ဖြစ်နေဆဲဖြစ်သည်။

ဒပ်တန်သည် ခိုင်မာသောထောက်ခံမှုများဖြင့် ငါးပတ်ကြာ မဲဆွယ်စည်းရုံးရေးသို့ ဝင်ရောက်ခဲ့သည်။ သို့သော် မူဝါဒလွဲချော်မှုများနှင့် ပြောင်းပြန်လှန်မှုများကြောင့် ၎င်း၏အခွင့်အလမ်းများကို ဆိုးဆိုးရွားရွားပျက်စီးစေခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာအာဏာစဥ်ကို ထရန့်၏ သိမ်းကြုံးဖျက်စီးမှုကြောင့် ဒပ်တန်အား ထောက်ခံမှု အလေးချိန် လျော့ကျသွားသည်ဟု သုံးသပ်သူများက ဆိုသည်။

ဆန့်ကျင်ဘက်အားဖြင့်၊ အယ်ဘာနီးစ် ၏အလုပ်သမားပါတီသည် တည်ငြိမ်သောမှုကို သရုပ်ပြနိုင်ခဲ့ပြီး ဩစတြေးလျအပေါ် စည်းကြပ်ခွန် ၁၀% ကောက်ခံရန် ထရမ့်၏ ဆုံးဖြတ်ချက်ကို တည်ငြိမ်စွာတုံ့ပြန် သရုပ်ပြနိုင်ခဲ့ကြောင်း ဟု လေ့လာသူများက ပြောကြားခဲ့ ပြီးနောက်ထရန့်ကအခွန်စည်းကြပ်မှုကိုဆိုင်းငံလိုက်သည်

ထရန့်၏ ဧပြီလ ၂ရက် “ လွတ်မြောက်ရေးနေ့” ကြေညာချက်အပြီးတွင် အယ်ဘယ်နီးစ်သည်သတင်းစာရှင်းလင်းပွဲကို ခေါ်ဆိုခဲ့ပြီး သူ၏ဘေးတွင် နိုင်ငံခြားရေးဝန်ကြီးနှင့် ကုန်သွယ်ရေးဝန်ကြီးများခြံရံကာ “ ဒါက မိတ်ဆွေတစ်ယောက်ရဲ့ လုပ်ရပ် မဟုတ်ပါဘူး” ဟုပြောကြားခဲ့သည်။

ဆန့်ကျင်ဘက်အားဖြင့် ဒပ်တန်သည် သူ၏ပေါ်လစီများသည် အမေရိကန်ခေါင်းဆောင်က သဘောကျစေကြောင်း သူ့အားပြိုင်ဖက်ပါတီက ထရန့်နှင့် ဆင်တူယိုးမား နှိုင်းယှဥ်နေခြင်းကို ရှင်းလင်းခြေပနိုင်ခြင်း မရှိချေ။

မဲဆွယ်စည်းရုံးရေးကာလအတွင်း အစိုးရ၏စွမ်းဆောင်ရည်အတွက် အရိပ်ဝန်ကြီး ဖြစ်လာရန် သူရည်ရွယ်ထားခဲ့သည့် အထက်လွှတ်တော်အမတ်က သူမသည် “ဩစတေးလျကို တစ်ဖန်ကြီးမြတ်လာစေရန်” လိုလားကြောင်း ကြေညာခဲ့သည်။ထိုကြေငြာချက်သည် ထရန့်၏ အမေရိကန်ကိုတဖန်ကြီးမြတ်လာစေရမည်ဆိုသည့်အချက်နှင့်တူညီနေခဲ့သည်။ ဂျက်စင်တာနမ် ပီဂျင်ပါပရိုက်စ်( Jacinta Nampijinpa Price) က သူမ ထိုကဲ့သို့ ပြောသည်ကို သူမ သတိမထားမိခဲ့ကြောင်း နောက်ပိုင်းတွင် ပြောကြားခဲ့သည်။ ထရန့်နှင့် နှိုင်းယှဥ်မှုသည် ဒပ်တန်ကို ထိခိုက်စေခြင်းရှိမရှိ စနေနေ့တွင် မေးမြန်းခဲ့သည့်အခါ ပရိုက်စ် (Price) က “ လေးဂွထဲ လောက်စာလုံးထည့်ပြီး အကြိမ်များစွာ ပစ်တဲ့အခါ ရွှံ့တော့ပေမှာပဲ” ဟု ဆိုသည်။

သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်အောင်ပွဲခံမိန့်ခွန်းပေးနေစဥ်။

ဒပ်တန်က ရွေးကောက်ပွဲ ရှုံးနိမ့်မှုကိုဝန်ခံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 8 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 20 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း အဓိကကျသော မဟာဗျူဟာမြောက် ရည်မှန်းချက်များမှာ “ ပြီးဆုံးလုနီးပါး” ဖြစ်နေပြီဟု ထရန့်က ပြောကြားခဲ့ပါသည်။
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲစတင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင် ကန့်သတ် ခံရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 21 Views
၂၀၂၆ခုနှစ်၊ဧပြီလ၁ရက် အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Türk က သတိပေးပြောကြားလိုက်သည်။ ပဋိပက္ခစတင်ကတည်းက အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း “