နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 26 ရက်

ဆောင်းပါးများ

ဆောင်းပါးများ တရုတ် နိုင်ငံတကာသတင်း သဘာ၀ပတ်ဝန်းကျင် အမေရိကန်

မြေရှားသတ္ထုတွင်းထွက်သတ္တုများဆိုသည်မှာ ဘယ်အရာကို ဆိုလိုသနည်း၊ ၎င်းတို့သည် ထရန့်၏ ကုန်သွယ်ရေးစစ်ပွဲတွင် အဘယ်ကြောင့် အဓိကကျသနည်း။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ရက်

တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေးစစ်ပွဲတွင် အဓိကအတားအဆီးတစ်ခု ရှိသည်။ ထိုအရာမှာ မြေရှားသတ္တုများ ဖြစ်သည်။

ပြီးခဲ့သည့်လတွင် သမ္မတဒေါ်နယ်ထရန့်က အမေရိကန်သည် ဂရင်းလန်း (Greenland) ကို “ အလွန်အမင်းလို အပ်သည်” ဟု ပြောကြားခဲ့သည်။ ဂရင်းလန်းသည် သယံဇာတပေါကြွယ်ဝသောကျွန်းဖြစ်ပြီး ၎င်း၏ရေခဲလွှာအောက်တွင် မြေရှားသတ္ထုဒြပ်စင်များ ပါ၀င်သည့် အရေးကြီးသော သတ္တုဓာတ်များ ကြွယ်ဝစွာရှိသည်။ ထရန့်သည် ယူကရိန်းနှင့် “မြေရှားသတ္ထု သဘောတူညီချက်” ကို လက်မှတ်ရေးထိုးခဲ့သည်။

မြေရှားသတ္တုများနှင့်ပတ်သက်၍ ပြိုင်ဆိုင်မှုသည် လက်ရှိ အုပ်ချုပ်မှုမတိုင်မီကပင် ဖြစ်သည်။ တရုတ်နိုင်ငံသည် ၎င်း၏ ပိုမိုကျယ်ပြန့်သော စက်မှုမူဝါဒ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပစ္စည်းများအားလုံးကို အလုံးစုံထိန်းချုပ်နိုင်စေရန် နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သည်။

မြေရှားသတ္တုဆိုသည်မှာ အဘယ်နည်း၊ ၎င်းတို့သည် အမှန်တကယ် ‘ရှားပါးပါသလော။’

မြေရှားသတ္တုများသည် စကန်ဒီယမ် (scandium)၊ ယက်ထရီယမ်(yttrium) နှင့် လန်သနိုက်များ (lanthanides) ဖြင့် ဖွဲ့စည်းထားသော အလှည့်ကျဇယားတွင် ပါဝင်သည့် သတ္တုဒြပ်စင် ၁၇ မျိုးဖြစ်သည်။

“မြေရှားသတ္တုများ” ဟူသောအမည်သည် ကမ္ဘာမြေကြီးတစ်ခုလုံးတွင် တွေ့ရှိရသည့် အရာဖြစ်သောကြောင့် အနည်းငယ် လွဲမှားနေပါသည်။ ၎င်းတို့သည် ရွှေထက် ပိုမိုပေါများ သော်လည်း ၎င်းတို့သည် ထုတ်ယူရန် ခက်ခဲပြီး ငွေကုန်ကြေးကျများကာ ယင်းတို့ကို ထုတ်ယူမှုကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေပါသည်။

စမတ်ဖုန်းများမှ လေအားလျှပ်စစ်ထုတ်တာဘိုင်အထိ LED မီးများနှင့် မျက်နှာပြင်ပြားတီဗီများအထိ ကျွန်ုပ်တို့ နေ့စဉ် မှီခိုနေရသော နည်းပညာများတွင် မြေရှားသတ္တုများသည် နေရာအနှံ့တွင် ရှိသည်။ ၎င်းတို့သည် လျှပ်စစ်ကားများတွင် ဘက်ထရီအပြင် MRI စကင်နာများနှင့် ကင်ဆာကုသမှုများအတွက်လည်း အရေးကြီးပါသည်။

မြေရှားသတ္တု များသည် အမေရိကန်စစ်တပ်အတွက် မရှိမဖြစ် လိုအပ်သည်။ ၎င်းတို့ကို F-35 တိုက်လေယာဉ်များ၊ ရေငုပ်သင်္ဘောများ၊ လေဆာများ၊ ဂြိုလ်တုများ၊ Tomahawk ဒုံးကျည်များနှင့် အခြားအရာများတွင် အသုံးပြုကြောင်း CSIS ၏ ၂၀၂၅ သုတေသနမှတ်စုအရ သိရသည်။

နိုင်ငံတကာ စွမ်းအင်အေဂျင်စီမှ တူးဖော်ရရှိသည့် မြေရှားသတ္တုရိုင်းထုတ်လုပ်မှု၏ ၆၁ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံမှ ဖြစ်ပြီး နိုင်ငံသည် ပြုပြင်ထုတ်လုပ်ဆဲအဆင့်တွင် ကမ္ဘာ့ထွက်ကုန် ၉၂ ရာခိုင်နှုန်းကို ထိန်းချုပ်ထားကြောင်း သိရသည်။

၎င်းတို့၏ အက်တမ်အလေးချိန်ဖြင့် အမျိုးအစားခွဲထားသော မြေရှားသတ္တုအမျိုးအစား နှစ်မျိုးရှိသည်။ လေးလံသည့်အမျိုးအစားနှင့် ပေါ့ပါးသည့်အမျိုးတို့ ဖြစ်သည်။ မြေရှားသတ္တုများသည် ပိုမိုရှားပါးလာပြီး ထုတ်ယူပြီးနောက် မြေရှားသတ္တုများကို ခွဲထုတ်ရန် ခက်ခဲသောအလုပ်အတွက် အမေရိကန်တွင် စွမ်းဆောင်နိုင်ခြင်း မရှိပေ။

“နောက်နှစ်မစခင်အထိ ကယ်လီဖိုးနီးယားမှာ တနှစ်ပတ်လုံး သတ္တုတူးဖော်လို့ရတဲ့ မြေရှားသတ္တုတွေကို ခွဲထုတ်ဖို့ တရုတ်နိုင်ငံကို ပို့နေရတုန်းပါပဲ” ဟု မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာမှ အ‌ရေးကြီးသော တွင်းထွက်များ လုံခြုံရေးအစီအစဥ် (Critical Minerals Security Program) ၏ ဒါရိုက်တာ ဂရေးဆလင်း ဘတ်စ်ကာရန် (Gracelin Baskaran) က CNN သို့ ပြောကြားခဲ့သည်။

သို့သော်လည်း ဧပြီလတွင် တရုတ်နိုင်ငံအပေါ် မြင့်မားသော စည်းကြပ်ခွန်များ ကောက်ခံမည်ဟု ထရမ့်အစိုးရ၏ ကြေညာချက်က ဤလုပ်ငန်းစဉ်ကို လမ်းချော်သွားခဲ့သည်။ “တရုတ်က ဒါကို လက်နက်အဖြစ် ထုတ်သုံးဖို့ ဆန္ဒရှိကြောင်း ပြသခဲ့ပါတယ်” “ အမေရိကန်က မြေရှားသတ္တု ခွဲထုတ်မှုအတွက် တရုတ်အပေါ် မှီခိုနေရတယ်” ဟု သူမက ပြောပါသည်။

ဘတ်စ်ကာရန်၏အဆိုအရ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် မြေရှားသတ္တု တူးမိုင်းတစ်ခုရှိသည်။

ပြီးခဲ့သည့်လက ချမှတ်ထားသည့် ကုန်သွယ်ရေးအပစ်အခတ်ရပ်စဲရေးကို “ တရုတ်နိုင်ငံက ချိုးဖောက်ခဲ့တယ်” ဟု Truth Social ၌ သောကြာနေ့တွင် ထရန့်က ပြောကြားခဲ့သည်။ ဘေဂျင်းသည် ဧပြီလတွင် ကြေညာခဲ့သော တရုတ်ကုန်ပစ္စည်းများအပေါ် ထရန့်၏ “အပြန်အလှန်အခွန်စည်းကြပ်မှု” ကို တုံ့ပြန်သည့်အနေဖြင့် ရှုမြင်ခံရသည့် မြေရှားသတ္တု တွင်းထွက်များနှင့် ဆက်စပ်ထုတ်ကုန် ခုနစ်မျိုးအပေါ် တင်ပို့မှုကို ထိန်းချုပ်ထားသည်။ ဂျနီဗာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက်တွင် အမေရိကန် တာဝန်ရှိသူများက အဆိုပါ တွင်းထွက်ပစ္စည်းများအပေါ် တင်ပို့မှု ကန့်သတ်ချက်များကို တရုတ်က ဖြေလျှော့ပေးမည်ဟုမျှော်လင့်ခဲ့သည်။

အမေရိကန်သည် မြေရှားသတ္တု များအတွက် တရုတ်နိုင်ငံအပေါ် ကြီးကြီးမားမား မှီခိုနေရသောကြောင့် ပို့ကုန်ထိန်းချုပ်မှုများသည် ကြီးမားသော သက်ရောက်မှုရှိနိုင်သည်။ ၂၀၂၀ မှ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်မှ မြေရှားသတ္တု ဒြပ်ပေါင်းများနှင့် သတ္တုတင်သွင်းမှု ၇၀% သည် တရုတ်နိုင်ငံမှ လာသည်ဟု အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) ၏ အစီရင်ခံစာအရ သိရသည်။

အင်္ဂါနေ့က အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီဗစ် (Karoline Leavitt) က “ ဂျနီဗာကုန်သွယ်ရေးသဘောတူညီချက်ကို တရုတ်အစိုးရက တက်ကြွစွာ စောင့်ကြည့်နေပါတယ်” နှင့် အမေရိကန်အရာရှိများသည် “ သူတို့ရဲ့ တရုတ်လုပ်ဖော်ကိုင်ဖက်တွေနဲ့ စာပေးစာယူဆက်သွယ်မှုတွေ ဆက်လက်ရရှိနေတယ်” ဟု အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအပြင် ယူကရိန်း၊ ဂရင်းလန်းနှင့် ဆော်ဒီအာရေဗျတို့နှင့်အတူ အမေရိကန် နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်များတွင်လည်း မြေရှားသတ္တုများကို ဖော်ပြထားပါသည်။

“ ယူကရိန်းက အလွန်နောက်ကျပြီးမှ စတင်အခြေတည်တဲ့ သတ္တုတွင်းလုပ်ငန်းဖြစ်ပြီး အဲ့ဒါက စကားပြောဆိုနေမှုအဖြစ်နဲ့သာ ရှိသေးပြီး၊ ကျွန်မတို့မှာ စီးပွားရေးအရ အကျုံးဝင်မယ့်အရာတွေကို လက်တွေ့တွင် ပုံဖော်နိုင်တာ မရှိသေးပါဘူး” ဟု ဘတ်စ်ကာရန်မှ ပြောကြားခဲ့သည်။

CNN အင်္ဂလိပ်သတင်း။

မြေရှားသတ္တုနှင့်ပတ်သက်ပြီး “ မြေရှားသတ္တု ကျိန်စာသင့်နေသော မြန်မာနိုင်ငံ” ဆောင်းပါးကို မှီငြမ်းလိုပါက ခေတ်မျက်လုံး၏ အောက်ကလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဓာတ်ပုံများ။

ဂရင်းလန်း

တွင်းထွက်များ လုံခြုံရေးအစီအစဥ် (Critical Minerals Security Program) ၏ ဒါရိုက်တာ ဂရေးဆလင်း ဘတ်စ်ကာရန် (Gracelin Baskaran)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 11 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 30 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 35 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 37 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ