နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ဇလန်းစကီး၏ ဇာတိမြို့ကို ရုရှားက တိုက်ခိုက်မှုကြောင့် ကလေး ၉ ဦး အပါအဝင် လူ ၁၉ ဦး သေဆုံးခဲ့

ဧပြီလ (၅) ရက်။

ယူကရိန်းသမ္မတ၏ မွေးရပ်မြေ ကရီဗီ ရီရာ (Kryvyi Rih) ကို သောကြာနေ့တွင် ရုရှားက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးကိုးဦး အပါအဝင် လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး ယခုနှစ်အတွင်း အသေအပျောက်အများဆုံး တိုက်ခိုက်မှုများအနက် တစ်ခုဖြစ်သည်။ ထရမ့်အစိုးရမှ ငြိမ်းချမ်းရေးရရှိရန် တွန်းအားပေးနေသည့်ကြားမှ အဆုံးသတ်မည့် အရိပ်အယောင်မပြသေးပေ။

ဒဏ်ရာရရှိသူ ၇၂ ဦးအနက် သုံးလသားအရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ပြီး တိုက်ခိုက်မှုအတွင်း ဒါဇင်နှင့်ချီသော တိုက်ခန်းအဆောက်အအုံများ၊ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းခြောက်ခုတို့လည်း ပျက်စီးခဲ့ကြောင်း ကရီဗီ ရီရာ (Kryvyi Rih) မြို့တော်ဝန် အိုလက်ဆန်ဒါ ဗီကူလ် (Oleksandr Vilkul) က စနေနေ့က Telegram တွင် “ကြေကွဲဖွယ် ညနေခင်းအချိန်နဲ့ ည” ဟူ၍ ပြောကြားခဲ့သည်။

“နောက်ထပ် သွေးထွက်သံယို ရာဇ၀တ်မှုတစ်ခုကို အကြမ်းဖက်နိုင်ငံက ကျူးလွန်ခဲ့တာပါ။ ဒုံးကျည်တွေ၊ မောင်းသူမဲ့ ရှာဟက်(Shahed) ဒရုန်းတွေနဲ့ လူနေရပ်ကွက်တွေနဲ့ ကစားကွင်းတွေကို ကြီးမားတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်” ဟု မြို့တော်ဝန်က ပြောကြားခဲ့သည်။

ရုရှားတပ်ဖွဲ့များသည် ကရီဗီ ရီရာ (Kryvy Rih) ကို ဒုံးကျည်ထိပ်ဖူးဖြင့် ပစ်ခတ်ခဲ့ပြီး ၎င်းသည် “ပိုကျယ်ပြန့်တဲ့ဧရိယာနှင့် လူအများအပြားကို ထိမှန်စေဖို့ ဒီဇိုင်းထုတ်ထားတယ်” ဟု ယူကရိန်း စစ်ဦးစီးချုပ်က ပြောကြားခဲ့သည်။

ဇလန်းစကီး၏ဇာတိမြို့သည် မကြာသေးမီလများအတွင်း ရုရှား၏တိုက်ခိုက်မှုကို အကြိမ်ကြိမ် ခံခဲ့ရသည်။ ယခုလအစောပိုင်းက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကြောင့် အငှားယာဉ်ရပ်နားရာနေရာ၌ အရပ်သားလေးဦး သေဆုံးခဲ့သည်။

အမေရိကန်သမ္မတထရန့်က ပဋိပက္ခကို အမြန်အဆုံးသတ်မယ်လို့ ကတိပြုခဲ့ပေမယ့် သဘောတူညီချက်ရရန် မညှိနှိုင်းနိုင်ခဲ့ပါ။ ယူကရိန်း၏ မဟာမိတ်များက ရုရှားသည် စစ်မြေပြင်တွင် အသာစီးရရန် ကြိုးပမ်းနေချိန်တွင် စေ့စပ်ညှိနှိုင်းမှုများကို အချိန်ဆွဲ လုပ်ဆောင်နေသည်ဟု ယုံကြည်နေကြသည်။

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီး က သေဆုံးသူနှင့် ဒဏ်ရာရရှိသူများ၏ မိသားစုများ အား ဝမ်းနည်းကြောင်း မကြာမီက၎င်း၏ ညစဉ်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ “ဒဏ်ရာရသူတွေ၊ အိမ်တွေ အများကြီး ပျက်စီးသွားတယ်။ ဒုံးကျည်က လူနေအဆောက်အအုံတွေဖြစ်တဲ့ ကလေးကစားကွင်း၊ လူသွားလမ်းတွေ ဘေးနားကို ဒုံးကျည်နဲ့ ထိမှန်ခဲ့တယ်” ဟု ဇလန်းစကီးက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံကခါဆွန် (Kherson) ရှိ ဓာတ်အားပေးစက်ရုံတစ်ရုံကို မောင်းသူမဲ့လေယာဉ်ဖြင့် သောကြာနေ့က ပစ်မှတ်ထားခဲ့ကြောင်း ဇလန်းစကီးက ပြောကြားခဲ့သည်။

“ဒီလို တိုက်ခိုက်မှုတွေဟာ တိုက်ဆိုင်မှုတစ်ခုတော့ မဖြစ်နိုင်ပါဘူး၊ ဒါက စွမ်းအင်ဆိုင်ရာ စက်ရုံတစ်ခုလို့ ရုရှားလူမျိုးတွေ သိပါတယ်” ဟု ဇလန်းစကီးက ပြောကြားခဲ့သည်။ “အမေရိကန်ဖက်ကို ရုရှားကပေးခဲ့တဲ့ ကတိတွေအတိုင်း ဒီလိုနေရာတွေကို တိုက်ခိုက်နေတာကနေ အကာအကွယ်ပေးရမယ်။”

တယ်လီဂရမ်၏ ထုတ်ပြန်ချက်တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကရီဗီ ရီရာမြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် ယူကရိန်းနှင့် အနောက်နိုင်ငံမှ အရာရှိများနှင့် တွေ့ဆုံသည့်နေရာကို ပစ်မှတ်ထားပြီး တိကျမှုမြင့်မားသော ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

“တိုက်ခိုက်မှုရလဒ်အရ နိုင်ငံခြားအရာရှိတွေနဲ့ ယူကရိန်း စစ်မှုထမ်း ၈၅ ဦးလောက် အပြင် ကားအစီးရေ ၂၀ အထိ ဆုံးရှုံးခဲ့တယ်” ဟု အဆိုပါ ပို့စ်တွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရပ်တန့်သွားခြင်း

ယူကရိန်းတွင် ရုရှား၏စစ်ပွဲကို အဆုံးသတ်ရန် ငြိမ်းချမ်းရေး ဆွေးနွေးမှုများမှာ တိုးတက်မှု အနည်းငယ်သာ ရှိသည့်အခြေအနေဖြစ်သည်။

ပြီးခဲ့သော သီတင်းပတ်တွင် ရုရှားသမ္မတ ဒေါ်နယ်ထရန့်၏ သဘောထားမှာ ရှင်းရှင်းလင်းလင်း ဖြစ်လာသည်။ ယူကရိန်းမှာ အပြည့်အဝနဲ့ ချက်ချင်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ထရန့်၏အဆိုပြုချက်ကို ပယ်ချခဲ့သည့် ရုရှားခေါင်းဆောင်နှင့် မကြာသေးမီက ခေါ်ဆိုခဲ့သည့် ဖုန်းခေါ်ဆိုမှုတွင် ထရမ့်က “ပူတင်ကို ဒေါသထွက်တယ်” ဟု ပြောဆိုခဲ့ပါသည်။

ယူကရိန်းနှင့် ဥရောပခေါင်းဆောင်များသည် ပူတင်သည် အချိန်ဆွဲနေသည်ဟု ယုံကြည်ကြသည်။ ယခုနှစ်အတွင်း ပူတင်နှင့် နှစ်ကြိမ် တွေ့ဆုံခဲ့သည့် ထရန့်၏သံတမန် စတိဗ် ဝတ်ကော့ဖ် (Steve Witkoff) က ပူတင်သည် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လိုချင်ပါသည်ဟု အခိုင်အမာဆိုခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယို သည် ယခုသီတင်းပတ်အတွင်း ပူတင်၏ အထူးသံတမန်တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး မော်စကိုသို့ သူ့ထံမှသတင်း စကား ပြန်လည်ပေးပို့ခဲ့ခြင်းနှင့်အတူ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အောင်မြင်မှုများရရှိရန် လိုအပ်သည့်အချိန် သိပ်မရှိတော့ဟု ညွှန်ပြနေကြောင်း ဆိုထားသည်။

ရူဘီယိုသည် လွန်ခဲ့သည့် နှစ်လအတွင်း ဆော်ဒီအာရေဗျသို့ နှစ်ကြိမ်သွားရောက်ခဲ့ပြီး ရုရှားနှင့် ယူကရိန်း ထိပ်တန်းအရာရှိများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး သုံးနှစ်ကြာ စစ်ပွဲကို အဆုံးသတ်ရန်နှင့် နောက်ဆုံးတွင် သဘောတူညီချက်တစ်ခုအတွက် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် ကြိုးစားခဲ့သည်။

သို့သော်လည်း ယခုအခါတွင် တိုးတက်မှုများ လုပ်ပြရန် လိုအပ်နေသည်ဟု ရူဘီယိုက ပြောကြားခဲ့ပြီး “စကားပြောဆိုနေယုံသက်သက်နဲ့ မရဘူး”ဟုဆိုခဲ့သည်။

လွန်ခဲ့သည့်အပတ်က ဆော်ဒီအာရေဗျတွင် ယူကရိန်းနှင့် ရုရှားအရာရှိများနှင့် ရက်အတန်ကြာ သီးခြားညှိနှိုင်းဆွေးနွေးမှုအပြီးတွင်၊ ပင်လယ်နက်တွင် အင်အား အသုံးပြုခြင်းကို ရပ်တန့်ရန် နှစ်ဖက်သဘောတူခဲ့ပြီး စွမ်းအင်အခြေခံအဆောက်အအုံဆိုင်ရာ တိုက်ခိုက်မှုများကို မတိုက်ခိုက်ရန် အကောင်အထည် ဖေ်ရန် နှစ်ဖက်သဘောတူခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

သို့သော်လည်း ရုရှားက ၎င်း၏ဘဏ်များနှင့် ပို့ကုန်များအပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများ ရုတ်သိမ်းရေး အပါအဝင် ပင်လယ်နက် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ နောက်ထပ်အပိုဆောင်းထားသောတောင်းဆိုချက်များဖြင့် တုံ့ပြန်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 59 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 65 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက