နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဝက်လက်မှာ အင်အား (၇၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂၀)ကျော်သေဆုံးကာ (၃)ဦးဖမ်းဆီးခံရ

ဇန်နဝါရီလ (၆)ရက်။

မနေ့က ဝက်လက်မြို့နယ် အုန္နဲဘုတ်ရွာကို ဝင်ရောက်စီးနင်းတဲ့ စစ်ကောင်စီရဲ့ အင်အား (၇၀)ခန့်ပါတဲ့ တပ်မ(၃၃)စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ်(၁၈)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ အုန္နဲဘုတ်ရွာကို ဝင်ရောက်စီးနင်းထားတဲ့ အင်အား (၇၀)ခန့်ပါ တပ်မ(၃၃)စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာမှာ စကစ(၂၀)ကျော်သေဆုံးပြီး (၃)ဦးအရှင်ဖမ်းမိတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ တပ်မ(၃၃)စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ကျော်သေဆုံးခဲ့ပြီး (၃)ဦးအရှင်ဖမ်းမိခဲ့ကာ တော်လှန်ရေးရဲဘော် (၅)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီဘက်က MA1 (၅)လက်၊ လက်ပစ်ဗုံး (၂)လုံး၊ ရှေ့ထွက်မိုင်း (၁)လုံး၊ မြင်းခွာနင်းမိုင်း (၄)လုံး၊ ဒရုန်းဖြတ်စက် (၁)ခု၊ ၆၀မမ ဗုံးသီး (၃)လုံးနဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်း‌တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား (၅)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ (၄)စင်းနဲ့ လေကြောင်းကနေ အကြိမ် (၂၀)ကျော် ပစ်ကူပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ အုန္နဲဘုတ်ရွာကနေ ဆုတ်ခွာထွက်ပြေးခဲ့ကာ လက်ကျန်စစ်ကောင်စီတပ်ဖွဲ့တွေကို ရွှေဘိုခရိုင် အမှတ်(၁၈)တပ်ရင်းက လိုက်လံရှင်းလင်းနေတယ်လို့ အသိပေးထားပါတယ်။

အုန္နဲဘုတ်ရွာတိုက်ပွဲထဲ ရွှေဘိုခရိုင်အမှတ်(၁၈/၂၃)တပ်ရင်း၊ ကြောင်လက်သည်းတပ်ဖွဲ့၊ တပ်ရင်း(၁၈) တပ်ခွဲ(၁) ဝက်လက်မင်းသားကြီးအဖွဲ့၊ တပ်ခွဲ(၂) Prolife အဖွဲ့ ၊ တပ်ခွဲ(၃) ဗိုလ်သင်္ချိုင်းအဖွဲ့၊ တပ်ခွဲ(၄) ‌ဗိုလ်ကျားကြီးအဖွဲ့၊ ဝက်လက်ဒေါင်းနီအဖွဲ့နဲ့ ဒေါင်းစစ်သည်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အစိုးရအဖွဲ့ထဲ ၂၀၂၅ဟာ အပြောင်းအလဲတွေများမယ့်နှစ်လို့ NUG ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 3 Views
ဇန်နဝါရီလ (၇)ရက်။ အစိုးရအဖွဲ့ထဲ ၂၀၂၅ဟာ အပြောင်းအလဲတွေ များမယ့်နှစ်လို့ ခံယူပြီး ဆက်လက်ချီတက်ဖို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက ဒီကနေ့မှာပြုလုပ်တဲ့
မြန်မာသတင်း

ထီးလင်းမြို့ပေါ်ရှိ စစ်အုပ်စုတပ်စွဲထားတဲ့ နေရာတွေ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 3 Views
ဇန်နဝါရီလ (၇)ရက်။ မနေ့က နံနက်အစောပိုင်းအချိန်ကစပြီး ထီးလင်းမြို့ပေါ်ရှိ စစ်‌အုပ်စု အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို ဒရုန်းတွေအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထီးလင်းမြို့နယ်
မြန်မာသတင်း

ဆီဆိုင်မှာ စစ်ကောင်စီက မီးလောင်ဗုံးနဲ့ ဗုံးကြဲကာ အရပ်သားနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 3 Views
ဇန်နဝါရီလ (၇)ရက်။ မနေ့က နံနက် (၉)နာရီအချိန် ဆီဆိုင်မြို့ရှိ ထီစုံကျေးရွာကို စစ်ကောင်စီက မီးလောင်ဗုံးနဲ့ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပအိုဝ်းကျေးရွာဖြစ်တဲ့ ထီစုံရွာကို စစ်ကောင်စီက
မြန်မာသတင်း

မတ္ထီလာမြို့ ရဲတပ်ရင်း (၃၅)က စစ်ကောင်စီရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 6 Views
ဇန်နဝါရီလ (၇)ရက်။ ဇန်နဝါရီလ (၄)ရက်နေ့က မိတ္ထီလာမြို့ ရဲတပ်ရင်း (၃၅)က စစ်ကောင်စီရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့
မြန်မာသတင်း

ထားဝယ်မှာ အပြန်အလှန်ပစ်ခတ်မှုထဲ နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 6 Views
ဇန်နဝါရီလ (၇)ရက်။ ဇန်နဝါရီလ (၂)ရက်နေ့ နေ့လယ် (၂)နာရီခန့်က ထားဝယ်မြို့ရှိ စစ်ကောင်စီရဲ့ မယ်ချောင်း(ရှစ်မိုင်)စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထားဝယ် မယ်ချောင်း(ရှစ်မိုင်)စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
မြန်မာသတင်း

ပတ်စ်ပို့အတုလုပ်ပြီး ထိုင်းနဲ့ မလေးရှားကို အလုပ်သမားပို့ဆောင်သူတွေကို စစ်ကောင်စီဖမ်းဆီး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 5 Views
ဇန်နဝါရီလ (၇)ရက်။ ပတ်စ်ပို့အတုပြုလုပ်ပေးပြီး ထိုင်းနဲ့ မလေးရှားကို အလုပ်သမားပို့ဆောင်ဖို့ စီစဉ်ပေးသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၉)ရက်နေ့က မြဝတီမြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှာ မဲဆောက်ကို ယာယီဖြတ်သန်းခွင့်လက်မှတ်နဲ့ဖြတ်သန်းမယ့်
မြန်မာသတင်း

ရွှေဘိုမှာ အင်အား (၇၇)ဦးပါ စစ်ကောင်စီရဲ့ စခတ(၈)စစ်ကြောင်းဆီက လက်နက် (၄၅)လက် သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 6 Views
ဇန်နဝါရီလ (၇)ရက်။ ဇန်နဝါရီလ (၅)ရက်နေ့ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ လယ်ကိုင်းရွာကနေထွက်လာတဲ့ အင်အား (၇၇)ဦးပါ စစ်ကောင်စီရဲ့ စခတ(၈)စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ “ အဲ့ဒီစစ်ကြောင်းက ဇန်နဝါရီလ (၃)ရက်မှာ
မြန်မာသတင်း

ပုလောမြို့ စစ်ကောင်စီစရဖရုံး စီးနင်းတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်တွေ ထွက်ပြေးသွားပြီး ရုံးကို မီးရှို့ရှင်းလင်းခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 6 Views
ဇန်နဝါရီလ (၇)ရက်။ မနေ့က ည (၁၁)နာရီ (၁၀)မိနစ်အချိန် ပုလောမြို့ အမှတ်(၂)ရပ်ကွက်ရှ်ိ စစ်ကောင်စီရဲ့ စရဖရုံးကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညက ပုလောမြို့ စကစလက်အောက်ခံ