ဇန်နဝါရီလ (၆)ရက်။
၂၀၂၄ခုနှစ် ဒီဇင်ဘာလထဲ စစ်ကောင်စီဘက်က တပ်သားနဲ့ ရဲ (၂၈)ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သူတို့တွေဟာ NUG ရဲ့ ပြည်သူ့ရင်ခွင် အကောက်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ PDF တပ်ရင်းတွေ၊ ပကဖတွေကို ဆက်သွယ်ပြီး ခိုလှုံလာခဲ့တာလို့ ဆိုပါတယ်။
ပြည်သူ့ဘက်ကူးပြောင်းလာတဲ့ (၂၈)ဦးထဲ ဒုရဲအုပ်တစ်ဦး ပါဝင်ခဲ့ကာ လက်နက်နဲ့အတူ ခိုလှုံလာတဲ့သူ (၁၃)ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေထဲ လက်နက်ယူဆောင်လာသူတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းအမိန့်ကြေညာကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူတွေအပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသူတွေအနေနဲ့ ဆက်သွယ်ချိတ်ဆက်ပြီး ခိုလှုံလာဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။