နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်လိုသူတွေ လျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီသံရုံး ထုတ်ပြန်

ဇန်နဝါရီလ (၆)ရက်။

မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်လိုသူတွေအနေနဲ့ လာရောက်လျှောက်ထားနိုင်တယ်လို့ စင်္ကာပူရှိ စစ်ကောင်စီသံရုံးက အခုရက်ပိုင်းထဲ ထုတ်ပြန်အသိပေးထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်လိုသူတွေအနေနဲ့ စာရွက်စာတမ်း အထောက်အထား အပြည့်အစုံနဲ့ လျှောက်ထားတင်ပြနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီသံရုံးက ထုတ်ပြန်ထားတဲ့အထဲ နိုင်ငံသားစွန့်လွှတ်လိုတဲ့ လျှောက်လွှာ၊ ကိုယ်ရေးအကျဉ်းချုပ်နဲ့ စင်္ကာပူအစိုးရထံက မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်တဲ့ အထောက်အထားတောင်းခံစာတွေ ပါဝင်ပါတယ်။

စစ်ကောင်စီတောင်းယူထားတဲ့ ကိုယ်ရေးအကျဉ်းချုပ်ထဲ မိဘနာမည်၊ မွေးသက္ကရာဇ်၊ ကိုင်ဆောင်ထားတဲ့လက်မှတ်၊ မြန်မာနိုင်ငံမှာ နောက်ဆုံးနေခဲ့တဲ့ လိပ်စာ၊ မိဘ၊ မောင်နှမတွေနဲ့ မြန်မာပြည်နေရပ်လိပ်စာနဲ့ မိဘရဲ့ မောင်နှမတွေရဲ့ နေရပ်လိပ်စာတို့လဲ ပါဝင်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး နိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း၊ အိမ်ထောင်စုစာရင်းမိတ္တူနဲ့ မွေးစာ‌ရင်းမိတ္တူတို့ကို တောင်းခံထားပါသေးတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ အဲ့ဒီစာရွက်စာတမ်းအပြည့်အစုံကို ပြန်လည်မအပ်နှံနိုင်ရင် လျှောက်ထားတာကို ထောက်ခံစာ ထုတ်ပေးမှာမဟုတ်ဘူးလို့ စစ်ကောင်စီသံရုံးက အသိပေးထားပါတယ်။

အခုလို နိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်လိုသူတွေအနေနဲ့ လျှောက်ထားနိုင်တာကို စစ်ကောင်စီက အသိပေးထားသလို အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်နေသူတွေကို ပြန်လာကြဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အစိုးရအဖွဲ့ထဲ ၂၀၂၅ဟာ အပြောင်းအလဲတွေများမယ့်နှစ်လို့ NUG ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 12 Views
ဇန်နဝါရီလ (၇)ရက်။ အစိုးရအဖွဲ့ထဲ ၂၀၂၅ဟာ အပြောင်းအလဲတွေ များမယ့်နှစ်လို့ ခံယူပြီး ဆက်လက်ချီတက်ဖို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက ဒီကနေ့မှာပြုလုပ်တဲ့
မြန်မာသတင်း

ထီးလင်းမြို့ပေါ်ရှိ စစ်အုပ်စုတပ်စွဲထားတဲ့ နေရာတွေ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 11 Views
ဇန်နဝါရီလ (၇)ရက်။ မနေ့က နံနက်အစောပိုင်းအချိန်ကစပြီး ထီးလင်းမြို့ပေါ်ရှိ စစ်‌အုပ်စု အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို ဒရုန်းတွေအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထီးလင်းမြို့နယ်
မြန်မာသတင်း

ဆီဆိုင်မှာ စစ်ကောင်စီက မီးလောင်ဗုံးနဲ့ ဗုံးကြဲကာ အရပ်သားနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 13 Views
ဇန်နဝါရီလ (၇)ရက်။ မနေ့က နံနက် (၉)နာရီအချိန် ဆီဆိုင်မြို့ရှိ ထီစုံကျေးရွာကို စစ်ကောင်စီက မီးလောင်ဗုံးနဲ့ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပအိုဝ်းကျေးရွာဖြစ်တဲ့ ထီစုံရွာကို စစ်ကောင်စီက
မြန်မာသတင်း

မတ္ထီလာမြို့ ရဲတပ်ရင်း (၃၅)က စစ်ကောင်စီရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 9 Views
ဇန်နဝါရီလ (၇)ရက်။ ဇန်နဝါရီလ (၄)ရက်နေ့က မိတ္ထီလာမြို့ ရဲတပ်ရင်း (၃၅)က စစ်ကောင်စီရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့
မြန်မာသတင်း

ထားဝယ်မှာ အပြန်အလှန်ပစ်ခတ်မှုထဲ နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 12 Views
ဇန်နဝါရီလ (၇)ရက်။ ဇန်နဝါရီလ (၂)ရက်နေ့ နေ့လယ် (၂)နာရီခန့်က ထားဝယ်မြို့ရှိ စစ်ကောင်စီရဲ့ မယ်ချောင်း(ရှစ်မိုင်)စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထားဝယ် မယ်ချောင်း(ရှစ်မိုင်)စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
မြန်မာသတင်း

ပတ်စ်ပို့အတုလုပ်ပြီး ထိုင်းနဲ့ မလေးရှားကို အလုပ်သမားပို့ဆောင်သူတွေကို စစ်ကောင်စီဖမ်းဆီး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 10 Views
ဇန်နဝါရီလ (၇)ရက်။ ပတ်စ်ပို့အတုပြုလုပ်ပေးပြီး ထိုင်းနဲ့ မလေးရှားကို အလုပ်သမားပို့ဆောင်ဖို့ စီစဉ်ပေးသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၉)ရက်နေ့က မြဝတီမြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှာ မဲဆောက်ကို ယာယီဖြတ်သန်းခွင့်လက်မှတ်နဲ့ဖြတ်သန်းမယ့်
မြန်မာသတင်း

ရွှေဘိုမှာ အင်အား (၇၇)ဦးပါ စစ်ကောင်စီရဲ့ စခတ(၈)စစ်ကြောင်းဆီက လက်နက် (၄၅)လက် သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 10 Views
ဇန်နဝါရီလ (၇)ရက်။ ဇန်နဝါရီလ (၅)ရက်နေ့ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ လယ်ကိုင်းရွာကနေထွက်လာတဲ့ အင်အား (၇၇)ဦးပါ စစ်ကောင်စီရဲ့ စခတ(၈)စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ “ အဲ့ဒီစစ်ကြောင်းက ဇန်နဝါရီလ (၃)ရက်မှာ
မြန်မာသတင်း

ပုလောမြို့ စစ်ကောင်စီစရဖရုံး စီးနင်းတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်တွေ ထွက်ပြေးသွားပြီး ရုံးကို မီးရှို့ရှင်းလင်းခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 10 Views
ဇန်နဝါရီလ (၇)ရက်။ မနေ့က ည (၁၁)နာရီ (၁၀)မိနစ်အချိန် ပုလောမြို့ အမှတ်(၂)ရပ်ကွက်ရှ်ိ စစ်ကောင်စီရဲ့ စရဖရုံးကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညက ပုလောမြို့ စကစလက်အောက်ခံ