နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

နေပြည်တော် ကာချုပ်ရုံးမှာတောင် ဆိုလာဓါတ်အားပေးစနစ်သုံးနေရတယ်လို့ စစ်ကောင်စီပြော

ဖေဖော်ဝါရီလ (၆)ရက်။

နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ (၂၀)မဂ္ဂါဝပ်ရှိ ဆိုဘာဓါတ်အားပေးစနစ်ကို ပြီးခဲ့တဲ့ (၂)နှစ်ခန့်ကစပြီး အသုံးပြုနေရတယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းရဲ့ မနေ့က MSME ထုတ်ကုန်ပြပွဲကျင်းပနိုင်ဖို့ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ကာကွယ်ရေးဦးစီးချုပ်ရုံးထဲ (၂၀)မဂ္ဂါဝပ်ရှိတဲ့ ဆိုလာဓါတ်အားပေးစနစ်ကို လွန်ခဲ့တဲ့ (၂)နှစ်ခန့်မှာ စတင်တည်ဆောက်အသုံးပြုခဲ့တာ လာမယ့်(၁)နှစ်ခွဲမှာ အရင်းကျေတော့မှာဖြစ်တယ်”လို့ ဆိုပါတယ်။

ဒါ့ကြောင့် MSME လုပ်ငန်းရှင်တွေအနေနဲ့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေက မြေလွတ်မြေရိုင်းနေရာတွေမှာ ဆိုလာစနစ်နဲ့ တနိုင်တပိုင် လျှပ်စစ်ဓါတ်အားရရှိဖို့ ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ပါတယ်။

နောက်ပြီး စစ်ကောင်စီဟာ အခြားပြည်နယ်နဲ့ တိုင်းတို့မှာ သဘာဝဓါတ်ငွေ့နဲ့ ဆိုလာလျှပ်စစ်အင်ဂျင်ပေါင်းစပ်တဲ့ Hybrid ဓါတ်အားမဂ္ဂါဝပ်ပေါင်း (၁၀၀၀)ကျော် ထုပ်လုပ်နိုင်ဖို့ စီမံကိန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အဲ့ဒီကနေရရှိတဲ့ လျှပ်စစ်ဓါတ်အားတွေကို တနိုင်ငံလုံးအနေနဲ့ အချိုးအစားလိုက် ဓါတ်အားရရှိမှာဖြစ်သလို လုပ်ငန်းရပ်တွေအလိုက် ကိုယ်ပိုင်ဆိုလာစနစ်နဲ့ ဆောင်ရွက်နိုင်မယ်ဆိုရင် ပိုအဆင်ပြေမယ်လို့ သူက ပြောဆိုထားပါတယ်။

တနိုင်ငံလုံးအနေနဲ့ လျှပ်စစ်ဓါတ်အားထုတ်လုပ်တာမှာ မဂ္ဂါဝပ် (၆၃၀၀)ကျော်ရှိပေမယ့် အကြောင်းအမျိုးမျိုးနဲ့ ရပ်တန့်နေတာနဲ့ အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ရပ်တန့်နေတဲ့ စက်ရုံတွေရှိတယ်လို့ ထည့်သွင်းပြောဆိုထားပါသေးတယ်။

အစည်းအဝေးထဲ တက်ရောက်လာတဲ့ လုပ်ငန်းရှင်တွေက လျှပ်စစ်ရရှိဖို့ကိုသာ အဓိကတင်ပြခဲ့ကြရာ ဒုစစ်ခေါင်းဆောင်က တနိုင်တပိုင်ဆိုလာစနစ်နဲ့ လျှပ်စစ်ရရှိအောင် လုပ်ဖို့ကိုသာ ပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 59 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 54 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 48 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 56 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို