နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေးမြို့နယ်ရှိ စစ်ကောင်စီစစ်ဆရေးဂိတ် တိုက်ခိုက်ခံရပြီး (၅)ဦးထက်မနည်းသေဆုံးခဲ့

ဖေဖော်ဝါရီလ (၆)ရက်။

မနေ့က နံနက် (၆)နာရီအချိန်က ရေးမြို့နယ် သံဖြူဇရပ်-ရေးလမ်းမကြီးပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ NMSP-AD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မနေ့က နံနက် (၆)နာရီလောက် သံဖြူဇရပ်-ရေးလမ်းမကြီးပေါ်က ကွမ်ဒူးနဲ့ နှင်းစုံကျေးရွာကြား တံတားအနီးမှာ တပ်စွဲထားတဲ့ စကစစစ်ဆေးရေးဂိတ်ကို အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။

သံဖြူဇရပ်-ရေးလမ်းမကြီးပေါ်ရှိ ကွမ်ဒူးနဲ့ နှင်းစုံကျေးရွာကြား တံတားပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းကို NMSP-AD တပ်ဖွဲ့က အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၅)ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရကာ တော်လှန်ရေးရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ရာမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တာ (၁)နာရီနီးပါး ကြာမြင့်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က အာရုတောင်အခြေစိုက် ခမရ(၃၄၃)နဲ့ ခမရ(၅၈၇)တပ်ရင်းတို့က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုဘာကြောင့်လွှတ်မပေးရဲတာလဲ?

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 30 Views
တရုတ်- အမေရိကန် တို့ရဲ့ခြေလှမ်း ဒီအပတ်မေလ (၃)ရက်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၅) မှာ ပြောကြားမဲ့အကြောင်းကတော့ စစ်အုပ်စုက ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို
မြန်မာသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်ထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 26 Views
မေလ (၂)ရက်။ နေပြည်တော်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာရောက်ချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်ပေါ်ချက်တွေအရ သိရပါတယ်။ “ ဝမ်ယိက
မြန်မာသတင်း

ရန်ကုန်မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 25 Views
မေလ (၂)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရန်ကုန်မြို့ထဲ အာဏာရှင်ရဲ့ လုံခြုံရေးအစီအမံကို
မြန်မာသတင်း

ရေစကြိုရှိ တောင်အိုစစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 34 Views
မေလ (၂)ရက်။ ဧပြီလ (၃၀)ရက်နေ့ နေ့လယ် (၁၁)နာရီ (၂၅)မိနစ်အချိန်က ရေစကြိုမြို့ရှိ တောင်အိုစစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တောင်အိုစစ်ဆေးရေးဂိတ်က ပြည်သူကို
မြန်မာသတင်း

မြန်မာနိုင်ငံရဲ့ အလုပ်သမားအရေး ဆက်လက်အာရုံစိုက်ပြီး အရေးယူဖို့ နိုင်ငံတကာကို NUG တိုက်တွန်း

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 28 Views
မေလ (၂)ရက်။ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေကို ဆက်လက်အာရုံစိုက်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ကမ္ဘာ့အလုပ်သမားနေ့မှာ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်တာကြောင့်
မြန်မာသတင်း

ဖလမ်းမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား (၆)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 28 Views
မေလ (၂)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ဖလမ်းမြို့ရှိ Khawpuichhip ရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ ဂျက်ဖိုက်တာနဲ့ ရွာလယ်ကို ဗုံးကြဲသွားတာ၊ သေဆုံးတာက ကလေးငယ်တွေလဲပါတယ်။ တော်တော်များများလဲ
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးတဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရ

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 33 Views
မေလ (၁)ရက်။ ဧပြီလ (၂၄)ရက်နေ့က လယ်ဒိုမြို့ရှိ လယ်မူသောရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ (၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ်ထဲ အသက် (၁၅)နှစ်အရွယ် နော််တူလိုမူး သေဆုံးခဲ့ပြီး
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့ပြောင်းတာက လွှတ်ပေးတာမဟုတ်ဘူးလို့ သားဖြစ်သူပြော

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 39 Views
မေလ (၁)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့ပြောင်းတာက လွှတ်ပေးတာမဟုတ်ဘူးလို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ပြောဆိုထားတယ်လို့ သိရပါတယ်။ “ သူမကို ရွှေ့ပြောင်းတာက လွှတ်ပေးတာ မဟုတ်ပါဘူး၊ ထောင်ဒဏ်လျှော့ပေါ့တာနဲ့ မသိနိုင်တဲ့နေရာတစ်ခုကို ရွှေ့ပြောင်းတာဟာ အခြေအနေကို မပြောင်းလဲစေပါဘူး”