နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ဥရောပက သူ့ကိုယ်သူ ကာကွယ်ဖို့ အဆင်သင့်ဖြစ်နေပြီလား။

+++++++++++++++++++++

မေလ (၆) ရက်။

ထရန့်အစိုးရသည် ဥရောပသို့ သတင်းစကားတစ်ခု ပေးပို့ခဲ့သည်။ “ မင်းတို့ဖာသာ မင်းတို့တာဝန်ယူကြတော့” ဟူ၍ ဖြစ်သည်။

ထရန့်တာဝန်ယူသည့် သုံးလတာအတွင်း အိမ်ဖြူတော်သည် ဆယ်စုနှစ်များစွာ တန်ဖိုးရှိသော အမေရိကန် နိုင်ငံခြားရေးမူဝါဒကို ပြောင်းပြန်လှန်ကာ ဥရောပတိုက်ကြီးပေါ်ရှိ ၎င်း၏တည်ရှိမှုကို လျှော့ချရန် ကတိပြုကာ ယူကရိန်းမြေကို မော်စကိုသို့ ပေးအပ်ပြီး ယူကရိန်းတွင် ရုရှား၏စစ်ပွဲကို အဆုံးသတ်ရန် တွန်းအားပေးခဲ့သည်။

လက်တွေ့တွင် ဥရောပက ပြုပြင်ပြောင်းလဲရန် ချိန်ညှိနေဆဲဖြစ်သည်။ အမေရိကန်နှင့် ဥရောပမဟာမိတ်များက နာဇီဂျာမနီကို လက်နက်ချရန် အတင်းအကြပ် ဖိအားပေးခဲ့ပြီး နောက် နှစ် ၈၀ အကြာတွင် ရုရှ၏အန္တရာယ်မှ ကာကွယ်ရန် ဥရောပတိုက်ကြီးသည် အနာဂတ်တွင် မိမိကိုယ်ကို ကာကွယ်ရန် အထီးကျန်ကျန်ရစ်သည့် အနေအထားသို့ ရောက်ရှိလာခဲ့ရသည်။

“ ဥရောပဟာ ငြိမ်းချမ်းရေးကို ဦးစားပေးတဲ့ အခြေအနေမှာ နှစ်ပေါင်း ၈၀ ကြာ နေထိုင်လာခဲ့ပြီးတော့ စစ်မက်ကင်းရှင်းစွာနဲ့ ငြိမ်းချမ်းစွာ နေထိုင်နိုင်ခွင့်ကို ရခဲ့ကြပါတယ်” ဟု ယခင်အီတလီဝန်ကြီးဖြစ်ပြီး ယခုအခါ ဥရောပ ကာကွယ်ရေး ကုမ္ပဏီကြီး Leonardo ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သည့် ရောဘတ်တို စင်ဂိုလာနီ (Roberto Cingolani) က အီတလီနိုင်ငံ မြောက်ပိုင်းရှိ ကုမ္ပဏီဌာနချုပ်သို့ မကြာသေးမီက လာရောက်လည်ပတ်စဉ် CNN သို့ ပြောကြားခဲ့သည်။

“အခု ရုတ်တရက် (ယူကရိန်း) ကို ရူရှား ရဲ့ကျူးကျော်မှုအပြီးမှာ ငြိမ်းချမ်းရေးကို ကာကွယ်ရမယ်ဆိုတာ ကျွန်တော်တို့ သဘောပေါက်လာပါတယ်။”

ရုရှားနှင့် ထိပ်တိုက်တွေ့ပါက ဥရောပတိုက်ကြီးအား ပြင်ဆင်ရန် ဥရောပ၏ နေတိုးအဖွဲ့ဝင် နိုင်ငံများ တွင် အကြိတ်အနယ် ပြင်ဆင်မှုများ စတင်နေပြီဖြစ်သည်။ ယှဥ်ပြိုင်ပွဲသည် အနိုင်ရနိုင်သည်။ ၀ါရှင်တန်က ဥရောပမှ ထွက်ခွာရန် ခြိမ်းခြောက်နေသည့် လစ်ဟာကွက်နေရာကို ပိတ်ရန် အနည်းဆုံး တစ်စိတ်တစ်ပိုင်းလောက် ပိတ်ဆို့ရန် လုံလောက်သော ကြီးမားပြီး ဈေးကြီးသော စစ်အင်အားကို ဥရောပတွင် တည်ဆောက်ရန် အားထုတ်နေခဲ့သည်။

သို့သော် အနောက်ဥရောပရှိ စစ်တပ်များသည် အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ရန် ရန်ပုံငွေနှင့် ကျွမ်းကျင်မှုများ အကြီးအကျယ် လိုအပ်နေခဲ့သည်။

မကြာသေးမီနှစ်များအတွင်း၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့သည် ၂၀၁၀ ခုနှစ်များအလယ်တွင် ၎င်းတို့၏ ဟောင်းနွမ်းရင့်ရော်နေသောစစ်တပ်များကို ရန်ပုံငွေများ စုပြုံထည့်ခဲ့ကြပြီး ပြန်လည် တည်ဆောက်နေခဲ့ကြသည်။

သသို့ရာတွင် ယင်းရန်ပုံငွေများ၏ သက်ရောက်မှုကို ရှေ့တန်းမှာ အသုံးပြုရနိုင်ချိန်အထိ နှစ်ပေါင်းများစွာ ကြာနိုင်ပါသည်။ စစ်အေးတိုက်ပွဲပြီးဆုံးချိန်ကစ၍ အနောက်ဥရောပတွင် တပ်ဖွဲ့ဝင်အရေအတွက်၊ လက်နက်နှင့် စစ်ရေးပြင်ဆင်မှုတို့မှာ လျော့ပါးသွားခဲ့သည်။ “ယူကရိန်းစစ်ပွဲမှာ အင်အားချိနဲ့နေမှုဟာ ဥရောပနိုင်ငံတွေရဲ့ လက်ရှိချို့ယွင်းချက်ကို နာကျင်စွာ မီးမောင်းထိုးပြခဲ့တယ်” ဟု လန်ဒန်အခြေစိုက် မဟာဗျူဟာလေ့လာရေးအင်စတီကျုမှ ပြီးခဲ့သောနှစ်တွင် ဥရောပ၏တပ်ဖွဲ့များကို ပြန်လည်သုံးသပ်မှုတစ်ခု၌ ရေးသားထောက်ပြခဲ့သည်။

ရုရှားနယ်စပ်နှင့်နီးစပ်သည့်နိုင်ငံများတွင် မြန်မြန်ဆန်ဆန် လုပ်ဆောင်နေကြသည်။ ထရန့်အစိုးရသည် ပိုလန်ကို ကိုယ်ထူကိုယ်ထဆောင်ရွက်နိုင်သူအဖြစ် ချီးကျူးခဲ့သည်။ “ ပိုလန်ကို ဥရောပတိုက်ကြီးရဲ့ စံပြမဟာမိတ်အဖြစ် ကျွန်တော်တို့မြင်ပါတယ်။ သူတို့ရဲ့ ကာကွယ်ရေးမှာတင်မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ မျှဝေထားတဲ့ ကာကွယ်ရေးနဲ့ တိုက်ကြီးရဲ့ ကာကွယ်ရေးမှာ ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက် (Pete Hegseth) က ဝါဆော၌ ထရန့်၏ ဒုတိယသက်တမ်း ပထမအကြိမ် ဥရောပနှစ်နိုင်ငံအစည်းအဝေးတွင် ပိုလန်ကို ချီးကျူးပြောကြားခဲ့သည်။

သို့သော် ပိုလန်၏ ကာကွယ်ရေးအသုံးစရိတ်တွင် လျင်မြန်စွာ တိုးမြင့်လာမှုသည် ထရန့်၏ သဘောကျခြင်းကို ခံယူလိုခြင်းထက် ရုရှားနှင့် ယခင်ကတည်းကရှိခဲ့သည့် ရှေးမျိုးဆက်အလိုက်တင်းမာမှုများနှင့် ပိုသက်ဆိုင်ပါသည်။ ဝါဆောနှင့် ဝါရှင်တန်တို့သည် ယူကရိန်းရှိ ပဋိပက္ခနှင့် ပတ်သက်၍ ဆန့်ကျင်ဘက်သဘောထားဖြစ်နေခဲ့သည်။ ပိုလန်သည် ရုရှား၏ ခြိမ်းခြောက်မှုကို ဥရောပအား နှစ်အတော်ကြာသတိပေးခဲ့ပြီး ပူတင်၏တိုးတက် စစ်ထိုးလာမှုများမှ ယူကရိန်းက မိမိနယ်မြေကို ကာကွယ်နေခြင်းအတွက် ၎င်း၏ အိမ်နီးချင်းယူကရိန်းကို အခိုင်အမာ ထောက်ခံခဲ့သည်။

အမေရိကန်သည် စစ်အေးတိုက်ပွဲ ပြီးဆုံးကတည်းက ဥရောပတွင် တပ်စွဲထားခဲ့ပြီး ရုရှား၏ အပြည့်အ၀ ကျူးကျော်ဝင်ရောက်လာချိန်မှစ၍ ၎င်းတို့၏ အရေအတွက်သည် တိုးမြင့်လာခဲ့ပြီး ယမန်နှစ်တွင် တိုက်ကြီးတွင် အင်အား ၈၀,၀၀၀ ခန့်ရှိကြောင်း ကွန်ဂရက် လွှတ်တော်၏ အစီရင်ခံစာအရ သိရသည်။ သို့သော် စစ်အေးတိုက်ပွဲ မြင့်ချိန်တွင် ဥရောပတွင် အမေရိကန် တပ်သား တစ်သန်းခွဲနီးပါး တပ်စွဲထားချိန်ကထက် ယခုအခါ အဆပေါင်းများစွာ နည်းပါးနေသေးသည်။

ဆယ်စုနှစ်များစွာကြာအောင် အမေရိကန် နိုင်ငံခြားရေးမူဝါဒသည် အဆိုပါတပ်ဖြန့်ချထားမှု၏ အရေးပါမှုကို ဥရောပလုံခြုံရေးအတွက်သာမက ၎င်း၏ကိုယ်ပိုင်အတွက်ပါ အလေးပေး ဖော်ပြခဲ့သည်။ ဥရောပတိုက်ကြီးရှိ အမေရိကန်တပ်ဖွဲ့များသည် ရှေ့တန်းကာကွယ်ရေး၊ မဟာမိတ်တပ်များကို လေ့ကျင့်ပေးကာ နျူကလီးယား ထိပ်ဖူးများကို စီမံခန့်ခွဲရန် ကူညီပံ့ပိုးပေးခဲ့သည်။

ယခုအခါ အဆိုပါ တပ်ဖွဲ့ခွဲများ၏ အနာဂတ်သည် ရှင်းရှင်းလင်းလင်း မသိရပေ။ ဥရောပ ခေါင်းဆောင်များသည် တပ်ဖွဲ့အင်အားကို ဥရောပမှ မလျှော့ချရန် ဝါရှင်တန်ကို လူသိရှင်ကြား တိုက်တွန်းခဲ့သော်လည်း ထရန့်၊ ဟက်ဆက်နှင့် ဒုတိယသမ္မတ ဂျေဒီဗန့်တို့သည် တောင်တရုတ်ပင်လယ်တွင်သာ အမေရိကန်၏ စစ်ရေးအနေအထားကို အားကောင်းစေရန် ၎င်းတို့၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ယနေ့ခေတ်တွင် အမေရိကန် မြေပြင်နှင့် လေတပ်စခန်း အများစုသည် ဂျာမနီ၊ အီတလီနှင့် ပိုလန်တို့တွင် တည်ရှိသည်။ ဥရောပအလယ်ပိုင်းရှိ အမေရိကန်အခြေစိုက်စခန်းများသည် ရုရှား၏ခြိမ်းခြောက်မှုကို တန်ပြန်ရန် ပံ့ပိုးပေးထားပြီး၊ တူရကီ၊ ဂရိနှင့် အီတလီရှိ ရေတပ်နှင့် လေတပ်တည်နေရာများသည် အရှေ့အလယ်ပိုင်းရှိ မစ်ရှင်များကို ပံ့ပိုးပေးသည်။

အဆိုပါ တည်နေရာများသည် နေတိုးစစ်ဆင်ရေးအတွက် အရေးကြီးသော အခြေခံအုတ်မြစ်များအဖြစ်တည်ရှိ ဆောင်ရွက်လျက်ရှိပြီး၊ ဒေသဆိုင်ရာချိမ်းခြောက်မှုများကို ဟန့်တားမှုများနှင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအားကိုထုတ်ဖော်ပြသနိုင်သည်” ဟု ဝါရှင်တန် အခြေစိုက် ဥရောပပေါ်လစီကို လေ့လာသုံးသပ်သည့် (European Policy Analysis Think Tank) အဖွဲ့၏ အဆိုအရ သိရသည်။

ဥရောပတွင် အရေးအကြီးဆုံးသောချိမ်းခြောက်မှုကို အဟန့်အတားပြုနိုင်မှုမှာ ၎င်း၏ နျူကလီးယား ထိပ်ဖူးများ ဖြစ်သည်။

ရုရှားစစ်ပွဲ၏ အစောပိုင်းအဆင့်များအတွင်း သမ္မတဗလာဒီမာပူတင်သည် နျူကလီးယား လက်နက်အသုံးပြုမှုကို အရိပ်အမြွက် ပြောဆိုခြင်းဖြင့် ကမ္ဘာတစ်ဝှမ်းတွင် သတိပေးချိမ်းခြောက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။ ယူကရိန်းအရှေ့ဘက်တွင် ရုရှားထိုးစစ်တွေ ပြိုကျပြီးသည့်နောက်တွင် ယင်းအကြောက်တရားတွေ လျော့ပါးသွားခဲ့သည်။

သို့သော် နျူကလီးယားစစ်တားဆီးရေးတွင် ဥရောပသည် အမေရိကန်ကိုများစွာ မှီခိုနေရသည့် နယ်မြေဖြစ်သည်။ ဗြိတိန်နှင့် ပြင်သစ် ဥရောပနှစ်နိုင်ငံသည် နျူလက်နက်များ ပိုင်ဆိုင်ထားကြသော်လည်း ရုရှား၏လက်နက်တိုက်များ၏ ဆယ်ပုံတစ်ပုံခန့်သာရှိသည်။ သို့ရာတွင် အမေရိကန်၏ နျူကလီးယားပိုင်ဆိုင်မှုသည် ရုရှားနှင့် အကြမ်းဖျင်းအားဖြင့် ကိုက်ညီနေပြီး အမေရိကန်၏ နျူကလီးယားထိပ်ဖူး ဒါဇင်ပေါင်းများစွာသည် ဥရောပမှာ တည်ရှိပါသည်။

Germany troops in Training

Italian made Tanks

ရောဘတ်တို စင်ဂိုလာနီ (Roberto Cingolani)

Italian tank production in Italy

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 8 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 20 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း အဓိကကျသော မဟာဗျူဟာမြောက် ရည်မှန်းချက်များမှာ “ ပြီးဆုံးလုနီးပါး” ဖြစ်နေပြီဟု ထရန့်က ပြောကြားခဲ့ပါသည်။
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲစတင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင် ကန့်သတ် ခံရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 21 Views
၂၀၂၆ခုနှစ်၊ဧပြီလ၁ရက် အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Türk က သတိပေးပြောကြားလိုက်သည်။ ပဋိပက္ခစတင်ကတည်းက အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း “