နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်ရာမှာ အသက်မပြည့်သူတွေ မပါဝင်စေဖို့ စစ်ကောင်စီပြောဆိုချက် လက်တွေ့နဲ့ကွဲလွဲနေ

ဖေဖော်ဝါရီလ (၇)ရက်။

ပြည်သူ့စစ်မှုထမ်းတွေ ဆင့်ခေါ်ရာမှာ အသက်(၁၈)နှစ် မပြည့်သေးသူတွေ မပါဝင်အောင် ကြပ်မတ်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီး မောင်မောင်အေးက မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကစပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကာ တစ်နှစ်နီးပါးအကြာမှာတော့ နည်းဥပဒေကို ထုတ်ပြန်ခဲ့ပြီး နည်းဥပဒေအရ စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်အနေနဲ့ တပ်သားသစ်စုဆောင်းရာမှာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အလေးထား လိုက်နာစုဆောင်းနေသလို ကလေးစစ်သား အသုံးပြုတာမရှိစေဖို့‌ ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါသေးတယ်။

နောက်ပြီး အခုလထဲ The Country Task Force on Monitoring and Reporting(CTFMR)နဲ့ တွေ့ဆုံပြီး အသက်မပြည့်တဲ့ စစ်သားတွေကို မိဘ/အုပ်ထိန်းသူတွေဆီ လွှဲပြောင်းပေးသွားမယ်လို့လဲ သိရပါတယ်။

“ စကစက အပြောနဲ့အလုပ် လွဲတယ်ဆိုတာ ဒီစစ်မှုထမ်းကိစ္စမှာလဲ မြေပြင်မှာ ပေါ်တာဆွဲဖမ်းဆီးခံရပြီး ရှေ့တန်းပို့ခံရတဲ့အချိန် မခံနိုင်လို့ ထွက်ပြေးတာတို့ သုံ့ပန်းအနေနဲ့ ဖမ်းမိတာ‌တို့မှာ အသက်မပြည့်သေးတဲ့သူတွေ ပါဝင်တာကို တွေ့ရှိရပါတယ်။ ပြီးတော့ တော်လှန်ရေးတပ်တွေဆီ ထွက်ပြေးခိုလှုံတဲ့သူတွေထဲမှာဆို (၁၈)နှစ်အပြည့်သေးတဲ့လူငယ်တွေ ပါဝင်လာတာကို့ တွေ့မြင်နေရတယ်” လို့ စစ်ရေးလေ့လာသူတစ်ဦးက ပြောပါတယ်။

အခုအခါ နိုင်ငံတဝန်း စစ်ရှုံးနေပြီး အင်အားလိုအပ်ချက်ရှိနေတဲ့ စစ်ကောင်စီဟာ စစ်မှုထမ်းဆင့်ခေါ်ရာမှာ တွေ့ရာလူငယ်တွေကို အတင်းအဓမ္မ တပ်သားသစ်စုဆောင်ကာ ပေါ်တာဆွဲဖမ်းတာနဲ့ သင်တန်းပေးပြီး ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်နေတာပါ။

ဒီလိုအသက်မပြည့်သေးဘဲ ရှေ့တန်းစစ်မြေပြင်ကို အတင်းအဓမ္မ ပို့ဆောင်ခံရတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဆီ ထွက်ပြေးခိုလှုံကြတာတွေ အများအပြားရှိနေတယ်လို့လဲ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 9 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 9 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

AA နဲ့တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွှေရင်မျှော်ဆရာတော်ရဲ့သင်္ကန်းကို အဆောင်အယောင်အနေနဲ့ ကိုးကွယ်နေကြရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 10 Views
ဇွန်လ (၂၄)ရက်။ ပုသိမ်ခရိုင်ထဲ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ ရိုးမတောထဲ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေက စစ်ဗိုလ်တွေအပါအဝင် တပ်ဖွဲ့တွေဟာ နေ့တိုင်း စစ်ရှိန်ပြင်းထန်လာတာနဲ့အတူ တပ်ပြေးအနေနဲ့ ထွက်ပြေးနေတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ရွှေကူခရိုင်ထဲနေသူတွေ စစ်ကောင်စီနဲ့ မပတ်သက်ကြဖို KIA သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 11 Views
ဇွန်လ (၂၄)ရက်။ ရွှေကူခရိုင်နယ်မြေထဲ နေထိုင်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တာ မလုပ်ကြဖို KIA က မနေ့ကရက်စွဲနဲ့ သတိပေးထားတယ်လို သိရပါတယ်။ စစ်ကောင်စီနဲ့ မပတ်သက်ဖို KIA က သတိပေးတာမှာ ရွှေကူခရိုင်ထဲ နေထိုင်တဲ့ ပြည်သူတွေနဲ့
မြန်မာသတင်း

နွားထိုးကြီးတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 9 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၂၁)ရက်နေ့ ညနေ (၆)နာရီဝန်းကျင်ခန့်က နွားထိုးကြီးမြိုမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ဟာ ဖက်ခူးရွာကနေ ထွက်လာချိန် မြင်းခြံခရိုင်အမှတ်(၄/၁၀)တပ်ရင်းတိုနဲ့ (၁)နာရီနီးပါးကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်ကောင်စီရဲ့လေယာဉ်တစီး ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 11 Views
ဇွန်လ (၂၃)ရက်။ မြိုင်နယ်ထဲ စစ်ကောင်စီရဲ့ Mi-17 လေယာဉ်တစီးကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြိုင်နယ်ရှိ တွင်းမပျုစောထီးရွာထဲ လေယာဉ်ဆင်းသက်ချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တာလို ဆိုပါတယ်။ စစ်ကောင်စီရဲ့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက စိတ်ရောဂါသည်အပါအဝင် ပြည်သူ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 8 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၁၅)ရက်နေ့မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ We Love Myaing ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာက တပ်မ(၉၉)နဲ့ ပခုက္ကူက
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့ကြား အင်အားသုံးဖြေရှင်းတာကို PRF နဲ့ PDA ဆန့်ကျင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 8 Views
ဇွန်လ (၂၃)ရက်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အင်အားသုံးဖြေရှင်းတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်လို့ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုဖြေရှင်းတာတွေကြောင့် မိုင်းထိမှန်ကာ ထိခိုက်ခဲ့တဲ့ PDF ရဲဘော်တွေရှိလာတာနဲ့ PLA ရဲဘော်တွေရဲ့ မိသားစုဝင်တွေ လက်နက်နဲ့ ခြိမ်းခြောက်ဖမ်းဆီးခံရတာ စတဲ့