နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ယူကရိန်းဒုက္ခသည်တွေအတွက် နေထိုင်ခွင့်ဗီဇာ ရုပ်သိမ်းဖို့ ထရမ့်အစိုးရက စဉ်းစားနေတယ်လို့ ဆို

မတ်လ (၆) ရက်။

ရုရှားကျူးကျော်မှုစစ်ပွဲကနေ အမေရိကန်ကို ထွက်ပြေးလာတဲ့ ယူကရိန်းဒုက္ခသည်တွေရဲ့ နေထိုင်ခွင့်ကို ပ်သိမ်းဖို့ ထရမ့်အစိုးရက စဉ်းစားနေကြောင်း သတင်းရရှိတယ်လို့ ရိုက်တာသတင်းက မတ်လ ၆ ရက်နေ့မှာ ဖော်ပြပါတယ်။

ယူကရိန်းနိုင်ငံက ဒုက္ခသည် ၂၄၀,၀၀၀ ရဲ့ နေထိုင်ခွင့် ဗီဇာကို ရုတ်သိမ်းဖို့ ထရမ့်အစိုးရက စီစဉ်နေတယ်လို့ ဆိုပါတယ်။

အရင်ဘိုင်ဒင်အစိုးရက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြောင်းပြချက်နဲ့ အမေရိကန်ကို ယာယီဝင်ရောက်ခွင့်ကို တိုးချဲ့ပေးခဲ့ပါတယ်။ ယူကရိန်းက ဒုက္ခသည်တွေလည်း ပါဝင်တဲ့ ဒီခွင့်ပြုမိန့်ကို ထရမ့်အစိုးရက ပြန်လည်ရုပ်သိမ်းမယ်လို့ ဆိုပါတယ်။

အရင်ဘိုင်ဒင်အစိုးရက အကောင်အထည်ဖော်ခဲ့တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီနေထိုင်ခွင့် အစီအစဉ်အောက်မှာ ပြည်ဝင်ခွင့် ခွင့်ပြုထားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၁ ဒဿမ ၈ သန်းကျော်ရဲ့ နေထိုင်ခွင့်ဗီဇာကို ရုပ်သိမ်းဖို့ ထရမ့်အစိုးရရဲ့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

သတင်းရင်းမြစ်များတွေရဲ့ အဆိုအရ ထရမ့်အစိုးရက ကျူးဘား၊ ဟေတီ၊ နီကာရာဂွာနဲ့ ဗင်နီဇွဲလားတို့က လူပေါင်း ၅၃၀,၀၀၀ ခန့်ရဲ့ ပြည်ဝင်ခွင့်တွေကို အခုလအစောပိုင်းမှာ ပြန်လည်ရုပ်သိမ်းဖို့ စီစဉ်နေပါတယ်။ ဝင်ခွင့်တွေ ရုတ်သိမ်းခံရတဲ့သူတွေဟာ အမြန်ပြည်နှင်ဒဏ် ခံရနိုင်ဖွယ် ရှိပါတယ်။

အရင် ဘိုင်ဒင်အစိုးရရဲ့ မူဝါဒအောက်မှာ တာလီဘန်တို့ အုပ်ချုပ်မှုမှ တိမ်းရှောင်လာတဲ့ အာဖဂန် ၇၀,၀၀၀ ကျော်ကိုလည်း အမေရိကန်ကို ဝင်ခွင့်ပေးခဲ့ပါတယ်။

ဧပြီလ အစောပိုင်းမှာ ဒီအစီအစဥ်ကို လုပ်ဆောင်ဖို့ စီစဉ်ထားပြီး ယူကရိန်းက ဒုက္ခသည်တွေရဲ့ နေထိုင်ခွင့်ဗီဇာ ရုပ်သိမ်းခံရပါက သူတို့ကို ပြည်နှင်ဒဏ် ပေးခံရဖွယ်ရှိပါတယ်။

အမေရိကန် သမ္မတထရမ့်နဲ့ ယူကရိန်းသမ္မတဗလော်ဒီမီယာ ဇလန်းစကီးတို့အကြား ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲ မပျက်ပြားခင်ကတည်းက စီစဉ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်။ ရိုက်တာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 17 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 21 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 18 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 24 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 26 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ်

အီရတ်ဝန်ကြီးချုပ်အဖြစ် နူရီ အယ်လ်-မာလီကီ တစ်ကျော့ပြန်လာမည့်အပေါ် ထရမ့် သတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 29 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် အီရတ်ဝန်ကြီးချုပ်အဖြစ် နူရီ အယ်လ်-မာလီကီ (Nouri al-Maliki) ကို ပြန်လည် ခန့်အပ်မည့် အရေးနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရတ်နိုင်ငံကို သတိပေး လိုက်ပြီး၊ ၎င်း၏ ယခင်ခေါင်းဆောင်မှုအောက်တွင်
နိုင်ငံတကာသတင်း အမေရိကန်

ဖို့တ်ဝိန်းမြို့က မြန်မာတွေ နှင်ထုတ်ခံရနိုင်ခြေရှိတယ်လို့ မြို့တော်ဝန် တုံ့ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 27 Views
ဇန်နဝါရီ ၂၁ရက် သတင်း ၂၀၂၆ခုနှစ် Fort Wayne ဧရိယာရှိ မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာ လာမည့်အပတ်မှစတင်၍ ပြည်နှင်ဒဏ်ပေးခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရ Fort Wayne ဧရိယာရှိ မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာသည် လာမည့်အပတ်ကဲ့သို့ စောစီးသော