နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ယူကရိန်းဒုက္ခသည်တွေအတွက် နေထိုင်ခွင့်ဗီဇာ ရုပ်သိမ်းဖို့ ထရမ့်အစိုးရက စဉ်းစားနေတယ်လို့ ဆို

မတ်လ (၆) ရက်။

ရုရှားကျူးကျော်မှုစစ်ပွဲကနေ အမေရိကန်ကို ထွက်ပြေးလာတဲ့ ယူကရိန်းဒုက္ခသည်တွေရဲ့ နေထိုင်ခွင့်ကို ပ်သိမ်းဖို့ ထရမ့်အစိုးရက စဉ်းစားနေကြောင်း သတင်းရရှိတယ်လို့ ရိုက်တာသတင်းက မတ်လ ၆ ရက်နေ့မှာ ဖော်ပြပါတယ်။

ယူကရိန်းနိုင်ငံက ဒုက္ခသည် ၂၄၀,၀၀၀ ရဲ့ နေထိုင်ခွင့် ဗီဇာကို ရုတ်သိမ်းဖို့ ထရမ့်အစိုးရက စီစဉ်နေတယ်လို့ ဆိုပါတယ်။

အရင်ဘိုင်ဒင်အစိုးရက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြောင်းပြချက်နဲ့ အမေရိကန်ကို ယာယီဝင်ရောက်ခွင့်ကို တိုးချဲ့ပေးခဲ့ပါတယ်။ ယူကရိန်းက ဒုက္ခသည်တွေလည်း ပါဝင်တဲ့ ဒီခွင့်ပြုမိန့်ကို ထရမ့်အစိုးရက ပြန်လည်ရုပ်သိမ်းမယ်လို့ ဆိုပါတယ်။

အရင်ဘိုင်ဒင်အစိုးရက အကောင်အထည်ဖော်ခဲ့တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီနေထိုင်ခွင့် အစီအစဉ်အောက်မှာ ပြည်ဝင်ခွင့် ခွင့်ပြုထားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၁ ဒဿမ ၈ သန်းကျော်ရဲ့ နေထိုင်ခွင့်ဗီဇာကို ရုပ်သိမ်းဖို့ ထရမ့်အစိုးရရဲ့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

သတင်းရင်းမြစ်များတွေရဲ့ အဆိုအရ ထရမ့်အစိုးရက ကျူးဘား၊ ဟေတီ၊ နီကာရာဂွာနဲ့ ဗင်နီဇွဲလားတို့က လူပေါင်း ၅၃၀,၀၀၀ ခန့်ရဲ့ ပြည်ဝင်ခွင့်တွေကို အခုလအစောပိုင်းမှာ ပြန်လည်ရုပ်သိမ်းဖို့ စီစဉ်နေပါတယ်။ ဝင်ခွင့်တွေ ရုတ်သိမ်းခံရတဲ့သူတွေဟာ အမြန်ပြည်နှင်ဒဏ် ခံရနိုင်ဖွယ် ရှိပါတယ်။

အရင် ဘိုင်ဒင်အစိုးရရဲ့ မူဝါဒအောက်မှာ တာလီဘန်တို့ အုပ်ချုပ်မှုမှ တိမ်းရှောင်လာတဲ့ အာဖဂန် ၇၀,၀၀၀ ကျော်ကိုလည်း အမေရိကန်ကို ဝင်ခွင့်ပေးခဲ့ပါတယ်။

ဧပြီလ အစောပိုင်းမှာ ဒီအစီအစဥ်ကို လုပ်ဆောင်ဖို့ စီစဉ်ထားပြီး ယူကရိန်းက ဒုက္ခသည်တွေရဲ့ နေထိုင်ခွင့်ဗီဇာ ရုပ်သိမ်းခံရပါက သူတို့ကို ပြည်နှင်ဒဏ် ပေးခံရဖွယ်ရှိပါတယ်။

အမေရိကန် သမ္မတထရမ့်နဲ့ ယူကရိန်းသမ္မတဗလော်ဒီမီယာ ဇလန်းစကီးတို့အကြား ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲ မပျက်ပြားခင်ကတည်းက စီစဉ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်။ ရိုက်တာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း

ဤသတ္တုသတ္တုသည် သင်၏လူနေမှုဘဝကို လည်ပတ်စေသည် – ယခုအခါ ၎င်းသည် ကုန်သွယ်ရေးဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 24 Views
CNN-၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက် နီအိုဒီမီယမ် (neodymium) ဆိုသည်မှာ ဘာလဲ (သို့မဟုတ် ၎င်းကို မည်သို့အသံ ထွက်ရသလဲ) ဆိုသည်ကိုပင်
နိုင်ငံတကာသတင်း အီရန်

အီရန်အာဏာပိုင်များသည် နိုဘယ်လ်ဆုရှင် နာဂစ် မိုဟာမ္မဒီ (Narges Mohammadi) အပေါ် ‘အသက်အန္တရာယ်စိုးရိမ်ရသည့် နှိပ်စက်ညှင်းပန်းမှုများ’ ပြုလုပ်ခဲ့ကြောင်း နိုဘယ်လ်ကော်မတီ ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် ထောင်သွင်းအကျဉ်းချခံထားရသည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂစ် မိုဟာမ္မဒီသည် ဖမ်းဆီးထိန်းသိမ်းခံရစဉ်အတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး

တဲလ်အဗစ်၊ အစ္စရေး — အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ယခုသီတင်းပတ် ဝါရှင်တန်ဒီစီ ခရီးစဉ်မတိုင်မီ၊ အစ္စရေးသည် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) ဒေသအပေါ် ၎င်း၏ထိန်းချုပ်မှုကို တင်းကျပ်ရန် ကျယ်ပြန့်သော ခြေလှမ်းများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက် တနင်္ဂနွေနေ့တွင် အစ္စရေး၏ လုံခြုံရေးကက်ဘိနက်သည် နိုင်ငံ၏ ဥပဒေစိုးမိုးရေးအာဏာကို တိုးချဲ့မည့်အပြင် အခြေချနေထိုင်မှုများ တိုးချဲ့ရန်အတွက် နိုင်ငံတော်မှ မြေယာဝယ်ယူခွင့် ပြုမည့် အစီအမံများကို အတည်ပြုခဲ့သည်။ ယင်းလုပ်ရပ်မှာ အနောက်ဖက်ကမ်း ရှိ
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း

အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအပေါ် နှုတ်ဆိတ်နေပြီး၊ မဲ ပြန်လည် ရေတွက် ရန် ဆန္ဒပြမှုများ တိုးလာချိန်တွင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 20 Views
နေရှင်း ဘန်ကောက်သတင်းစာ- ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက် ထိုင်းယာယီဝန်ကြီးချုပ် အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအတွက် အတည်ပြု ပြီးသား ရလဒ်များကို စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မဲပြန်လည်ရေတွက်ရန် တောင်းဆိုဆန္ဒပြသူများအပေါ် အင်အားသုံးဖြေရှင်းခြင်းမျိုး မပြုလုပ်ရန် တာဝန်ရှိသူများကို တိုက်တွန်းလိုက်သည်။
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ်

Gen Z က တော်လှန်ရေးတွင် အောင်ပွဲခံခဲ့သော်လည်း ရွေးကောက်ပွဲကိုမူ မျိုးဆက်ဟောင်း များကသာ လွှမ်းမိုးထားဆဲဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၁ရက် သက်ကြီးဝါကြီး အာဏာရှင်ကို ဖြုတ်ချခဲ့သည့် Gen Z (မျိုးဆက်သစ်လူငယ်များ) ၏ တော်လှန်ရေးအပြီး၊ နိုင်ငံ၏လမ်းကြောင်းသစ်ကို ပုံဖော်နိုင်မည်ဟု သန်းနှင့်ချီသော လူငယ်များ မျှော်လင့်နေကြသည့် ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြာသပတေးနေ့၌
နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 26 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “ အင်အားကြီးနိုင်ငံ” တစ်ခုကဲ့သို့ စတင်ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားကာ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် မိမိကိုယ်ကိုယ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 33 Views
BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato) အဖွဲ့အား “ ပိုမို၍ ဥရောပဆန်လာစေရန်နှင့် အင်အားတောင့်တင်းနေစေရန်” ဥရောပအနေဖြင့် ၎င်း၏ကာကွယ်ရေးကဏ္ဍ မြှင့်တင်ရေးကို
ဂျပန် နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်ဝန်ကြီးချုပ် တာကာအီချီက သမိုင်းဝင် အပြတ်အသတ်အနိုင်ရရှိမှုဖြင့် အများစု အင်အားကို အထူးရယူနိုင်ခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၉ရက် ဂျပန်နိုင်ငံ၏ ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီသည် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး၊ သူမ ခေါင်းဆောင်မှုနေရာသို့ မရောက်ရှိမီ မကြာသေးမီနှစ်များအတွင်းက မဲဆန္ဒရှင်များ၏ ထောက်ခံမှု