နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အိမ်ဖြူတော်မှာ စကားအခြေအတင်ဖြစ်ပြီးနောက် ယူကရိန်းနဲ့ အမေရိကန်တို့ သံတမန်ရေးရာ ကြိုးပမ်းမှု နောက်တကြိမ် ထပ်မံပြုလုပ်ဖို့ ကြိုးစားမယ်

မတ်လ (၇) ရက်။

ဥရောပတွင် ဝါရှင်တန်ရဲ့ နေတိုးမဟာမိတ်များက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ထားရစ်ခဲ့တဲ့ ကွာဟချက်ကို ပြန်လည်ဖြည့်ရန် ကြိုးပမ်းနေစဉ် စစ်အသုံးစရိတ်အသစ်အတွက် ဒေါ်လာဘီလီယံ ရာနဲ့ချီ သုံးစွဲရန် ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးနဲ့ လာမယ့်သီတင်းပတ်မှာ ဆော်ဒီအာရေဗျမှာ တွေ့ဆုံဖို့ ထရန့်အစိုးရအဖွဲ့က အကြီးတန်းအရာရှိတွေနဲ့ ယူကရိန်းအရာရှိတွေက စီစဉ်နေတယ်လို့ ကြာသပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။ ယူကရိန်းအနေနဲ့ သူတို့ရဲ့ အကြီးဆုံး ကူညီထောက်ပံ့သူ ဝါရှင်တန်နဲ့ ပြိုကွဲနေတဲ့ ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ဖို့ အပြင်းအထန် ရုန်းကန်နေခဲ့ရပါတယ်။

ဒါဟာ နောက်ဆုံးပေါ် သံခင်းတမန်ခင်းဖြစ်တဲ့ ပင်လယ်ကွေ့ ဘုရင်နိုင်ငံက ဦးဆောင်ပါဝင်မှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲခံနေရတဲ့ ဆော်ဒီအာရေဗျဟာ မကြာသေးမီနှစ်တွေအတွင်း ပြုပြင်ပြောင်းလဲမှုအချို့ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် ဘုရင့် နိုင်ငံတော်ကို လာရောက်မှာဖြစ်ကြောင်း ကြာသပတေးနေ့နှောင်းပိုင်းတွင် သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီး အပြန်အလှန်အားဖြင့် ဘုရင်စနစ်က အမေရိကန်ကုမ္ပဏီတွေမှာ ဒေါ်လာ ၁ ထရီလီယံ ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းထားပါတယ်။

လာမယ့်သီတင်းပတ်မှာ နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယို၊ ဇလန်းစကီး၊ အရှေ့အလယ်ပိုင်း သံတမန် စတီ့ဗ်ဝစ်ကော့ဖ်နဲ့ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝ့ါဇ်တို့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ဝစ်ကော့ဖ် က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ကျင်းပမယ့်နေရာက မြို့တော် ရီယာ့ဒ် ဒါမှမဟုတ် ပင်လယ်နီမြို့ ဂျဒ်ဒါမြို့ ဖြစ်လာနိုင်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

“တွေးထားတာကတော့ ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ မူဘောင်တစ်ခု ရအောင်လုပ်ပြီး ကနဦးအပစ်အခတ်ရပ်စဲရေး လုပ်ဖို့ပါ” “ ယူကရိန်းနိုင်ငံသားတွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ ကျွန်တော်တို့ အခု ဆွေးနွေးနေပါတယ်” လို့ သူက ဆိုပါတယ်။

တနင်္လာနေ့မှာ ဇလန်းစကီးဟာ ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆာလ်မန်နဲ့ တွေ့ဆုံပြီးနောက် ထိပ်သီးဆွေးနွေးပွဲအကြောင်းကို X မှာ အတည်ပြုခဲ့ပါတယ်။ “ ယူကရိန်းဟာ ငြိမ်းချမ်းရေးကို စိတ်အဝင်စားဆုံး ဖြစ်ပါတယ်” လို့ သူက ရေးသားခဲ့ပါတယ်။ “ ကျွန်တော်တို့ @POTUS ကို ပြောခဲ့သလိုပဲ၊ ယူကရိန်းက မြန်မြန်ဆန်ဆန်နဲ့ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်တဲ့ အလုပ်တွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

ထရန့်၊ ဒုသမ္မတ ဂျေဒီဗန့်နဲ့ ဇလန်းစကီးတို့ အကြား ပြီးခဲ့သည့် သီတင်းပတ်က ဘဲဥပုံရုံးမှာ စကားအခြေအနေဖြစ်ခဲ့ပြီး အမေရိကန်-ယူကရိန်း ဆက်ဆံရေးမှာ အနိမ့်ဆုံးကို ရောက်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့် အမေရိကန်ဟာ စစ်ဘက်ဆိုင်ရာ အကူအညီနဲ့ ထောက်လှမ်းရေး အချက်အလက်မျှဝေမှုကို ဖြတ်တောက်လိုက်တာကြောင့် ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားများ ပိုမိုအသက်ဆုံးရှုံးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။

ယူကရိန်းအရပ်သား လျှပ်စစ်ဓာတ်အားလိုင်းကို ကြာသပတေးနေ့ညက ရုရှားက နောက်ထပ် ဒုံးကျည်အစင်း ၂၅၀ နဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ လူ ၁၀ ဦး ဒဏ်ရာရခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် လျှပ်စစ် ပြတ်တောက်သွားကာ လူတွေကို သူတို့ရဲ့ စွမ်းအင်သုံးစွဲမှုကို ခွဲတမ်းချ သုံးစွဲကြဖို့ အစိုးရက တိုက်တွန်းနှိုးဆော်ခဲ့ရပါတယ်။

ဥရောပရှိ ဝါရှင်တန်ရဲ့ နေတိုးမဟာမိတ်တွေဟာ ဝါရှင်တန်က ချန်လှပ်ထားခဲ့တဲ့ ကွာဟချက်ကို ဖြည့်ဆည်းပေးဖို့ ကြိုးပမ်းနေကြပြီး ဘရပ်ဆဲလ်မှာ ကြာသပတေးနေ့မှာ ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးမှာ စစ်အသုံးစရိတ်သစ် ဒေါ်လာ ဘီလီယံရာနဲ့ချီ၍ ကြေညာခဲ့ပါတယ်။ ယူကရိန်းလိုပင် ထရန့်နဲ့ ဥရောပတို့အကြား ဆက်ဆံရေး သိသိသာသာ ယိုယွင်းလာခဲ့ပြီး ထရန့်အုပ်ချုပ်ရေးပိုင်းရဲ့ မူဝါဒပြောင်းလဲသွားမှုကြောင့် NATO မဟာမိတ်တွေနဲ့ စစ်ဘက်ဆိုင်ရာကို ပိုမိုဇောင်းပေးလုပ်ဆောင်လာရမယ့် အပြောင်းအလဲကို ထည့်သွင်းစဉ်းစားနေကြတယ်လို့ တာဝန်ရှိသူတွေက NBC News ကို ပြောကြားခဲ့ပါတယ်။

ဇလန်းစကီးက ထရန့်ကို စာတစ်စောင် ပေးပို့ခဲ့ပြီး ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ အဆင်သင့် ဖြစ်နေတယ်လို့ ထရန့်က ပြောကြားပြီးနောက် ယူကရိန်းနဲ့ တင်းမာနေတဲ့ဆက်ဆံရေးဟာ ပျော့ပြောင်းသွားခဲ့ပါတယ်။ ယူကရိန်းက အဲ့ဒီစာကို ပို့ခဲ့တယ်ဆိုတာ အတည်ပြုခဲ့ပေမယ့် ဇလန်းစကီးက X ပို့စ်တစ်ခုမှာ ထရန့်ရဲ့ ဖော်ပြချက်ကို ကူးယူဖော်ပြခဲ့ပါတယ်။

“ တကယ်ကောင်းတဲ့၊ အပြုသဘောဆောင်တဲ့” အဲ့ဒီစာက ဆော်ဒီအစည်းအဝေးကို လှုံ့ဆော်ခဲ့တယ်လို့ ဝစ်ကော့ဗ်က ပြောပါတယ်။

ဆော်ဒီအာရေးဗီးယားက ထိပ်သီးအစည်းအဝေးကျင်းပရာနေရာ ဖြစ်လာပါတယ်။ ရုဘီယို ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ လွန်ခဲ့တဲ့လက အဲ့ဒီနေရာမှာပဲ ရုရှားတွေနဲ့ တွေ့ဆုံခဲ့ပြီး ဥရောပနဲ့ ယူကရိန်းတို့က သူတို့ကို ပစ်ပယ်ထားတာခံရတယ်လို့ ထင်မြင်စေခဲ့ပါတယ်။

သူ့ရဲ့ ပထမဆုံးနိုင်ငံရပ်ခြားခရီးစဉ်အဖြစ် ထရန့်က ဘုရင့်နိုင်ငံကို လာမယ့်တစ်လခွဲအတွင်း လာရောက်မယ်လို့ ပြောကြားပြီးနောက် ဆော်ဒီနိုင်ငံဟာ နောက်ထပ်သံတမန်ရေးရာ တိုးတက်မှုတွေ ရရှိဖို့ စီစဉ်ထားပါတယ်။

“ ကျွန်တော်က သူတို့နဲ့ အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိတယ်၊ သူတို့က အရမ်းသဘော ကောင်းတယ်” ဟု ၎င်းက ပြောသည်။ “ဒါပေမယ့် သူတို့ဟာ စစ်လက်နက်ပစ္စည်းတွေနဲ့ တခြားအရာတွေ အများကြီးဝယ်ဖို့အတွက် အမေရိကန်ကုမ္ပဏီတွေကို ပိုက်ဆံအများကြီး သုံးစွဲသွားမှာပါ။ ​နောက်​တစ်​လခွဲ​လောက်​​တော့ဖြစ်​မယ်​။”

ဆော်ဒီအာရေဗျဟာ အမေရိကန်ကုမ္ပဏီတွေမှာ ဒေါ်လာ ၁ ထရီလီယံ ရင်းနှီးမြှုပ်နှံဖို့ သဘောတူထားတယ်လို့ ထရန့်က ပြောကြားခဲ့ပါတယ်။

“ဒီတစ်ခါတော့ သူတို့က ပိုချမ်းသာလာတယ်၊ ကျွန်တော်တို့ အားလုံးက အသက်တွေ ကြီးလာပြီလို့ပြောလိုက်တယ်။ လေးနှစ်တာကာလအတွင်း အမေရိကန်ကုမ္ပဏီတွေကို ဒေါ်လာထရီလီယံတစ်ရာ ပေးချေပြီး ဆောင်ရွက်မယ်ဆိုရင် သူတို့ဆီကို လာလည်မယ်လို့ ပြောလိုက်တော့ ဒါကို လုပ်ဖို့ သူတို့ကသဘောတူတယ်” လို့ ထရန့်က ပြောပါတယ်။

ဆော်ဒီရင်းနှီးမြုပ်နှံမှုကနေ အကျိုးအမြတ်ရရှိမယ့် အမေရိကန်ကုမ္ပဏီတစ်ခုကတော့ ထရန့်ရဲ့သားမက်နဲ့ အကြံပေးဟောင်း ဂျဲရတ်ကွတ်ရှနာ တည်ထောင်ထားတဲ့ မိုင်ယာမီအခြေစိုက်ရန်ပုံငွေ Affinity Partners ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ထရမ့် ရာထူးကနေ နုတ်ထွက်ပြီး ခြောက်လအကြာမှာ ဆော်ဒီဘုရင့်နိုင်ငံဆီက Affinity Partners ဟာ ဒေါ်လာ ၂ ဘီလီယံ ရရှိခဲ့ပါတယ်။

ထရမ့်ရဲ့ ပထမသက်တမ်းမှာ ထရန့်က သူ့ရဲ့ ခရီးစဉ်ဟာ ဒေါ်လာသန်း ၃၅၀ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူရွေးချယ်ထားတဲ့ခရီးစဉ်ဟာ အစဉ်အလာကို ချိုးဖောက်ခဲ့ပါတယ်။ ၁၉၂၈ ခုနှစ်မှာ သမတ ကဲယ်ဗင် ကူးလစ်ဂျ် (Calvin Coolidge) လက်ထက်ကစပြီး အမေရိကန် သမ္မတတိုင်းဟာ သူတို့ရဲ့ ပထမဆုံး နိုင်ငံတကာခရီးစဉ်ကို မက္ကဆီကို၊ ကနေဒါ ဒါမှမဟုတ် ဥရောပကို ရွေးချယ်တဲ့ အစဉ်အလာ ရှိခဲ့ပါတယ်။

သတင်းရင်းမြစ်။ NBC News

Photo: Thierry Monasse / Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ဂျင်မီလိုင်အား ထောင်မှလွှတ်ပေးရန် တောင်းဆိုချက်အပေါ် ရှီကျင့်ဖျင်၏ တုံ့ပြန်မှုမှာ “ အပြုသဘောမဆောင်” ဟု ထရမ့် ပြောကြား

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ဟောင်း ဂျင်မီလိုင် (Jimmy Lai) နှင့် ပါစတာ ဇာဂျင်မင်ရီ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော အစွမ်းထက်ဒုံးကျည်စမ်းသပ်မှုဖြင့် ပူတင် အင်အားပြ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 17 Views
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက် မော်စကို —နေတိုး (NATO) အဖွဲ့က “စေတန် ၂” (Satan II) ဟု အမည်ပေးပုံတူကူးထားသည့် ရုရှား၏ ကမ္ဘာ့အစွမ်းထက်ဆုံး ဒုံးကျည်စနစ်ကို အင်္ဂါနေ့က အောင်မြင်စွာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်ပွဲစတင်ကတည်းက အကြီးမားဆုံးနှင့် အချိန်အရှည်ကြာဆုံး ဒရုန်းတိုက်ခိုက်မှုဖြင့် ယူကရိန်းကို ရုရှားက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် ကိဗ်၊ ယူကရိန်း — ယူကရိန်းအာဏာပိုင်များ၏ ပြောကြားချက်အရ ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်ကို ရုရှားက တစ်ညတာအတွင်း အကြီးအကျယ် လှိုင်းလုံးကဲ့သို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ
နိုင်ငံတကာသတင်း အီရန်

အမေရိကန် စက်သုံးဆီဆိုင်များရှိ ဆီတိုင်ကီဖတ်စနစ်များကို ဟက်ကာများ ဖောက်ထွင်း ဝင်ရောက်၊ အီရန်တွင် တာဝန်ရှိသည်ဟု တာဝန်ရှိသူများ သံသယရှိ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် အမေရိကန်ပြည်ထောင်စု ပြည်နယ်အများအပြားရှိ စက်သုံးဆီဆိုင်များတွင် အသုံးပြုနေသည့် သိုလှောင်ကန်များအတွင်းရှိ ဆီပမာဏကို စောင့်ကြည့်စစ်ဆေးသော စနစ်များကို ဟက်ကာ များက ဖောက်ထွင်းဝင်ရောက်ခဲ့သည့် ဖြစ်စဉ်များ၏ နောက်ကွယ်တွင် အီရန်ဟက်ကာများ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး – ရှီကျင့်ဖျင်နှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် အီရန်စစ်ပွဲသည်လည်း အဆိုပါအစည်းအဝေးများအတွင်း အဓိကဆွေးနွေးခဲ့သည့် အခြားအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး၊ အရေးကြီးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မည်သည့်ရေရာပြတ်သားသော သဘောတူညီချက်မျှ ကြေညာနိုင်ခြင်းမရှိဘဲ အစည်းအဝေးများ ပြီးဆုံးခဲ့သည်။ ထရမ့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 32 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက် ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။ ထရန့်သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 28 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက် ဘေဂျင်းသို့ ဆိုက်ရောက်ခြင်း: ကမ္ဘာ့အကြီးဆုံး