နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အိမ်ဖြူတော်မှာ စကားအခြေအတင်ဖြစ်ပြီးနောက် ယူကရိန်းနဲ့ အမေရိကန်တို့ သံတမန်ရေးရာ ကြိုးပမ်းမှု နောက်တကြိမ် ထပ်မံပြုလုပ်ဖို့ ကြိုးစားမယ်

မတ်လ (၇) ရက်။

ဥရောပတွင် ဝါရှင်တန်ရဲ့ နေတိုးမဟာမိတ်များက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ထားရစ်ခဲ့တဲ့ ကွာဟချက်ကို ပြန်လည်ဖြည့်ရန် ကြိုးပမ်းနေစဉ် စစ်အသုံးစရိတ်အသစ်အတွက် ဒေါ်လာဘီလီယံ ရာနဲ့ချီ သုံးစွဲရန် ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးနဲ့ လာမယ့်သီတင်းပတ်မှာ ဆော်ဒီအာရေဗျမှာ တွေ့ဆုံဖို့ ထရန့်အစိုးရအဖွဲ့က အကြီးတန်းအရာရှိတွေနဲ့ ယူကရိန်းအရာရှိတွေက စီစဉ်နေတယ်လို့ ကြာသပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။ ယူကရိန်းအနေနဲ့ သူတို့ရဲ့ အကြီးဆုံး ကူညီထောက်ပံ့သူ ဝါရှင်တန်နဲ့ ပြိုကွဲနေတဲ့ ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ဖို့ အပြင်းအထန် ရုန်းကန်နေခဲ့ရပါတယ်။

ဒါဟာ နောက်ဆုံးပေါ် သံခင်းတမန်ခင်းဖြစ်တဲ့ ပင်လယ်ကွေ့ ဘုရင်နိုင်ငံက ဦးဆောင်ပါဝင်မှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲခံနေရတဲ့ ဆော်ဒီအာရေဗျဟာ မကြာသေးမီနှစ်တွေအတွင်း ပြုပြင်ပြောင်းလဲမှုအချို့ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် ဘုရင့် နိုင်ငံတော်ကို လာရောက်မှာဖြစ်ကြောင်း ကြာသပတေးနေ့နှောင်းပိုင်းတွင် သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီး အပြန်အလှန်အားဖြင့် ဘုရင်စနစ်က အမေရိကန်ကုမ္ပဏီတွေမှာ ဒေါ်လာ ၁ ထရီလီယံ ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းထားပါတယ်။

လာမယ့်သီတင်းပတ်မှာ နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယို၊ ဇလန်းစကီး၊ အရှေ့အလယ်ပိုင်း သံတမန် စတီ့ဗ်ဝစ်ကော့ဖ်နဲ့ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝ့ါဇ်တို့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ဝစ်ကော့ဖ် က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ကျင်းပမယ့်နေရာက မြို့တော် ရီယာ့ဒ် ဒါမှမဟုတ် ပင်လယ်နီမြို့ ဂျဒ်ဒါမြို့ ဖြစ်လာနိုင်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

“တွေးထားတာကတော့ ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ မူဘောင်တစ်ခု ရအောင်လုပ်ပြီး ကနဦးအပစ်အခတ်ရပ်စဲရေး လုပ်ဖို့ပါ” “ယူကရိန်းနိုင်ငံသားတွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ ကျွန်တော်တို့ အခု ဆွေးနွေးနေပါတယ်” လို့ သူက ဆိုပါတယ်။

တနင်္လာနေ့မှာ ဇလန်းစကီးဟာ ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆာလ်မန်နဲ့ တွေ့ဆုံပြီးနောက် ထိပ်သီးဆွေးနွေးပွဲအကြောင်းကို X မှာ အတည်ပြုခဲ့ပါတယ်။ “ယူကရိန်းဟာ ငြိမ်းချမ်းရေးကို စိတ်အဝင်စားဆုံး ဖြစ်ပါတယ်” လို့ သူက ရေးသားခဲ့ပါတယ်။ “ကျွန်တော်တို့ @POTUS ကို ပြောခဲ့သလိုပဲ၊ ယူကရိန်းက မြန်မြန်ဆန်ဆန်နဲ့ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်တဲ့ အလုပ်တွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

ထရန့်၊ ဒုသမ္မတ ဂျေဒီဗန့်နဲ့ ဇလန်းစကီးတို့ အကြား ပြီးခဲ့သည့် သီတင်းပတ်က ဘဲဥပုံရုံးမှာ စကားအခြေအနေဖြစ်ခဲ့ပြီး အမေရိကန်-ယူကရိန်း ဆက်ဆံရေးမှာ အနိမ့်ဆုံးကို ရောက်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့် အမေရိကန်ဟာ စစ်ဘက်ဆိုင်ရာ အကူအညီနဲ့ ထောက်လှမ်းရေး အချက်အလက်မျှဝေမှုကို ဖြတ်တောက်လိုက်တာကြောင့် ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားများ ပိုမိုအသက်ဆုံးရှုံးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။

ယူကရိန်းအရပ်သား လျှပ်စစ်ဓာတ်အားလိုင်းကို ကြာသပတေးနေ့ညက ရုရှားက နောက်ထပ် ဒုံးကျည်အစင်း ၂၅၀ နဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ လူ ၁၀ ဦး ဒဏ်ရာရခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် လျှပ်စစ် ပြတ်တောက်သွားကာ လူတွေကို သူတို့ရဲ့ စွမ်းအင်သုံးစွဲမှုကို ခွဲတမ်းချ သုံးစွဲကြဖို့ အစိုးရက တိုက်တွန်းနှိုးဆော်ခဲ့ရပါတယ်။

ဥရောပရှိ ဝါရှင်တန်ရဲ့ နေတိုးမဟာမိတ်တွေဟာ ဝါရှင်တန်က ချန်လှပ်ထားခဲ့တဲ့ ကွာဟချက်ကို ဖြည့်ဆည်းပေးဖို့ ကြိုးပမ်းနေကြပြီး ဘရပ်ဆဲလ်မှာ ကြာသပတေးနေ့မှာ ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးမှာ စစ်အသုံးစရိတ်သစ် ဒေါ်လာ ဘီလီယံရာနဲ့ချီ၍ ကြေညာခဲ့ပါတယ်။ ယူကရိန်းလိုပင် ထရန့်နဲ့ ဥရောပတို့အကြား ဆက်ဆံရေး သိသိသာသာ ယိုယွင်းလာခဲ့ပြီး ထရန့်အုပ်ချုပ်ရေးပိုင်းရဲ့ မူဝါဒပြောင်းလဲသွားမှုကြောင့် NATO မဟာမိတ်တွေနဲ့ စစ်ဘက်ဆိုင်ရာကို ပိုမိုဇောင်းပေးလုပ်ဆောင်လာရမယ့် အပြောင်းအလဲကို ထည့်သွင်းစဉ်းစားနေကြတယ်လို့ တာဝန်ရှိသူတွေက NBC News ကို ပြောကြားခဲ့ပါတယ်။

ဇလန်းစကီးက ထရန့်ကို စာတစ်စောင် ပေးပို့ခဲ့ပြီး ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ အဆင်သင့် ဖြစ်နေတယ်လို့ ထရန့်က ပြောကြားပြီးနောက် ယူကရိန်းနဲ့ တင်းမာနေတဲ့ဆက်ဆံရေးဟာ ပျော့ပြောင်းသွားခဲ့ပါတယ်။ ယူကရိန်းက အဲ့ဒီစာကို ပို့ခဲ့တယ်ဆိုတာ အတည်ပြုခဲ့ပေမယ့် ဇလန်းစကီးက X ပို့စ်တစ်ခုမှာ ထရန့်ရဲ့ ဖော်ပြချက်ကို ကူးယူဖော်ပြခဲ့ပါတယ်။

“တကယ်ကောင်းတဲ့၊ အပြုသဘောဆောင်တဲ့” အဲ့ဒီစာက ဆော်ဒီအစည်းအဝေးကို လှုံ့ဆော်ခဲ့တယ်လို့ ဝစ်ကော့ဗ်က ပြောပါတယ်။

ဆော်ဒီအာရေးဗီးယားက ထိပ်သီးအစည်းအဝေးကျင်းပရာနေရာ ဖြစ်လာပါတယ်။ ရုဘီယို ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ လွန်ခဲ့တဲ့လက အဲ့ဒီနေရာမှာပဲ ရုရှားတွေနဲ့ တွေ့ဆုံခဲ့ပြီး ဥရောပနဲ့ ယူကရိန်းတို့က သူတို့ကို ပစ်ပယ်ထားတာခံရတယ်လို့ ထင်မြင်စေခဲ့ပါတယ်။

သူ့ရဲ့ ပထမဆုံးနိုင်ငံရပ်ခြားခရီးစဉ်အဖြစ် ထရန့်က ဘုရင့်နိုင်ငံကို လာမယ့်တစ်လခွဲအတွင်း လာရောက်မယ်လို့ ပြောကြားပြီးနောက် ဆော်ဒီနိုင်ငံဟာ နောက်ထပ်သံတမန်ရေးရာ တိုးတက်မှုတွေ ရရှိဖို့ စီစဉ်ထားပါတယ်။

“ကျွန်တော်က သူတို့နဲ့ အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိတယ်၊ သူတို့က အရမ်းသဘော ကောင်းတယ်” ဟု ၎င်းက ပြောသည်။ “ဒါပေမယ့် သူတို့ဟာ စစ်လက်နက်ပစ္စည်းတွေနဲ့ တခြားအရာတွေ အများကြီးဝယ်ဖို့အတွက် အမေရိကန်ကုမ္ပဏီတွေကို ပိုက်ဆံအများကြီး သုံးစွဲသွားမှာပါ။ ​နောက်​တစ်​လခွဲ​လောက်​​တော့ဖြစ်​မယ်​။”

ဆော်ဒီအာရေဗျဟာ အမေရိကန်ကုမ္ပဏီတွေမှာ ဒေါ်လာ ၁ ထရီလီယံ ရင်းနှီးမြှုပ်နှံဖို့ သဘောတူထားတယ်လို့ ထရန့်က ပြောကြားခဲ့ပါတယ်။

“ဒီတစ်ခါတော့ သူတို့က ပိုချမ်းသာလာတယ်၊ ကျွန်တော်တို့ အားလုံးက အသက်တွေ ကြီးလာပြီလို့ပြောလိုက်တယ်။ လေးနှစ်တာကာလအတွင်း အမေရိကန်ကုမ္ပဏီတွေကို ဒေါ်လာထရီလီယံတစ်ရာ ပေးချေပြီး ဆောင်ရွက်မယ်ဆိုရင် သူတို့ဆီကို လာလည်မယ်လို့ ပြောလိုက်တော့ ဒါကို လုပ်ဖို့ သူတို့ကသဘောတူတယ်” လို့ ထရန့်က ပြောပါတယ်။

ဆော်ဒီရင်းနှီးမြုပ်နှံမှုကနေ အကျိုးအမြတ်ရရှိမယ့် အမေရိကန်ကုမ္ပဏီတစ်ခုကတော့ ထရန့်ရဲ့သားမက်နဲ့ အကြံပေးဟောင်း ဂျဲရတ်ကွတ်ရှနာ တည်ထောင်ထားတဲ့ မိုင်ယာမီအခြေစိုက်ရန်ပုံငွေ Affinity Partners ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ထရမ့် ရာထူးကနေ နုတ်ထွက်ပြီး ခြောက်လအကြာမှာ ဆော်ဒီဘုရင့်နိုင်ငံဆီက Affinity Partners ဟာ ဒေါ်လာ ၂ ဘီလီယံ ရရှိခဲ့ပါတယ်။

ထရမ့်ရဲ့ ပထမသက်တမ်းမှာ ထရန့်က သူ့ရဲ့ ခရီးစဉ်ဟာ ဒေါ်လာသန်း ၃၅၀ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူရွေးချယ်ထားတဲ့ခရီးစဉ်ဟာ အစဉ်အလာကို ချိုးဖောက်ခဲ့ပါတယ်။ ၁၉၂၈ ခုနှစ်မှာ သမတ ကဲယ်ဗင် ကူးလစ်ဂျ် (Calvin Coolidge) လက်ထက်ကစပြီး အမေရိကန် သမ္မတတိုင်းဟာ သူတို့ရဲ့ ပထမဆုံး နိုင်ငံတကာခရီးစဉ်ကို မက္ကဆီကို၊ ကနေဒါ ဒါမှမဟုတ် ဥရောပကို ရွေးချယ်တဲ့ အစဉ်အလာ ရှိခဲ့ပါတယ်။

သတင်းရင်းမြစ်။ NBC News

Photo: Thierry Monasse / Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 92 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 90 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 103 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက