နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

သတ်မှတ်ချက်နဲ့မညီတဲ့ အဆောက်အအုံတွေကို စိစစ်အရေးယူဖို့ စစ်ခေါင်းဆောင် ညွှန်ကြား

ဧပြီလ (၇)ရက်။

သတ်မှတ်ချက်နဲ့မညီဘဲ ဆောင်ရွက်ထားတဲ့ အဆောက်အအုံတွေကို ပြန်လည်စိစစ်အရေးယူဖို့ စစ်ခေါင်းဆောင်က ဧပြီလ (၅)ရက်နေ့ကပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မျက်မြင်စစ်ဆေးခဲ့တာတွေမှာ အချို့အဆောက်အအုံတွေ ဆောက်လုပ်တဲ့အခါ အင်ဂျင်နီယာပိုင်းဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတာတွေကို စိစစ်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အဆောက်အအုံ ဆောက်လုပ်တာနဲ့ပတ်သက်ပြီး ဆောက်လုပ်ရေးဆိုင်ရာအဖွဲ့တွေ၊ စည်ပင်အဖွဲ့တွေအနေနဲ့ ဖွဲ့စည်းထားတဲ့ ကော်မတီတွေနဲ့ ပူးပေါင်းကာ ဆောက်လုပ်တာတွေကို စိစစ်ကြပ်မတ်သွားဖို့ ညွှန်ကြားခဲ့ပါတယ်။

ငလျင်ကြောင့် အဆောက်အအုံတွေ ပျက်စီးကာ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရပြီး ကြီးမားတဲ့ သင်ခန်းစာတခုဖြစ်တာကြောင့် ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေဖြစ်စေအောင် တည်ဆောက်ဖို့ဆိုပြီး သူက ပြောဆိုထားပါသေးတယ်။

နောက်ပြီး မြန်မာမှာ ရစ်(ခ်ျ)တာစကေး (၆)နဲ့ (၇) ပတ်ဝန်းကျင် လှုပ်လေ့လှုပ်ထရှိပြီး အမြင့်ဆုံး ရစ်(ခ်ျ)တာစကေး (၈)အထိ အမြင့်ဆုံး လှုပ်ခတ်ခဲ့တဲ့အတွက် ငလျင်သက်ရောက်တဲ့ ဒေသတွေမှာ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေ ဖြစ်ဖို့လိုတယ်လို့လဲ သူက ဆိုပါတယ်။

အင်အားပြင်းငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်းနဲ့ နေပြည်တော်တို့မှာ လူနေအဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးတာတွေ အများအပြားရှိခဲ့ကာ ဆောက်လုပ်ရေးပိုင်းနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုတာတွေလဲ ရှိနေပါတယ်။

အခုအခါ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ် စုစုပေါင်း အကြိမ်ရေ (၈၀)ကျော်အထိ ဆက်လက်လှုပ်ခတ်နေပြီး သေဆုံးသူဦးရေ (၃၅၀၀)ကျော်အထိရှိပြီလို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 37 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 31 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 36 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 31 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို