နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အတိုင်းအဆမရှိသောဂါဇာစစ်ပွဲ

—————–

ဧပြီလ (၇) ရက်။

ထောက်ပံ့ရေးအေဂျင်စီများက အစ္စ‌ရေး၏ဂါဇာဝင်ပေါက်ကို ပိတ်ဆို့ထားမှု ဒုတိယလအတွင်း ရောက်ရှိလာမှုအပေါ် သတိပေးလာခဲ့ကြသည်။

ဂါဇာကမ်းမြှောင်မှ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အစ္စရေးက ဖြတ်တောက် လိုက်ပြီးနောက် တစ်လအကြာတွင် အဆိုပါနေရာ၌ အခြေအနေများ ဆိုးရွားလာခဲ့ပြီး အရပ်သား နှစ်သန်းကျော်၏ အခြေအနေမှာ ပြင်းထန်သော အစ္စရေး စစ်တပ်၏ စစ်ဆင်ရေးများကြောင့် ပိုမိုဆိုးရွားလာခဲ့ကြောင်း အကူအညီပေးရေး အေဂျင်စီများက ပြောကြားခဲ့သည်။

ကုလသမဂ္ဂနှင့် NGO အများအပြားအပြင် CNN နှင့် စကားပြောဆိုခဲ့ကြသော ဂါဇာရှိ အရပ်သားများကလည်း ငတ်မွတ်မှုသည် ပျံ့နှံ့နေပြီး သန့်ရှင်းသော ရေရရှိမှု နည်းပါးလာပြီး ယာယီ ရွှေ့ပြောင်းရေး စခန်းများတွင် လှေးများသန်းများများပြားစွာ ခိုအောင်းနေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၁၈ လအတွင်း နယ်မြေ၏ လူဦးရေကို ထိခိုက်စေခဲ့သည့် ပြဿနာများတွင် မတ်လအတွင်း အစ္စရေးစစ်တပ်မှ အသစ်တဖန် ပြန်လည်တိုက်ခိုက် ချေမှုန်းခဲ့သည့်အတွက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးမှုများလည်း ပါဝင်သည်။

အစ္စရေးအစိုးရသည် ဂါဇာကမ်းမြောင်ဒေသသို့ ရိက္ခာနှင့် အခြားလူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးနေမှုကို ပိတ်ပစ်ကာ ဟားမတ်စ်များအား ဓားစာခံများ ထပ်မံလွှတ်ပေးရန်နှင့် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရေး အခြေအနေသစ်များ ချမှတ်ရန် ကြိုးပမ်းမှုတွင် ပါ၀င်ခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပို့ဆောင်မှုများကို ဟားမတ်စ်က ကြားဖြတ်ပြီး လမ်းကြောင်းလွှဲယူခဲ့သည်ဟုလည်း အစ္စရေးက စွပ်စွဲပြောကြားခဲ့သည်ကို အမေရိကန်က ပြီးခဲ့သည့် မေလတွင် အတည်ပြုခဲ့သည်။

လွန်ခဲ့သည့် နှစ်ပတ်အတွင်း လူပေါင်း ၂၈၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ဂါဇာ နယ်မြေ၏ သုံးပုံနှစ်ပုံသည် ယခုအခါ သွားလာခွင့် မပြုသော ဒေသများဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ အဆိုအရ သိရသည်။

မကြာသေးမီက ဘေးလွတ်ရာ ရွှေ့ပြောင်းရန် အမိန့်အများအပြားပေးပြီးနောက် ဂါဇာစီးတီးမှ ပြောရေးဆိုခွင့်ရှိသူ အာဆမ် အယ် နာဘီး (Assem Al-Nabeeh) က “ လူများသည် နေရာတိုင်း၊ လမ်းမကြီးများ၊ အများပြည်သူ ပန်းခြံများ၊ အမှိုက်ပုံများအနီး၊ ရင်ပြင်များနှင့် ပြိုကျလုနီး အဆောက်အဦများတွင်ပင် နေရာတိုင်းသို့ ရွှေ့ပြောင်းနေထိုင်နေကြသည်” ဟု CNN သို့ ပြောကြားခဲ့သည်။

“ နောက်ဆုံးထွက်ခွာဖို့အမိန့်မပေးမီကပင်၊ မြို့၏၄၀% သာရေကိုသုံးစွဲရရှိနိုင်သည်” ဟု အယ် နာဘီး ကပြောကြားခဲ့သည်။ မြို့တော်အနှံ့ အမှိုက်တန်ချိန် ၁၇၅,၀၀၀ စုပုံလာသည်ဟု ၎င်းက ခန့်မှန်းသည်။

ပါလက်စတိုင်းနယ်မြေများအတွက် OCHA အကြီးတန်းအရာရှိ ဂျိုနသန် ဝတ်တော်လ် (Jonathan Whittall) က ဂါဇာတွင် “အကန့်အသတ်မဲ့စစ်ပွဲ” ဖြစ်နေပြီဟု ယခုသီတင်းပတ် အစောပိုင်းတွင် ပြောကြားခဲ့သည်။ သောကြာနေ့ကထုတ်ပြန်သောအစီရင်ခံစာတစ်ခုတွင် OCHA က “ ဂါဇာကမ်းမြောင်ဒေသသည် အပြည့်အ၀ကုန်တင်ပိတ်ဆို့ထားသောကြောင့် ငတ်မွတ်မှုနှင့်အာဟာရချို့တဲ့မှုအန္တရာယ်ကို ထပ်မံကြုံတွေ့နေရပြီး ယခု ဒုတိယလထဲသို့ ရောက်ရှိလာကာ ဂျုံမှုန့်ဖြန့်ဖြူးမှုအားလုံးကို ရပ်တန့်လုနီးပါးဖြစ်ကာ ထောက်ပံ့ထားသည့် မုန့်ဖုတ်ဆိုင်များ အားလုံးကို ပိတ်ပစ်ခဲ့သည်။”

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ကြာသပတေးနေ့တွင် ဂါဇာကမ်းမြောင်ဒေသရှိ မုန့်ဖုတ်လုပ်ငန်း ၂၅ ခုစလုံးကို ဟင်းချက်ဓာတ်ငွေ့နှင့် မုန့်ညက်များ ပြတ်တောက်မှုကြောင့် ပိတ်လိုက်ရကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ မတ်လတွင် လူပေါင်း တစ်သန်းကျော်သည် အစားအစာ ပါဆယ်ထုပ်များ မရရှိဘဲ ရှိခဲ့ပြီး ပူပူနွေးနွေး အစားအစာများ ဆက်လက် ထောက်ပံ့ပေးနေချိန်တွင် လက်ရှိ “ထောက်ပံ့မှုများသည် အများဆုံး နှစ်ပတ်သာခံလိမ့်မည်” ဟု ၎င်းကဆိုသည်။

ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများ ပို့ဆောင်ရာတွင် ညှိနှိုင်းရေးတာဝန်ခံ အစ္စရေးအေဂျင်စီက ဟားမတ်စ်တို့က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းများကို သိမ်းယူခြင်းမှ ကာကွယ်ရန်နှင့် အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများသည် “ဘက်မလိုက်ဘဲ” ရှိနေကြောင်း အာမခံရန် “စနစ်တကျ အကူအညီများ ဝင်ရောက်မှုကို စောင့်ကြည့်ကြပ်မတ်ရေးသည့်အစီအမံ” ရှိရမည်ဟု ပြောကြားခဲ့သည်။

COGAT က ပြင်ဆင်နေသည့် အစီအမံအသစ်သည် အကူအညီပေးရေး အဖွဲ့အစည်းများကို ပံ့ပိုးပေးမည်ဖြစ်ပြီး ကြီးကြပ်ကွပ်ကဲမှုနှင့် တာဝန်ခံမှု တိုးမြှင့်ကာ ဟားမတ်စ်မှ လမ်းကြောင်းပြောင်းပြီး ခိုးယူခံရခြင်းမခံရဘဲ အကူအညီ လိုအပ်နေသော အရပ်သားများထံ ရောက်ရှိကြောင်း သေချာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အစီအမံအား နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းများထံ တင်ပြထားကြောင်း COGAT မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်၊ သို့သော် ၎င်းကိုအသုံးပြုမှုသည် အပစ်အခတ်ရပ်စဲရေး စာချုပ် သို့မဟုတ် အစိုးရ၏ ညွှန်ကြားချက် အပြောင်းအလဲအပေါ်တွင် မူတည်သည်။

ထိုအတောအတွင်း ဂါဇာကမ်းမြောင်အပြင်ဘက်တွင် အကူအညီတွေ အမြောက်အမြား ရှိနေပါတယ်။

စားနပ်ရိက္ခာတန်ချိန် ၈၉,၀၀၀ ခန့်သည် ဂါဇာကမ်းမြောင်အပြင်ဘက်တွင် စောင့်ဆိုင်းနေပြီး အတွင်း၌ စားနပ်ရိက္ခာရှားပါးမှုသည် ဈေးနှုန်းများ သိသိသာသာတက်သွားစေသည်ဟု WFP မှ ပြောကြားခဲ့သည်။ ဂျုံမှုန့်တစ်ထုပ်သည် လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်ကဈေး ထက် ၄၅၀% ပိုများသည်။

ဤအတောအတွင်း OCHA မှ ရေရရှိရေးသည် “ ပြင်းထန်စွာ ကန့်သတ်ထားဆဲဖြစ်သည်” ဟုဆိုသည်- Gazan အိမ်ထောင်စုများ၏ သုံးပုံနှစ်ပုံသည် တစ်နေ့လျှင် သောက်သုံးရေ ခြောက်လီတာ (အရည် 200 အောင်စခန့်) ကိုပင် သောက်သုံးခွင့်မရသောအခြေအနေ ဖြစ်သည်။ မကြာသေးမီက အပစ်အခတ်ရပ်စဲရေးကာလအတွင်း ရေထုတ်လုပ်မှုနှင့် ပေးဝေမှု တိုးတက်ကောင်းမွန်လာပြီးနောက် အေဂျင်စီများသည် အခြေခံအဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းနိုင်ရန် ရုန်းကန်နေကြရသည်။

ပါလက်စတိုင်းကလေးငယ်များဂါဇာ‌မြောက်ပိုင်း ဘိတ်လာဟီရာ(Beit Lahia) တွင် ပရဟိတမီးဖိုချောင်မှချက်ပြုတ်ပေးကမ်းသောအစားအစာများကိုလက်ခံယူနေကြသည် (ဓါတ်ပုံ)

လူသားချင်းစာနာထောက်ထားမှုအကူအညီများတင်ဆောင်လာသော ကုန်တင်ကားများသည် ရာဖာနယ်စပ်ဖြတ်ကျော် အီဂျစ်ဘက်ခြမ်းတွင် တန်းစီနေသည်။ (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 56 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 51 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 79 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 57 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”