နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရမှ အမေရိကန်အစိမ်းရောင်ကတ်ကိုင်ဆောင်ထားသူ ကလေး ၃ ယောက် ဖခင်ဖြစ်သူကို မှားယွင်းဖမ်းဆီး ပြည်နှင်ဒဏ်ပေး

+++++++++++++++++++++++++++

အစိမ်းရောင်ကတ်ကိုင်ဆောင်ထားသူ ကီလ်မာ အက်ဘရီဂို ဂါစီယာ (Kilmar Abrego Garcia) ကို ပြည်နှင်ဒဏ်ပေးခြင်းမှာ အုပ်ချုပ်ရေးဆိုင်ရာ အမှားအယွင်းတစ်ခုဖြစ်ကြောင်း အာဏာပိုင်များက ဝန်ခံခဲ့သော်လည်း ၎င်းအား အမေရိကန်သို့ ပြန်လည်ခေါ်ဆောင်ရန် တရားသူကြီး၏အမိန့်ကို ဆန့်ကျင်ခဲ့သည်။

အယ်လ်ဆာဗေဒိုရှိ လုံခြုံရေးမြင့်မားသော အကျဉ်းထောင်သို့ မတော်တဆ ပြည်နှင်ဒဏ်ခံခဲ့ရသည့် မေရီလန်းပြည်နယ်မှ အမျိုးသားတစ်ဦးကို အမေရိကန် ပြည်ထောင်စုသို့ ပြန်လည်ပို့ဆောင်ရန် ဖက်ဒရယ်တရားသူကြီးတစ်ဦးက တနင်္ဂနွေနေ့တွင် အမိန့်ပေးပြောဆိုခဲ့သည်။ တရားသူကြီးက ပြန်ခေါ်လာရန် အချိန်ဆွဲနေမှု ပယ်ချလိုက်ပြီး ထိုသူကိုတနင်္လာ နောက်ဆုံးထား ပြန်ခေါ်လာရန် အမိန့်ချခဲ့သည်။

ကီလ်မာအက်ဘရီဂိုဂါစီယာသည် အယ်လ်ဆာဗေးဒေါနိုင်ငံဇာတိဖြစ်ပြီး ၂၀၁၁ ခုနှစ်ကတည်းက အမေရိကန်တွင် နေထိုင်ခဲ့သည့် အစိမ်းရောင်ကတ်ကိုင်ဆောင်ထားသူ ဖြစ်သည်။ မတ် ၁၅ ရက်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသောထောင်သို့ ဗင်နီဇွဲလားအမျိုးသားများနှင့်အတူ ဂါစီယာသည် မှားယွင်းစွာ အပို့ခံခဲ့ရပြီး အပို့ခံရသူများကို ဂိုဏ်ဝင်းများဟု ထရမ့်အစိုးရအရာရှိများက စွပ်စွဲခဲ့သည်။

အာဏာပိုင်များက အက်ဘရီဂို ဂါစီယာ ကို မတ် ၁၂ ရက်တွင် Ikea ကားရပ်နားရာနေရာ၌ အသက် ၅ နှစ်အရွယ် အော်တစ်ဇင်ရောဂါဖြင့် မွေးဖွားသည့် သားဖြစ်သူက ကားနောက်ခန်းတွင် ရှိနေစဥ် ဂါစီယာကိုဖမ်းဆီးခံခဲ့ရသည်ဟု သူ၏ရှေ့နေက ဆိုသည်။

ထရန့်အစိုးရက သူ့အား ပြည်နှင်ဒဏ်ပေးခြင်းသည် စီမံခန့်ခွဲရေးဆိုင်ရာ အမှားဖြစ်ပေါ်မှုဟု ခေါ်ဆိုခဲ့သည်။

ပြည်နှင်ဒဏ်ပေးခြင်းသည် ဥပဒေနှင့်မညီကြောင်း အမေရိကန်ခရိုင်တရားသူကြီး ပေါ်လာ ဇီနစ် (Paula Xinis) က သောကြာနေ့တွင် ပြောကြားခဲ့ပြီး အက်ဘရီဂို ဂါစီယာအား အမေရိကန်သို့ တနင်္လာနေ့ ည ၁၁ နာရီ ၅၉ မိနစ်တွင် ပြန်လည်ပို့ဆောင်ရန် အစိုးရအား အမိန့်ပေးခဲ့သည်။

စနေနေ့တွင်၊ တရားရေးဌာနမှ ရှေ့နေများက အုပ်ချုပ်ရေးအဖွဲ့မှ သူမ၏အမိန့်ကို အယူခံဝင်နေစဉ် ဇီနစ် (Xinis) ကို ခေတ္တဆိုင်းငံ့ထားရန် တောင်းဆိုခဲ့သော်လည်း သူမက ငြင်းပယ်လိုက်သည်။

“တရားခံတွေက အက်ဘရီဂို ဂါစီယာကို တရားဝင် အခွင့်အာဏာမရှိဘဲ ထိန်းသိမ်းခဲ့ပြီး သူ့ကို တရားဝင်အခြေခံမရှိဘဲ သီးခြားပြည်တွင်း ထိန်းသိမ်းရေးစခန်း ၃ ခုမှာ ချုပ်နှောင်ထားခဲ့တယ်။ လူဝင်မှုကြီးကြပ်ရေး တရားသူကြီး ဒါမှမဟုတ် ရုံးကိုတင်ပြဖို့ ပျက်ကွက်ခဲ့ပြီး သူ့ကို အယ်လ်ဆာဗေးဒေါကို အတင်းအကျပ် ပို့ဆောင်ခဲ့ပါတယ်” ဟု တနင်္ဂနွေနေ့တွင် ရေးသားခဲ့သည်။ “အဲဒီမှာ ရောက်တာနဲ့ အမေရိကန် အရာရှိတွေက အကျဉ်းသားတွေကို လုံလောက်တဲ့ အစားအစာ၊ ရေနဲ့ အမိုးအကာတွေကို ဖယ်ထုတ်ပြီး ပုံမှန်အကြမ်းဖက်မှုကို အားပေးပြီး သူ့ကို နှိပ်စက်ညှဉ်းပန်းသူတွေနဲ့အတူ ထားရှိပေးမယ့် အဆောက်အဦတစ်ခုထဲမှာ သူ့ကို ချုပ်နှောင်ထားလိုက်တယ်။”

ဇီနစ်မှသတ်မှတ်ထားသောနောက်ဆုံးရက်ကို အုပ်ချုပ်ရေးပိုင်းမှလိုက်နာမည်လား သို့မဟုတ် နောက်ဆုံးရက်ကို ဆိုင်းငံ့ထားမည်လား ရှင်းရှင်းလင်းလင်း မသိရပါ။ အယူခံတရားရုံးသည် တနင်္ဂနွေညတွင် ဆုံးဖြတ်ချက်ကို အမြန်ဆုံးထုတ်ပေးနိုင်ဖွယ်ရှိသည်။

အက်ဘရီဂို ဂါစီယာသည် ဆယ်ဗာဒိုးတွင် ထိန်းသိမ်းခံထားရသောကြောင့် တရားရေးဌာနမှ ရှေ့နေများက ၎င်းတို့သည် အက်ဘရီဂိုဂါစီယာကို ပြန်ပို့မပေးနိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။ ထို့အပြင် အစိုးရက ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူများကို တူညီသော ဆယ်ဗားဒိုး အကျဉ်းထောင်သို့ ပြန်မပို့ရန် တရားသူကြီး၏ အမိန့်ကို လုံးလုံးလျားလျား လျစ်လျူရှုခြင်းမရှိပါကလျစ်လျူရှုခြင်းဆိုင်ရာ နောက်ထပ်လူဝင်မှု ကြီးကြပ်ရေးကိစ္စတွင် နောက်ထပ်တမှုအဖြစ် စွပ်စွဲခံထားရမည် ဖြစ်သည်။

အက်ဘရီဂို ဂါစီယာကို တရားရုံးသို့ ပြန်လည်အပ်နှံရန် တောင်းဆိုသည့် အမိန့်အာဏာ တရားရုံးတွင် မရှိသလို သမ္မတ ‌ဒေါ်နယ်ထရန့် နိုင်ငံခြားရေးမူဝါဒကို ထိပါးလာသည်ဟု အစိုးရတရားရေးဌာနက ချေပပြောဆိုခဲ့သည်။

ဇီနစ်က တနင်္ဂနွေနေ့တွင်အစိုးရဖက်မှ ခုခံချေပချက်ကိုတုံ့ပြန်ပြောကြားရာတွင် “သူတို့သည် အမေရိကန်ပြင်ပရှိအကျဉ်းထောင်များသို့ ရွှေ့ပြောင်းအခြေချနေထိုင်သူနှင့် အမေရိကန်နိုင်ငံသား မည်သူ့ကိုမဆို အတင်းအကျပ် ပို့ပေးနိုင်သည်ဆိုသည့် အံ့မခန်းအတွေးအခေါ်ကို စွဲကိုင်ထားပြီး သူတို့အနေနှင့် ထို သူများကို ပြန်ခေါ်ယူရန် မဖြစ်နိုင်ကြောင်း အဘယ့်ကြောင့်ဆိုသော် ထိုသူများသည် သူတို့၏ ထိန်းသိမ်းထားမှုအောက်တွင် မရှိတော့၍ ဖြစ်သည်ဟု ပြောင်ပြောင်းတင်းတင်း ပြောဆိုလာခဲ့ကြသဖြင့် တရားရုံး၏ စီရင်ဆုံးဖြတ်ခွင့် ကင်းမဲ့နေကြောင်း ဝေဖန်လိုက်သည်။

“ဒီအကြောင်းကိုလက်တွေ့ကျကျပြောရရင် ဖြစ်ရပ်မှန်တွေနဲ့က တခြားစီပဲ” ဟု သူမက ရေးသားခဲ့သည်။

အက်ဘရီဂို ဂါစီယာ ၂၉ နှစ်သည်အယ်ဆာဗေဒိုး မှထွက်ပြေးပြီး ဆယ်ကျော်သက်အရွယ်တွင် အုပ်စုဖွဲ့အကြမ်းဖက်ဂိုဏ်းများမှ လွတ်မြောက်ရန် အမေရိကန်သို့လာရောက်ခဲ့ကြောင်း ၎င်း၏ရှေ့နေက ပြောကြားခဲ့သည်။ ၂၀၀၆ ခုနှစ်ဝန်းကျင်မှ စတင်ကာ ဂိုဏ်းသားများသည် ၎င်း၏မိဘများကို ခြိမ်းခြောက်ငွေညှစ်ရန် ကြိုးပမ်းမှုဖြင့် ပြန်ပေးဆွဲကာ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း တရားရုံး၏ ရှေ့နေက ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်တွင်၊ အက်ဘရီဂို ဂါစီယာနှင့် အခြားနိုင်ငံသားမဟုတ်သူ သုံးဦးတို့သည် မေရီလင်း ပရင့်ဂျော့ကောင်တီရှိ Home Depot တစ်ခုရှေ့တွင် အလုပ်ရှာရန်ရောက်ရှိနေစဥ် ဖမ်းဆီးခံခဲ့ ရကြောင်း စာရွက်စာတမ်းများအရ သိရသည်။ ရဲတပ်ဖွဲ့က ဂါစီယာ သည် MS-13 ဂိုဏ်းတွင် ပါဝင်ပတ်သက်သည်ဟု လျှို့ဝှက်သတင်းပေးသူတစ်ဦးက တရားရုံးစာရွက်စာတမ်းများအရ ၎င်းတို့အား တက်ကြွသောအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရဲတပ်ဖွဲ့က စွပ်စွဲခဲ့သည်။

ထိုနှစ်တွင် သူအဖမ်းခံရစဉ်တွင် အက်ဘရီဂိုဂါစီယာသည် ဂိုဏ်းဝင်တစ်ဦး ဖြစ်သည်ဟူသော စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး အယ်လ်ဆာဗေးဒေါသို့ ပြန်ပို့ခြင်းကို တားဆီးမည့်အမိန့်အတွက် လူဝင်မှုကြီးကြပ်ရေးတရားသူကြီးထံ တောင်းဆိုခဲ့ကြောင်း တရားရုံးမှတ်တမ်းများအရ သိရသည်။

အယ်လ်ဆာဗေးဒေါသို့ ပြန်သွားပါက ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် သေဆုံးခြင်း ဖြစ်နိုင်မည်ကို စိုးရိမ်သဖြင့် လူဝင်မှုကြီးကြပ်ရေး တရားသူကြီးက ၎င်း၏ တောင်းဆိုမှုကို ခွင့်ပြုခဲ့သဖြင့်သူသည် အချုပ်အနှောင်မှ လွတ်မြောက်ခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ထိန်းသိမ်းရေးဌာနက တရားသူကြီး၏ အမိန့်ကို အယူခံဝင်ကန့်ကွက်ခဲ့ခြင်း မရှိပေ။

သို့သော် ထရန့်အစိုးရက အက်ဘရီဂို ဂါစီယာသည် ဂိုဏ်းဝင်တစ်ဦးဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ ဇီနစ်၏အမိန့်အသက်ဝင်ခြင်းမှ တားဆီးရန် ကြိုးပမ်းမှုတွင် အက်ဘရီဂို ဂါစီယာသည် MS-13 အဖွဲ့ဝင်ဖြစ်ပြီး အမေရိကန်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်ကြောင်း အုပ်ချုပ်ရေးက သက်သေမပြနိုင်ဘဲ ငြင်းဆိုခဲ့သည်။

“သတ်မှတ်ထားသော အကြမ်းဖက်အဖွဲ့အစည်းမှ အဖွဲ့ဝင်ဖြစ်သည့် အက်ဘရီဂို ဂါစီယာအား အမေရိကန်သို့ ပြန်ပို့ရန်အမိန့်သည် အကျုံးမဝင်” ဟု တရားရေးဌာနမှ ရှေ့နေများက ရေးသားခဲ့သည်။

“ဒီလို အကြမ်းဖက် ရက်စက်တဲ့ အဖွဲ့အစည်းမှာ အဖွဲ့ဝင်အဖြစ် တစ်စုံတစ်ဦးကို စွပ်စွဲခံရတဲ့အခါ တရားစီရင်ရေးမှာ စွဲချက်တင်ခြင်း သို့မဟုတ် ရာဇ၀တ်မှုဆိုင်ရာ စွဲချက်တင်ခြင်းပုံစံနဲ့ လုပ်ဆောင်ရတဲ့အတွက် အဖြစ်မှန်ကို အကဲဖြတ်နိုင်ပါတယ်” ဟု သူမက ဆိုသည်။ “ အဲဒါတွေ မတွေ့ရဘူး” ဟုထောက်ပြခဲ့သည်။

တရားရေးဌာနမှ ရှေ့နေ အီရက်ဇ် ရီဗင်နီ(Erez Reuveni) က ဇင်နစ်အား သောကြာနေ့ ကြားနာမှုတွင် “ သူ့ကို အယ်ဆာဗေဒိုသို့ မပို့သင့်ဘူးဆိုတာ ကျွန်ုပ်တို့ ဝန်ခံပါတယ်” ဟု ဆိုခဲ့ပြီး ဇင်နစ်က ဘာကြောင့်သူ့ကို ချုပ်နှောင်ထားခဲ့တာလဲဟု မေးမြန်းသောအခါ “ သူမသိဘူး” ဟု တုံ့ပြန်ခဲ့သည်။

ဇင်နစ်သည် ၎င်း၏ထင်မြင်ချက်ကို တနင်္ဂနွေနေ့တွင် ကိုးကားပြောကြားခဲ့သည်။

“တရားခံ (အစိုးရဖက်မှ ဝန်ခံထားတဲ့အတိုင်း၊ သူ့ကို ဖမ်းဆီးဖို့ တရားဝင် အခွင့်အာဏာ မရှိသလို သူ့ကို ဖမ်းဆီးဖို့ အကြောင်းပြချက်လည်း မရှိသလို အယ်လ်ဆာဗေးဒေါကို ပို့ဖို့ အကြောင်းပြချက်လည်း မရှိဘူး၊ သူ့ကို အနောက်ကမ္ဘာခြမ်းက အန္တရာယ် အရှိဆုံး အကျဉ်းထောင်တွေထဲကို ပို့ခဲ့တာ” ဟု သူမကဆိုသည်။ အစိုးရရှေ့နေ ရီဗင်နီအား သူတရားသူကြီးထံတွင် မှတ်ချက်ပေးခဲ့ခြင်းကြောင့် အစိုးရတရားရေးဌာနမှ သူ့အား အလုပ်မှထုတ်ကာ ခွင့်ရက်ရှည်ပေးခဲ့သည်။

“ကျွန်မရဲ့ လမ်းညွှန်ချက်အရ တရားရေးဌာနတိုင်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကိုယ်စား ထောက်ခံအားပေးဖို့ လိုအပ်ပါတယ်” ဟု ရှေ့နေချုပ်ပမ်းဘွန်ဒီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ဤညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်သည့် ရှေ့နေတိုင်းသည် အကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်မည်”

“ Fox News Sunday” တွင် ပြုလုပ်သောအင်တာဗျူးတစ်ခုတွင် ဘွန်ဒီသည် ရီဗင်နီ၏ မှတ်ချက်များကို “ တရားခံရှေ့နေက ရာဇ၀တ်မှုတစ်ခုအတွက် ဝန်ခံခဲ့သည်” ဟု မှတ်ချက်ပေးပြီး။ “ဒီနိုင်ငံမှာ ဒါမျိုးဘယ်တော့မှ ဖြစ်မလာစေရဘူး” ဟု သူမက ဆိုသည်။

ကီလ်မာ အက်ဘရီဂို ဂါစီယာတွင် အမေရိကန်နိုင်ငံသားဇနီးသည်နှင့်ကလေး၃ယောက်ရှိပြီး သူ့ဇနီးနှင့်ကလေးများသည် သူတို့၏ ဖခင်ဖြစ်သူကို အမြန်ဆုံးပြန်ရောက်စေချင်နေကြပြီး စိုးရိမ်ပူပန်နေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

ဒေလီမြို့တော်ရှိ ပြည်သူသန်းနှင့်ချီ၍ ရက်အတော်ကြာ ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရပြီး အချို့ကမူ လက်ရှိ ရရှိနေသော ရေများမှာ အဆိပ်အတောက်ဖြစ်နေဆဲဟု ဆိုကြသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 11 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက် ဒေလီမြို့တော်၏ ရေအကျပ်အတည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဒေလီမြို့ အနောက်မြောက်ဘက်ရှိ Sharma Enclave
နိုင်ငံတကာသတင်း အမေရိကန် အီတလီ

ဆောင်းရာသီအိုလံပစ်တွင် အမေရိကန်လုံခြုံရေးတိုးမြှင့်ရန် ICE အေးဂျင့်များ စေလွှတ်မှုအပေါ် အီတလီနိုင်ငံသားများ ဒေါသထွက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 10 Views
CNN – ဖေဖော်ဝါရီ ၁၊ ၂၀၂၆ လာမည့်လတွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်၏ လုံခြုံရေးလုပ်ငန်းများကို ကူညီရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 28 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS) တို့ဟာ အထောက်အထားမဲ့ နေထိုင်သူ တွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ့် စီမံချက်တွေကြောင့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား

ဖုန်းစစ်ဆေးခံရမည်ကို စိုးရိမ်သောကြောင့် ဖုံးတွင်ကုဒ်များဖြင့် ပြောဆိုခြင်းနှင့် ရေးသားချက်များကို ဖျက်ပစ်ခြင်းဖြင့် ဗင်နီဇွဲလားနိုင်ငံသားများ အသုံးပြုနေသည့် နည်းဗျူဟာများ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် “မေမေ၊ ချတ် (Chat) တွေကို ဖျက်လိုက်တော့။” “သားရယ်၊ အဲဒါတွေက မှတ်တမ်းတင်ခံရတာမျိုး ဖြစ်လိမ့်မယ်။” “အပြင်မထွက်ခင် ပြောထားတဲ့ စကားတွေကို ဖျက်ထားလိုက်ပါဦး။”
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 28 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 33 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။