နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် လေယာဉ်တင်သင်္ဘော ထရူးမန်သည် တစ်ပတ်အတွင်း တိုက်လေယာဉ် (၂) စီး ဆုံးရှုံး

မေလ (၇) ရက်။

ပင်လယ်နီတွင် လက်ရှိ တပ်ဖြန့်ချထားသော အမေရိကန်လေယာဉ်တင် သင်္ဘော ဟယ်ရီထရူးမန်သည် နောက်ထပ် F/A-18 Super Hornet တိုက်လေယာဉ် ဆုံးရှုံးသွားကြောင်း သိရသည်။ လွန်ခဲ့သည့် တစ်ပတ်ခန့်က လေယာဉ်တင်သင်္ဘောသည် F/A-18 တိုက်လေယာဉ်တစ်စင်းကို ဆုံးရှုံးခဲ့သည်။

မည်သို့ ဖြစ်ပျက်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေသည်ဟု ဆိုသည်။ တိုက်လေယာဉ်သည် လေယာဉ်တင်သင်္ဘောပေါ်သို့ ဆင်းသက်ရန် ကြိုးပမ်းချိန်တွင် ထိန်းချုပ်မှု ချို့ယွင်းမှုအချို့ရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ သင်္ဘောပေါ်သို့ လေယာဉ်ဆင်းချိန် ချိတ်ပေးသည့်ကြိုးနှင့် လွတ်ထွက်သွားသည့်အတွက် လေယာမှူးနှစ်ဦးမှာ ခုန်ထွက်ခဲ့ရပြီး ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ခဲ့သည်။ ဒဏ်ရာအနည်းငယ်ရရှိခဲ့သော်လည်း မစိုးရိမ်ရဟု ဆိုသည်။

သတင်းရင်းမြစ်များ၏ အဆိုအရ အဆိုပါ တိုက်လေယာဉ်သည် ပင်လယ်ထဲသို့ နစ်မြုပ်သွားခဲ့ပြီး ပြန်လည်တွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။

လွန်ခဲ့သည့် တစ်ပတ်ခန့်က လေယာဉ်တင်သင်္ဘောသည် F/A-18 တိုက်လေယာဉ်တစ်စင်းကို ဆုံးရှုံးခဲ့သည်။ ယင်းဖြစ်စဉ်တွင် F/A-18 သည် ယီမင်ရှိ ဟူသီသူပုန်များ၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် လျင်မြန်စွာလှည့်ရှောင်ပြီးနောက် ပင်လယ်ထဲသို့ ပြုတ်ကျခဲ့သည်ဟု သိရသည်။

ရေတပ်၏ အဆိုအရ F/A-18 တိုက်လေယာဉ်တစ်စီး၏တန်ဖိုးသည် ဒေါ်လာ သန်း ၆၀ ကျော် ဖြစ်သည်ဟု သိရသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ပင်လယ်နီတွင် ရွက်လွှင့်နေသော သင်္ဘောများကို ဟူသီများက စတင်တိုက်ခိုက်ချိန်မှစ၍ ပင်လယ်နီတွင် တပ်စွဲထားသော အမေရိကန် ရေတပ်တပ်ဖွဲ့များသည် ဟူသီသူပုန်များ၏ တိုက်ခိုက်မှုကို အကြိမ်ကြိမ် ခံခဲ့ရသည်။ ၂၀၂၄ ခုနှစ်တွင် ဟူသီသူပုန်များက ပစ်လွှတ်လိုက်သော ခရုဇ်ဒုံးကျည်တစ်စင်းသည် သင်္ဘောအနီး 1.6 ကီလိုမီတာခန့်အကွာသို့ ကျရောက်ခါနီး စက္ကန့်ပိုင်းမျှအလိုတွင် နောက်ဆုံးကာကွယ်ရေးစနစ်ဖြစ်သည့် Close-in Defense System (CIWS) ကို အသုံးပြုခဲ့ရသည်ဟု သိရသည်။

ဓာတ်ပုံ

F/A-18 Super Hornet တိုက်လေယာဉ် မေလ (၂) ရက်နေ့၌ ပျံသန်းရန် ပြင်ဆင်နေစဉ် (အမေရိကန်ရေတပ်/ဖိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 22 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ