နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 9 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် လေယာဉ်တင်သင်္ဘော ထရူးမန်သည် တစ်ပတ်အတွင်း တိုက်လေယာဉ် (၂) စီး ဆုံးရှုံး

မေလ (၇) ရက်။

ပင်လယ်နီတွင် လက်ရှိ တပ်ဖြန့်ချထားသော အမေရိကန်လေယာဉ်တင် သင်္ဘော ဟယ်ရီထရူးမန်သည် နောက်ထပ် F/A-18 Super Hornet တိုက်လေယာဉ် ဆုံးရှုံးသွားကြောင်း သိရသည်။ လွန်ခဲ့သည့် တစ်ပတ်ခန့်က လေယာဉ်တင်သင်္ဘောသည် F/A-18 တိုက်လေယာဉ်တစ်စင်းကို ဆုံးရှုံးခဲ့သည်။

မည်သို့ ဖြစ်ပျက်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေသည်ဟု ဆိုသည်။ တိုက်လေယာဉ်သည် လေယာဉ်တင်သင်္ဘောပေါ်သို့ ဆင်းသက်ရန် ကြိုးပမ်းချိန်တွင် ထိန်းချုပ်မှု ချို့ယွင်းမှုအချို့ရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ သင်္ဘောပေါ်သို့ လေယာဉ်ဆင်းချိန် ချိတ်ပေးသည့်ကြိုးနှင့် လွတ်ထွက်သွားသည့်အတွက် လေယာမှူးနှစ်ဦးမှာ ခုန်ထွက်ခဲ့ရပြီး ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ခဲ့သည်။ ဒဏ်ရာအနည်းငယ်ရရှိခဲ့သော်လည်း မစိုးရိမ်ရဟု ဆိုသည်။

သတင်းရင်းမြစ်များ၏ အဆိုအရ အဆိုပါ တိုက်လေယာဉ်သည် ပင်လယ်ထဲသို့ နစ်မြုပ်သွားခဲ့ပြီး ပြန်လည်တွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။

လွန်ခဲ့သည့် တစ်ပတ်ခန့်က လေယာဉ်တင်သင်္ဘောသည် F/A-18 တိုက်လေယာဉ်တစ်စင်းကို ဆုံးရှုံးခဲ့သည်။ ယင်းဖြစ်စဉ်တွင် F/A-18 သည် ယီမင်ရှိ ဟူသီသူပုန်များ၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် လျင်မြန်စွာလှည့်ရှောင်ပြီးနောက် ပင်လယ်ထဲသို့ ပြုတ်ကျခဲ့သည်ဟု သိရသည်။

ရေတပ်၏ အဆိုအရ F/A-18 တိုက်လေယာဉ်တစ်စီး၏တန်ဖိုးသည် ဒေါ်လာ သန်း ၆၀ ကျော် ဖြစ်သည်ဟု သိရသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ပင်လယ်နီတွင် ရွက်လွှင့်နေသော သင်္ဘောများကို ဟူသီများက စတင်တိုက်ခိုက်ချိန်မှစ၍ ပင်လယ်နီတွင် တပ်စွဲထားသော အမေရိကန် ရေတပ်တပ်ဖွဲ့များသည် ဟူသီသူပုန်များ၏ တိုက်ခိုက်မှုကို အကြိမ်ကြိမ် ခံခဲ့ရသည်။ ၂၀၂၄ ခုနှစ်တွင် ဟူသီသူပုန်များက ပစ်လွှတ်လိုက်သော ခရုဇ်ဒုံးကျည်တစ်စင်းသည် သင်္ဘောအနီး 1.6 ကီလိုမီတာခန့်အကွာသို့ ကျရောက်ခါနီး စက္ကန့်ပိုင်းမျှအလိုတွင် နောက်ဆုံးကာကွယ်ရေးစနစ်ဖြစ်သည့် Close-in Defense System (CIWS) ကို အသုံးပြုခဲ့ရသည်ဟု သိရသည်။

ဓာတ်ပုံ

F/A-18 Super Hornet တိုက်လေယာဉ် မေလ (၂) ရက်နေ့၌ ပျံသန်းရန် ပြင်ဆင်နေစဉ် (အမေရိကန်ရေတပ်/ဖိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 55 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 55 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 58 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 54 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 58 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 66 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 63 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက