နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ပါကစ္စတန်သည် အလုံးစုံစစ်ပွဲကြီးကို ရှောင်ရှားရန် ကြိုးစားနေသည်ဟုဆို

မေလ (၇) ရက်။

ပါကစ္စတန်သည် အလုံးစုံစစ်ပွဲကြီးကို ရှောင်ရှားရန် ကြိုးစားနေကြောင်း ကာကွယ်ရေး ဝန်ကြီးက CNN သို့ ပြောကြားခဲ့သည်။

အိန္ဒိယ၏နောက်ဆုံးထိုးစစ်သည် အိမ်နီးချင်းနှစ်နိုင်ငံကြား ပဋိပက္ခကို ချဲ့ထွင်ရန် ဖိတ်ခေါ်မှုဖြစ်ကြောင်း ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးက သတိပေးထားသော်လည်း အစ္စလာမာဘတ်သည် အလုံးစုံစစ်ပွဲကြီးကို ရှောင်ရှားရန် ကြိုးစားနေကြောင်း အသိပေးခဲ့သည်။

ပန်ဂျပ်နှင့် ပါကစ္စတန် အုပ်ချုပ်သည့် ကက်ရှ်မီးယားတွင် ဗုဒ္ဓဟူးနေ့အစောပိုင်းက နယူးဒေလီ၏ သေမင်းတမန် တိုက်ခိုက်မှုသည် “ပြတ်ပြတ်သားသား ချိုးဖောက်မှု” ဖြစ်သည်ဟု ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မိုဟာမက်အရှစ်ဖ် (Khawaja Muhammad Asif) က ပြောကြားခဲ့သည်။

“ (အိန္ဒိယ) ဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ နယ်နိမိတ်ကို ဖြတ်ကျော်ခဲ့တယ်” ဟု အရှစ်ဖ် မှ CNN ၏ ဘက်ကီအင်ဒါဆင် (Becky Anderson)တင်ဆက်သည့် Connect the World အစီအစဥ်တွင် ပြောကြားခဲ့သည်။ “ဒါဟာ ပြတ်ပြတ်သားသား ချိုးဖောက်မှုဖြစ်ပြီး ပဋိပက္ခကို ချဲ့ထွင်ဖို့ ဖိတ်ခေါ်ချက်တစ်ခုဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်က ဒေသတွင်းအတွက် ပိုကျယ်ပြီး ပိုအန္တရာယ်များတဲ့ အခြေအနေအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။”

ကမ္ဘာပေါ်ရှိ စစ်အင်အား အများဆုံးနေရာများတွင် ဆယ်စုနှစ်များစွာ တင်းမာမှုများ ရှိနေပြီးနောက် အိန္ဒိယသည် ယခုသီတင်းပတ်တွင် “လောင်းကြေးများ” ကို မြှင့်တင်လိုက်ပြီးနောက် ပါကစ္စတန်စစ်တပ်သည် “အလုံးစုံစစ်ပွဲ” မဖြစ်ရန် ထိန်းသိမ်းထားကြောင်း ၎င်းက အခိုင်အမာပြောကြားခဲ့သည်။

“နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ စစ်ပွဲတစ်ခုလုံးအတွက် ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။ အိန္ဒိယက ဒီပဋိပက္ခရဲ့ လောင်းကြေးတွေကို တိုးမြှင့်နေတာကိုတော့ သံသယဖြစ်စရာ လုံးဝမရှိပါဘူး” ဟု အရှစ်ဖ် က ပြောကြားခဲ့သည်။ “ ဒါကြောင့် ကျွန်တော်တို့ အကာအကွယ်တွေကို ဖြုတ်ချထားပြီး အတိုက်ခိုက်ခံလို့ မရဘူး”

အိန္ဒိယနိုင်ငံ၏ တိုက်ခိုက်မှုတွင် ၃ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် အနည်းဆုံး လူ ၂၆ ဦး သေဆုံးပြီး အခြား လူ ၄၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ပါကစ္စတန် စစ်ဘက်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အိန္ဒိယအုပ်ချုပ်သည့်နယ်စပ်တွင် ပါကစ္စတန်၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ရသည်ဟု အိန္ဒိယ ကာကွယ်ရေး အကြီးတန်း သတင်းရင်းမြစ်တစ်ခုက ပြောဆိုထားပါသည်။

CNN သတင်း။

ဓာတ်ပုံ။

ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မိုဟာမက်အရှစ်ဖ် (Khawaja Muhammad Asif)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 27 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 30 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ