နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

နေတန်ယာဟုက ဝိုင်းရံထားသော နယ်မြေအား အပြည့်အ၀ သိမ်းပိုက်ရန် စဉ်းစားနေချိန်တွင် အစ္စရေးစစ်တပ်အကြီးအကဲက ဂါဇာကို သိမ်းပိုက်ရန် ကိစ္စကိုသတိပေးခဲ့သည်။

CNN- ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၇ရက်

ဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ရာဟု က ဝိုင်းရံထားသော နယ်မြေအား သိမ်းပိုက်ရန်အတွက် အမိန့်ထုတ်ရန် စဉ်းစားနေချိန်တွင် အစ္စရေး၏ စစ်ဦးစီးချုပ်က ဂါဇာကို အပြည့်အဝ သိမ်းယူရန် သတိပေးခဲ့ကြောင်းအစ္စရေး၏ရင်းမြစ်သုံးခုမှဆိုသည်။

အင်္ဂါနေ့ညနေပိုင်းတွင် ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံမှုတွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အာရယ်ဇာမီယာ(Eyal Zamir) က ဂါဇာကို အပြည့်အဝ သိမ်းပိုက်နိုင်မှုသည် စစ်တပ်ကိုကျွန်းဆွယ်အတွင်း ပိတ်မိစေနိုင်ပြီး ကျန်ရှိသော ဓားစာခံများကိုလည်း အန္တရာယ်ဖြစ်စေနိုင်ကြောင်း သတိပေးခဲ့သည်ဟု သတင်းရင်းမြစ် များက ဆိုသည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် အစ္စရေးတပ်ဖွဲ့များအပေါ် ဝန်ထုပ်ဝန်ပိုး တိုးလာစေမည်ဖြစ်ပြီး တပ်ဖွဲ့ဝင်များသည်လက်ရှိတွင် အင်အားဆုတ်ယုတ်လာနေခြင်းနှင့် အရန်တပ်ဖွဲ့များကြားတွင် ပါဝင်သူများသည်လည်းပင်ပန်းနွမ်းနယ်နေကြပြီဟု ဇာမီယာ (Zamir) က ပြောကြားခဲ့သည်။

ရင်းမြစ်နှစ်ခုအဆိုအရဇာမီယာ၏အစီအစဉ်သည် ဓားစာခံများဖမ်းဆီးထားနိုင်သည့် ဂါဇာမြို့နှင့် အခြားရပ်ကွက်များကို ဝိုင်းရံပတ်ထားရန်အတွက် တောင်းဆိုထားပြီး နေတန်ယာဟုက ဧရိယာများ၏ ဗဟိုချက်သို့ ပိုမိုကျူးကျော်ဝင်ရောက်ရန် တွန်းအား ပေးနေခဲ့သည်။

နေတန်ယာဟုသည် “ကမ်းမြှောင်ကို သိမ်းပိုက်ခြင်း” အပြည့်အစုံကို ထောက်ခံရန် ကြာသပတေးနေ့တွင် လုံခြုံရေးဝန်ကြီးအဖွဲ့အစည်းအဝေးကို တိုက်တွန်းမည်ဖြစ်ကြောင်း CNN က ဖော်ပြခဲ့သည် ။ အစ္စရေးအစိုးရသည် အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံတကာ ဖိအားပေးမှုကို ခံနေသည့်အချိန်တွင် အစ္စရေး၏ ဂါဇာကို သိမ်းပိုက်ရန်လှုံဆော်မှု သည်အဓိက အထိမ်းအမှတ်ဖြစ်လာနိုင်သည်။

နောက်ဆုံးသဘောထားကွဲလွဲမှုသည် အစ္စရေး၏စစ်ခေါင်းဆောင်ပိုင်းနှင့် ၎င်း၏နိုင်ငံရေး ဆိုင်ရာ သဘောထားကွဲလွဲမှုကြီးထွားလာမှုကို အလေးပေးဖော်ပြသည်။ အစ္စရေးစစ်တပ်သည် စစ်ပွဲကိုအဆုံးသတ်ရန်အတွက် သံတမန်ရေးအရလုပ်ဆောင်ရန် အကြံပြုထားပြီး နေတန်ယာဟုနှင့် ၎င်း၏အစိုးရတို့သည် အမြင့်ဆုံးအလုံးစုံသိမ်းပိုက်နိုင်ရေးပန်းတိုင်ကို တွန်းအားပေးခဲ့ကြသည်။

နှစ်နှစ်နီးပါးကြာ စစ်ပွဲအပြီးတွင် ဂါဇာကမ်းမြောင်ဒေသ၏ ၇၅ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ် ထားပြီးဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောကြားပြီး နယ်မြေအများအပြား တွင် အပျက်အစီးများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်ခဲ့သည်။ အစ္စရေးသည် လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်ခုက ဂါဇာကမ်းမြောင်မှ ဆုတ်ခွာသွားခဲ့သော်လည်း စစ်ရေးအရ အလုံးစုံသိမ်းပိုက်မှုသည် IDF ကို နောက်တစ်ကြိမ် ထောင်ချောက်ထဲတွင် မိသွားနိုင်ကြောင်း ဇမီယာက သတိပေးခဲ့သည်။

ဇမီယာ ၏သတိပေးချက်သည် အစ္စရေးအစိုးရထဲရှိ လက်ယာစွန်းပါတီများနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး လက်ယာစွန်းပါတီများက ဟားမတ်စ်များကို ဖျက်ဆီးရန် အစ္စရေးမှ ဗုံးကြဲတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ရန် နှင့် ဂါဇာကို ချဲ့ထွင်ရန် ထပ်ခါတလဲလဲ တောင်းဆို ခဲ့ပြီး ဟားမတ်စ်များကို ဖျက်ဆီးရန် နှစ်နှစ်နီးပါးကြာ တိုက်ပွဲများ ဖြစ်ပွား နေသော်လည်း အစ္စရေးက မလုပ်ဆောင်နိုင်ခဲ့ဘဲရှိခဲ့သည်။

အမျိုးသားလုံခြုံရေးဝန်ကြီး အိုင်တာမာ ဘန်ဂူဗာ(Itamar Ben-Gvir) ကဆိုရှယ်မီဒီယာတွင်  ဇမီယာ လူသိရှင်ကြားပြောဆိုချက်သည် သူကိုယ်ပိုင်ပြောဆို ချက်သာဖြစ်ပြီး သူသည် နိုင်ငံ၏နိုင်ငံရေးဦးဆောင်မှုကအုပ်စိုးရန် ပြတ်ပြတ်သားသားလုပ်ဆောင်မှုနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်တစ်ခုချခဲ့လျှင် ထိုနောက်သို့ လိုက်ပါလုပ်ဆောင် ရမည်ဖြစ်ကြောင်း တောင်းဆို ခဲ့သည်။

အင်္ဂါနေ့အစည်းအဝေးအပြီးတွင် ဝန်ကြီးချုပ်ရုံးက “IDF သည် လုံခြုံရေးဝန်ကြီးအဖွဲ့မှ ချမှတ်ထားသော မည်သည့်ဆုံးဖြတ်ချက်ကိုမဆို အကောင်အထည်ဖော်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်” ဟု ဖော်ပြထားသည်။

ဗုဒ္ဓဟူးနေ့တွင်၊ နေတန်ယာဟုသည်အစ္စရေးအတိုက်အခံခေါင်းဆောင် ယာအာလပစ်(Yair Lapid) နှင့်တွေ့ဆုံခဲ့သည်။ ယာအာလပစ်က ဂါဇာကိုသိမ်းပိုက်ခြင်းမှာ အလွန်ဆိုးရွားသော အကြံဉာဏ်ဖြစ်သည်ဟု ဗီဒီယိုထုတ်ပြန်ချက်တစ်ခုကိုထုတ်ပြန်ခဲ့သည့်

“နိုင်ငံအများစုက မင်းနောက်ကွယ်မှာ မရှိမချင်း ဒီလိုမျိုး လှုပ်ရှားမှုကို မလုပ်ပါနဲ့” ဟု လပစ် က ဆိုသည်။ အစ္စရေးတွေက ဒီစစ်ပွဲကို စိတ်မဝင်စားဘူး၊ အဲဒီစစ်ပွဲအတွက် ငါတို့က ပေးဆပ်ရမယ့်တန်ဖိုးတွေအများကြီးရှိတယ်”။

သဘောထားကောက်ခံမှုအရအစ္စရေးအများစုသည် စစ်ပွဲအဆုံးသတ်ရေးနှင့် ဂါဇာတွင် ကျန်ရှိသော ဓားစာခံ ၅၀ ကို လွှတ်ပေးရန် လိုလားကြောင်းထပ်ခါတလဲလဲ ပြသခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာနသည် ဗုဒ္ဓဟူးနေ့တွင် ရက်သတ္တပတ်များ အတွင်း ၎င်း၏သေဆုံးမှုအများဆုံးသတင်းကိုထုတ်ပြန်ခဲ့ပြီး လွန်ခဲ့သည့် ၂၄ နာရီအတွင်း ၁၃၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ငတ်မွတ်ခေါင်းပါးမှုကြောင့် လူငါးဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီး ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုကြောင့် သေဆုံးခဲ့ရသူ အရေအတွက်မှာ ကလေးငယ် ၉၆ ဦးအပါအဝင် စုစုပေါင်း ၁၉၃ ဦးအထိ ရှိလာပြီဖြစ်သည်။

ဂါဇာကမ်းမြှောင်တွင် ဇူလိုင်လ ၂၈ ရက်နေ့အထိ ကျန်ရှိနေသော စိုက်ပျိုးနိုင်သော မြေပမာဏ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းသာ ပျက်စီးခြင်းမရှိဘဲလုပ်ကိုင်နိုင်ကြောင်း ကုလသမဂ္ဂအချက်အလက်များက တွေ့ရှိခဲ့ပြီး အလွန်သေးငယ်သော မြေတွင်သာ စိုက်ပျိုးနိုင်ပြီး အခြားနေရာများတွင် ငတ်မွတ်ခေါင်းပါးမှု ကျွန်းဆွယ်တွင် ပြင်းထန်စွာ ဖြစ်နေခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသသို့ ထောက်ပံ့ကူညီပို့ဆောင်ပေးရန်တာဝန်ရှိသည့် အစ္စရေးအေဂျင်စီ COGAT က ဂါဇာကမ်းမြောင်ဒေသသို့ ထရပ်ကားအစီးရေ ၃၀၀ နီးပါး ဝင်ရောက်ခဲ့ပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အင်္ဂါနေ့တွင် စုဆောင်းဝေငှပေးခဲ့ကြောင်း၊ အပိုဆောင်းအနေနှင့် အကူအညီအထုပ်အပိုး ၁၁၀ ကို ယူအေအီး၊ အီဂျစ်၊ ဂျော်ဒန်၊ ဂျာမနီ၊ ကနေဒါနှင့် ဘယ်လ်ဂျီယံတို့နှင့် ပူးပေါင်း၍ လေကြောင်းမှ ကြဲချခဲ့ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း ဟားမတ်စ်ထိန်းချုပ်ထားသော မီဒီယာရုံးမှ အင်္ဂါနေ့တွင် ထရပ်ကား ၈၄ စီးသာ ကျွန်းဆွယ်အတွင်းသို့ ရောက်ရှိလာပြီး လူဦးရေ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် နေ့စဉ် အနည်းဆုံး ထောက်ပံ့ရေးနှင့် လောင်စာဆီတင်ကား ၆၀၀ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 22 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ