နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

နေတန်ယာဟုက ဝိုင်းရံထားသော နယ်မြေအား အပြည့်အ၀ သိမ်းပိုက်ရန် စဉ်းစားနေချိန်တွင် အစ္စရေးစစ်တပ်အကြီးအကဲက ဂါဇာကို သိမ်းပိုက်ရန် ကိစ္စကိုသတိပေးခဲ့သည်။

CNN- ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၇ရက်

ဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ရာဟု က ဝိုင်းရံထားသော နယ်မြေအား သိမ်းပိုက်ရန်အတွက် အမိန့်ထုတ်ရန် စဉ်းစားနေချိန်တွင် အစ္စရေး၏ စစ်ဦးစီးချုပ်က ဂါဇာကို အပြည့်အဝ သိမ်းယူရန် သတိပေးခဲ့ကြောင်းအစ္စရေး၏ရင်းမြစ်သုံးခုမှဆိုသည်။

အင်္ဂါနေ့ညနေပိုင်းတွင် ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံမှုတွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အာရယ်ဇာမီယာ(Eyal Zamir) က ဂါဇာကို အပြည့်အဝ သိမ်းပိုက်နိုင်မှုသည် စစ်တပ်ကိုကျွန်းဆွယ်အတွင်း ပိတ်မိစေနိုင်ပြီး ကျန်ရှိသော ဓားစာခံများကိုလည်း အန္တရာယ်ဖြစ်စေနိုင်ကြောင်း သတိပေးခဲ့သည်ဟု သတင်းရင်းမြစ် များက ဆိုသည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် အစ္စရေးတပ်ဖွဲ့များအပေါ် ဝန်ထုပ်ဝန်ပိုး တိုးလာစေမည်ဖြစ်ပြီး တပ်ဖွဲ့ဝင်များသည်လက်ရှိတွင် အင်အားဆုတ်ယုတ်လာနေခြင်းနှင့် အရန်တပ်ဖွဲ့များကြားတွင် ပါဝင်သူများသည်လည်းပင်ပန်းနွမ်းနယ်နေကြပြီဟု ဇာမီယာ (Zamir) က ပြောကြားခဲ့သည်။

ရင်းမြစ်နှစ်ခုအဆိုအရဇာမီယာ၏အစီအစဉ်သည် ဓားစာခံများဖမ်းဆီးထားနိုင်သည့် ဂါဇာမြို့နှင့် အခြားရပ်ကွက်များကို ဝိုင်းရံပတ်ထားရန်အတွက် တောင်းဆိုထားပြီး နေတန်ယာဟုက ဧရိယာများ၏ ဗဟိုချက်သို့ ပိုမိုကျူးကျော်ဝင်ရောက်ရန် တွန်းအား ပေးနေခဲ့သည်။

နေတန်ယာဟုသည် “ကမ်းမြှောင်ကို သိမ်းပိုက်ခြင်း” အပြည့်အစုံကို ထောက်ခံရန် ကြာသပတေးနေ့တွင် လုံခြုံရေးဝန်ကြီးအဖွဲ့အစည်းအဝေးကို တိုက်တွန်းမည်ဖြစ်ကြောင်း CNN က ဖော်ပြခဲ့သည် ။ အစ္စရေးအစိုးရသည် အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံတကာ ဖိအားပေးမှုကို ခံနေသည့်အချိန်တွင် အစ္စရေး၏ ဂါဇာကို သိမ်းပိုက်ရန်လှုံဆော်မှု သည်အဓိက အထိမ်းအမှတ်ဖြစ်လာနိုင်သည်။

နောက်ဆုံးသဘောထားကွဲလွဲမှုသည် အစ္စရေး၏စစ်ခေါင်းဆောင်ပိုင်းနှင့် ၎င်း၏နိုင်ငံရေး ဆိုင်ရာ သဘောထားကွဲလွဲမှုကြီးထွားလာမှုကို အလေးပေးဖော်ပြသည်။ အစ္စရေးစစ်တပ်သည် စစ်ပွဲကိုအဆုံးသတ်ရန်အတွက် သံတမန်ရေးအရလုပ်ဆောင်ရန် အကြံပြုထားပြီး နေတန်ယာဟုနှင့် ၎င်း၏အစိုးရတို့သည် အမြင့်ဆုံးအလုံးစုံသိမ်းပိုက်နိုင်ရေးပန်းတိုင်ကို တွန်းအားပေးခဲ့ကြသည်။

နှစ်နှစ်နီးပါးကြာ စစ်ပွဲအပြီးတွင် ဂါဇာကမ်းမြောင်ဒေသ၏ ၇၅ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ် ထားပြီးဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောကြားပြီး နယ်မြေအများအပြား တွင် အပျက်အစီးများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်ခဲ့သည်။ အစ္စရေးသည် လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်ခုက ဂါဇာကမ်းမြောင်မှ ဆုတ်ခွာသွားခဲ့သော်လည်း စစ်ရေးအရ အလုံးစုံသိမ်းပိုက်မှုသည် IDF ကို နောက်တစ်ကြိမ် ထောင်ချောက်ထဲတွင် မိသွားနိုင်ကြောင်း ဇမီယာက သတိပေးခဲ့သည်။

ဇမီယာ ၏သတိပေးချက်သည် အစ္စရေးအစိုးရထဲရှိ လက်ယာစွန်းပါတီများနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး လက်ယာစွန်းပါတီများက ဟားမတ်စ်များကို ဖျက်ဆီးရန် အစ္စရေးမှ ဗုံးကြဲတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ရန် နှင့် ဂါဇာကို ချဲ့ထွင်ရန် ထပ်ခါတလဲလဲ တောင်းဆို ခဲ့ပြီး ဟားမတ်စ်များကို ဖျက်ဆီးရန် နှစ်နှစ်နီးပါးကြာ တိုက်ပွဲများ ဖြစ်ပွား နေသော်လည်း အစ္စရေးက မလုပ်ဆောင်နိုင်ခဲ့ဘဲရှိခဲ့သည်။

အမျိုးသားလုံခြုံရေးဝန်ကြီး အိုင်တာမာ ဘန်ဂူဗာ(Itamar Ben-Gvir) ကဆိုရှယ်မီဒီယာတွင်  ဇမီယာ လူသိရှင်ကြားပြောဆိုချက်သည် သူကိုယ်ပိုင်ပြောဆို ချက်သာဖြစ်ပြီး သူသည် နိုင်ငံ၏နိုင်ငံရေးဦးဆောင်မှုကအုပ်စိုးရန် ပြတ်ပြတ်သားသားလုပ်ဆောင်မှုနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်တစ်ခုချခဲ့လျှင် ထိုနောက်သို့ လိုက်ပါလုပ်ဆောင် ရမည်ဖြစ်ကြောင်း တောင်းဆို ခဲ့သည်။

အင်္ဂါနေ့အစည်းအဝေးအပြီးတွင် ဝန်ကြီးချုပ်ရုံးက “IDF သည် လုံခြုံရေးဝန်ကြီးအဖွဲ့မှ ချမှတ်ထားသော မည်သည့်ဆုံးဖြတ်ချက်ကိုမဆို အကောင်အထည်ဖော်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်” ဟု ဖော်ပြထားသည်။

ဗုဒ္ဓဟူးနေ့တွင်၊ နေတန်ယာဟုသည်အစ္စရေးအတိုက်အခံခေါင်းဆောင် ယာအာလပစ်(Yair Lapid) နှင့်တွေ့ဆုံခဲ့သည်။ ယာအာလပစ်က ဂါဇာကိုသိမ်းပိုက်ခြင်းမှာ အလွန်ဆိုးရွားသော အကြံဉာဏ်ဖြစ်သည်ဟု ဗီဒီယိုထုတ်ပြန်ချက်တစ်ခုကိုထုတ်ပြန်ခဲ့သည့်

“နိုင်ငံအများစုက မင်းနောက်ကွယ်မှာ မရှိမချင်း ဒီလိုမျိုး လှုပ်ရှားမှုကို မလုပ်ပါနဲ့” ဟု လပစ် က ဆိုသည်။ အစ္စရေးတွေက ဒီစစ်ပွဲကို စိတ်မဝင်စားဘူး၊ အဲဒီစစ်ပွဲအတွက် ငါတို့က ပေးဆပ်ရမယ့်တန်ဖိုးတွေအများကြီးရှိတယ်”။

သဘောထားကောက်ခံမှုအရအစ္စရေးအများစုသည် စစ်ပွဲအဆုံးသတ်ရေးနှင့် ဂါဇာတွင် ကျန်ရှိသော ဓားစာခံ ၅၀ ကို လွှတ်ပေးရန် လိုလားကြောင်းထပ်ခါတလဲလဲ ပြသခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာနသည် ဗုဒ္ဓဟူးနေ့တွင် ရက်သတ္တပတ်များ အတွင်း ၎င်း၏သေဆုံးမှုအများဆုံးသတင်းကိုထုတ်ပြန်ခဲ့ပြီး လွန်ခဲ့သည့် ၂၄ နာရီအတွင်း ၁၃၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ငတ်မွတ်ခေါင်းပါးမှုကြောင့် လူငါးဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီး ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုကြောင့် သေဆုံးခဲ့ရသူ အရေအတွက်မှာ ကလေးငယ် ၉၆ ဦးအပါအဝင် စုစုပေါင်း ၁၉၃ ဦးအထိ ရှိလာပြီဖြစ်သည်။

ဂါဇာကမ်းမြှောင်တွင် ဇူလိုင်လ ၂၈ ရက်နေ့အထိ ကျန်ရှိနေသော စိုက်ပျိုးနိုင်သော မြေပမာဏ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းသာ ပျက်စီးခြင်းမရှိဘဲလုပ်ကိုင်နိုင်ကြောင်း ကုလသမဂ္ဂအချက်အလက်များက တွေ့ရှိခဲ့ပြီး အလွန်သေးငယ်သော မြေတွင်သာ စိုက်ပျိုးနိုင်ပြီး အခြားနေရာများတွင် ငတ်မွတ်ခေါင်းပါးမှု ကျွန်းဆွယ်တွင် ပြင်းထန်စွာ ဖြစ်နေခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသသို့ ထောက်ပံ့ကူညီပို့ဆောင်ပေးရန်တာဝန်ရှိသည့် အစ္စရေးအေဂျင်စီ COGAT က ဂါဇာကမ်းမြောင်ဒေသသို့ ထရပ်ကားအစီးရေ ၃၀၀ နီးပါး ဝင်ရောက်ခဲ့ပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အင်္ဂါနေ့တွင် စုဆောင်းဝေငှပေးခဲ့ကြောင်း၊ အပိုဆောင်းအနေနှင့် အကူအညီအထုပ်အပိုး ၁၁၀ ကို ယူအေအီး၊ အီဂျစ်၊ ဂျော်ဒန်၊ ဂျာမနီ၊ ကနေဒါနှင့် ဘယ်လ်ဂျီယံတို့နှင့် ပူးပေါင်း၍ လေကြောင်းမှ ကြဲချခဲ့ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း ဟားမတ်စ်ထိန်းချုပ်ထားသော မီဒီယာရုံးမှ အင်္ဂါနေ့တွင် ထရပ်ကား ၈၄ စီးသာ ကျွန်းဆွယ်အတွင်းသို့ ရောက်ရှိလာပြီး လူဦးရေ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် နေ့စဉ် အနည်းဆုံး ထောက်ပံ့ရေးနှင့် လောင်စာဆီတင်ကား ၆၀၀ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 9 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက်
နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်များနှင့် သူမအလုပ်လုပ်ကိုင်ရာ သတင်းဌာနက ပြောကြား ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

ဟက်ဂ်ဆက်သ်က အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို အီရန်စစ်ပွဲအတွင်း ရာထူးမှထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွား နေစဉ်အတွင်း အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်