နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားက စစ်ပွဲအတွင်း အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုအဖြစ် ယူကရိန်း အစိုးရအဆောက်အအုံကို ပထမဆုံးအကြိမ် တိုက်ခိုက်

CNN – ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၇ရက်

ကိဗ်၊ ယူကရိန်း — ရုရှားသည် တနင်္ဂနွေနေ့ နံနက်ခင်းတွင် ယူကရိန်းစစ်ပွဲအတွင်း အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ပြီး မောင်းသူမဲ့လေယာဉ် ၈၀၀ ကျော်ကို အသုံးပြုကာ ကိဗ်မြို့ရှိ အစိုးရအဆောက်အအုံကို ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့သည်။

မြို့တော်ရှိ လူနေအဆောက်အအုံအချို့ကို မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်မှုအတွင်း ကလေးငယ်တစ်ဦး အပါအဝင် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ကြောင်း၊ ကိဗ်မြို့ရုံးက ပြောကြားခဲ့ပြီး မြို့တော်သည် လေကြောင်းရန်ကာကွယ်ရေး အချက်ပေးသံကို ၁၁ နာရီကြာ ကြားခဲ့ရသည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက X တွင် တနင်္ဂနွေနေ့ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် အရပ်သား လေးဦး သေဆုံးခဲ့ပြီး ၄၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းလေတပ်၏ ပြောကြားချက်အရ မော်စကို၏ တပ်ဖွဲ့များသည် မောင်းသူမဲ့လေယာဉ် စုစုပေါင်း ၈၁၀ စီး၊ ပဲ့ထိန်း ဒုံးခွင်းဒုံးလေးစင်းနှင့် ခရုစ်ဒုံးခွင့် ကိုးစင်းကို ပစ်လွှတ်ခဲ့သည်။ လေကြောင်းကာကွယ်ရေးစနစ်များက အများစုကို ပစ်ချခဲ့သော်လည်း မောင်းသူမဲ့လေယာဉ် ၅၄ စီးနှင့် ဒုံးခွင့် ကိုးစင်းသည် ယူကရိန်းတစ်နိုင်ငံလုံးရှိ ပစ်မှတ်များကို ထိမှန်ခဲ့ကြောင်း လေတပ်က ပြောကြားခဲ့သည်။

ယင်းသည် ဖေဖော်ဝါရီ ၂၀၂၂ တွင် ရုရှားက ၎င်း၏ အိမ်နီးချင်းနိုင်ငံကို အလုံးစုံ ကျူးကျော်ဝင်ရောက်ခဲ့သည့် စစ်ပွဲ၏ ယခင်က အကြီးမားဆုံး တိုက်ခိုက်မှုဖြစ်သည့် ပြီးခဲ့သည့် ဇူလိုင်လ မော်စကို၏ တိုက်ခိုက်မှုထက် ပိုမိုကြီးမားသည်။ ၎င်းသည် ကိဗ်၏ အနောက်တိုင်း မဟာမိတ်များက ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဖျန်ဖြေရန် ကြိုးပမ်းမှုများအပြီးတွင် ဖြစ်ပွားခဲ့သည်။

ဇီလန်းစကီးက နောက်ဆုံးတိုက်ခိုက်မှုကို “ ယုတ်မာသော” တိုက်ခိုက်မှုဟု ဖော်ပြခဲ့ပြီး “ အရင်ကတည်းက တကယ့် သံတမန်ရေးအရ စတင်နိုင်ခဲ့ချိန်မှာ အခုလို သတ်ဖြတ်မှုတွေက ရည်ရွယ်ရှိရှိ ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ပွဲကို ရှည်ကြာစေတာပါ” ဟု ပြောကြားခဲ့သည်။

“ ကမ္ဘာက ကရင်မလင်ရဲ့ ရာဇဝတ်ကောင်တွေကို သတ်ဖြတ်တာ ရပ်တန့်အောင် လုပ်နိုင်ပါတယ်၊ ကျွန်တော်တို့ လိုအပ်တာက နိုင်ငံရေး ဆန္ဒပါပဲ” ဟု ဇီလန်းစကီးက ပြောကြားခဲ့သည်။

အစောပိုင်းက ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းသို့ အနောက်တိုင်းတပ်ဖွဲ့ မည်သူမဆိုပို့ဆောင်ပါက “ တရားဝင်ပစ်မှတ်များအဖြစ် သတ်မှတ်၍ရှုံးနိမ့်စေရမည်” ဟု ပြောကြားခဲ့သည်။ ယင်းသည် ပြီးခဲ့သည့်ရက်တွင် အနောက်တိုင်းနိုင်ငံ အများအပြားက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပါက ထိုနေရာတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ကို ပံ့ပိုးပို့ဆောင်ကူညီမည်ဟု ကတိပြုခဲ့ကြောင်း ကြေညာပြီးနောက်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းဝန်ကြီးချုပ် ယူးလီယာ စဗီရီဒန်ကိုက ယင်းကို “ အလုံးအရင်း တိုက်ခိုက်မှု” ဟု ခေါ်ဆိုခဲ့ပြီး ကရစ်ဗီး ရစ်ခ်၊ ဒန်နီပရို၊ ကရင်မင်ချတ်နှင့် အိုဒက်စ် မြို့များအပါအဝင် ကိဗ်မြို့ကိုလည်း တိုက်ခိုက်ခံရကြောင်း ပြောကြားခဲ့သည်။

မြို့တော်တွင် ဝန်ကြီးချုပ်ရုံးနှင့် အစိုးရဝန်ကြီးဌာန အချို့တည်ရှိရာ အဆောက်အအုံကို တိုက်ခိုက်မှုအတွင်း ထိမှန်ခဲ့ကြောင်း သူမက ပြောကြားခဲ့သည်။

“ ပထမဆုံးအကြိမ်အဖြစ် အစိုးရအဆောက်အအုံ၊ ၎င်းရဲ့ခေါင်မိုးနဲ့ အပေါ်ထပ်တွေဟာ ရန်သူရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေ မီးသတ်နေကြပါတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်အတွက် ကျေးဇူးတင်ပါတယ်” ဟု စဗီရီဒန်ကိုက ပြောကြားခဲ့သည်။

အဆိုပါအဆောက်အအုံသည် ပါလီမန်နှင့် သမ္မတရုံးအနီး ကိဗ်မြို့၏ အစိုးရရပ်ကွက်တွင် တည်ရှိသည်။

“ အဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ပါ့မယ်။ ဒါပေမယ့် ဆုံးရှုံးခဲ့တဲ့ အသက်တွေကိုတော့ ပြန်မရနိုင်ပါဘူး။ နေ့တိုင်း ရန်သူက နိုင်ငံတစ်ဝန်းမှာ ကျွန်တော်တို့ ပြည်သူတွေကို အကြမ်းဖက်ပြီး သတ်ဖြတ်နေပါတယ်” ဟု စဗီရီဒန်ကိုက ပြောကြားခဲ့သည်။

ယင်းအတောအတွင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး ဒနစ်စ် ရှမီးဂေးလ်က လာမည့် အပတ်တွင် “ လေကြောင်းကာကွယ်ရေးကို အားကောင်းစေပြီး ကျူးကျော်သူရဲ့ နယ်မြေထဲကို ထိုးဖောက်တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ရေး” ကို အာရုံစိုက်မည့် အစည်းအဝေးတစ်ခု ကျင်းပ မည်ဟု ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့တွင် ယူကရိန်းက ရုရှားနိုင်ငံ ဘရိုင်ယန်စ်ခ်ဒေသနှင့် တောင်ပိုင်း ခရစ်စနိုဒါဒေသရှိ ရုရှားစွမ်းအင်စက်ရုံနှစ်ခုကို ညအချိန်တွင် တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လူနေအဆောက်အအုံများ ပစ်မှတ်ထားခံရ

မြို့တော်၏ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးအကြီးအကဲ တီမူး တိုကာချန်ကို၏ ပြောကြားချက် အရ ကိဗ်မြို့အနောက်ပိုင်း Sviatoshynskyi ရပ်ကွက်ရှိ အဆောက်အအုံတစ်လုံး၏ အပျက်အစီးများအောက်မှ ကလေးငယ်တစ်ဦး၏ အလောင်းကို ကယ်ဆယ်ရေးသမားများက ရှာဖွေတွေ့ရှိခဲ့သည်။

ကိဗ်မြို့တော်ဝန် ဗီတာလီ ကလစ်ချ်ကို၏ ပြောကြားချက်အရ အသက်တစ်နှစ်အောက် ကလေးငယ်ဖြစ်ပြီး လူငယ်အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။

Sviatoshynskyi ခရိုင်ရှိ ကိုးထပ်တိုက်ခန်းတစ်လုံးသည် “ အလွန်အမင်း ပျက်စီးခဲ့သည်” ဟု ကလစ်ချ်ကိုက Telegram ပို့စ်တစ်ခုတွင် ပြောကြားခဲ့ပြီး အဆိုပါအဆောက်အအုံ၏ လေးထပ်တွင် “ တစ်စိတ်တစ်ပိုင်း ပျက်စီး” ခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

“ Sviatoshynskyi ခရိုင်မှာလည်း အပျက်အစီးများက ၁၆ ထပ် လူနေအဆောက်အအုံကို ထိမှန်ခဲ့ပြီး ၁၅ ထပ်နဲ့ ၁၆ ထပ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်” ဟု ကလစ်ချ်ကိုက ပြောကြားခဲ့သည်။ ထိုခရိုင်ရှိ နောက်ထပ် နှစ်ထပ်တိုက်ခန်းအဆောက်အအုံနှစ်လုံးနှင့် အရှေ့ပိုင်း Darnytskyi ခရိုင်ရှိ အဆောက်အအုံတစ်လုံးတွင်လည်း မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်း၏ ပြည်နယ်အရေးပေါ်ဝန်ဆောင်မှု (SES) ၏ ပြောကြားချက်အရ အနည်းဆုံး ၁၈ ဦး ဒဏ်ရာရရှိခဲ့ပြီး မြို့တော်ကို မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်မှုအား “ အလုံးအရင်း တိုက်ခိုက်မှု” ဟု ဖော်ပြခဲ့သည်။ အေဂျင်စီသည် အဆောက်အအုံများစွာ၏ ဘေးဘက်တွင် ကြီးမားသော အပေါက်များပါရှိသည့် ပုံများကို ထုတ်ပြန်ခဲ့ပြီး မီးသတ်သမားများက ဖြစ်ပျက်ထိမှန်သည့်နေရာတွင် လုပ်ကိုင်နေသည်ကို ပြသခဲ့သည်။

ရုရှား၏ တိုက်ခိုက်မှုသည် ရှေ့တန်းစစ်မြေပြင်နှင့် ဝေးကွာသော နေရာတွင် ရှားရှားပါးပါး တိုက်ခိုက်မှုဖြစ်သည့် ကရင်မင်ချတ်ရှိ ဒနီပရိုမြစ်ပေါ်ရှိ တံတားကိုလည်း ထိမှန်ခဲ့သည်။ ယင်းတံတားသည် မြစ်၏ ဘယ်ဘက်နှင့် ညာဘက်ကမ်းကို ပိုင်းခြားထားသည့် အဓိက ဖြတ်သန်းရာလမ်း ဖြစ်သည်။

တိုက်ခိုက်မှုကိုပြန်လည် တိုက်ခိုက်မှု’

နေထိုင်သူများက တိုက်ခိုက်မှုကြောင့် တုန်လှုပ်ခဲ့ကြပြီး အချို့က CNN သို့ စစ်ပွဲအတွင်း အလွန်ကြောက်စရာကောင်းသော တိုက်ခိုက်မှုဟု ပြောကြားခဲ့သည်။ ဒေသခံတစ်ဦးဖြစ်သည့် ယူလီရာက ပေါက်ကွဲသံများကြောင့် နားထဲတွင် ညှင်းသံများကြားရပြီး သူမ၏ အဆောက်အအုံ တုန်ခါသွားသည်ဟု ပြောကြားခဲ့သည်။ “ လူတိုင်း ခံစားနေရတာ အတူတူပါပဲ၊ လူတိုင်း တုန်လှုပ်နေကြတယ်၊ လူတိုင်းက အဲဒါ ပျံသန်းလာပြီး သူတို့ကိုမထိပါစေနဲ့လို့ မျှော်လင့်နေကြတယ်။ ကျွန်မတို့ ဘာမှ မခံစားရတော့ပါဘူး၊ ဒေါသကလွဲလို့ပေါ့” ဟု သူမက ပြောကြားခဲ့သည်။

တိုက်ခိုက်ခံရသော အဆောက်အအုံအနီးတွင် နေထိုင်သူ နောက်တစ်ဦးဖြစ်သည့် အိုလ်ဟာ ဘီလာရှိုဗာ က “စစ်ပွဲ လေးနှစ်အတွင်း ဒီလိုအရမ်းကြောက်စရာ ကောင်းတာ ပထမဆုံး အကြိမ်ပါ” ဟု ပြောကြားခဲ့သည်။

” ဒါဟာကျွန်မတို့ဘယ်လိုနေထိုင်နေကြသလဲဆိုတာပါဘဲ ထိုးနှက်မှုကိုပြန်လည်ထိုးနှက်မှု၊

 တိုက်ခိုက်မှုကို ပြန်လည်တိုက်ခိုက်မှုပါပဲ” ဟု သူမက ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်က ယင်းတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး X တွင် “ ရုရှားဟာ စစ်နဲ့ခြောက်ခြားခြင်းဆိုတဲ့ အတွေးအခေါ်အတွင်း နက်ရှိုင်းစွာ မိမိကိုယ်ကို ပိတ်လှောင် နေခဲ့ပါတယ်” ဟုရေးသားခဲ့သည်။

“ ယူကရိန်းဘက်က ကျွန်တော်တို့ ကျင့်ဝတ်နှင့် ပြည့်စုံပြီး တာရှည်ခံမည့် ငြိမ်းချမ်းရေးကို အာမခံရန် ကျွန်တော်တို့ ဆက်လက် လုပ်ဆောင်သွားပါမယ်” ဟု မက်ခရွန်က ပြောကြားခဲ့သည်။

ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဇူလာဗွန်ဒါလီယွန်က “ကရင်မလင်က သံတမန်ရေးကို နောက်တစ်ကြိမ် ထပ်မံ ပျက်ရယ်ပြုပြီး နိုင်ငံတကာ ဥပဒေကို လေးစားမှုမရှိဘဲ အကြင်နာမဲ့စွာ သတ်ဖြတ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ၏ အုပ်ချုပ်ရေးအကြီးအကဲက X တွင် ဥရောပက “ယူကရိန်းကို အပြည့်အဝ ထောက်ခံကြောင်း” ပြောကြားခဲ့ပြီး “ကျွန်မတို့ ယူကရိန်းရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို အားကောင်းစေပြီး တာရှည်ခံမည့် လုံခြုံရေး အာမခံချက်တွေကို တည်ဆောက်နေပြီး ရုရှားအပေါ် ဖိအားပေးမှုကို မြှင့်တင်ရန် ဒဏ်ခတ်အရေးယူမှုတွေကို တင်းကျပ်နေပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့ အစောပိုင်းတွင် ပိုလန်နှင့် နယ်စပ်အနီး ယူကရိန်းအနောက်ပိုင်းတွင် ရုရှား၏ တိုက်ခိုက်မှုများကြောင့် ပိုလန်လေကြောင်းလိုင်း၏ လုံခြုံရေးကို အာမခံရန် လေယာဉ်များ စေလွှတ်ထားကြောင်း ရိုက်တာသတင်းဌာနက ဆိုသည်။

“ပိုလန်နဲ့ မဟာမိတ်လေယာဉ်တွေဟာ ကျွန်တော်တို့ရဲ့ လေကြောင်းနယ်နိမိတ်အတွင်းမှာ ပျံဝဲလှုပ်ရှားနေပြီး မြေပြင်အခြေစိုက် လေကြောင်းကာကွယ်ရေးနဲ့ ရေဒါ ထောက်လှမ်းရေး စနစ်တွေကို အမြင့်ဆုံး အသင့်အနေအထားကို ရောက်ရှိစေခဲ့ပါတယ်” ဟု ပိုလန်၏ စစ်ဆင်ရေးဌာနချုပ်က X ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 57 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 46 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက