နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးစစ်တပ်က ဟစ်ဇ်ဘိုလာပစ်မှတ်များ ဟုဆိုကာ လက်ဘနွန်တောင်ပိုင်း ဒေသအနှံ့ တိုက်ခိုက်မှုများ စတင်

CNN-၂၀၂၅ခုနှစ်၊ နိုဝင်ဘာ(၇) ရက်

အစ္စရေးစစ်တပ်သည် ကြာသပတေးနေ့က လက်ဘနွန်တောင်ပိုင်း ဒေသအနှံ့ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး၊ ယင်းသည် စစ်သွေးကြွအဖွဲ့က ဒေသတွင်း စစ်ဆင်ရေးများ ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေခြင်းကို တုံ့ပြန်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၎င်းတို့၏ တိုက်ခိုက်မှုများသည် ဟစ်ဇ်ဘိုလာ၏ အထူးတပ်ဖွဲ့ (Radwan Force) ပိုင် လက်နက်သိုလှောင်ရုံများကို ပစ်မှတ်ထားခြင်း ဖြစ် ကြောင်း ပြောကြားခဲ့သည်။ ယင်းအဖွဲ့သည် လက်ဘနွန်တောင်ပိုင်းတွင် “အကြမ်းဖက် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရန်” လုပ်ဆောင်နေကြောင်းလည်း ပြောကြားခဲ့သည်။

သို့သော်လည်း လက်ဘနွန်သမ္မတ ဂျိုးဇက် အောင်း (Joseph Aoun) က ယင်းတိုက်ခိုက်မှု များသည် အရပ်သားများကို ပစ်မှတ်ထားခြင်းနှင့် ၎င်းတို့၏ နေအိမ်များမှ ထွက်ပြေးရန် တွန်းအားပေးခြင်းအားဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ဆိုခဲ့သည်။ ၎င်းက ယင်းလုပ်ရပ်ကို “ရာဇဝတ်မှု ပြည့်မြောက်သော” ကျူးလွန်မှုအဖြစ် ပြစ်တင်ရှုတ်ချခဲ့သည်။

အစ္စရေးနဲ့ မဖြေရှင်းရသေးတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းရေး လမ်းကြောင်းကို လက်ဘနွန်က ပွင့်ပွင့်လင်းလင်း ဖော်ပြလေလေ၊ အစ္စရေးက လက်ဘနွန်ရဲ့ အချုပ်အခြာအာဏာကို ကျူးကျော်မှု ပိုမိုပြင်းထန်လာလေလေပဲ” ဟု အောင်းက X (ယခင် Twitter) တွင် ရေးသားခဲ့သည်။


စစ်တပ်၏ သတိပေးချက်များနှင့် ကုလသမဂ္ဂ၏ ရှုတ်ချမှု

တိုက်ခိုက်မှုများ မပြုလုပ်မီတွင် IDF ၏ အာရဗီဘာသာစကား ပြောရေးဆိုခွင့်ရှိသူ အဗီချိုင်း အက်ရေး(Avichay Adraee) က ကျေးရွာများစွာမှ ဒေသခံများကို အကြိမ်ကြိမ် သတိပေးချက် များ ထုတ်ပြန်ခဲ့သည်။

ခင်ဗျားတို့ဟာ ဟစ်ဇ်ဘိုလာ အသုံးပြုနေတဲ့ အဆောက်အအုံဝန်းကျင်တစ်ဝိုက်မှာနေထိုင်နေ ကြတယ်။ ခင်ဗျားတို့ရဲ့ ဘေးကင်းရေးအတွက်၊ အဲဒီအဆောက်အအုံကနေ အနည်းဆုံး မီတာ ၅၀၀ အကွာအဝေးကို ချက်ချင်း ရွှေ့ပြောင်းပေးဖို့ တောင်းဆိုပါတယ်ဗျာ။ ဒီအဆောက်အအုံတွေရဲ့ အနီးအနားမှာ ဆက်ရှိနေတာဟာ ခင်ဗျားတို့ရဲ့ အသက်ကို အန္တရာယ်ဖြစ်စေပါတယ်” ဟု အက်ရေး က ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ရွှေ့ပြောင်းရေး သတိပေးချက် သုံးခုထဲမှ တစ်ခုတွင် ပြောကြားခဲ့သည်။

ကြာသပတေးနေ့ နောက်ပိုင်းတွင် လက်ဘနွန်ရှိ ကုလသမဂ္ဂ ယာယီထိမ်းသိမ်းရေးတပ်ဖွဲ့ (UNIFIL) က တိုင်ရာ ဒစ်ဘက်၊ တိုက်ဘီ၊ နှင့် အာယီတာ အယ်လ် ဂျာဘယ် အပါအဝင် လက်ဘနွန် တောင်ပိုင်း ရှိ ၎င်းတို့၏ စစ်ဆင်ရေးနယ်မြေအတွင်း တိုက်ခိုက်မှုများစွာကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး၊ ယင်းလုပ်ရပ်သည် အရပ်သားများ၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက် နေကြောင်း သတိပေးခဲ့သည်။

UNIFIL က အစ္စရေးအား တိုက်ခိုက်မှုများ ရပ်တန့်ရန် တောင်းဆိုခဲ့သည်။ ယင်းတိုက်ခိုက်မှု များသည် ၂၀၀၆ ခုနှစ်တွင် အစ္စရေးနှင့် လက်ဘနွန်အကြား ၃၄ ရက်ကြာ စစ်ပွဲကို အဆုံးသတ် ရန် ချမှတ်ခဲ့ပြီး အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြား တိုက်ခိုက်မှုများ အပြီးသတ်ရပ်ဆိုင်းရန် တောင်းဆိုထားသည့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၇၀၁ ကို “ရှင်းရှင်းလင်းလင်း ချိုးဖောက်ခြင်းများ” ဖြစ်သည်ဟု ဆိုသည်။

မည်သည့် စစ်ရေးလှုပ်ရှားမှုမဆို၊ အထူးသဖြင့် ဒီလို ဖျက်ဆီးမှု အတိုင်းအတာမျိုးက အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်ပြီး နိုင်ငံရေးနဲ့ သံတမန်ရေးရာ ဖြေရှင်းချက်ဆီ ဦးတည်နေတဲ့ တိုးတက်မှုတွေကို ထိခိုက်စေပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။


စစ်မဖြစ်မီ နောက်ခံသမိုင်းနှင့် ရပ်စဲရေး

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြား တိုက်ခိုက်မှုများသည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် ဟားမတ်စ်၏ အကြမ်းဖက်တိုက်ခိုက်မှုအပြီး တစ်ရက်အကြာတွင် ပိုမိုပြင်းထန်လာခဲ့သည်။ ထိုအချိန်က လက်ဘနွန် စစ်သွေးကြွအဖွဲ့က စည်းလုံးညီညွတ်မှု လုပ်ရပ်အဖြစ် အစ္စရေး စစ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် အစ္စရေးက ဟစ်ဇ်ဘိုလာကို ပစ်မှတ်ထားသည့် “ကန့်သတ်ထားသော မြေပြင်စစ်ဆင်ရေး” ကို လက်ဘနွန်တောင်ပိုင်းတွင် စတင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်ကြားဝင်စေ့စပ်ပေးသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သည် လက်ဘနွန်နှင့် အစ္စရေးအကြား စတင်အသက်ဝင်ခဲ့သည်။ ယင်းသဘောတူညီချက်အရ အစ္စရေးသည် ထိုးစစ်ဆင်မှုများ ရပ်တန့်ပြီး လက်ဘနွန် တောင်ပိုင်းရှိ စစ်စခန်းများမှ တဖြည်းဖြည်း ရုပ်သိမ်းရမည်ဖြစ်ပြီး၊ ဟစ်ဇ်ဘိုလာကလည်း လက်နက်ကြီးများကို လီတာနီမြစ် (Litani River) မြောက်ဘက်သို့ ဆုတ်ခွာရမည်ဖြစ်သည်။

သို့သော် ဟစ်ဇ်ဘိုလာသည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟုဆိုကာ အစ္စရေးက လက်ဘနွန်ရှိ ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်နေသည်။ ဟစ်ဇ်ဘိုလာကမူ ယင်းစွပ်စွဲ ချက်များကို ငြင်းဆိုထားသည်။

လက်ဘနွန်စစ်တပ်က ကြာသပတေးနေ့ ထုတ်ပြန်ချက်တစ်ခုတွင် အစ္စရေး၏ တိုက်ခိုက်မှု များ ရှိသော်လည်း UNIFIL နှင့် “နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေဆဲ” ဖြစ်ပြီး၊ ၎င်းတို့၏ မိတ်ဖက်ဆက်ဆံရေးသည် “မြင့်မားသော ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အဆင့်” တွင် ဆက်လက်လုပ်ဆောင်နေကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။


ညှိနှိုင်းမှုနှင့် ပြန်လည်လက်နက်တပ်ဆင်ခြင်းဆိုင်ရာ စိုးရိမ်မှုများ

အစ္စရေး လုံခြုံရေးအဖွဲ့ဝင် နှစ်ဦး၏ အဆိုအရ အစ္စရေး လုံခြုံရေးဝန်ကြီးအဖွဲ့သည် ကြာသပတေးနေ့ ညနေပိုင်းတွင် အစည်းအဝေး ကျင်းပဖွယ်ရှိသည်။ အရာရှိတစ်ဦးက လက်ဘနွန်သည် ဆွေးနွေးမည့် အကြောင်းအရာများထဲမှ တစ်ခုဖြစ်ကြောင်း CNN ကို ပြောကြားခဲ့သည်။

အရာရှိများက “ဟစ်ဇ်ဘိုလာက ပြန်လည်လက်နက်တပ်ဆင်ရန်နှင့် ထိုးစစ်ဆင်နိုင်စွမ်းများ ပြန်လည်ထူထောင်ရန် ကြိုးပမ်းမှုများ” ကို မကြာသေးမီသီတင်းပတ်များအတွင်း အစ္စရေးက သတိပေးနေခဲ့ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု (Benjamin Netanyahu) သည် ဝန်ကြီးအချို့နှင့် လုံခြုံရေးဆိုင်ရာ အစည်းအဝေးများ ပြုလုပ်ကာ အစ္စရေး၏ တုံ့ပြန်မှုများကို ဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေးမှုနှင့် ပတ်သက်ပြီး အစ္စရေး သတင်းရင်းမြစ်တစ်ခုအရ စစ်တပ်က ဟစ်ဇ်ဘိုလာအနေနှင့် လက်နက်ပြန်လည် တပ်ဆင်ရန် ကြိုးပမ်းမှုများရှိကြောင်းစွပ်စွဲချက်ကို တန်ပြန်ရန် ကျယ်ပြန့်သော စစ်ဆင်ရေး စတင်ရန် အကြံပြု ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန် ဆာအာ (Gideon Sa’ar) ကလည်း ပြီးခဲ့သည့်သီတင်းပတ်က ဟစ်ဇ်ဘိုလာက “ပြန်လည်တည်ဆောက်ရန်နှင့် ပြန်လည်လက်နက်တပ်ဆင်ရန် ၎င်း၏ ကြိုးပမ်းမှုများကို ပြင်းထန်စွာဆက်လက်လုပ်ဆောင်” နေချိန်တွင် အစ္စရေးအနေဖြင့် “မိမိတို့၏ ဦးခေါင်းကို သဲထဲတွင် မြှုပ်ထားလို့ မရနိုင်” ကြောင်း ပြောကြားခဲ့သည်။

လက်ဘနွန်သမ္မတ၏ပြောကြားမှုသည်မကြာသေးမီရက်များအတွင်း သတင်းခေါင်းစီးများ တွင် ပါဝင်လာခဲ့သည်။ ၎င်းကမိမိနိုင်ငံအနေနှင့် အစ္စရေးနှင့် တိုက်ရိုက်ညှိနှိုင်းရန်မှလွဲ၍ “အခြားရွေးချယ်စရာမရှိ” ဟု အကြံပြုခဲ့သည်။

လက်ဘနွန်မှာ ညှိနှိုင်းမှုကလွဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံရေးမှာ လုပ်ဆောင်စရာနယ်ပယ် သုံးခုရှိတယ်- သံတမန်ရေး၊ စီးပွားရေးနဲ့ စစ်ပွဲ။ စစ်ပွဲကနေ ရလဒ်မထွက်လာရင် တခြားဘာလုပ်နိုင်ဦးမလဲ” ဟု ၎င်းက ဒေသတွင်း မီဒီယာများက ကိုးကားဖော်ပြခဲ့ရာတွင် အစ္စရေးကို ရည်ညွှန်းသည်ဟု ယူဆရသည်။

ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဟစ်ဇ်ဘိုလာက ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေးကို အစ္စရေးက အကြိမ်ကြိမ် ချိုးဖောက် နေသည်ဟု စွပ်စွဲခဲ့ပြီး လက်ဘနွန်အစိုးရအား အစ္စရေးကို အသိအမှတ်ပြုရန် “ဖိအားပေးနေသည်” ဟုလည်း စွပ်စွဲခဲ့သည်။

ဟစ်ဇ်ဘိုလာက “လက်ဘနွန်အနေဖြင့် ရန်လိုသော ဖိအားပေးချိမ်းခြောက်မှုကို လက်ခံရန် သို့မဟုတ် ဇီယွန်ဝါဒီရန်သူနှင့် နိုင်ငံရေးအရ ညှိနှိုင်းမှုများထဲသို့ ဆွဲသွင်းခံရရန် စိတ်ဝင်စားမှု လုံးဝ မရှိပါ။ ထိုသို့သော ညှိနှိုင်းမှုများသည် အမျိုးသားအကျိုးစီးပွားကို အထောက် အကူ မပြုဘဲ လက်ဘနွန်နိုင်ငံနှင့် ၎င်း၏ အချုပ်အခြာအာဏာအတွက် တည်ရှိမှုဆိုင်ရာ အန္တရာယ် များကို ဖြစ်စေသည်” ဟု ပြောကြားခဲ့ပြီး၊ အဖွဲ့၏ “အစ္စရေးတို့ကသိမ်းပိုက်မှုနှင့် ကျူးကျော်မှုကို ခုခံကာကွယ်ရန် တရားဝင် အခွင့်အရေး” ရှိကြောင်းကို အတည်ပြုခဲ့သည်။

အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုသည် အမေရိကန် အထူးသံတမန် တွမ် ဘာရက် (Tom Barrack) က လက်ဘနွန်သည် “ဒိုင်နိုဆောများ” မှ အုပ်ချုပ်သော “ကျရှုံးနိုင်ငံ” ဖြစ်သည်ဟု ပြောကြားပြီး ရက်အနည်းငယ်အကြာတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဘာရက်က အာဏာပိုင်များသည် လက်ဘနွန်စစ်တပ်ထက် လက်နက်အင်အား များစွာ သာလွန်သော ဟစ်ဇ်ဘိုလာကို လက်နက်ဖြုတ်သိမ်းနိုင်မလားဆိုသည်ကို သံသယရှိကြောင်း ပြောကြားခဲ့သည်။

ကျွန်တော်တို့ရဲ့ အမြင်အရ လက်ဘနွန်ကို ‘မင်းတို့ရဲ့ နိုင်ငံရေးပါတီတွေထဲက တစ်ခုကို အတင်းအကျပ် လက်နက်ဖြုတ်သိမ်းလိုက်’ လို့ ပြောတာကတော့ သဘာဝမကျပါဘူး။ လူတိုင်းက ပြည်တွင်းစစ်ဖြစ်မှာကို သေမတတ်ကြောက်နေကြတယ်။ အဓိက အယူအဆ ကတော့ ဟစ်ဇ်ဘိုလာကို အဲဒီဒုံးပျံတွေနဲ့ ဒုံးကျည်တွေကို အသုံးမပြုအောင် ဘာလုပ်ပေး နိုင်မလဲဆိုတာပဲ” ဟု ၎င်းက ဆိုသည်။

(ပုံ)ကြာသပတေးနေ့၊၂၀၂၅ခုနှစ်၊ နိုဝင်ဘာ ၆ ရက်တွင် လက်ဘနွန်တောင်ပိုင်း တိုရာရွာ၌ အစ္စရေးလေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်နေရာတွင် လက်ဘနွန်စစ်သားများနှင့် ဒေသခံများရပ်နေကြသည်။ Mahmoud Zayyat/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 55 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 50 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 48 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 78 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 55 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 57 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး