Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 22 ရက်

1027 Operations

1027 Operations မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက တစ်ရက်ထဲ ဗုံးအလုံး(၂၀)ခန့် ကြဲချတိုက်ခိုက်

ဇန်နဝါရီလ (၈)ရက်။

ဒီကနေ့ နေ့လယ် (၁)နာရီဝန်းကျင်ခန့်က မိုးကုတ်မြို့ကို စစ်ကောင်စီက တစ်ရက်ထဲ လေကြောင်းကနေ ဗုံးအလုံးရေ (၂၀)ခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ နေ့လယ် (၁၂)နာရီ (၅၀)မိနစ်ကစပြီး (၁)နာရီ (၁၀)မိနစ်အချိန်အထိ ဂေါက်ကွင်းဘက်နဲ့ မစိုးရိမ်ကျောင်းတိုက်ဘက်ကို စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ လေကြောင်းကနေ Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဂေါက်ကွင်းဘက်ကို ဗုံး (၁၄)လုံးနဲ့ မစိုးရိမ်ကျောင်းတိုက်ကို (၅)လုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ် (၅)လုံးအပါအဝင် ဘုန်းကြီးကျောင်းနဲ့ မော်တော်ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ရာ ဒေသခံပြည်သူ ထိခိုက်သေဆုံးတဲ့အခြေအနေကိုတော့ မသိရသေးပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၃၀)ရက်နေ့ ည (၉)နာရီခန့်ကလဲ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ရှိ ဆီစုံရွာ ဘုန်းကြီးကျောင်းဝန်းထဲ ဗုံးကြဲချခဲ့ရာ ကျောင်းဆောင်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မိုးကုတ်မြို့ကို “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းမှာ TNLA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ခေါင်းဆောင်က ဝဏ္ဏကျော်ထင်ဘွဲ့ပေးထားတဲ့ ဗိုလ်ချုပ်ချိုထွန်းအောင် ရန်ကုန်မှာ ပစ်ခတ်ခံရပြီး သေဆုံး

  • 2025 ခုနှစ်၊ မေလ 22 ရက်
  • 2 Views
မေလ (၂၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ရန်ကုန် မရမ်းကုန်းမြို့ အေဝမ်းလမ်းပေါ်မှာ ဗိုလ်ချုပ်ချိုထွန်းအောင် သေနတ်နဲ့ပသ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ Golden Valley
မြန်မာသတင်း

ပကဖရဲဘော်တွေ သတ်ဖြတ်ခံရတဲ့အပေါ် အမှုမှန်ပေါ်အောင် ဆောင်ရွက်ပေးဖို့ အိန္ဒိယအစိုးရကို NUG တောင်းဆို

  • 2025 ခုနှစ်၊ မေလ 22 ရက်
  • 13 Views
မေလ (၂၂)ရက်။ နှစ်နိုင်ငံနယ်စပ် မြန်မာပြည်ဘက်ခြမ်း တမူးမြို့အနီး ခရိုင်ပကဖရဲဘော်တွေ ရက်စက်စွာ သတ်ဖြတ်ခံရတဲ့အပေါ် အမှုမှန်ပေါ်အောင် ဆောင်ရွက်ပေးဖို့ အိန္ဒိယအစိုးရကို NUG
မြန်မာသတင်း

သံတောင်ကြီးရှိ စစ်ကောင်စီ တိုက်ခိုက်ရေးကျောင်း ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ ဗိုလ်မှူးအဆင့်အပါအဝင် (၇)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 22 ရက်
  • 23 Views
မေလ (၂၁)ရက်။ မနေ့က သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးကျောင်း(ဘုရင့်နောင်)ကို ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ထဲ နောက်ဆက်တွဲအခြေအနေကို Brave Warriors for Myanmar(BWM)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးကျောင်းကို BWM က ဦးဆောင်ပြီး
မြန်မာသတင်း

နွေဦးတော်လှန်ရေး (၄)နှစ်ကျော်ကာလထဲ စစ်ကောင်စီလေယာဉ် (၅)စီးအထိ ပစ်ချနိုင်ခဲ့တယ်လို့ KIA ပြော

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 27 Views
မေလ (၂၁)ရက်။ နွေ‌ဦးတော်လှန်ရေး (၄)နှစ်ကျော်ကာလထဲ စစ်ကောင်စီရဲ့ လေယာဉ် (၅)စီးအထိကို ပစ်ချနိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ‌ထုတ်ပြန်ပြောဆိုထားတယ်လို့ သိရပါတယ်။ “ ဒီတော်လှန်ရေး (၅)နှစ်ထဲမှာ KIA ပစ်ချနိုင်ခဲ့တဲ့ စစ်တပ်အသုံးပြု
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

မြန်မာတဦးနှင့် ဗီယက်နမ်တဦးကို ထရန့်အစိုးရမှ တောင်ဆူဒန်သို့ ပို့ဆောင်ပြည်နှင်ဒဏ်ပေးခဲ့

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 20 Views
မေလ (၂၁) ရက်။ စစ်ဘေးသင့် တောင်ဆူဒန်သို့ ပြည်နှင်ဒဏ်ပေးထားသော ရွှေ့ပြောင်းနေထိုင်သူများကို ‘အစိုးရထိန်းသိမ်းမှုအောက်တွင်’ ဆက်လက်ထားရှိရန် ထရန့်အစိုးရကို တရားသူကြီး အမိန့်ပေးခဲ့သည်။ ရွှေ့ပြောင်းအခြေချများ၏ ရှေ့နေများက တောင်ဆူဒန်မှမဟုတ်သည့်သူများကို ထိုနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းသည် တရားရုံးအမိန့်ကို ဖောက်ဖျက်ကြောင်း ထောက်ပြခဲ့ကြပြီး
မြန်မာသတင်း

နောင်ချိုမြို့ ဟိုခိုရွာကို စစ်ကောင်စီက ပေါင်(၂၅၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 26 Views
မေလ (၂၁)ရက်။ မနေ့က ညနေ (၄)နာရီကျော်အချိန်က နောင်ချိုမြို့ ဟိုခိုရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင်(၂၅၀)ဗုံးနဲ့ ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချိုမြို့ ဟိုခိုရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ
မြန်မာသတင်း

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရတာကြောင့် ဓါတ်အားလိုအပ်ချက် မပြည့်တာလို စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 23 Views
မေလ (၂၁)ရက်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း မရပ်ဆိုင်းခဲ့ရရင် မဂ္ဂါဝပ် (၆၀၀၀)ရရှိမှာဖြစ်တယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့က အစည်းအဝေး ဒုတိယနေ့မှာ ပြောဆိုခဲ့တယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံမှာ လျှပ်စစ်နဲ့ပတ်သက်ပြီး လိုအပ်ချက်ပြည့်မီတာ မရှိသေးဘဲ လျှပ်စစ်စွမ်းအင်မရှိရင် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို
မြန်မာသတင်း

ဗန်းမော်မှာ စစ်ကူလာတဲ့ စစ်ကောင်စီရဟတ်ယာဉ်တစီး ပစ်ချခံရပြီး မီးလောင်ပျက်စီးခဲ့

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 31 Views
မေလ (၂၀)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီအချိန်က ဗန်းမော်မြိုကို စစ်ကူလာတဲ့ စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးတပ်ဖွဲတွေက ပစ်ချနိုင်ခဲ့တယ်လို မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဗန်းမော်မှာ ထောက်ပိုတက်လာတဲ့ စစ်ကောင်စီတပ်က ရဟတ်ယာဉ် (၃)စီးကို‌ တော်လှန်ရေးတပ်တွေက ပစ်‌ခတ်တိုက်ခိုက်ခဲ့တာ။