နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီ ငြိမ်းချမ်းရေးစကား အယောင်ပြဖြစ်ပြီး လက်တွေ့မှာ အာဏာတည်မြဲဖို့ ပြည်သူကို ပစ်မှတ်ထား သတ်ဖြတ်နေတယ်လို့ NUG ပြော

ဇန်နဝါရီလ (၈)ရက်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးစကားဟာ အယောင်ပြသာဖြစ်ပြီး လက်တွေ့မှာ အာဏာတည်မြဲဖို့ ပြည်သူကို ပစ်မှတ်ထား သတ်ဖြတ်နေတယ်လို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောခွင့်ရ ဦးနေဘုန်းလတ်ရဲ့ ဒီကနေ့ Press Briefing အစီအစဉ်မှာ ပြောဆိုထားချက်အရ သိရပါတယ်။

“ အကြမ်းဖက်စစ်ကောင်စီက တဖက်မှာ နိုင်ငံတကာထောက်ခံမှုရအောင် ငြိမ်းချမ်းရေးဆိုတဲ့စကားကို အယောင်ပြပြောဆိုနေပြီး တကယ်တမ်း လက်တွေ့မှာတော့ သူတို့အာဏာတည်မြဲဖို့အတွက် ပြည်သူကို ပစ်မှတ်ထား သတ်ဖြတ်နေတယ်ဆိုတာ ပေါ်လွင်နေပါတယ်” လို့ သူက ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေဟာ နှစ်သစ်ကူးကာလဖြစ်တဲ့ ရက်တွေမှာ ပဲခူး၊ မန္တလေး၊ ရခိုင်၊ ရှမ်း၊ ကရင်နီ၊ ကချင်နဲ့ ကျန်တိုင်းနဲ့ပြည်တွေမှာ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

နောက်ပြီး အဲ့ဒီရက်ပိုင်းမှာပဲ စစ်ဘေးရှောင်စခန်းတွေ၊ ဆေးရုံဆေးခန်းတွေ၊ ဝတ်ပြုဆုတောင်းပွဲပြုလုပ်တဲ့ ဘုရားကျောင်းတွေနဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြည်သူ (၂၀)ဦးအထိ သေဆုံးခဲ့တယ်လို့လဲ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ အခုနှစ်ထဲ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေကာ လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ နိုင်ငံတွေအနေနဲ့ အားမပေးဘဲ နိုင်ငံရေးဂုဏ်သိက္ခာကို စောင့်ထိန်းဖို့ တိုက်တွန်းထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အလိမ်အညာတွေနဲ့ ဘယ်လိုခြေလှမ်းမျိုး လှမ်းတာဖြစ်စေ NUG အနေနဲ့ ပြည်သူလိုလားတဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ကို မရောက်မချင်း တော်လှန်တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မန်စီမြို့ စစ်ကောင်စီတပ်စခန်းအားလုံးကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 9 Views
ဇန်နဝါရီလ (၈)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်မှာ မန်စီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီလို့ မြေပြင်သတင်းတွေအရ
1027 Operations မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက တစ်ရက်ထဲ ဗုံးအလုံး(၂၀)ခန့် ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 11 Views
ဇန်နဝါရီလ (၈)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီဝန်းကျင်ခန့်က မိုးကုတ်မြို့ကို စစ်ကောင်စီက တစ်ရက်ထဲ လေကြောင်းကနေ ဗုံးအလုံးရေ (၂၀)ခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

အီရန်နိုင်ငံက စစ်ခေါင်းဆောင်ထံ သံအမတ်ခန့်အပ်လွှာပေးအပ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 11 Views
ရွေးကောက်ပွဲကျင်းပဖို့ အတတ်နိုင်ဆုံး ပြင်ဆင်နေတယ်လို့ စစ်ခေါင်းဆောင်ပြော ဇန်နဝါရီလ (၈)ရက်။ မနေ့က နေပြည်တော်မှာ အီရန်နိုင်ငံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အီရန်နိုင်ငံက စစ်ခေါင်းဆောင်ထံ မြန်မာနိုင်ငံဆိုင်ရာ
မြန်မာသတင်း

ပေါင်းတလည်မှာ PDF တွေကို ဂရုမစိုက်ဘူးလို့ ကြွေးကြော်တဲ့ ရာအိမ်မှူးလင်မယားနှစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 9 Views
ဇန်နဝါရီလ (၈)ရက်။ ‌မနေ့က နံနက် (၁၀)နာရီကျော်အချိန်က ပေါင်းတလည်မြို့၊ အုပ်ဆွဲအုပ်စု၊ ရေကြည်ကုန်းရွာနေ စစ်ကောင်စီလက်ပါးစေ ရာအိမ်မှုးလင်မယားကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF(၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေကြည်ကုန်းရွာက ရာအိမ်မှူး ချက်ဖောင်းတို့လင်မယားကို သူ့ရဲ့နေအိမ်အနီး
မြန်မာသတင်း

မန္တလေးမှာ စစ်တပ်ယူနီဖောင်းနဲ့သွားနေတဲ့ တပ်ကြပ်တစ်ဦး ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 11 Views
ဇန်နဝါရီလ (၈)ရက်။ ဇန်နဝါရီလ (၅)ရက်နေ့ နံနက် (၁၁)နာရီခွဲအချိန်က မန္တလေး ပုသိမ်ကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်ကြပ်တစ်ဦးကို ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူက ပုသိမ်ကြီးမြို့ EPC ရုံးမှာ
မြန်မာသတင်း

ဆောမြို့မရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 20 Views
ဇန်နဝါရီလ (၈)ရက်။ ဇန်နဝါရီလ (၆)ရက်နေ့က ဆောမြို့မရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဆောမြို့မရဲစခန်းကနေ လောင်းရှည်တိုက်နယ်ရဲစခန်းကို ထွင်လာတဲ့ စစ်ကြောင်းကဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ချင်းညီနောင်အပေါ် CNF/CC က တိုက်ခိုက်နှောင့်ယှက်တဲ့အပေါ် GMO ပြင်းပြင်းထန်ထန်ရှုတ်ချ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 16 Views
ဇန်နဝါကီလ (၈)ရက်။ တီးတိန်မြို့မှာ ချင်းညီနေုင်အပေါ် CNF/CC အုပ်စုက တိုက်ခိုက်နှောင့်ယှက်တာတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ ကမ္ဘာလုံးဆိုင်ရာ မတူအဖွဲ့(GMO)က မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ GMO အနေနဲ့ အခု ချင်းညီနောင်စစ်ဆင်ရေး ပိုင်နက်ဖြစ်တဲ့ တီးတိန်မြို့ကို CNF/CC
မြန်မာသတင်း

သဘာဝဓါတ်ငွေ့ရည်(LNG)သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့ စစ်ကောင်စီပြင်ဆင်နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 18 Views
ဇန်နဝါရီလ (၈)ရက်။ သဘာဝဓါတ်ငွေ့ရည်(LNG)သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ စစ်ကောင်စီဝန်ကြီး တင်အောင်စန်းရဲ့ မနေ့က လျှပ်စစ်နဲ့ စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လျှပ်စစ်ထုတ်လုပ်နိုင်ဖို့အတွက် ရေအားနဲ့ သဘာဝဓါတ်ငွေ့တို့အပေါ် အဓိကမှီခိုနေရကာ ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုမှုကို