နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

အခုနှစ်ထဲ မြေပြန့်ဒေသတွေမှာ ပိုမိုကျယ်ပြန့်တဲ့ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ MDY-PDF ပြော

ဖေဖော်ဝါရီလ (၇)ရက်။

အခု ၂၀၂၅ခုနှစ်ထဲ မြေပြန့်ဒေသတွေမှာ ပိုမိုကြီးမားကျယ်ပြန့်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

“ ၂၀၂၅ခုနှစ်ထဲ မြေပြန့်ဒေသတွေမှာ ကြီးမားကျယ်ပြန့်တဲ့ တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာမယ်လို့ ခန့်မှန်းထားပါတယ်။ နောက်ပြီး စစ်ကောင်စီဘက်ကလဲ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်လာနိုင်ပါတယ်။ အဲ့ဒီအခြေအနေက နိုင်ငံရဲ့ စစ်ရေးအခြေအနေကို ပိုမိုရှုပ်ထွေးစေမှာဖြစ်တယ်” လို့ MDY-PDF ရဲ့ ပြောခွင့်ရ ကိုအော်စမွန်က ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုထားပါတယ်။

အခုနှစ်ထဲ မြေပြန့်ဒေသတွေမှာ တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာနိုင်သလို စစ်ကောင်စီဘက်ကလဲ ခုခံတိုက်ခိုက်တာတွေကို အပြင်းအထန် လုပ်ဆောင်လာနိုင်ကာ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ရေး ပိုမိုပြင်ဆင်ထားဖို့ အသိပေးထားပါတယ်။

MDY-PDF အနေနဲ့ မြေပြန့်ဒေသ စစ်ရေးအရှိန်မြင့်ဖို့နဲ့ စစ်ကိုင်းတိုင်းနဲ့ ထိစပ်နေတဲ့ ဒေသတွေကို ထိန်းချုပ်ဖို့ရည်ရွယ်ပြီး စစ်ကိုင်းမှာ တပ်မဟာသစ်ဖွဲ့စည်းသွားမယ်လို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကြေညာထားပါတယ်။

အခုနှစ်ထဲ မြေပြန့်ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ စစ်ရေးအရ အရေးပါလာမယ့် ဒေသတွေအနေနဲ့ ခန့်မှန်းထားကြပြီး BPLA အပါအဝင် တော်လှန်ရေးတပ်အချို့ကလဲ မြေပြန့်ဒေသ စစ်ရေးအရှိန်မြှင့်ဖို့ ပြင်ဆင်နေကြပါတယ်။

MDY-PDF အနေနဲ့ ညီနောင်မဟာမိတ် (၃)ဖွဲ့နဲ့ ပူးပေါင်းကာ “ ၁၀၂၇ စစ်ဆင်ရေး” ကို အကောင်ထည်ဖော်ခဲ့သလို မန္တလေးရှိ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာတို့မှာ နယ်မြေစိုးမိုးထားနိုင်ခဲ့ပြီး စစ်ရေးစွမ်းရည် ပိုမိုမြင့်မားလာတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုလဲ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေအပါအဝင် MDY-PDF ရဲ့ စစ်ကိုင်းတပ်မဟာသစ်ဖွဲ့စည်းကာ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ၂၀၂၅ခုနှစ်ထဲ စစ်ရေးအရှိန် ပိုမိုမြင့်တင်လာနိုင်တာဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပဲခူးမြို့ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ချေမှုန်းခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 18 Views
ဇန်နဝါရီလ (၁)ရက်။ ဒီဇင်ဘာလ (၂၈)ရက်နေ့က ပဲခူးမြို့ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဝက်လက်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၂၈)ဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 20 Views
ဇန်နဝါရီလ (၁)ရက်။ ပြီးခဲ့တဲ့လထဲ ဝက်လက်နယ်အရှေ့ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာ (၁၄)ကြိမ်အထိ ရှိခဲ့တယ်လို့ Wetlet information network ရဲ့
မြန်မာသတင်း

ကရင်နီပြည်သူတွေရဲ့ လွတ်လပ်ရေးတိုက်ပွဲကို နိုင်ငံတကာက ထောက်ပံ့ကူညီဖို့ Karenni-IEC ဥက္ကဋ္ဌ တောင်းဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 19 Views
ဇန်နဝါရီလ (၁)ရက်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကရင်နီပြည်သူတွေရဲ့ တရားမျှတတဲ့ လွတ်လပ်ရေး‌တိုက်ပွဲကို ထောက်ပံ့ကူညီပေးဖို့ Karenni-IEC ဥက္ကဋ္ဌ ခူဦးရယ်ရဲ့ ဒီကနေ့ နှစ်သစ်သဝဏ်လွှာမှာ တောင်းဆိုထားတယ်လို့ သိရပါတယ်။ “ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းအနေနဲ့ မိမိတို့ ကရင်နီပြည်သူတွေရဲ့ တရားမျှတတဲ့
မြန်မာသတင်း

အကျဉ်းသား (၁၁၀)ဦးကို NUG ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 17 Views
ဇန်နဝါရီလ (၁)ရက်။ အကျဉ်းထောင်နဲ့ အကျဉ်းစခန်းတွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/သူ (၁၁၀)ဦးကို NUG က ဒီကနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ကျရောက်တဲ့ နှစ်သစ်အခါသမယနေ့မှာ နွေဦးတော်လှန်ရေးရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး လူသားစာနာမှုကို
မြန်မာသတင်း

အထူးတိုင်းစစ်ဌာနအောက် တပ်ရင်း(၁)ရင်းနဲ့ ဒရုန်းတပ်ဖွဲ့တဖွဲ့ အတည်ပြုဖွဲ့စည်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 54 Views
ဒီဇင်ဘာလ (၃၀)ရက်။ အထူးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုအောက်မှာ တပ်ရင်း (၁)ရင်းနဲ့ ဒရုန်းတပ်ဖွဲ့တဖွဲ့တို့ကို အတည်ပြုဖွဲ့စည်းလိုက်ပြီဖြစ်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အတည်ပြုဖွဲ့စည်းလိုက်တဲ့ တပ်ရင်းနဲ့ ဒရုန်းတပ်ဖွဲ့ဟာ အမှတ်(၈၀၀၁)တပ်ရင်း Ye Guerilla Force(YGF)နဲ့ အမှတ်(၁၈၁၉)ဒရုန်းတပ်ဖွဲ့ Flying
မြန်မာသတင်း

ဂန့်ဂေါခရိုင်ထဲ ယောဒေသစစ်ဆင်ရေး ဂန့်ဂေါခရိုင်စစ်ဌာန စတင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 58 Views
စစ်တပ်လက်အောက်ခံ ပျူစောထီးရွာတရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆို ဒီဇင်ဘာလ (၃၀)ရက်။ ဒီဇင်ဘာလ (၂၇)ရက်နေ့ နံနက် (၅)နာရီအချိန်ကစပြီး ဂန့်ဂေါခရိုင်ထဲရှိ စစ်တပ်စခန်းတွေနဲ့ ပျူစောထီးရွာတွေကို ယောဒေသစစ်ဆင်ရေးအနေနဲ့ စတင်ထိုးစစ်ဆင်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးကို ဂန့်ဂေါခရိုင်စစ်ဌာနအနေနဲ့
မြန်မာသတင်း

ချောက်မြို့တိုက်ပွဲထဲ စစ်တပ်ဘက်က (၇)ဦးသေဆုံးပြီး (၂၀)ခန့် ပြင်းထန်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 45 Views
ဒီဇင်ဘာလ (၃၀)ရက်။ ချောက်မြို့ရှိ စစ်တပ်ရဲ့ မြို့အဝင်ဂိတ်၊ တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ မကွေးခရိုင်စစ်ဌာန-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီဇင်ဘာလ (၂၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ဖိုကုန်းရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို
မြန်မာသတင်း

၂၀၂၆ခုနှစ်မှာ တော်လှန်ရေး အောင်မြင်စွာ အဆုံးမသတ်နိုင်သေးဘူးလို့ ဒေါက်တာဇော်ဝေစိုးပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 28 Views
ဒီဇင်ဘာလ (၃၀)ရက်။ ၂၀၂၆ခုနှစ်မှာ တေယ်လှန်ရေးကို အောင်မြင်စွာ အဆုံးမသတ်နိုင်သေးဘူးလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မနေ့က PVTV နဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ၂၀၂၆မှာ ဘာဖြစ်မလဲဆိုတာ တိတိကျကျ