နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာရှ အိန္ဒိယ

ရုရှားရေနံကို ဆက်လက်ဝယ်ယူနေပါက အိန္ဒိယကုန်ပစ္စည်းများအပေါ် အခွန်တိုး ကောက်မည်ဟု ထရန့် ခြိမ်းခြောက်

ရုရှားရေနံကို ဝယ်ယူနေဆဲဖြစ်သောကြောင့် အိန္ဒိယအပေါ် အခွန်တိုးကောက်မည်ဟု သမ္မတ ဒေါ်နယ် ထရန့်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

“အိန္ဒိယက ရုရှားရေနံအမြောက်အမြားကို ဝယ်ယူရုံတင်မကဘူး၊ သူတို့က ရေနံအများစုကို ဝယ်ပြီး အမြတ်အစွန်း ကြီးကြီးမားမားရဖို့အတွက် စျေးကွက်ဖွင့်ပြီး ရောင်းချတာဖြစ်တယ်” ဟု သမ္မတက ၎င်း၏ လူမှုမီဒီယာကွန်ရက် Truth Social တွင် ရေးသားခဲ့သည်။ “အဲဒါကြောင့် အိန္ဒိယက အမေရိကန်ကို ပေးဆောင်တဲ့ စည်းကြပ်ခွန်ကို သိသိသာသာ တိုးမယ်။”

သို့သော် ရုရှားမှ ရေနံတင်သွင်းမှုအတွက် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က သူတို့နိုင်ငံကို မတရားပစ်မှတ်ထားခံနေရသည်ဟု အိန္ဒိယက ပြန်လှန်ကန့်ကွက်ခဲ့သည်။

အကောက်ခွန်များသည် သွင်းကုန်လုပ်ငန်းရှင်များမှ တိုက်ရိုက်ပေးဆောင်သည့် အခွန်များ ဖြစ်သော်လည်း ကုန်ပစ္စည်းများ တင်ပို့သည့်နိုင်ငံများသည် စျေးနှုန်းများမြင့်ရောင်းရသဖြင့် ဝယ်လိုအား ကျဆင်းစေပြီး ပို့ကုန်လုပ်ငန်းရှင်များကို သွယ်ဝိုက်သောနည်းဖြင့် ထိခိုက် နစ်နာစေကာ ထိုနိုင်ငံများက အကောက်ခွန်သက်သာသော သို့မဟုတ် ပြည်တွင်း ထုတ်လုပ်မှုကို တိုးမြင့်လာစေသည်။

ပြီးခဲ့သည့်အပတ်က ထရန့်သည် အိန္ဒိယမှလာသော ကုန်ပစ္စည်းများအပေါ် အနိမ့်ဆုံး ၂၅% အခွန်စည်းကြပ်ရန် ခြိမ်းခြောက်ခဲ့ပြီး ယခုသီတင်းပတ်အကုန်တွင် အသက်ဝင်မည် ဖြစ်သည်။ အိန္ဒိယကုန်စည်များသည် လက်ရှိတွင် အနည်းဆုံးနှုန်းထား ၁၀% ရှိသည်။ ရုရှားရေနံကို ဆက်လက်ဝယ်ယူပါက အိန္ဒိယကို မည်သည့်အကောက်ခွန်နှုန်းထားအသစ်ဖြင့် ကုန်ပစ္စည်းများကို ကောက်ခံမည်ကို ထရန့်က မသတ်မှတ်ထားပေ။

ယူကရိန်းစစ်ပွဲစတင်ပြီးနောက် ပုံမှန်ထောက်ပံ့ပေးပို့နေသော ထောက်ပံ့ပေးပို့သူများသည် ဥရောပသို့ လမ်းကြောင်းပြောင်းသွားခြင်းကြောင့် မိမိတို့လိုအပ်သည့်ရေနံကို ရုရှားနိုင်ငံမှ စတင်တင်သွင်းခြင်းဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“ အိန္ဒိယရဲ့ သွင်းကုန်တွေက အိန္ဒိယစားသုံးသူအတွက် ခန့်မှန်းချေနဲ့ တတ်နိုင်လောက်တဲ့ စွမ်းအင်ကုန်ကျစရိတ်ကို သေချာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှုဟာ ကမ္ဘာ့ဈေးကွက်အခြေအနေကြောင့် မဖြစ်မနေ လိုအပ်ပါတယ်” ဟု ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရန်ဟီရာဂျိုင်စ်ဝါလ် (Randhir Jaiswal) မှ ဆိုရှယ် မီဒီယာတွင် ရေးသားဖော်ပြထားသည်။
အမေရိကန်နှင့် အီးယူတို့ကလည်း ရုရှားနှင့် ကုန်သွယ်မှုကို နှစ်နှစ်ခြိုက်ခြိုက် လုပ်ဆောင်နေသည်ဟု အိန္ဒိယက ပြောကြားခဲ့သည်။

၎င်းတို့သည် ထရန့်၏ နောက်ဆုံးအကောက်ခွန်ဒဏ်ခံရသောနိုင်ငံများဖြစ်သည်။
ဘရာဇီး ၅၀ ၊ ဆီးရီးယား ၄၁ ၊ လာအို ၄၀ ၊ မြန်မာ ၄၀ ၊ ဆွစ်ဇာလန် ၃၉ ၊ အီရတ် ၃၅
အထက်ပါနိုင်ငံများသည်ထရန့်၏နောက်ဆုံးစည်းကြပ်ခွန်ကို ခံရသည့်နိုင်ငံများဖြစ်သည်။

“ဒီနောက်ခံအကြောင်းအရာအရ အိန္ဒိယကို ပစ်မှတ်ထားတာဟာ တရားမျှတမှုမရှိသလို ကျိုးကြောင်းဆီလျော်မှု မရှိပါဘူး။ အဓိကစီးပွားရေးနိုင်ငံတွေလိုပဲ အိန္ဒိယအနေနဲ့ သူ့ရဲ့အမျိုးသားအကျိုးစီးပွားနဲ့ စီးပွားရေးလုံခြုံရေးကို အကာအကွယ်ပေးဖို့ လိုအပ်တဲ့ အစီအမံအားလုံးကို လုပ်ဆောင်သွားမှာပါ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယသွင်းကုန်များအပေါ် အခွန်တိုးကောက်မည့် အမေရိကန်၏ အစီအစဉ်ကိုလည်း ကရင်မလင်က ရှုတ်ချခဲ့သည်။ “တကယ်တော့ ခြိမ်းခြောက်မှုတွေ၊ ရုရှားနဲ့ ကုန်သွယ်ရေး ဆက်ဆံရေးကို ရပ်တန့်ဖို့ နိုင်ငံတွေကို အတင်းအကျပ် ဖိအားပေးဖို့ ကြိုးပမ်းတဲ့ ကြေညာချက်တွေ အများကြီး ကြားနေရတယ်” ဟု ကရင်မလင်မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က သတင်းထောက်များအား အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ “ဒီလိုထုတ်ပြန်ချက်တွေကို တရားဥပဒေကြောင်းအရ မယူဆပါဘူး။ အချုပ်အခြာ အာဏာပိုင် နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ကိုယ်ပိုင်ကုန်သွယ်ဖက်တွေကို ရွေးချယ်ပိုင်ခွင့်ရှိသင့်တယ်လို့ ယုံကြည်ပါတယ်။”

ရက်ပိုင်းအတွင်း ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေးသို့ ရရှိရန် ရုရှားသမ္မတ ဗလာဒီမာပူတင်အပေါ် ၎င်း၏ကြိုတင်သတ်မှတ်ရက်ကို တိုတိုတုတ်တုတ် တွန်းအား ပေးခြင်းဖြင့် ထရန့် ၏ အခွန်စည်းကြပ်ခြိမ်းခြောက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

(ဓါတ်ပုံ)

အိန္ဒိယရေနံကော်ပိုရေးရှင်းက လည်ပတ်နေသည့် Guwahati ရေနံချက်စက်ရုံအနီးတွင် ရေနံတင်ရထားတစ်စီး ဖြတ်သွားစဥ်။
အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းရှိ Bharat Petroleum Corp. Ltd. မှ ဆောင်ရွက်သည့် ရေနံချက်စက်ရုံ အပြင်ဘက်တွင် ရေနံတင်ထရပ်ကားများ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 6 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း အဓိကကျသော မဟာဗျူဟာမြောက် ရည်မှန်းချက်များမှာ “ ပြီးဆုံးလုနီးပါး” ဖြစ်နေပြီဟု ထရန့်က ပြောကြားခဲ့ပါသည်။
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲစတင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင် ကန့်သတ် ခံရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 19 Views
၂၀၂၆ခုနှစ်၊ဧပြီလ၁ရက် အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Türk က သတိပေးပြောကြားလိုက်သည်။ ပဋိပက္ခစတင်ကတည်းက အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း “
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ ပို့ကုန်ဝင်ငွေများ မြင့်တက်နေချိန်တွင် ၎င်း၏ ရေနံလုပ်ငန်းအပေါ် ယူကရိန်းက တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 175 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မော်စကိုအစိုးရသည် ရေနံစိမ်းစျေးနှုန်း မြင့်တက်လာခြင်းနှင့် အချို့သော ပိတ်ဆို့ အရေးယူမှုများ လျှော့ချခံရခြင်းတို့ကြောင့် အကျိုးအမြတ်များ ရရှိနေစဉ်အတွင်း ယူကရိန်းစစ်တပ်သည် ရုရှား၏ စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အမေရိကန်

မြောက်ကိုရီးယားဟက်ကာများက အမေရိကန်ကုမ္ပဏီထောင်ပေါင်းများစွာ အသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ကို ဖောက်ထွင်းပြီး ခရစ်ပတိုခိုးယူရန် ကြိုးပမ်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မြောက်ကိုရီးယားဟက်ကာများဟု သံသယရှိသူများသည် အမေရိကန်ကုမ္ပဏီပေါင်း ထောင်ချီအသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ပက်ကေ့ဂျ်တစ်ခုအတွင်းသို့ ဗိုင်းရပ်စ်ထည့်သွင်းကာ ကြီးမားသော ထောက်ပံ့ရေးကွင်းဆက် (Supply-chain) တခုလုံးအားတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို ပြန်လည်ကုစားရန်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 273 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် သမ္မတ ဒေါ်နယ်ထရန့် မျှဝေခဲ့သည့် မကြာသေးမီက ဗီဒီယိုမှာ အီရန်နိုင်ငံ