နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အားကစား

ကာလို့စ် အယ်လ်ကာရက်ဇ် သည် ဂျင်းနစ်ခ် စင်းနာ (Jannik Sinner) ကို လေးပွဲကစားပြီး အနိုင်ယူကာ US Open ဆုကို ဒုတိယအကြိမ်မြောက် ဆွတ်ခူး သွားခဲ့ပါသည်။

CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၇) ရက်

ကာလို့စ် အယ်လ်ကာရက်ဇ်ဟာ US Open ချန်ပီယံဆုကို နှစ်ကြိမ်၊ ဂရမ်စလင်းချန်ပီယံဆုကို ၆ ကြိမ် ရရှိခဲ့ပြီးဖြစ်သလို ကမ္ဘာ့အဆင့် ၁ အဖြစ်လည်း ရပ်တည်နေပါတယ်။ နယူးယောက်မှာ သူချန်ပီယံဖြစ်ခဲ့တဲ့ပွဲစဉ်က သူပိုကောင်းလာနေတယ်ဆိုတာကို သက်သေပြခဲ့ပါသည်။ အယ်လ်ကာရက်ဇ်ဟာ ဒီပြိုင်ပွဲကို ၂၀၂၂ ခုနှစ်တုန်းကလည်း ပထမဆုံးအကြိမ်အဖြစ် အနိုင်ရရှိခဲ့ဖူးပါတယ်။ အီတလီကစားသမား ဂျင်းနစ်ခ် စင်းနာ ကို ၂ နာရီ ၄၂ မိနစ်အတွင်း ၆-၂၊ ၃-၆၊ ၆-၁၊ ၆-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီအောင်ပွဲနဲ့အတူ သူဟာ အမျိုးသား ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ စင်းနား ရဲ့နေရာကို အစားထိုးပြီး ထိပ်ဆုံးနေရာကို ရယူခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက်လုံး နှစ်ဦးစလုံးရဲ့ ရိုက်ချက်များသည် သာလွန်ကောင်းမွန် နေခဲ့ပြီး နှစ်ဦးစလုံး အမြင့်ဆုံးအဆင့်သို့ အကြိမ်များစွာ ရောက်ရှိခဲ့သည်။ နောက်ဆုံးတွင် အယ်လ်ကာရက်ဇ်သည် ပွဲစဉ်ရဲ့အများစုကို ဦးဆောင်နိုင်ခဲ့ပါသည်။

ဂျင်းနစ်ခ် စင်းနာ က ကွင်းရဲ့တစ်ဖက်တစ်ချက်ကို အပြင်းအထန်ရိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒုတိယပွဲကလွဲ၍ အယ်လ်ကာရက်ဇ်သည် ခံစစ်အနေအထားကို လုံးဝမရောက်ခဲ့ပါဘူး။ ပွဲအစကတည်းက စပိန်ကစားသမားရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက သိသိသာသာရှိနေတာကို တွေ့မြင်ခဲ့ ရပါသည်။ သူ စင်းနားကို ရှုံးခဲ့တဲ့ပွဲက ပြိုင်ပွဲတစ်ခုလုံးမှာ ရှုံးခဲ့တဲ့ တစ်ပွဲတည်းသောပွဲ ဖြစ်ခဲ့ပေမယ့် ကမ္ဘာပေါ်မှာ အရည်အချင်းအပြည့်ဝဆုံး ကစားသမားတစ်ဦး ဖြစ်လာနေသည် ဆိုတာကို ထပ်မံသက်သေပြခဲ့ပါသည်။ စပိန်တင်းနစ်အားကစားသမား သည် မေလတုန်းကမှ အသက် ၂၂ နှစ်ပြည့်ခဲ့သူဖြစ်ပြီး ၁၉၇၈ ခုနှစ်မှာ US Open ကို Hard Court ကွင်းအဖြစ် ပြောင်းလဲကစားခဲ့ချိန်ကစပြီး သူ့ရဲ့ ၂၃ နှစ်မြောက် မွေးနေ့မတိုင်ခင်မှာ ကစားကွင်း ၃ မျိုးလုံးမှာ ဂရမ်စလင်းဖလားကို အကြိမ်ကြိမ်ရရှိခဲ့တဲ့ ပထမဆုံး အားကစားသမား ဖြစ်လာခဲ့ပါသည်။ သူ့ရဲ့ ၆ ကြိမ်မြောက် ဂရမ်စလင်းဆုသည် အသက် ၂၃ နှစ်မပြည့်ခင် Björn Borg တစ်ဦးတည်းသာ ၇ ကြိမ်နဲ့ သူ့ထက်သာလွန်အောင်ကစားနိုင်ခဲ့ပါသည်။

ဇန်နဝါရီလမှာ ကျင်းပမယ့် သြစတေးလျ အိုးပင်း(Australian Open) မှာ အယ်လ်ကာရက်ဇ်သည် ဆွီဒင်ကစားသမားရဲ့ စံချိန်ကို လိုက်မီနိုင်တာကြောင့် လောင်းကြေးထပ်ရင်တောင် ရှုံးလိမ့်မှာမဟုတ်ပါ။ စပိန်ကစားသမားဟာ အခုဆိုရင် ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး ထိုအချက်ကို ထိုနေ့ပြိုင်ပွဲတွင် အပြည့်အဝ မြင်တွေ့ခဲ့ရသည်။ သူ့ရဲ့ ဆားဗစ်ပေးမှု(SerVes) များသည် တစ်ခါတစ်ရံမှာ မတားဆီးနိုင်အောင် ကောင်းမွန်ခဲ့ပြီး စင်းနား ရဲ့ ၂၁ ကြိမ်နဲ့ ယှဉ်ရင် သူက ၄၂ ကြိမ် အနိုင်ရိုက်ချက်ကို ရိုက်နိုင်ခဲ့ပါသည်။ ထို့အပြင် အီတလီကစားသမားထက်လည်း ကွင်းကိုပို၍ လွှမ်းခြုံနိုင်ခဲ့သလို Double Fault လည်း လုံးဝမဖြစ်ခဲ့ချေ။ သူ့၏ ပထမစရိုက်ချက် (First SerVes) ၆၁ ရာခိုင်နှုန်းကို ကစားနိုင်ခဲ့ပြီး အဲဒီထဲက ၈၃ ရာခိုင်နှုန်းကို အမှတ်ရယူနိုင်ခဲ့ပါသည်။ ထိုအချက်သည် သူ့ရဲ့အရှိန်အဟုန်နဲ့ စွမ်းအားကို သက်သေပြနေတာဖြစ်ပြီး စင်းနားကို ပွဲစဉ်အများစုမှာ ဟန်ချက်ပျက်စေခဲ့သည်။ အယ်လ်ကာရက်ဇ်က ၆-၁ နဲ့ ရယူခဲ့တဲ့ တတိယပွဲက စင်းနား လို အရည်အချင်းရှိတဲ့ အားကစားသမား တစ်ဦးအပေါ် အံ့အားသင့်စရာ ကောင်းလောက်အောင် လွှမ်းမိုးခဲ့ပါတယ်။ ပွဲစဉ်တစ်ခုလုံးကို တက်ရောက်ခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆုချီးမြှင့်ပွဲမှာ ပါဝင်ခဲ့ခြင်း မရှိပါ။ ဇူလိုင်လက Club World Cup ဖိုင်နယ်ပွဲနဲ့မတူဘဲ သမ္မတသည် သူ့ရဲ့ Box ထဲကနေ ဆုချီးမြှင့်ပွဲကို လာရောက်ကြည့်ရှုတဲ့ ပရိသတ် ထောင်ပေါင်းများစွာနဲ့အတူ မတ်တတ်ရပ်ပြီး ကြည့်ရှုခဲ့ပါသည်။

ကားလို့စ်အယ်လ်ကာရက်ဇ် ရဲ့ အံ့မခန်းစွမ်းဆောင်ရည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရ ပြီးနောက် ဂျန်နစ်စင်းနား သည် ပွဲအပြီးအင်တာဗျူးမှာ စိတ်ထဲတွင် ငြိမ်းချမ်းနေပုံရပါသည်။

“ ဒီနေ့ ကျွန်တော်အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဒီ့ထက်ပိုပြီးတော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး” လို့ သူက သူ့ရဲ့ပြိုင်ဘက်ကို ဂုဏ်ပြုပြီး ပြောကြားခဲ့သည်။ ထို့အပြင် “ ဒီနေ့ ခင်ဗျားက ကျွန်တော့်ထက် သာလွန်ကောင်းမွန်တဲ့ ဒီ စွမ်းဆောင်ရည်နောက်ကွယ်က ပင်ပန်းကြိုးစားမှုအားလုံးကို အသိအမှတ်ပြုပါတယ်” လို့လည်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး စင်းနားက သူ့ရဲ့အသင်း၊ မိသားစုနဲ့ သူငယ်ချင်းတွေကို “ ကျွန်တော့်ကို ပံ့ပိုးပေးပြီး၊ ကြိုးစားလုပ်ဆောင်နေတာတွေကို နားလည်ပေးလို့” ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“ ဒီစင်မြင့်ပေါ်ကို ရောက်ဖို့အတွက် ကျွန်တော်တို့ ဘယ်လောက်အနစ်နာခံခဲ့ရလဲဆိုတာ ကျွန်တော်တို့အားလုံး သိပါတယ်” လို့ သူက ပြောကြားခဲ့သည်။ “ ဒီရာသီဟာ အံ့မခန်း ဖြစ်ခဲ့ပါတယ်။ ရာသီတစ်လျှောက်လုံး အဓိကကျတဲ့ စင်မြင့်တွေနဲ့ ပွဲတွေကို ကျွန်တော်တို့ ကစားခဲ့ရပါတယ်။ ဒီအခိုက်အတန့်ကို ခင်ဗျားတို့နဲ့အတူ မျှဝေခွင့်ရလို့ အရမ်းအရမ်း ပျော်ပါတယ်” လို့လည်း ပြောကြားခဲ့သည်။

ကာလို့စ် အယ်လ်ကာရက်ဇ် ဆုရယူပြီးပရိဿတ်များကိုပြသနေစဥ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

ဒေလီမြို့တော်ရှိ ပြည်သူသန်းနှင့်ချီ၍ ရက်အတော်ကြာ ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရပြီး အချို့ကမူ လက်ရှိ ရရှိနေသော ရေများမှာ အဆိပ်အတောက်ဖြစ်နေဆဲဟု ဆိုကြသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 7 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက် ဒေလီမြို့တော်၏ ရေအကျပ်အတည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဒေလီမြို့ အနောက်မြောက်ဘက်ရှိ Sharma Enclave
နိုင်ငံတကာသတင်း အမေရိကန် အီတလီ

ဆောင်းရာသီအိုလံပစ်တွင် အမေရိကန်လုံခြုံရေးတိုးမြှင့်ရန် ICE အေးဂျင့်များ စေလွှတ်မှုအပေါ် အီတလီနိုင်ငံသားများ ဒေါသထွက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 10 Views
CNN – ဖေဖော်ဝါရီ ၁၊ ၂၀၂၆ လာမည့်လတွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်၏ လုံခြုံရေးလုပ်ငန်းများကို ကူညီရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 28 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS) တို့ဟာ အထောက်အထားမဲ့ နေထိုင်သူ တွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ့် စီမံချက်တွေကြောင့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား

ဖုန်းစစ်ဆေးခံရမည်ကို စိုးရိမ်သောကြောင့် ဖုံးတွင်ကုဒ်များဖြင့် ပြောဆိုခြင်းနှင့် ရေးသားချက်များကို ဖျက်ပစ်ခြင်းဖြင့် ဗင်နီဇွဲလားနိုင်ငံသားများ အသုံးပြုနေသည့် နည်းဗျူဟာများ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် “မေမေ၊ ချတ် (Chat) တွေကို ဖျက်လိုက်တော့။” “သားရယ်၊ အဲဒါတွေက မှတ်တမ်းတင်ခံရတာမျိုး ဖြစ်လိမ့်မယ်။” “အပြင်မထွက်ခင် ပြောထားတဲ့ စကားတွေကို ဖျက်ထားလိုက်ပါဦး။”
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 28 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 33 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။