နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

တပတ်တာ တောင်ပိုင်းစစ်ဒေသတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀)ကျော်သေဆုံးခဲ့

ဖေဖော်ဝါရီလ (၉)ရက်။

‌အခုတပတ်တာထဲ တောင်ပိုင်းစစ်ဒေသမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေကို (၁၈)ကြိမ်ခန့် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ‌မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၅၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၂ဝ)ဦး ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးရဲဘော်တွေဘက်က (၄)ဦးကျဆုံးခဲ့ပြီး (၁၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေကို PDF၊ KNU/KNLA၊ BPLA နဲ့ FFD အပါအဝင် အခြားတော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ (၁)ရက်နေ့ကလဲ ဘီးလင်းမြို့က စစ်ကောင်စီရဲ့ မဲပလီဗျူဟာကုန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က စစ်သုံ့ပန်း (၂၇)ဦး ဖမ်းဆီးရမိခဲ့ကာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေပေးထားသလို ထွက်ပြေးလွတ်မြောက်သူတွေကို လိုက်လံချေမှုန်းနေတယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲ၊ ဗျူဟာ (၂၇)တပ်ရင်းတပ်ဖွဲ့တွေ၊ နဂါးဖြူစစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း၊ LDF၊ ပကဖနဲ့ မဟာမိတ်တွေဖြစ်တဲ့ KNLA၊ BPLA နဲ့ FFD ဒရုန်းအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နေပြည်တော်မှာ မင်းအောင်လှိုင်ကို ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသ အနုပညာရှင်တွေက “ လတ်တီး” သီချင်းနဲ့ ဖျော်ဖြေ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 25 Views
‌နိုဝင်ဘာလ (၅)ရက်။ မနေ့က နေပြည်တော်ရှိ MICC-1 မှာ ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသက နိုဗိုစီဗစ် “ Chaldony” State
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေဆဲလို့ KIO ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 20 Views
‌နိုဝင်ဘာလ (၅)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွေ ငြိမ်သက်သွားတယ်ဆိုပြီး သတင်းထွက်နေပေမယ့် မြေပြင်မှာ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ KIO ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဖရူဆိုနဲ့ ဒီမော့ဆိုမှာ စစ်တပ်ရဲ့ ဗုံးကြဲတာတွေကြောင့် အရပ်သားတောင်သူ (၃)ဦးသေဆုံးပြီး (၈)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 22 Views
‌နိုဝင်ဘာလ (၅)ရက်။ ပြီးခဲ့တဲ့ထဲ ဖရူဆိုနဲ့ ဒီမော့ဆိုမြို့တို့မှာ အရပ်သားတောင်သူတွေ စိုက်ပျိုးသီးနှံတွေ ရိတ်သိမ်းတဲ့ လုပ်ငန်းခွင်ကို စစ်တပ်က အကြောင်းမဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ ဖရုဆိုမြို့ရှိ
မြန်မာသတင်း

မတ္တရာမြို့ကို စစ်သည်အင်အား အကုန်ထုတ်သုံးပြီး ကာကွယ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 56 Views
‌နိုဝင်ဘာလ (၄)ရက်။ မတ္တရာမြို့က ထိန်းချုပ်ထားတဲ့နေရာတွေကို စစ်သည်အင်အား အကုန်ထုတ်သုံးပြီး ကာကွယ်သွားမယ်လို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ္တရာမြို့နယ်ပကဖအနေနဲ့ တော်လှန်ရေးစတင်ချိန်ကထဲက အာဏာရှင်စနစ်ကို လက်နက်ကိုင်လမ်းစဉ်နဲ့ ရရာလက်နက်စွဲကိုင်ပြီး တော်လှန်မယ့်အဖွဲ့လို့ ဆိုပါတယ်။ မတ္တရာမြို့နယ်ပကဖဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို
မြန်မာသတင်း

TNLA ဆုတ်ခွာသွားမယ့် မြို့တွေကို တော်လှန်ရေးတပ်ပေါင်းစုတွေ အစွမ်းကုန်ကာကွယ်မယ်လို့ PLA ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 53 Views
‌နိုဝင်ဘာလ (၄)ရက်။ တအာင်းတပ်(TNLA)ဆုတ်ခွာသွားမယ့် မြို့တွေကို တော်လှန်ရေးတပ်ပေါင်းစုတွေက အစွမ်းကုန် ကာကွယ်သွားမယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) သတင်းနဲ့ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ TNLA ဆုတ်ခွာသွားရင် PLA၊ MDY-PDF၊ မိုးကုတ်ဗျူဟာ၊ ABSDF နဲ့
မြန်မာသတင်း

ပခုက္ကူ-ရေစကြိုလမ်းမမှာ ကားတွေဆီက ပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်ရဲတပ်သား ပစ်ခတ်ခံရပြီး သေဆုံး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 37 Views
‌နိုဝင်ဘာလ (၄)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့ နံနက် (၇)နာရီခွဲအချိန်က ပခုက္ကူမြို့ လေယာဉ်ကွင်းထိပ်မှာ ကုန်ကားတွေဆီကနေ ပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်ရဲတပ်သားကို ပစ်ခတ်ခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ပြင်သစ်သမ္မတရဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့တဲ့စာ သားဖြစ်သူ ကိုထိန်လင်း လက်ခံရရှိခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 21 Views
‌နိုဝင်ဘာလ (၄)ရက်။ ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့တဲ့ ပုဂ္ဂိုလ်ရေးစာကို သားဖြစ်သူ ကိုထိန်လင်းက လက်ခံရရှိခဲ့တယ်လို့ ဒီကနေ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မကြာသေးခင်က ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ ခရစ္စတန် လရှယ်ဗီနဲ့
မြန်မာသတင်း

ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းရဲ့ ဆိုင်းဘုတ်ကို ဆုတ်ဖြဲတာနဲ့ ရွေး/ကော်အဖွဲ့ဝင်တွေကို ထိုးကြိတ်ခဲ့သူအပါအဝင် (၇)ဦးကို စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 16 Views
‌နိုဝင်ဘာလ (၄)ရက်။ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားသူတွေဆိုပြီး အရပ်သားပြည်သူ (၇)ဦးကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ဧရာဝတီတိုင်း ဝါးခယ်မမြို့နေသူတဦးနဲ့ ပုသိမ်မြို့နေသူတဦး၊ ဘားအံမြို့နေသူ (၂)ဦး၊ ရန်ကုန်တိုင်း ဒလမြို့နေသူတဦးနဲ့ ကမာရွတ်မြို့နေသူတဦးအပြင်