နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးဓာတ်ပုံကြောင့် ဝေဖန်မှု အငြင်းပွားမှုများ ဖြစ်ပွားနေ

ဖေဖော်ဝါရီလ (၇) ရက်။

အသစ်ထွက်လာတဲ့ Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ အိမ်ဖြူတော်ရဲ့ ဘဲဥပုံရုံး စားပွဲခုံမှာ စွန့်ဦးတီထွင်သူ အီလွန်မတ်က ထိုင်နေတဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

သမ္မတထရန့် အသစ်ဖွဲ့စည်းထားတဲ့ အစိုးရစွမ်းဆောင်ရည်ထိရောက်ရေးဌာန (DOGE) ကို ဦးဆောင်ဖို့ အီလွန်မတ်စ်ကို အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ပြီး အစိုးရအဖွဲ့အစည်းကို လျှော့ချဖို့နဲ့ အသုံးစရိတ်တွေကို လျှော့ချဖို့ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် အချို့လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး မကြာသေးမီက တရားစွဲမှုတွေကြောင့် အဟန့်အတား ဖြစ်နေပါတယ်။

မျက်နှာဖုံးကို အနီရောင်နောက်ခံဖားပြီး မက်စ်က သမ္မတထိုင်ခုံမှာ ကော်ဖီခွက် ကိုင်ထားပြီး ထိုင်နေတာကို ပြသထားပါတယ်။

မက်စ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မူဝါဒတွေကြောင့် သန်းနဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေ လက်ရှိဖြစ်နေတဲ့ အခြေအနေကို အထူးဆောင်းပါးကဏ္ဍမှာ ရေးသားထားပါတယ်။ အခုအချိန်အထိ မတ်စ်ဟာ ထရန့်ကလွဲ၍ အခြားဘယ်သူ့ကိုမှ တာဝန်ခံပုံမပေါ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ Time မဂ္ဂဇင်းက DOGE ကို မေးထားတဲ့ မေးခွန်းအားလုံးကို အိမ်ဖြူတော်ကို ပို့ပေးပြီး အိမ်ဖြူတော်ကလည်း မှတ်ချက်ပေးဖို့ ငြင်းဆိုထားတယ်လို့ ဆိုပါတယ်။

Time မဂ္ဂဇင်းက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထုတ် မျက်နှာဖုံးမှာလည်း မတ်စ်ကို အသုံးပြုထားပြီး အမေရိကန်သမ္မတရွေးကောက်ပွဲမှာ မတ်စ်ရဲ့ သြဇာလွှမ်းမိုးမှုကို တင်ပြခဲ့ပါသေးတယ်။ မျက်နှာဖုံးနှစ်ခုစလုံးက စစ်မှန်တဲ့အာဏာဟာ ထရန့်မှာ မရှိဘဲ မတ်စ်မှာသာ ရှိတယ်လို့ ပြောဆိုထားတာလို့ ရှုမြင်နေကြပါတယ်။

ထရန့်က Time မဂ္ဂဇင်းကို အလွန်ချီးကျူးခဲ့ဖူးပြီး မဂ္ဂဇင်းရဲ့ “တစ်နှစ်တာအကြော်ကျားဆုံးပုဂ္ဂိုလ်” အဖြစ် နှစ်ကြိမ်တိုင်တိုင် ရွေးချယ်ခံရပါတယ်။ ထရန့်ဟာ အခြားသူတွေနဲ့ အာဏာမျှဝေဖို့ စိတ်ကူး မရှိသူ ဖြစ်တဲ့အတွက် မတ်စ်ရဲ့ မျက်နှာဖုံးက သူ့ကို ဒေါသထွက်စေနိုင်ပါတယ်။

ဖေဖော်ဝါရီလ (၇) ရက်နေ့က အိမ်ဖြူတော်မှာ မျက်နှာဖုံးအကြောင်း မေးတဲ့အခါ ထရန့်က “TIME က မဂ္ဂဇင်းက ဆက်ထုတ်နေသေးတာလား? အဲဒါတောင် မသိတော့ဘူး” လို့ နောက်ပြောင်ခဲ့ပါတယ်။

ထရန့်ရဲ့ ပထမအကြိမ် အစိုးရလက်ထက်မှာ သူ့ရဲ့ အနီးကပ်လက်ထောက် စတိ(ဗ)ဘာနွန် (Steve Bannon) ကို နောက်ကွယ်ကကြိုးကိုင်နေသူလို့ ခေါ်ဆိုခဲ့ပြီး Time မဂ္ဂဇင်းမျက်နှာဖုံးမှာ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီလို ဖော်ပြခဲ့တဲ့အတွက် ထရန့်ကို ဒေါသထွက်စေခဲ့ပြီး စတိ(ဗ)ဘာနွန်ကို သူ့အစိုးရကနေ ထုတ်ပယ်ခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက