နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ခေါင်းဆောင်ရဲ့ ရုရုားနဲ့ ဘယ်လာရုစ်ခရီးစဉ်တွေအပေါ် ဂုဏ်ယူတယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံအဖွဲ့ တဒါဇင်ခန့်က ထုတ်ပြန်

မတ်လ (၉)ရက်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားနဲ့ ဘယ်လာရုစ်ခရီးစဉ်တွေနဲ့ပတ်သက်ပြီး ဂုဏ်ယူဝမ်းမြောက်တယ်လို့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက အသီးသီးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်တွေနဲ့ပတ်သက်ပြီး YMBA(ဗဟို)အပါအဝင် ဘာသာရေးအဖွဲ့အချို့၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ UMFCCI၊ ဂီတအစည်းအရုံး၊ ရုပ်ရှင်အစည်းအရုံးနဲ့ သတင်းမီဒီယာကောင်စီတို့အပါအဝင် (၁၂)ဖွဲ့က ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ထဲ စစ်ခေါင်းဆောင်အနေနဲ့ ခရီးစဉ်တွေမှာ နိုင်ငံနဲ့ ပြည်သူတွေအတွက် ကောင်းမွန်တဲ့ ရလဒ်တွေကို ယူဆောင်လာနိုင်ခဲ့တာကြောင့် ဂုဏ်ယူဝမ်းမြောက်တယ်လို့ ဆိုပါတယ်။

နောက်ပြီး ရုရှား၊ ဘယ်လာရုစ်ခရီးစဉ်တို့မှာ ပူးပေါင်းဆောင်မှုဆိုင်ရာ စာချွန်လွှာတွေနဲ့ နားလည်မှုစာချွန်လွှာတွေ လဲလှယ်နိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူကြောင်းနဲ့ ဆက်လက်တာဝန်ထမ်းဆောင်ဖို့ဆိုပြီး ဖော်ပြထားပါတယ်။

စစ်ခေါင်းဆောင်ဟာ ဒီကနေ့မှာတော့ ရုရှားနိုင်ငံကနေ နေပြည်တော်ကို ပြန်လာခဲ့ပြီး စစ်ကောင်စီက ဝန်ထမ်းတွေနဲ့ စစ်တပ်ထောက်ခံတဲ့ အနုပညာရှင်တွေကို မဖြစ်မနေ ကြိုဆိုရမယ်ဆိုကာ ညွှန်ကြားထားပါသေးတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မတ်လ (၃)ရက်နေ့ကစပြီး (၉)ရက်နေ့အထိ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတို့ကို သွားရောက်ခဲ့ကာ သဘောတူညီချက်အချို့နဲ့ နားလည်မှုစာချွန်လွှာအချို့ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အခုလို စစ်ခေါင်းဆောင်နဲ့ လက်မှတ်ရေးထိုးတဲ့ကိစ္စတွေဟာ တရားမဝင်အကြမ်းဖက်အုပ်စုဖြစ်ပြီး ပြည်သူ့အစိုးရအနေနဲ့ အသိအမှတ်မပြုတာကြောင့် တော်လှန်ရေး အောင်မြင်ပြီးဆုံးတဲ့အခါ အဲ့ဒါတွေက အမှိုက်သာဖြစ်တယ်လို့ NUG ဘက်က တုံ့ပြန်ပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖာပွန်ဗျူဟာကို KNLA နဲ့ပူးပေါင်းတပ်တွေ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 43 Views
ဒီဇင်ဘာလ (၂၇)ရက်။ ဖာပွန်ဗျူဟာကို သိမ်းပိုက်နိုင်ဖို့ KNLA ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ဆက်လက်တိုက်ခိုက်နေတယ်လို့ နဂါးနက်စစ်ကြောင်းရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

“၂၀၂၆ တော်လှန်ရေးအလားလာ”

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 23 Views
အပတ်စဥ်နိုင်ငံ‌ရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ကြည့်ခြင်း (၂၇) မှာ ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆွေးနွေးတင်ဆက်သူ ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က အခုရောက်ရှိလာတော့မဲ့နှစ်သစ် ၂၀၂၆ခုနှစ်မှာတော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဘယ်လိုရှေ့ဆက်ချီတက်ကြမယ်၊ တပ်ပေါင်းစုတွေကိုဘယ်လောက်အထိမျှော်မှန်းနိုင်မလဲ၊ ဘုံရန်သူစစ်အုပ်စုကို
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ စစ်တပ်ရဲ့ အရေးပါတဲ့ ခလရ(၄၇)တပ်စခန်းကို KIA သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 36 Views
ဒီဇင်ဘာလ (၂၇)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ စစ်တပ်ရဲ့ အရေးပါတဲ့ ခလရ(၄၇)တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ရဲ့ ခလရ(၄၇)တပ်စခန်းကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တာ။ အဲ့ဒီတိုက်ပွဲမှာ
မြန်မာသတင်း

မကွေးမှာ အခုနှစ်ကုန်ကစပြီး တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ NUG ဝန်ကြီးချုပ်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 39 Views
ဒီဇင်ဘာလ (၂၇)ရက်။ မကွေးဒေသထဲ အခုနှစ်ကုန်ပိုင်းကစပြီး ၂၀၂၆ခုနှစ်အထိ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ မကွေးဖက်ရယ်ယူနစ်လွှတ်တော်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မကွေးဒေသဟာ ခုခံတွန်းလှန်စစ်တွေရဲ့ ဆုံချက်ဖြစ်သလို စစ်ကောင်စီအတွက် အလွန်အရေးပါတဲ့ ကာကွယ်ရေးပစ္စည်း
မြန်မာသတင်း

အတုအယောင်ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းဆည်းမယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 31 Views
ဒီဇင်ဘာလ (၂၇)ရက်။ တမူးမြို့မှာ အတုအယောင်ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းဆည်းမယ်လို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ NUG အနေနဲ့ အကြမ်းဖက်စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ သူ့ရဲ့လက်အောက်ခံ အဖွဲ့တွေကို အကြမ်းဖက်အုပ်စုအနေနဲ့ ကြေညာထားတယ်လို့
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ဆိုပြီး နိုင်ငံအချို့က ကိုယ်စားလှယ်တွေ ‌ရန်ကုန်ကိုရောက်လာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 27 Views
ဒီဇင်ဘာလ (၂၇)ရက်။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ဆိုပြီး စစ်တပ်နဲ့ မိတ်ဖက်နိုင်ငံအချို့က ကိုယ်စားလှယ်အဖွဲ့တွေ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွေးကောက်ပွဲစောင့်ကြည့်ဖို့ ရန်ကုန်ကို ရောက်လာတဲ့အဖွဲ့တွေဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကမ္ဘောဒီးယားနဲ့
မြန်မာသတင်း

ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ရုတ်သိမ်းတယ်ဆိုပြီး စစ်ကော်မရှင် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 35 Views
ဒီဇင်ဘာလ (၂၆)ရက်။ မနက်ဖြန် ဒီဇင်ဘာလ (၂၇)ရက်နေ့ကစပြီး ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ရုတ်သိမ်းတယ်ဆိုပြီး စစ်ကော်မရှင်ရဲ့ တိုင်းအစိုးရအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ တိုင်းအစိုးရအဖွဲ့က ရန်ကုန်ရှိ ကိုကိုကျွန်းကလွဲပြီး မြို့နယ် (၄၄)မြို့မှာ နံနက်
မြန်မာသတင်း

စစ်တပ်က ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ ဟားခါးမြို့မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 37 Views
ဒီဇင်ဘာလ (၂၆)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်ကစပြီး ချင်းပြည်နယ် ဟားခါးမြို့မှာ ချင်းဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသထံသတင်းတွေထံက သိရပါတယ်။ “ ဒီကနေ့ အစောပိုင်း (၆)နာရီလောက်ကထဲက ဟားခါးမြို့အနီးက နေရာ (၃)ခုလောက်မှာ တိုက်ပွဲပြင်းထန်နေတာ။