နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း ဥရောပ

ဂါဇာကမ်းမြောင်ဒေသရှိ အကူအညီပေးရေးသင်္ဘောကို အစ္စရေးက ကြားဖြတ်ဟန့်တားခဲ့ပြီး ဂရက်သာသွန်းဘာ့ဂ် (Greta Thunberg) နှင့် အခြားထင်ရှားသော တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခဲ့သည်။

၂၀၂၅ခုနှစ်၊ ဇွန် လ၈ရက်

ဂရက်သာသွန်းဘာ့ဂ် နဲ့ တခြားထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတွေကို တင်ဆောင်လာတဲ့ ဂါဇာကမ်းမြောင်ဒေသအတွက် အကူအညီပေးရေးသင်္ဘောတစ်စင်းကို အစ္စရေးက ကြားဖြတ် ဟန့်တားခဲ့ပြီး ရေယာဉ်ပေါ်တွင် ပါသူတွေကို ဖမ်းဆီးပြီး အစ္စရေးဆီ ခေါ်ဆောင်သွားပါတယ်။

ရက်ပေါင်း ၆၀၀ ကျော်စစ်ပွဲနဲ့ ၁၁ ပတ်ကြာ လူသားချင်းစာနာမှု အကူအညီအားလုံးကို အစ္စရေးက ပိတ်ဆို့ထားတာကြောင့် ဂါဇာကမ်းမြောင်ကို အကူအညီတွေပေးပို့ဖို့ ကြိုးပမ်းနေတဲ့ မက်ဒယ်လင် (“Madleen”) သင်္ဘောပေါ်ကို တက်လာခဲ့ကြောင်း အစောပိုင်းမှာ ဖလိုတီလာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (The Freedom Flotilla Coalition (FFC)) က ပြောကြားခဲ့ပါတယ်။

ရာသီဥတုအရေးတက်ကြွလှုပ်ရှားသူ သွန်းဘာ့ဂ်၊ “Game of Thrones”ဇာတ်ကား မင်းသား လီယန် ကန်နီဟန် (Liam Cunningham) နဲ့ ဥရောပပါလီမန် ပြင်သစ်အဖွဲ့ဝင် ရီမာ ဟာဆန် (Rima Hassan) တို့လည်း မက်ဒလင်း (“Madleen”) သင်္ဘောပေါ် မှာ လိုက်ပါသူတွေမှာ ပါဝင်ခဲ့ပါတယ်။

“(ရေယာဉ်) ဟာ အစ္စရေးကမ်းရိုးတန်းကို ဘေးကင်းစွာ သွားလာနေပါတယ်။ ခရီးသည်တွေဟာ သူတို့ရဲ့ မွေးရပ်နိုင်ငံတွေဆီ ပြန်သွားဖို့ မျှော်လင့်ထားပါတယ်” ဟု အစ္စရေးနိုင်ငံခြားရေးဌာနက ဒေသစံတော်ချိန် တနင်္လာနေ့အစောပိုင်း X တွင် ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနက လွှင့်ထုတ်ခဲ့သော ဗီဒီယိုဖိုင်တွင် လိမ္မော်ရောင် အသက်ကယ်အင်္ကျီတွေ ၀တ်ဆင်ထားတဲ့ “Madleen” အဖွဲ့ဝင်တွေ ဘေးချင်းကပ်ထိုင်နေကြပြီး အစ္စရေးစစ်သားတယောက်က သူတို့ကို ရေနဲ့ အသားညှပ်ပေါင်မုန့်တွေကို ဝေငှပေးနေခဲ့ပါတယ်။ သွန်းဘာ့ခ်သည် အဖွဲ့၏ ရှေ့နားမှာ ထိုင်နေတာကို တွေ့ရပါတယ်။

FFC က အစောပိုင်းမှာ သင်္ဘောဟာ “နိုင်ငံတကာ ရေပိုင်နက်မှာ ချေမှုန်းခံခဲ့ရတယ်” လို့ Telegram ပို့စ်မှာ ဖော်ပြထားပါတယ်။

“လူမပါတဲ့ ပန်ကာလေးလုံးတပ်ဒရုန်း (Quadcopters) တွေက သင်္ဘောကို ကာရံထားပြီး အဖြူရောင်ဆေးနဲ့ ပက်ဖြန်းထားပါတယ်။ ဆက်သွယ်ရေးတွေ ပြတ်တောက်နေပြီး ရေဒီယိုမှာ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အသံတွေကို ဖွင့်ထားပါတယ်” လို့ FFC က ပြောကြားခဲ့ပါတယ်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက လွှင့်တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ ရေတပ်ဝန်ထမ်းတစ်ဦးက “ဂါဇာကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်ဇုန်ကို ပိတ်ထားတယ်” ဟု ဆိုကာ သင်္ဘောဆီကို ရေဒီယိုသတင်းတစ်ခု ပေးပို့တာကို မြင်တွေ့ရပါတယ်။

လှေပေါ်ကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့ဗီဒီယိုတစ်ခုမှာ တက်ကြွလှုပ်ရှားသူ ယက်စမင် အာကာ (Yasmin Acar) ဟာ သင်္ဘောကုန်းပတ်ပေါ်ကို ကျလာခဲ့တဲ့ အဖြူရောင်ပစ္စည်းတစ်ခုကို ပြသခဲ့ပါတယ်။ အာကာက အဲ့ဒီအရာကြောင့် သူမရဲ့ မျက်လုံး ထိခိုက်ခဲ့တယ် နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

FFC အဖွဲ့ဟာ Telegram မှာ ဗီဒီယိုဖိုင်တစ်ခုတင်ခဲ့ပြီး သင်္ဘောသားတွေဟာ လှေအတွင်းထိုင်နေတာကို ပြသခဲ့ပြီး သူတို့ရဲ့ လက်နှစ်ဖက်ကို လေထဲမှာ မြှောက်ထားကြပါတယ်။

သင်္ဘောနဲ့ အဆက်အသွယ်ပြတ်တောက်ပြီးနောက် FFC ဟာ သွန်းဘာ့ဂ်နဲ့ သင်္ဘောပေါ်ရှိ အခြားသူတွေထံကနေ ကြိုတင်ရိုက်ကူးထားတဲ့ ဗီဒီယိုမက်ဆေ့ချ်တွေကို စတင်လွှင့်တင်ခဲ့ပါတယ်။ “ဒီဗီဒီယိုကို သင်မြင်ရရင် အစ္စရေးလုပ်ငန်းခွင်တပ်ဖွဲ့ ဒါမှမဟုတ် အစ္စရေးကို ထောက်ပံ့တဲ့တပ်ဖွဲ့တွေက နိုင်ငံတကာရေပိုင်နက်မှာ ကြားဖြတ်ဖမ်းဆီးပြီး ပြန်ပေးဆွဲတာခံခဲ့ရတယ်လို့ မှတ်ယူလိုက်ပါ” လို့ သွန်းဘာ့ဂ်က ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။

အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို အကူအညီပေးရေးသင်္ဘောကို မရောက်အောင် တားဆီးရန် အကြိမ်ကြိမ် ကတိပြုခဲ့ပြီး သင်္ဘောဟာ “ထင်ရှားကျော်ကြားသူတွေ” တင်ဆောင်လာတဲ့ လူသိအောင်ကြော်ငြာတဲ့ (“Selfie) ရွက်လှေ” အဖြစ် ဖော်ပြခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသသို့ ‘Madleen’ flotilla ရွက်လှေ မရောက်ရှိစေဖို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ကို ညွှန်ကြားထားကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ်(Israel Katz) က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

Flotilla သင်္ဘောသားတွေကို ထိန်းသိမ်းပြီးနောက်၊ ကက်ဇ် (Katz) ရဲ့ ပြောရေးဆိုခွင့်ရှိသူက ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ကနေ အစ္စရေးကို ဟားမတ်စ်တိုက်ခိုက်မှု ဗီဒီယိုတွေကို ပြသဖို့ စစ်တပ်အား အက်ရှ‌ဒေါ့ (Ashdod) ဆိပ်ကမ်းကို တက်ကြွလှုပ်ရှားသူတွေ ရောက်ရှိချိန်မှာ သူတို့ကို ပြသဖို့ ညွှန်ကြားထားကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါအဖွဲ့သည် “မီဒီယာကနေ လူသိရှင်ကြားဖြစ်စေဖို့ တစ်ခုတည်းသောရည်ရွယ်ချက်ကို နှောင့်ယှက်ဖို့ ကြိုးပမ်းခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။

“ဂါဇာကမ်းမြှောင်ကို အထောက်အပံ့တွေ ပို့ပေးနိုင်တဲ့ နည်းလမ်းတွေ ရှိတယ်။ ဒီအထဲမှာ Instagram တွေ ဆယ်လ်ဖီတွေ မပါဝင်ပါဘူး” လို့ သူက ဆိုပါတယ်။

တနင်္လာနေ့အစောပိုင်းက ထုတ်ပြန်ချက်တစ်ခုမှာ ဝန်ကြီးဌာနက “ ပိတ်ဆို့တားဆီးမှုကို ချိုးဖောက်ဖို့ ခွင့်ပြုချက် မရှိဘဲ ကြိုးပမ်းမှုတွေဟာ အန္တရာယ်ရှိတဲ့၊ ဥပဒေနဲ့မညီဘဲ ဆက်လက်ဖြစ်ပေါ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းမှုတွေကို ပျက်ပြားစေတယ်” လို့ ပြောကြားခဲ့ပါတယ်။

“Madleen”ရွက်သင်္ဘောဟာ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးရဲ့ ပိတ်ဆို့ထားမှုကို ဆန့်ကျင်ပြီး လှေနဲ့ ဖြိုခွင်းဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ Freedom Flotilla Coalition ၏ လုပ်ဆောင်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

အွန်လိုင်းခြေရာခံစနစ်နဲ့ သင်္ဘောတည်နေရာကို လူသိရှင်ကြားကြေညာခဲ့တဲ့ သင်္ဘောသားတွေဟာ အစ္စရေးစစ်တပ်က ကြားဖြတ်ဟန့်တားနိုင်ခြေကိုရင်ဆိုင်ဖို့ စတင်ပြင်ဆင်နေပြီဖြစ်ပါတယ်။ တနင်္လာနေ့မနက်မှာ ယူကေအလံတင်ထားတဲ့ အရပ်ဘက်သုံး သင်္ဘောဟာ မြေထဲပင်လယ်မှာ အီဂျစ်ရဲ့ မြောက်ဘက်ရှိ ဂါဇာကမ်းရိုးတန်းကို ဖြည်းညှင်းစွာချဉ်းကပ်လာခဲ့ပေမဲ့ ခြေရာခံစနစ်မှာ ရပ်တန့်သွားပုံရပါတယ်။

“ ဒါဟာ အလွန်အန္တရာယ်များတဲ့ မစ်ရှင်တစ်ခုဖြစ်ကြောင်း ကျွန်မတို့ သိပြီး ဒီလိုမျိုး flotillas တွေနဲ့ အရင်က တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေအရ တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ သေဆုံးမှုတွေတောင် ဖြစ်ခဲ့ရတယ်ဆိုတာ ကျွန်မတို့ သိပါတယ်” ဟု သွန်းဘာ့ခ်က စနေနေ့မှာ CNN ကိုပြောကြားခဲ့ပါတယ်။

အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာ ထောက်ထားမှု အကူအညီ အားလုံးကို မတ်လအစောပိုင်းတွင် ရပ်ဆိုင်းခဲ့ပြီး အဲ့ဒီလို အကူအညီအားလုံးကို ပိတ်ပင်ထားတာကြောင့် နယ်မြေအတွင်းကို ထောက်ပံ့ရေးပစ္စည်းတွေ ဝင်ရောက်ခြင်းမရှိတာ ၁၁ ပတ်ကြာ၊မြင့်လာပြီဖြစ်ပါတယ်။

နိုင်ငံတကာ ဖိအားတွေ တိုးလာနေတာကြောင့် အစ္စရေးဟာ ထောက်ပံ့ကူညီမှုတွေကို တစ်ဖန်ပြန်ပြီး ခွင့်ပြုပေးလိုက်ပါပြီလို့ လှည့်စားပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီဟာ စစ်ပွဲမတိုင်မီ နယ်မြေအတွင်းကို ဝင်ရောက်လာတဲ့ ထောက်ပံ့ကူညီမှုရဲ့ တစိတ်တပိုင်းလောက်သာဖြစ်ပြီး အကျပ်အတည်းဟာ ပိုမိုဆိုးရွားလာပြီး အငတ်ဘေးအန္တရာယ် ကြီးထွားလာနိုင်တယ်လို့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအဖွဲ့အစည်းတွေက သတိပေးထားပါတယ်။ ဧပြီလနှောင်းပိုင်းမှာ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု အစီရင်ခံစာက လူငါးဦးမှာ တစ်ဦးက ငတ်မွတ်မှုနဲ့ ရင်ဆိုင်နေရကြောင်း သတိပေးခဲ့ပါတယ်။

ဓာတ်ပုံ။

တက်ကြွလှုပ်ရှားသူ ဂရက်သာ သွန်းဘာ့ဂ် (Greta Thunberg) သည် ဇွန်လ ၁ ရက်က အီတလီနိုင်ငံ ကာတာနီရာ (Catania) ဆိပ်ကမ်းမှ ထွက်ခွာခဲ့သည့် အကူအညီပေးရေးသင်္ဘော Madleen တွင် ထိုင်နေပြီး ၂၀၂၅ ခုနှစ် ဇွန် ၂ ရက်တွင် လူမှုမီဒီယာတွင် လွှင့်တင်ခဲ့သည်။

Freedom Flotilla Coalition/UGC/Reuters(ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အကြီးစားကယ်ဆယ်ရေးမစ်ရှင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ အီရန်နိုင်ငံ အတွင်း တစ်ရက်ကျော်ကြာ ဖမ်းဆီးမခံရစေရန် တိမ်းရှောင်နေခဲ့သည့် လေသူရဲကို ကယ်ထုတ်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ဧပြီလ (၅)ရက် ညတွင်းချင်း ကယ်ဆယ်ရေးသတင်းကို ကြေညာခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု မရယူနိုင်လျှင် သို့မဟုတ် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်မဖွင့်ပေးလျှင် နောက်ထပ် စစ်ရေးအရေးယူမှုများ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 27 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်မှ အမေရိကန် တိုက်လေယာဉ် နှစ်စင်း ပစ်ချလိုက်သည်ဟု ဆိုသောသတင်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 27 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ (၄)ရက် သောကြာနေ့က အီရန်တောင်ပိုင်းတွင် F-15E တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရပြီးနောက် ပျောက်ဆုံးနေသော အမေရိကန် လေယာဉ်အမှုထမ်းတစ်ဦးကို ရှာဖွေရန် အမေရိကန်နှင့် အီရန်တို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။ F-15E ၏ လေယာဉ်မှူးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံအတွင်း ပျောက်ဆုံးနေသော အမေရိကန် လေယာဉ် အမှုထမ်းကို ရှာဖွေရာတွင် ကယ်ဆယ်ရေးအဖွဲ့များအတွက် ‘ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ်ရှိသော’ အခြေအနေများနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 25 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ရန်သူ့နယ်မြေအတွင်း ပျက်ကျသွားသော လေယာဉ်အမှုထမ်းများကို ပြန်လည်ကယ်တင်ရန် အမေရိကန်လေတပ်မှ Pararescue (လေထီးခုန်ကယ်ဆယ်ရေး) တပ်ဖွဲ့ဝင်များသည် အထူးလေ့ကျင့်ထားကြသူများဖြစ်သည်။ အီရန်နိုင်ငံပေါ်တွင် ပစ်ချခံခဲ့ရသည့် အမေရိကန် F-15
ကျူးဘား နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

အမေရိကန်၏ ဖိအားပေးမှုအောက်တွင် စီးပွားရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာစဉ် ကျူးဘားမှ အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လည်လွှတ်ပေးမည်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 24 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ဟာဗားနား — ကျူးဘားကျွန်းသည် ထရန့်အစိုးရ၏ တိုးမြှင့်လာသော ဖိအားများအောက် တွင် ယိုင်နဲ့နေစဉ်အတွင်း၊ ကျူးဘားအစိုးရသည် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော လွှတ်ပေးမှုအဖြစ် အကျဉ်းသား ၂,၀၁၀
နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 29 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရန် ၂၀၂၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တောင်းဆိုမှု၏ အစိတ်အပိုင်းအဖြစ် ကာကွယ်ရေးအတွက် ခန့်မှန်းခြေ