နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေးအတွက် တွန်းအားပေးနေသည့်ကြားက အလာစကာတွင် ပူတင်နှင့် တွေ့ဆုံဖို့ စီစဉ်ထားသည်ဟု ထရန့် က ပြောလိုက်သည်။

NBC News- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၉ရက်

ခေါင်းဆောင်နှစ်ဦးသည် လာမည့်သောကြာနေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ထရမ့်က ပြောကြား ခဲ့သည်။ ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီး သည် လောင်းကြေးမြင့် ထိပ်သီး အစည်းအဝေးတွင် ပါဝင်မည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် တို့အကြား ကာလရှည်ကြာ စောင့်မျှော်ခဲ့ရသည့် တွေ့ဆုံပွဲကို အာလာစကာတွင် လာမယ့်အပတ်မှာ ပြုလုပ်ဖို့ စီစဉ်ထားသည်ဟု ထရန့်က လူမှုကွန်ရက်မှာ သောကြာနေ့က ကြေညာခဲ့သည်။

“ အမေရိကန်သမ္မတနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အကြား အလွန်မျှော်လင့်ထားတဲ့ တွေ့ဆုံမှုဟာ လာမယ့် သောကြာနေ့ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်မှာ Great Alaska ပြည်နယ်မှာ ကျင်းပမှာပါ” ဟု ထရန့် ကသူ့ Truth Social တွင် ရေးသားခဲ့သည်။

အစည်းအဝေး၏ နောက်ထပ်အသေးစိတ်အချက်အလက်များနှင့် ထောက်ပံ့ပို့ဆောင်ရေးကို ရှင်းရှင်းလင်းလင်းမသိရသေးသလို ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီး ပါဝင်မည်လား ဆိုသည်ကိုလည်းမသိရဘဲ ရှိနေဆဲဖြစ်သည်။

ဝါရှင်တန်ဒီစီရှိ ရုရှားသံရုံးသည် သောကြာနေ့က မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။

ယူကရိန်းစစ်ပွဲအတွက် ဖြစ်နိုင်ချေရှိသည့် အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်များကို ရုရှားက စာရင်းပေးထားပြီး ယူကရိန်းနှင့် ဥရောပမဟာမိတ်များဆီမှ အမေရိကန်က သဘောထားရယူဖို့ ကြိုးစားနေတယ်လို့ အိမ်ဖြူတော်အရာရှိတစ်ဦးက သောကြာနေ့ အစောပိုင်းမှာ ပြောကြားခဲ့ပါသည်။

ဇလန်းစကီး နှင့် ယူကရိန်းအရာရှိများသည် ရုရှားတရားမ၀င် သိမ်းယူထားသော မည်သည့် နယ်မြေကိုမျှ လက်လွှတ်မည်မဟုတ်ကြောင်း ကာလကြာရှည် ပြောကြားထားခဲ့သည်။

သောကြာနေ့က ထုတ်ပြန်ချက်တစ်ခုတွင် အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာလိုလင်းလဗစ် က “ သမ္မတ ထရန့် ဟာ ယခင်သမတဂျိုးဘိုင်ဒင် ဆီက ဒီစစ်ပွဲကို လွန်ခဲ့တဲ့ ခြောက်လ လောက်က အမွေဆက်ခံရရှိခဲ့ကတည်းက ရှင်းရှင်းလင်းလင်း သိထားပြီး စစ်ကို စေ့စပ် ညှိနှိုင်းရေး စားပွဲမှာ အဆုံးသတ်စေချင်တယ်။ သမ္မတရဲ့ လမ်းညွှန်မှုအရ၊ ငြိမ်းချမ်းရေး အတွက် အလားအလာရှိတဲ့ လမ်းကြောင်းတွေကို ဆွေးနွေးဖို့ သမ္မတ ပူတင် နဲ့ ထပ်မံ တွေ့ဆုံခဲ့ပြီး သမ္မတနဲ့ သူ့ရဲ့ အမျိုးသားလုံခြုံရေးအဖွဲ့ဟာ ဥရောပရဲ့ သံတမန်လမ်းကြောင်း တွေကို အလေးထား ဆွေးနွေးနေပါတယ်။ ရုရှား၊ ယူကရိန်းနဲ့ ဥရောပ မဟာမိတ်တွေနဲ့ ဆွေးနွေးမှုတွေမှာ သတင်း မီဒီယာတွေမှာ စွပ်စွဲထားတဲ့ အသေးစိတ် အချက်အလက်တွေကို အိမ်ဖြူတော်က မှတ်ချက်ပေးမှာ မဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။

သောကြာနေ့တွင်၊ ဥရောပအမျိုးသားလုံခြုံရေးအကြံပေးများနှင့် အိမ်ဖြူတော်တို့သည် ရုရှားနှင့် ဆွေးနွေးနေသည့်အရာများကို သူတို့အားလုံးနားလည်သဘောပေါက်ကြောင်း သေချာစေရန် ဖုံးခေါ်ဆိုမှုတွင် ပါဝင်ရန် မျှော်လင့်ထားကြောင်းကို ထိုကိစ္စနှင့် ရင်းနှီးသူတစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံခြားရေး ၀န်ကြီး မာကိုရူဘီယို နှင့် အိမ်ဖြူတော် အထူးသံတမန် စတိ့ဗ်ဝတ်ကော့ဖ် နှင့် ကိ့သ် ကဲလော့ဂ် (Keith Kellogg) တို့ ပါ၀င်မည်ဟု မျှော်လင့်ရသည်။

ကြာသပတေးနေ့တွင် ထရန့်က ပူတင် နှင့် ဇလန်းစကီး တို့ကြား တွေ့ဆုံမှုသည် ကြိုတင် လိုအပ်ချက် တခုမဟုတ်ကြောင်း အမေရိကန်နှင့် ရုရှားခေါင်းဆောင်များအကြား တွေ့ဆုံမည့် ကိစ္စနှင့်ပတ်သက်၍ ဘဲဥပုံရုံးခန်းတွင်သတင်းထောက်များအားပြောကြားခဲ့သည်။

အိမ်ဖြူတော်သည် ထရန့်၊ ပူတင် နှင့်ဇလန်းစကီးတို့ကြား သုံးနိုင်ငံတွေ့ဆုံမှု ဖြစ်နိုင်ချေကို ယခင်က မျှောချခဲ့သော်လည်း ကြာသပတေးနေ့တွင် ကရင်မလင်က ထိုအကြံကို ပယ်ချခဲ့သည်။

ကြာသပတေးနေ့နှောင်းပိုင်းတွင် ပူတင်က ကရင်မလင်တွင် သတင်းထောက်များအား ထရန့်-ပူတင် တွေ့ဆုံမှုအတွက် စိတ်ကူးသည်ထွက်ပေါ်နေခဲ့ပြီး “ နှစ်ဘက်စလုံးက စိတ်ဝင်စားမှုကို ပြသခဲ့ပြီး ဘယ်သူက အရင်ပြောသလဲ ဆိုတာက အရေးမကြီးပါဘူး” ဟု ပြောဆိုခဲ့သည်။

ရုရှားသမ္မတ ပူတင်ကသူနှင့်ဇလန်းစကီးတို့ သူကိုယ်တိုင်နှင့် တိုက်ရိုက်တွေ့ဆုံနိုင်ခြေ ရှိကြောင်း သတင်းထောက်များအား ပြောကြားခဲ့ပြီး ယင်းကဲ့သို့ တွေ့ဆုံမှုများအတွက် ဇလန်းစကီး ၏ “အခြေအနေများ” သည် မပြည့်မီသေးကြောင်း ပြောကြားခဲ့သည်။

“ ယေဘူယျအားဖြင့်တော့ ငါက အဲဒါကို ဆန့်ကျင်တာ ဘာမှမရှိဘူးလို့ အကြိမ်ပေါင်းများစွာ ပြောထားပြီးသားပါ။ တွေ့ဖို့ကဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီလိုဖြစ်ဖို့အတွက် အခြေအနေ အချို့ကို အရင်ဖန်တီးရမှာပေါ့။ ကံမကောင်းစွာပဲ၊ ဒီလိုအခြေအနေတွေက ဝေးကွာ နေသေး တယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

သောကြာနေ့တွင်ဇလန်းစကီးသည် တောင်အာဖရိကသမ္မတဆိုင်ရယ်ရမ်မာဖိုဆာ(Cyril Ramaphosa) နှင့် စကားစမြည်ပြောဆိုမှုအသေးစိတ်အကြောင်း X တွင် ရေးသားခဲ့ပြီး စစ်ပွဲဆက်လက်ဖြစ်ပွားနေသည့်အတွက် ရုရှားကို အပြစ်တင်ခဲ့သည်။

“ ဆိုင်ရယ် က ရုရှားဘက်နဲ့ စကားပြောဆိုမှုအသေးစိတ်ကိုလည်း မျှဝေခဲ့ပါတယ်။ ယူကရိန်းရဲ့ ရပ်တည်ချက်က လုံးဝရှင်းပါတယ်- ငြိမ်းချမ်းရေးလမ်းစကို အပစ်အခတ်ရပ်စဲရေးကနေ စရမယ်” ဟု ဇလန်းစကီး က ရေးသားခဲ့သည်။

“ ဒါကို ပုံစံအမျိုးမျိုးနဲ့ အဆင့်မြင့်ဆုံး အစည်းအဝေးတွေ အတွက် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ။ စစ်ပွဲရဲ့ ပထမ စက္ကန့်ကနေစပြီး ဒီစစ်ပွဲကို စတင်ခဲ့တာ ယူကရိန်းမဟုတ်တဲ့အတွက် အဆုံးသတ်ချင်ခဲ့တာပါ၊ ပြီးတော့ ရုရှားဟာ ကာလကြာရှည်စွာ ငြိမ်းချမ်းရေး မရရှိခြင်းရဲ့ တစ်ခုတည်းသော အကြောင်းပြချက်ပါပဲ။”

သောကြာနေ့နှောင်းပိုင်းတွင် အိမ်ဖြူတော်၌ ဒေါ်နယ်ထရမ့်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားနှင့် ယူကရိန်းတို့အကြား နယ်မြေများ ဖလှယ်နိုင်ဖွယ်ရှိသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း အကြံပြုခဲ့သည်။

“ တကယ်တော့ ကျွန်တော်တို့ ပြန်ရဖို့နဲ့ လဲလှယ်ဖို့ ကြိုးစားနေပါတယ်။ ဒါဟာ ရှုပ်ထွေး ပါတယ်။ တကယ်တော့ ဘာမှ မလွယ်ပါဘူး။ အရမ်းရှုပ်ထွေးပါတယ်” ဟု အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့မှ ခေါင်းဆောင်များနှင့် ပွဲအတွင်း သမ္မတက ပြောကြားခဲ့သည်။ “ ဒါပေမယ့် ငါတို့ တချို့ကို ပြန်ရတော့မယ်၊ ငါတို့ကအပြောင်းအလဲတချို့ လုပ်မယ်။ နယ်မြေတွေ နှစ်ခုလုံးအတွက် ပိုမိုကောင်းမွန်လာဖို့အတွက် နယ်မြေတွေ ဖလှယ်ကြလိမ့်မယ်၊ ငါတို့ အဲဒီအကြောင်း နောက်မှဖြစ်ဖြစ်၊ မနက်ဘဲဖြန်ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်ပြောကြမယ်”

ဇလန်းစကီး သည် ခရိုင်းမီးယားကို ပိုင်နက်ထိန်းချုပ်ထားရန် ရုရှားနှင့် ဆွေးနွေးမှုများတွင် ပါဝင်မည်မဟုတ်ကြောင်း ကာလကြာရှည်စွာ ထိန်းသိမ်းပြောကြားထားသည်။

လာမည့်သီတင်းပတ်တွင် ထရန့်နှင့် ပူတင်တို့ကြား ထိပ်သီးဆွေးနွေးပွဲသည် ဒုတိယ ထရန့် အစိုးရလက်ထက်တွင် ခေါင်းဆောင်နှစ်ဦးကြား ပထမဆုံးတွေ့ဆုံမှု ဖြစ်လာမည်ဖြစ်သည်။

ထရန့်နှင့်ဇလန်းစကီးတို့သည်လွန်ခဲ့သည့် ၇လများအတွင်း ဖေဖော်ဝါရီလ သမတ ဘဲဥပုံရုံးခန်းအတွင်းထရန့်၊ ဇလန်းစကီးနှင့် ဒုသမတဂျေဒီဗန့်တို့အကြား တဦးနှင့်တဦး အော်ဟစ်စကား အခြေအတင် ဖြစ်ခဲ့သည့်တွေ့ဆုံမှုအပါအဝင် အကြိမ်များများ တွေ့ဖြစ်ခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ဧပြီလတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနအခမ်းအနား၌လည်း ဘေးတွင် တွေ့ဆုံခဲ့ကြသည်။

ယမန်နှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲ တလျှောက်လုံး၊ ထရန့် သည် ၎င်း၏ ဦးစားပေး အစီအစဉ်များထဲမှ တစ်ခုသည် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်ဖြစ်ကြောင်း မဲဆန္ဒရှင် များအား မကြာခဏ ပြောခဲ့သည်။ ပြီးခဲ့သောလအနည်းငယ်အတွင်း စစ်ပွဲဆက်လက် ဖြစ်ပွားမှု အတွက် ပူတင်နှင့် ဇလန်းစကီးတို့ ကို လှည့်ပတ်အပြစ်တင်ခြင်းကြားတွင် သူသည် အလုပ်ရှုပ်နေခဲ့သည်။

ကြာသပတေးနေ့တွင် ၎င်း၏ဘဲဥပုံရုံးခန်း မှ မိန့်ခွန်းပြောကြားစဉ်တွင် ထရန့် ကသူ အလွန်စိတ်ပျက်မိကြောင်းနှင့် စစ်ပွဲအတွင်း ဖြစ်နိုင်ချေရှိသော အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ သောကြာနေ့တွင် ပူတင်က ဆုံးဖြတ်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

“ အဲဒါက သူ့အပေါ်မှာပဲ မူတည်လိမ့်မယ်။ ငါတို့သွားတော့မယ်၊ သူပြောတာကို ကြည့်ရတော့ မယ်။ အဲဒါက သူ့အပေါ်မှာ မူတည်လိမ့်မယ်။ အရမ်းစိတ်ပျက်မိတယ်” ဟု ထရန့် က သတင်းထောက်များအား ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 57 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 46 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက