နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်

တူရကီ

တူရကီ နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

တူရကီနိုင်ငံက နေတင်ယာဟုနှင့် အခြားအစ္စရေးအရာရှိများကို ‘လူမျိုးတုံးသတ်ဖြတ်မှု’ ဖြင့် ဖမ်းဝရမ်းထုတ်

CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်

တူရကီနိုင်ငံသည် သောကြာနေ့တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတင်ယာဟု (Benjamin Netanyahu) နှင့် အခြားသော အစ္စရေးအရာရှိ ဒါဇင်ပေါင်းများစွာကို “လူမျိုးတုံးသတ်ဖြတ်မှု” စွဲချက်ဖြင့် ဖမ်းဝရမ်းများ ထုတ်ပြန်ခဲ့သည်။

အစ္စတန်ဘူလ် အစိုးရရှေ့နေချုပ်ရုံးက လူ ၃၇ ဦးကို ဖမ်းဝရမ်းထုတ်ပြန်ထားကြောင်း ပြောကြားခဲ့သည်။ ဝရမ်းထုတ်ခံရသူများတွင် နီတန်ယာဟုအပြင် အစ္စရေး ကာကွယ်ရေး ဝန်ကြီး အစ္စရေးကတ်ဇ် (Israel Katz)၊ အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန် ဂဗီယာ (Itamar Ben Gvir) နှင့် စစ်ဦးစီးချုပ် အီရယ် ဇာမီယာ (Eyal Zamir) တို့လည်း ပါဝင်သည်။

ရှေ့နေချုပ်ရုံး၏ အဆိုအရ ဤဖမ်းဝရမ်းများသည် အစ္စရေးအရာရှိများကို ဂါဇာတွင်နှင့် အကူအညီများ သယ်ဆောင်လာသော ရေယာဉ်စုကို ဆန့်ကျင်ပြီး ကျူးလွန်ခဲ့သည့် “လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ” နှင့် “လူမျိုးတုံးသတ်ဖြတ်မှု” များဖြင့် စွဲချက်တင်ထားသည်။ ထိုရေယာဉ်စုကို ပြီးခဲ့သည့်လက အစ္စရေးအာဏာပိုင်များက ကြားဖြတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အစ္စရေးက ဤဝရမ်းများကို ချက်ခြင်းရှုတ်ချပြီး ပယ်ချခဲ့သည်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန် ဆာ့ရ် (Gideon Sa’ar) က ဤလုပ်ရပ်ကို တူရကီသမ္မတ ရီဆက်ပ် တာယစ် အာဒိုဂန် (Recep Tayyip Erdogan) ၏ “လူထုဆက်ဆံရေး လှည့်ကွက်” အဖြစ် ခေါ်ဆိုခဲ့သည်။

ဆာ့ရ်က လူမှုမီဒီယာပေါ်တွင် ရေးသားရာ၌ ယခုနှစ်အစောပိုင်း အစ္စတန်ဘူလ်မြို့တော်ဝန် အက်ကရမ် အီမာမိုဂလူး (Ekrem Imamoglu) ဖမ်းဆီးခံရမှုကို ရည်ညွှန်းပြီး “အာဒိုဂန်ရဲ့ တူရကီမှာ တရားစီရင်ရေးက နိုင်ငံရေးပြိုင်ဘက်တွေကို အသံတိတ်စေဖို့နဲ့ သတင်းထောက် တွေ၊ တရားသူကြီးတွေနဲ့ မြို့တော်ဝန်တွေကို ဖမ်းဆီးဖို့အတွက် ကိရိယာတစ်ခု ဖြစ်လာတာ ကြာပါပြီ” ဟု ပြောကြားခဲ့သည်။ အာဒိုဂန်၏ အဓိကပြိုင်ဘက်ဖြစ်သော အီမာမိုဂလူးကို ခြစားမှုနှင့် အကြမ်းဖက်မှု စုံစမ်းစစ်ဆေးမှုများဖြင့် မတ်လတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဟာမတ်စ်အဖွဲ့က ဤဖမ်းဝရမ်းများကို ကြိုဆိုခဲ့ပြီး ဤလုပ်ရပ်သည် “တူရကီပြည်သူလူထုနှင့် ၎င်း၏ခေါင်းဆောင်မှု၏ မြင့်မြတ်သော ရပ်တည်ချက်များကို အတည်ပြုလိုက်ခြင်းဖြစ်သည်” ဟု ပြောကြားခဲ့သည်။

တူရကီ၏ ဖမ်းဝရမ်းများသည် အမေရိကန်ကြားဝင်စေ့စပ်ပေးသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ထိန်းသိမ်းရန် ဂါဇာအတွက် နိုင်ငံပေါင်းစုံပါဝင်မည့် လုံခြုံရေး တပ်ဖွဲ့တွင် တူရကီသည် မည်သည့်အခန်းကဏ္ဍမှ ပါဝင်မည်နည်းဟူသော မေးခွန်းများကို ဖြစ်ပေါ်စေခဲ့သည်။

ယခုသီတင်းပတ် အစောပိုင်းတွင် မူဆလင်အများစုနေထိုင်သော နိုင်ငံအများအပြားသည် အစ္စတန်ဘူလ်တွင် တွေ့ဆုံပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် (Donald Trump) ၏ အချက် ၂၀ ပါ အပစ်အခတ်ရပ်စဲရေး အစီအစဉ်၏ အဓိကအစိတ်အပိုင်းဖြစ်သည့် ဂါဇာအတွက် နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ (ISF) ကို ဆွေးနွေးခဲ့ကြသည်။ ဤယာယီတပ်ဖွဲ့သည် ပါလက်စတိုင်းရဲတပ်ဖွဲ့သစ်ကို လေ့ကျင့်ပေးမည်ဖြစ်ပြီး ဂါဇာကို တည်ငြိမ်အောင် ကူညီပေးမည်ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးကို ဟာမတ်စ်အဖွဲ့ သဘောတူစေရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် တူရကီကို ဤတပ်ဖွဲ့တွင် ပါဝင်မည့် အလားအလာရှိသူအဖြစ် အမေရိကန် အရာရှိများက ရည်ညွှန်းဖော်ပြခဲ့ကြသည်။ တူရကီသည် ဤတပ်ဖွဲ့တွင် မည်သည့်အခန်း ကဏ္ဍမှ ပါဝင်မည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း၊ အစ္စရေးက ဂါဇာတွင် တူရကီတပ်များ ဝင်ရောက်လာခြင်းကို ဆန့်ကျင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြား ထားသည်။

အမေရိကန်ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) က ဂါဇာတွင် နေရာယူထားသော မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမဆို အစ္စရေးက နောက်ဆုံးတွင် ခွင့်ပြုရလိမ့်မည်ဟု ပြောကြားခဲ့သည်။

နေတန်ယာဟုနှင့် အခြားအရာရှိများအတွက် တူရကီ၏ ဖမ်းဝရမ်းများသည် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က အစ္စရေးခေါင်းဆောင်ကို စစ်ရာဇဝတ်မှုများဖြင့် စွပ်စွဲကာ ဖမ်းဝရမ်းထုတ်ပြန်ပြီးနောက် တစ်နှစ်နီးပါးအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အစ္စရေးဝန်ကြီးချုပ်ရုံးက ICC ၏ ဖမ်းဝရမ်းကို “အဓိပ္ပာယ်မရှိသော၊ ဂျူးဆန့်ကျင်ရေး” လုပ်ရပ်အဖြစ် ပယ်ချခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယခင်က ငါးဖမ်းရန် အသုံးပြုခဲ့သော ဤပိုက်ကွန်များသည် ယခုအခါ ရုရှားဒရုန်းများကို ဖမ်းဆီးရန် ဖြစ်လာခဲ့သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 5 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နယ်သာလန်နိုင်ငံတွင် တူးလစ် (Tulip) ပန်းပင်များကို ကာကွယ်ရန်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာရှိ ရာဖာ (Rafah) နယ်စပ်ဂိတ်သည် ၂ နှစ်နီးပါးကြာ ပိတ်ထားခဲ့ပြီးနောက် တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 5 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်မီးတောက်နေသော ဂါဇာဒေသအတွင်းမှ ပါလက်စတိုင်း အရေအတွက် အနည်းငယ်ကို
နိုင်ငံတကာသတင်း အိန္ဒိယ

ဒေလီမြို့တော်ရှိ ပြည်သူသန်းနှင့်ချီ၍ ရက်အတော်ကြာ ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရပြီး အချို့ကမူ လက်ရှိ ရရှိနေသော ရေများမှာ အဆိပ်အတောက်ဖြစ်နေဆဲဟု ဆိုကြသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 11 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက် ဒေလီမြို့တော်၏ ရေအကျပ်အတည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဒေလီမြို့ အနောက်မြောက်ဘက်ရှိ Sharma Enclave ရပ်ကွက်တွင် နေထိုင်သော အသက် ၅၅ နှစ်အရွယ် ရာဗင်ဒါ ကူးမား (Ravinder
နိုင်ငံတကာသတင်း အမေရိကန် အီတလီ

ဆောင်းရာသီအိုလံပစ်တွင် အမေရိကန်လုံခြုံရေးတိုးမြှင့်ရန် ICE အေးဂျင့်များ စေလွှတ်မှုအပေါ် အီတလီနိုင်ငံသားများ ဒေါသထွက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 10 Views
CNN – ဖေဖော်ဝါရီ ၁၊ ၂၀၂၆ လာမည့်လတွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်၏ လုံခြုံရေးလုပ်ငန်းများကို ကူညီရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ဝန်ဆောင်မှု (ICE) အေးဂျင့်များကို စေလွှတ်ခြင်းအပေါ် အီတလီနိုင်ငံ၌ မကျေနပ်မှုများ မြင့်တက်နေသည်။
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 31 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS) တို့ဟာ အထောက်အထားမဲ့ နေထိုင်သူ တွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ့် စီမံချက်တွေကြောင့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား

ဖုန်းစစ်ဆေးခံရမည်ကို စိုးရိမ်သောကြောင့် ဖုံးတွင်ကုဒ်များဖြင့် ပြောဆိုခြင်းနှင့် ရေးသားချက်များကို ဖျက်ပစ်ခြင်းဖြင့် ဗင်နီဇွဲလားနိုင်ငံသားများ အသုံးပြုနေသည့် နည်းဗျူဟာများ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် “မေမေ၊ ချတ် (Chat) တွေကို ဖျက်လိုက်တော့။” “သားရယ်၊ အဲဒါတွေက မှတ်တမ်းတင်ခံရတာမျိုး ဖြစ်လိမ့်မယ်။” “အပြင်မထွက်ခင် ပြောထားတဲ့ စကားတွေကို ဖျက်ထားလိုက်ပါဦး။”
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 29 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 33 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း