နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဂါဇာမှာ အကုန်သ-တ် #KillThemAll ဆိုပြီး Hashtag နဲ့ X မှာ ရေးသားခဲ့တဲ့ မင်းသားကြီး ဂျိမ်းစ်ဝုဒ် (James Woods) ရဲ့ အိမ်ကြီး မီးလောင်ဆုံးရှုံးသွား

ဇန်နဝါရီလ (၁၀) ရက်။

မင်းသားကြီး ဂျိမ်းစ်ဝုဒ်ဟာ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ X မှာ ဂါဇာမှာ အကုန်သ-တ် #KillThemAll ဆိုပြီး Hashtag နဲ့ X မှာ ရေးသားခဲ့တဲ့ မင်းသားကြီး ဂျိမ်းစ်ဝုဒ် (James Woods) ရဲ့ အိမ်ကြီး မီးလောင်ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

CNN သတင်းဌာနနဲ့ အင်တာဗျူးမှာ အသက် ၇၇ နှစ်အရွယ် “Vampires” နဲ့ “Once Upon a Time in America” မင်းသားကြီးဟာ သူ့ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆိုးရွားလှတဲ့ အခြေအနေအကြောင်း ပြောပြရင်း မျက်ရည်များဝဲကာ ကြေကွဲသွားခဲ့ပုံရပါတယ်။

“ တစ်နေ့ မင်းရေကူးကန်ထဲမှာ ရေကူးနေပြီး နောက်တစ်နေ့မှာတော့ ပျောက်သွားတယ်” ဟု CNN ရဲ့ Pamela Brown နဲ့ အင်တာဗျူးမှာ သူက ပြောကြားခဲ့ပါတယ်။

ဝုဒ်ဟာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး သတိမေ့ရောဂါရှိတဲ့ အသက် ၉၄ နှစ်ရှိပြီ ဖြစ်တဲ့ သူ့ရဲ့အိမ်နီးချင်းကို ဘေးကင်းရာကို ရောက်အောင် ကူညီပေးခဲ့တာကိုလည်း ပြန်ပြောပြခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အာရှ

ဂျပန်နိုင်ငံသံမဏိကုမ္ပဏီကြီး နိပွန်းစတီးလ် (Nippon Steel) ဘိုင်ဒင်အစိုးရက အမေရိကန်သံမဏိလုပ်ငန်းအား ဝယ်ယူမှုကို ပိတ်ဆို့ရန် ဆုံးဖြတ်ချက်အတွက် အမေရိကန်အစိုးရကို တရားစွဲမည်ဟု ဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 13 Views
ဇန်နဝါရီလ (၉) ရက်။ နိပွန်းစတီးလ်က ဒေါ်လာဘီလီယံပေါင်းများစွာပေး၍ ဝယ်ရန်အဆိုပြုထားသည့် အရှုံးပြ ရုန်းကန်နေရသည့် အမေရိကန်သံမဏိကုမ္ပဏီ (US Steel) ကို
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြောင်ရှိ ဆေးရုံများကို တိုက်ခိုက်ခြင်းအား ကာကွယ်ရန် စစ်ကြောရေးဗီဒီယိုကို အစ္စရေးစစ်တပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 9 Views
ဇန်နဝါရီလ (၉) ရက်။ ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံများကို ပြင်းထန်စွာ တိုက်ခိုက်မှုများကို ခုခံကာကွယ်ရန် ကြိုးပမ်းသည့်အနေဖြင့် အစ္စရေးစစ်တပ်သည် ယခုသီတင်းပတ်အတွင်း ဟားမတ်စ်၏
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ထရန့်ရဲ့ ကိုလိုနီနယ်ချဲ့ အရိပ်အယောင်ပြ ပြောစကား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 28 Views
+++++++++++++++++++++++++++++ အယ်ဒီတာ့အာဘော် ထရန့်က သူသမ္မတအဖြစ် ကျမ်းသစ္စာကျိမ်ဆိုပွဲ မတိုင်ခင် နိုင်ငံခြားရေးမူဝါဒတွေကို ပြောလာခဲ့တဲ့အပေါ် ကမ္ဘာမှာ ပွက်လောရိုက်လာခဲ့ပါတယ်။ ဓားစာခံတွေကို လွှတ်မပေးရင် ဟားမတ်စ်တွေကို ဒီထက်ဆိုးဝါးမှုတွေကို ကြုံတွေ့စေရမယ်လို့ ကျိန်းဝါးခဲ့သလို ပနားမားတူးမြောင်းကို အမေရိကန်က ပြန်သိမ်းဖို့ လိုတယ်။
နိုင်ငံတကာသတင်း အာရှ

ပျောက်ဆုံးနေတဲ့ တရုတ်မင်းသား ထိုင်းကို ရောက်ရှိနေသည်ဟု ထိုင်းရဲတပ်ဖွဲပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 34 Views
ဇန်နဝါရီလ (၇) ရက်။ ပျောက်ဆုံးနေသော တရုတ်မင်းသား ရှင်းရှင်း (Xingxing) သည် တက်ခ်ခရိုင် မဲဆောက်မြို့သို့ ရောက်ရှိလာကြောင်း ရဲစစ်ဆေးရေးမှူးဗိုလ်ချုပ် သက်ချိုင်း ပီတာနီလာဘွတ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ သရုပ်ဆောင် တဦးဖြစ်သူ အမည်ရင်း ဝမ်ရှင်း
နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံ M6.8 တိဗက် ငလျင်ကြောင့် လူ ၃၀ ကျော်သေဆုံးပြီး နေအိမ်များပြိုကျကာ ပိတ်မိနေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 30 Views
ဇန်နဝါရီလ (၇) ရက်။ တရုတ်နိုင်ငံ၊ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိဂါဇူ (Shigatse) မြို့မှာ ရစ်ခ်ျတာစကေး ၆.၈ ရှိတဲ့ ငလျင်တစ်ခု ဒီနေ့ မနက် ၉ နာရီ ၅ မိနစ်ဝန်းကျင်မှာ လှုပ်ခတ်ခဲ့ပြီး လူ
ဆောင်းပါးများ နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးနိုင်ငံ ဘာကြောင့် ရက်စက်ကြမ်းကြုတ်မှုတွေကိုလိုလားတဲ့နိုင်ငံ ဖြစ်လာရတာလဲ။ 

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 211 Views
ဂျူးလူမျိုးများအကြောင်း အစ္စရေးသမိုင်းပညာရှင်အီလမ်ပါပေနှင့် အင်တာဗျူး/ဂျိုဒိုသတင်း။  (ကျိုဒိုသတင်း လန်ဒန်ဗျူရို အီတို ဆေးကာနဲ့  ပါမောက္ခ  အီလမ်ပါပေရဲ့ အင်တာဗျူးကို ဂျပန်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုထားတာဖြစ်ပါတယ်။) ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့တွင် အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်ရဲ့ အံ့အားသင့်ဖွယ်
နိုင်ငံတကာသတင်း အမေရိကန်

လာ့စ်ဗီးဂတ်စ်မြို့ရှိ တက်ဆလာ ဆိုက်ဘာထရပ် ပေါက်ကွဲမှုတွင် သံသယရှိသူသည် လက်ရှိတာဝန်ထမ်းဆောင်နေသော အထူးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 39 Views
ဇန်နဝါရီလ (၄) ရက်။ လာ့စ်ဗီးဂတ်စ်မြို့ ဆိုက်ဘာထရပ် ပေါက်ကွဲမှုတွင် သံသယရှိသူ၏ မှတ်စုတိုကို တွေ့ရှိခဲ့ပြီး “ နိုင်ငံရေး မကျေနပ်မှုများ” နှင့် မိသားစုပြဿနာများကို ဖော်ပြခဲ့သည်ဟု သိရသည်။ နီဗားဒါးပြည်နယ်၊ လာ့စ်ဗီးဂတ်စ်မြို့ရှိ ထရန့် အင်တာနေရှင်နယ်ဟိုတယ်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနေရာများအပါအဝင် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၄၃ ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 37 Views
ဇန်န၀ါရီလ (၄) ရက်။ ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းဒေသခံများအား ရွှေ့ပြောင်းရန် သတ်မှတ်ထားသော “လူသားချင်းစာနာထောက်ထားမှုနယ်မြေ” အပါအဝင် ဧရိယာအသီးသီးကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများကို ဇန်နဝါရီလ ၂ ရက် နေ့က ပြုလုပ်ခဲ့ရာ အနည်းဆုံး လူ