ဇန်နဝါရီလ (၁၀)ရက်။
၂၀၂၄ခုနှစ် တစ်နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားသေဆုံးသူ (၁၈၂၃)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူတွေထဲ လိင်စိတ်ခံယူမှုကွဲပြားသူ (၁)ဦး၊ အမျိုးသမီး (၆၈၂)ဦးနဲ့ အမျိုးသား (၁၁၉၄)ဦးဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးခဲ့သူတွေထဲ အသက် (၁၈)နှစ်အောက် ကလေးငယ် (၂၄၈)ဦးပါဝင်ကာ လေကြောင်းနဲ့ တိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ (၆၄၁)ဦးနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ (၅၂၅)ဦးရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တနှစ်တာကာလထဲ နိုင်ငံတဝန်းမှာ စစ်အုပ်စုက လိင်စိတ်ခံယူမှုကွဲပြားသူ (၁)ဦးအပါအဝင် အမျိုးသမီး (၂၁၅)ဦးနဲ့ အမျိုးသား (၅၅၀)ဦး ဖမ်းဆီးခဲ့ပြီး အဲ့ဒီအထဲမှာ ရန်ကုန်က (၂၀၈)ဦးနဲ့ အများဆုံးဖြစ်တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ခံ တရားရုံးတွေက မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ အမျိုးသမီး (၁၂၆)ဦးနဲ့ အမျိုးသား (၅၀၇)ဦးရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အဲ့ဒီထောင်ဒဏ်ချမှတ်ခံရသူတွေထဲ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံထားရသူ (၄၈)ဦးနဲ့ သေဒဏ်ချမှတ်ခံထားရသူ (၆)ဦးပါဝင်ကာ ပြစ်ဒဏ်ချမှတ်ခံရသူ (၆၃၃)ဦးထဲ စစ်ကိုင်းက (၄၈၂)ဦးနဲ့ အများဆုံးလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။