နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်မှုထမ်းဥပဒေနဲ့ တပ်သားဖြစ်လာသူ (၂)ဦး KNLA ထံ လက်နက်ချအလင်းဝင်

ဇန်နဝါရီလ (၁၀)ရက်။

ဇန်နဝါရီလ (၅)ရက်နေ့က စစ်ကောင်စီတပ်ရဲ့ မဖြစ်မနေ စစ်မှုမထမ်းမနေရဥပဒေနဲ့ တပ်သားဖြစ်လာသူ (၂)ဦး KNLA ထံ လက်နက်ချ အလင်းဝင်လာတယ်လို့ KNU ရဲ့ မ‌နေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ မဖြစ်မနေ စစ်မှုမထမ်းမနေရအမိန့်နဲ့ စစ်မှုထမ်းခေါ်ထားသူ (၂)ဦးဟာ ခလရ(၂၈၈)ကဖြစ်ပြီး စစ်မှုထမ်းသက် (၁)လခန့်အကြာမှာ အလင်းဝင်လာတာလို့ ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်သား (၂)ဦးဟာ အသက် (၂၅)နှစ်အရွယ် ကျော်မင်းဦးနဲ့ (၂၄)နှစ်အရွယ် မင်းမင်းဇော်တို့ဖြစ်ပြီး လယ်ဒိုမြို့နယ်ထဲရှိ KNLA တပ်ရင်း (၉)ထံ MA-1 နဲ့ MA-3 သေနတ်တွေနဲ့ အလင်းဝင်လာခဲ့တာလို့ ဖော်ပြထားပါတယ်။

လက်နက်တွေနဲ့ အလင်းဝင်လာသူ (၂)ဦးကို KNLA တပ်ရင်း(၉)က ကြိုဆိုခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက (၁)ဦးကို ဆုကြေးငွေ ကျပ်(၁၀)သိန်းခန့်စီ ချီးမြှင့်ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီတပ်ဟာ အခုအချိန် ပြည်သူကို နည်းလမ်းမျိုးစုံနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းနေပြီး စစ်သင်တန်း (၃)လခန့်သာ တက်ရောက်ထားရတဲ့ စစ်မှုထမ်းဥပဒေနဲ့ ပါဝင်လာတဲ့ တပ်သားသစ်တွေကို ရှေ့တန်းနယ်မြေတွေဆီ စေလွှတ်နေတာပါ။

ဒီလို အတင်းအဓမ္မစုဆောင်းခံရတဲ့ တပ်သားသစ်တွေအနေနဲ့ စစ်အာဏာရှင်တွေရဲ့ အလိုကျ တာဝန်ထန်းဆောင်တာ မပြုဘဲ တာဝန်ကျရာ နယ်မြေအနီးရှိ တေယ်လှန်ရေးတပ်တွေထံ လက်နက်ချအလင်းဝင်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။


(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ရဲ့ ချုံခိုတိုက်ခိုက်တာကြောင့် နာဂလက်နက်ကိုင်တပ်ဖွဲ့ဝင် (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 11 Views
မေလ (၁၃)ရက်။ မေလ (၁၁)ရက်နေ့ ည (၈)နာရီခွဲအချိန်က အရူနာချားပြည်နယ်၊ Changlang ခရိုင်၊ Doimuk Nala ဒေသထဲ
မြန်မာသတင်း

KNPP ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်တဲ့အပေါ် NUG ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 16 Views
မေလ (၁၃)ရက်။ KNPP ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်တဲ့အပေါ် NUG က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်မှာ စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး (၁၀)ဦးခန့် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 14 Views
မေလ (၁၀)ရက်နေ့က ယင်းမာပင်မှာ စစ်တပ်ရဲ့ အင်အား(၃၀၀)ကျော်ပါ စစ်ကြောင်းကို မိုင်းဆွဲခဲ့တယ်လို့ ယင်းမာပင်ခရိုင် ဗျူဟာအမှတ်(၄၇)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်တပ်ရဲ့ တပ်မ(၃၃)နဲ့ ဘန့်ဘွေးရွာက ပျူစောထီးတွေပါတဲ့ အင်အား (၃၀၀)ကျော် စစ်ကြောင်းက
မြန်မာသတင်း

မင်းတပ်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် စစ်သုံ့ပန်းတွေအပါအဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 16 Views
မေလ (၁၃)ရက်။ အခုနှစ်ရက်တာထဲ မင်းတပ်မြို့‌ပေါ်နဲ့ အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းကနေ (၁၁)ကြိမ် တိုက်ခိုင်ခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၁)ရက်နေ့မှာ ညပိုင်း မြို့ပေါ်ကို လေကြောင်းကနေ (၂)ကြိမ်၊ မနေ့က မနက်ပိုင်းမှာ
မြန်မာသတင်း

တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးကို ဆိုင်းငံ့သေဒဏ် ချမှတ်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် ဘေဂျင်း — တရုတ်နိုင်ငံသည် စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုများကို ဆက်တိုက် နှိမ်နင်းလျက်ရှိရာ ကြာသပတေးနေ့တွင် ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးကို အဂတိလိုက်စားမှုဖြင့် ဆိုင်းငံ့သေဒဏ်များ ချမှတ်လိုက်ကြောင်း တုန်လှုပ်ဖွယ်ရာ
မြန်မာသတင်း

စစ်တပ်က ဆေးဘက်ဆိုင်ရာကျောင်းတွေမှာပါ စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်နေ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 28 Views
မေလ (၁၂)ရက်။ ရန်ကုန် မှော်ဘီမြို့အခြေစိုက် စစ်တပ်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း(တဆက)မှာပါ စစ်မှုထမ်းသင်တန်း ဖွင့်လှစ်သင်ကြားနေတယ်လို့ MDSI ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တဆကဟာ ဆေးလက်ထောက်သင်တန်း၊ စစ်သူနာပြုအကူသင်တန်း၊ သားဖွားတပ်ကြပ်ကြီးသင်တန်းနဲ့ ဆေးတပ်ဖွဲ့ဆိုင်ရာသင်တန်းတွေကို လက်ခံဖွင့်လှစ်ပေးတဲ့ သင်တန်းကျောင်းလို့ ဆိုပါတယ်။ ဒါပေမယ့်
မြန်မာသတင်း

အုတ်ဖိုမှာ စစ်တပ်ကင်းပုန်းတပ်ဖွဲ့နဲ့ ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ စစ်တပ်ဘက်က (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 29 Views
မေလ (၁၂)ရက်။ အုတ်ဖိုမြို့မှာ စစ်တပ် ကင်းပုန်းဝပ်တပ်ဖွဲ့တွေနဲ့ ပျူစောထီးစခန်းတို့ကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ (၁၀)ရက်နေ့ နံနက်ပိုင်းအချိန်က အုတ်ဖိုမြို့ အေးမြသာယာမြို့သစ် မြို့အဝင်ရှိ ပျူစောထီးစခန်းကို ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂)ရှိ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်ထမ်းဆောင်မယ်လို့ LPDF တွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 28 Views
မေလ (၁၂)ရက်။ မေလ (၇)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့ ဒေသထဲအခြေစိုက် LPDF အဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို မကွေးယူနစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ဒုဝန်ကြီးချုပ် ကိုချစ်ဝင်းမောင်နဲ့ ကာကွယ်ရေးဝန်ကြီး