နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 2 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

လွှတ်တော်ကြားနာပွဲမှာ သမ္မတ ထရန့်က ရုရှားသူလျှိုလားလို့ ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် ဂျက်ဖ်မာကလေ မေးခွန်းထုတ်

မတ်လ (၁၀) ရက်။

အော်ရီဂွန်ပြည်နယ် ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် ဂျက်ဖ်မာကလေ (Jeff Markley D -Oregon) က လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထရန့်ခန့်အပ်ဖို့ လျာထားသူ ခရစ်စ်တိုဖာ သောမတ်စ် လန်ဒေါင် (Christopher Thomas Landau) အား အတည်ပြုကြားနာမှုမှာ မတ်လ (၇) ရက်နေ့က မေးမြန်းထားတာ ဖြစ်ပါတယ်။

ဂျက်ဖ်မာကလေ။ သမ္မတ ထရန့် ဟာ ရုရှားပိုင်ဆိုင်ထားတဲ့ သူ (သူလျှို) လား။

ဖြေ။ မဟုတ်ပါဘူး အထက်လွှတ်တော်အမတ်ခင်ဗျာ၊ သူဟာ အမေရိကန် ပြည်သူတွေက တရားဝင် ရွေးချယ်တင်မြှောက်ခံထားရသူပါ။

မေး။ မေးရတဲ့ အကြောင်းရင်းက ကျွန်တော်ရဲ့ မဲဆန္ဒနယ်က ပြည်သူတွေက ဒီမေးခွန်းကို မေးနေကြတယ်။ သူက ရုရှားပိုင်ဆိုင်မှုတစ်ခုဖြစ်နေတယ်ဆိုရင် အခု သူဘာလုပ်နေလဲဆိုတာ အတိအကျ မြင်ရမယ်လို့ ပြောကြတယ်။ ဥပမာအားဖြင့် သူက ဇလန်းစကီးဟာ အာဏာရှင်ဖြစ်တယ်။ ယူကရိန်းစစ်ပွဲကို သူက စတင်ခဲ့တယ်ဆိုတဲ့ ပြောဆိုနေမှုဟာ ဘဲဥပုံရုံးကနေ ရုရှားအတွက် ဝါဒဖြန့်နေတာပဲဖြစ်တယ်။

ဒုတိယအချက်အနေဖြင့် စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ် မစခင်ကပင် အဓိကအရာတွေကို စွန့်လွှတ်ခဲ့ပြီး အမေရိကန်က ယူကရိန်း နေတိုးအဖွဲ့ဝင် ဖြစ်နိုင်ခြေကို လုံးဝကန့်ကွက်ကြောင်း ပြောကြားခဲ့တယ်။

တတိယအချက်က သူဟာ ယူကရိန်းကို လက်နက်တင်ပို့မှုတာတွေ လုံးဝ ဖြတ်တောက်ခဲ့ ပြီး အင်အား ကြီးမားတဲ့ အိမ်နီးချင်းကို တိုက်ခိုက်ဖို့ သူတို့ရဲ့စွမ်းရည်ကို ထိခိုက်စေခဲ့တယ်။ ဒီလိုလုပ်ဆောင်ခဲ့ခြင်းကြောင့် စစ်ရေးအရ များပြားတဲ့ရင်းမြစ်တွေနဲ့ ထောက်ပံ့‌ရေးလိုင်းတွေ ပြတ်တောက်ခဲ့ရတယ်။

စတုတ္တအချက်က သူဟာ နှစ် ၈၀ကြာလုံခြုံရေးအရ အရေးပါတဲ့ ဥရောပမဟာမိတ်တွေကို နှိမ့်ချခဲ့ပြီး ပူတင်ကို ထောက်ပံ့မျက်နှာသာပေးခဲ့တယ်။

ပဉ္စမအချက်က သူဟာ နိုင်ငံတကာစင်မြင့်မှာ ဇလန်းစကီးကို အရှက်ရစေဖို့နဲ့ စိတ်ပျက်စေဖို့ အရာအားလုံးကို လုပ်ဆောင်ခဲ့ပြီး ဇလန်းစကီးကို ဒုသမ္မတနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်။

တတကယ်လို့ သူဟာ ရုရှားသူလျှိုတစ်ဦး ဖြစ်ခဲ့ပါက ဒီအချက်ငါးချက်ထက် သာလွန်ကောင်းမွန်တဲ့အရာကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်တော့ မထင်ပါ။

ဓာတ်ပုံ (၁) ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် ဂျက်ဖ်မာကလေ

ဓာတ်ပုံ (၂) လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထရန့်ခန့်အပ်ဖို့ လျာထားသူ ခရစ်စ်တိုဖာ သောမတ်စ် လန်ဒေါင်

See insights and ads

Boost

All reactions:

6969

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 17 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲစတင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင် ကန့်သတ် ခံရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 19 Views
၂၀၂၆ခုနှစ်၊ဧပြီလ၁ရက် အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ ပို့ကုန်ဝင်ငွေများ မြင့်တက်နေချိန်တွင် ၎င်း၏ ရေနံလုပ်ငန်းအပေါ် ယူကရိန်းက တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 92 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မော်စကိုအစိုးရသည် ရေနံစိမ်းစျေးနှုန်း မြင့်တက်လာခြင်းနှင့် အချို့သော ပိတ်ဆို့ အရေးယူမှုများ လျှော့ချခံရခြင်းတို့ကြောင့် အကျိုးအမြတ်များ ရရှိနေစဉ်အတွင်း ယူကရိန်းစစ်တပ်သည် ရုရှား၏ စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အမေရိကန်

မြောက်ကိုရီးယားဟက်ကာများက အမေရိကန်ကုမ္ပဏီထောင်ပေါင်းများစွာ အသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ကို ဖောက်ထွင်းပြီး ခရစ်ပတိုခိုးယူရန် ကြိုးပမ်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မြောက်ကိုရီးယားဟက်ကာများဟု သံသယရှိသူများသည် အမေရိကန်ကုမ္ပဏီပေါင်း ထောင်ချီအသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ပက်ကေ့ဂျ်တစ်ခုအတွင်းသို့ ဗိုင်းရပ်စ်ထည့်သွင်းကာ ကြီးမားသော ထောက်ပံ့ရေးကွင်းဆက် (Supply-chain) တခုလုံးအားတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို ပြန်လည်ကုစားရန်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 185 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် သမ္မတ ဒေါ်နယ်ထရန့် မျှဝေခဲ့သည့် မကြာသေးမီက ဗီဒီယိုမှာ အီရန်နိုင်ငံ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on the ground) ချထားမည့် ကိစ္စနှင့် ပတ်သက်လာလျှင် အမေရိကန် စစ်တပ်အနေဖြင့် “ခန့်မှန်းရခက်အောင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 291 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 40 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က အီရန်၏ စာရင်းတွင် မပါဝင်ခဲ့ဖူးသည့် အချက်တစ်ချက် ပါဝင်လာခဲ့သည်၊ ၎င်းမှာ ဟော်မုဇ် ရေလက်ကြား