နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးအစိုးရက ဂါဇာအပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သော်လည်း တိုက်ခိုက်မှုများ ဆက်လက်ရှိနေခဲ့

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၀ရက်

အစီအစဉ်ကို အတည်ပြု: အရာရှိနှစ်ဦး၏ ပြောကြားချက်အရ၊ အမေရိကန်က ကြားဝင် ဖျန်ဖြေပေးသည့် အစီအစဉ်ကို အစ္စရေးအစိုးရက အတည်ပြုပြီးနောက် ဂါဇာအပစ်အခတ် ရပ်စဲရေး သဘောတူညီချက်၏ ပထမအဆင့်ဆိုင်ရာ သတ်မှတ်ချက်များမှာ အသက်ဝင်နေပြီ ဖြစ်သည်။ သို့သော် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက စစ်တပ်ကို တိုက်ခိုက်မှုများ ရပ်တန့်ရန် အမိန့်ပေးထားခြင်း ရှိ၊ မရှိမှာမူ ရှင်းလင်းခြင်း မရှိသေးပေ။

  • အမေရိကန်၏ အခန်းကဏ္ဍ: အမေရိကန်သည် အီဂျစ်၊ ကာတာ၊ တူရကီနှင့် ယူအေအီးတို့မှ စစ်သားများနှင့်အတူ အစီအစဉ် အကောင်အထည်ဖော်မှုကို စောင့်ကြည့်ရန် အရှေ့အလယ်ပိုင်းဒေသသို့ တပ်ဖွဲ့ဝင် ၂၀၀ ဦး စေလွှတ်လိုက်ကြောင်း အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ “ အမေရိကန်တပ်ဖွဲ့ဝင်များကို ဂါဇာ အတွင်းသို့ သွားရောက်ရန် ရည်ရွယ်ထားခြင်း မရှိပါ” ဟု အခြားအရာရှိ တစ်ဦးက ပြောသည်။
  • သဘောတူညီချက်တွင် ပါဝင်သောအချက်များ: ဓားစာခံအားလုံးကို ပြန်လွှတ် ပေးရေး၊ သဘောတူညီထားသည့်နေရာသို့ အစ္စရေးစစ်တပ် ဆုတ်ခွာရေးနှင့် ပါလက်စတိုင်းအကျဉ်းသားအချို့ကို လွှတ်ပေးရေးတို့ ပါဝင်သည်။ ဓားစာခံများကို မလွှတ်ပေးမီ စစ်ပွဲပြီးဆုံးကြောင်း “ တရားဝင်ကြေညာချက်” တစ်ခု ထုတ်ပြန်ရမည် ဟု ဟားမတ်စ်အဖွဲ့က ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး အစီအစဉ် ရှေ့ဆက်နေစဉ် ဂါဇာတွင် နေ့စဉ်သေဆုံးသူ ၂၇ ဦးအထိ ရှိလာ

ကမ္ဘာ့ခေါင်းဆောင်များက သွေးထွက်သံယိုမှုများကို အဆုံးသတ်နိုင်မည်ဟု မျှော်လင့် ထားသည့် အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို အစ္စရေးက သဘောတူခဲ့သည့်နေ့မှာပင် ပါလက်စတိုင်းလူမျိုးများအပေါ် စစ်ပွဲက သက်ရောက်စေသည့် ဆုံးရှုံးမှုများကို မီးမောင်း ထိုးပြလိုက်သည့်အနေဖြင့် ဂါဇာတွင် သေဆုံးသူဦးရေမှာ ၂၇ ဦးအထိ ရှိလာခဲ့သည်။

ကြာသပတေးနေ့က အစ္စရေး၏ ပစ်ခတ်မှုကြောင့် ရှစ်ဦးသေဆုံးခဲ့ပြီး ကျန် ၁၉ ဦးတွင် အပျက်အစီးများအောက်မှ ပြန်လည်တွေ့ရှိရသည့် ရုပ်အလောင်း ၁၅ လောင်းနှင့် ဒဏ်ရာ များဖြင့် သေဆုံးသွားသူ လေးဦး ပါဝင်ကြောင်း ဂါဇာဒေသတစ်ဝှမ်းရှိ ဆေးရုံအရာရှိ များ၏ စာရင်းအရ သိရသည်။ သေဆုံးသူအများစုမှာ ဂါဇာမြို့မှ ဖြစ်သည်။

ကြာသပတေးနေ့ အစောပိုင်းက ဂါဇာမြို့ရှိ နေအိမ်တစ်လုံးကို အစ္စရေးက တိုက်ခိုက် ခဲ့မှုကြောင့် အမျိုးသမီးများနှင့် ကလေးများအပါအဝင် ပါလက်စတိုင်းလူမျိုး ၄၀ ကျော် အပျက်အစီးများအောက်တွင် ပိတ်မိခဲ့ပြီး အနည်းဆုံး ခြောက်ဦး သေဆုံးခဲ့ကြောင်း ထိုဒေသ၏ အရပ်ဘက်ကာကွယ်ရေးအဖွဲ့က ပြောကြားသည်။

အစ္စရေးစစ်တပ်က “ ဟားမတ်စ်အကြမ်းဖက်အဖွဲ့ငယ်” တစ်ခုကို ပစ်မှတ်ထားတိုက်ခိုက် ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း အထောက်အထား တစ်စုံတစ်ရာ ပြသခဲ့ခြင်း မရှိပေ။ CNN သတင်းဌာနအနေဖြင့် စစ်တပ်၏ ထုတ်ပြန်ချက်ကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အစ္စရေးစစ်တပ်ကို အပစ်အခတ်ရပ်စဲရန် အမိန့်ပေးထားခြင်း ရှိ၊ မရှိမှာမူ ရှင်းလင်းခြင်း မရှိသေးပေ။

သောကြာနေ့နံနက်တွင် ခန်းယွန်းနစ်မြို့ကို အစ္စရေးက တိုက်ခိုက်

အစ္စရေးတိုက်လေယာဉ်များသည် သောကြာနေ့ နံနက်အစောပိုင်းတွင် ဂါဇာတောင်ပိုင်း၊ ခန်းယွန်းနစ်မြို့လယ်ကို ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

တိုက်ခိုက်မှုများသည် ဒေသစံတော်ချိန် နံနက် ၅:၄၅ နာရီ (ကြာသပတေးနေ့၊ အရှေ့ပိုင်း တော်ချိန် ည ၁၀:၄၅ နာရီ) တွင် ဖြစ်ပွားခဲ့သည်။ ခန်းယွန်းနစ်မြို့လယ်ကို အစ္စရေးက အမြောက်များဖြင့် ဆက်လက်ပစ်ခတ်နေပြီး ဒရုန်းများမှာလည်း မြို့အပေါ်တွင် ပျံဝဲနေသည်။

မျက်မြင်သက်သေများကလည်း သောကြာနေ့နံနက်တွင် ဂါဇာမြို့၊ အထူးသဖြင့် အယ်လ်-ဆာဘရာ နှင့် တဲလ်-အယ်လ်-ဟာဝါ ရပ်ကွက်များတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် အမြောက်များဖြင့် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း CNN သို့ ပြောကြားခဲ့သည်။

ရိုက်တသတင်းဌာနမှ ဗီဒီယိုဖိုင်တွင် ဒေသစံတော်ချိန် နံနက် ၅:၅၅ နာရီ၌ ဂါဇာ၏ ကောင်းကင်ယံတွင် အလင်းတန်းတစ်ခု ဖြစ်ပေါ်ခဲ့ပြီးနောက် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်ကို တွေ့ရသည်။ မကြာမီမှာပင် မီးခိုးလုံးမည်းကြီးတစ်ခု အဝေးမှ တက်လာသည်ကို မြင်တွေ့နိုင်သည်။

၎င်းဗီဒီယိုသည် ခန်းယွန်းနစ် သို့မဟုတ် ဂါဇာမြို့ တိုက်ခိုက်မှုကို ပြသခြင်း ဟုတ်၊ မဟုတ် ရှင်းလင်းစွာ မသိရပေ။

ထိုနေ့နံနက်အစောပိုင်းတွင် အစ္စရေးအစိုးရက အပစ်အခတ်ရပ်စဲရေး အစီအစဉ်တစ်ခုကို အတည်ပြုခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းအသက်ဝင်စေခဲ့ကြောင်း အမည်မဖော် လိုသူ အစ္စရေးအရာရှိနှစ်ဦးက CNN သို့ ပြောကြားခဲ့သည်။ သို့သော် အစ္စရေးဝန်ကြီးချုပ် ရုံးက အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များကို အပစ်အခတ်ရပ်စဲရန် အမိန့်ပေးထားခြင်း ရှိ၊ မရှိမှာမူ ရှင်းလင်းစွာ မသိရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 19 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 24 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 25 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 27 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ်

အီရတ်ဝန်ကြီးချုပ်အဖြစ် နူရီ အယ်လ်-မာလီကီ တစ်ကျော့ပြန်လာမည့်အပေါ် ထရမ့် သတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် အီရတ်ဝန်ကြီးချုပ်အဖြစ် နူရီ အယ်လ်-မာလီကီ (Nouri al-Maliki) ကို ပြန်လည် ခန့်အပ်မည့် အရေးနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရတ်နိုင်ငံကို သတိပေး လိုက်ပြီး၊ ၎င်း၏ ယခင်ခေါင်းဆောင်မှုအောက်တွင်