နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးအစိုးရက ဂါဇာအပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သော်လည်း တိုက်ခိုက်မှုများ ဆက်လက်ရှိနေခဲ့

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၀ရက်

အစီအစဉ်ကို အတည်ပြု: အရာရှိနှစ်ဦး၏ ပြောကြားချက်အရ၊ အမေရိကန်က ကြားဝင် ဖျန်ဖြေပေးသည့် အစီအစဉ်ကို အစ္စရေးအစိုးရက အတည်ပြုပြီးနောက် ဂါဇာအပစ်အခတ် ရပ်စဲရေး သဘောတူညီချက်၏ ပထမအဆင့်ဆိုင်ရာ သတ်မှတ်ချက်များမှာ အသက်ဝင်နေပြီ ဖြစ်သည်။ သို့သော် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက စစ်တပ်ကို တိုက်ခိုက်မှုများ ရပ်တန့်ရန် အမိန့်ပေးထားခြင်း ရှိ၊ မရှိမှာမူ ရှင်းလင်းခြင်း မရှိသေးပေ။

  • အမေရိကန်၏ အခန်းကဏ္ဍ: အမေရိကန်သည် အီဂျစ်၊ ကာတာ၊ တူရကီနှင့် ယူအေအီးတို့မှ စစ်သားများနှင့်အတူ အစီအစဉ် အကောင်အထည်ဖော်မှုကို စောင့်ကြည့်ရန် အရှေ့အလယ်ပိုင်းဒေသသို့ တပ်ဖွဲ့ဝင် ၂၀၀ ဦး စေလွှတ်လိုက်ကြောင်း အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ “ အမေရိကန်တပ်ဖွဲ့ဝင်များကို ဂါဇာ အတွင်းသို့ သွားရောက်ရန် ရည်ရွယ်ထားခြင်း မရှိပါ” ဟု အခြားအရာရှိ တစ်ဦးက ပြောသည်။
  • သဘောတူညီချက်တွင် ပါဝင်သောအချက်များ: ဓားစာခံအားလုံးကို ပြန်လွှတ် ပေးရေး၊ သဘောတူညီထားသည့်နေရာသို့ အစ္စရေးစစ်တပ် ဆုတ်ခွာရေးနှင့် ပါလက်စတိုင်းအကျဉ်းသားအချို့ကို လွှတ်ပေးရေးတို့ ပါဝင်သည်။ ဓားစာခံများကို မလွှတ်ပေးမီ စစ်ပွဲပြီးဆုံးကြောင်း “ တရားဝင်ကြေညာချက်” တစ်ခု ထုတ်ပြန်ရမည် ဟု ဟားမတ်စ်အဖွဲ့က ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး အစီအစဉ် ရှေ့ဆက်နေစဉ် ဂါဇာတွင် နေ့စဉ်သေဆုံးသူ ၂၇ ဦးအထိ ရှိလာ

ကမ္ဘာ့ခေါင်းဆောင်များက သွေးထွက်သံယိုမှုများကို အဆုံးသတ်နိုင်မည်ဟု မျှော်လင့် ထားသည့် အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို အစ္စရေးက သဘောတူခဲ့သည့်နေ့မှာပင် ပါလက်စတိုင်းလူမျိုးများအပေါ် စစ်ပွဲက သက်ရောက်စေသည့် ဆုံးရှုံးမှုများကို မီးမောင်း ထိုးပြလိုက်သည့်အနေဖြင့် ဂါဇာတွင် သေဆုံးသူဦးရေမှာ ၂၇ ဦးအထိ ရှိလာခဲ့သည်။

ကြာသပတေးနေ့က အစ္စရေး၏ ပစ်ခတ်မှုကြောင့် ရှစ်ဦးသေဆုံးခဲ့ပြီး ကျန် ၁၉ ဦးတွင် အပျက်အစီးများအောက်မှ ပြန်လည်တွေ့ရှိရသည့် ရုပ်အလောင်း ၁၅ လောင်းနှင့် ဒဏ်ရာ များဖြင့် သေဆုံးသွားသူ လေးဦး ပါဝင်ကြောင်း ဂါဇာဒေသတစ်ဝှမ်းရှိ ဆေးရုံအရာရှိ များ၏ စာရင်းအရ သိရသည်။ သေဆုံးသူအများစုမှာ ဂါဇာမြို့မှ ဖြစ်သည်။

ကြာသပတေးနေ့ အစောပိုင်းက ဂါဇာမြို့ရှိ နေအိမ်တစ်လုံးကို အစ္စရေးက တိုက်ခိုက် ခဲ့မှုကြောင့် အမျိုးသမီးများနှင့် ကလေးများအပါအဝင် ပါလက်စတိုင်းလူမျိုး ၄၀ ကျော် အပျက်အစီးများအောက်တွင် ပိတ်မိခဲ့ပြီး အနည်းဆုံး ခြောက်ဦး သေဆုံးခဲ့ကြောင်း ထိုဒေသ၏ အရပ်ဘက်ကာကွယ်ရေးအဖွဲ့က ပြောကြားသည်။

အစ္စရေးစစ်တပ်က “ ဟားမတ်စ်အကြမ်းဖက်အဖွဲ့ငယ်” တစ်ခုကို ပစ်မှတ်ထားတိုက်ခိုက် ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း အထောက်အထား တစ်စုံတစ်ရာ ပြသခဲ့ခြင်း မရှိပေ။ CNN သတင်းဌာနအနေဖြင့် စစ်တပ်၏ ထုတ်ပြန်ချက်ကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အစ္စရေးစစ်တပ်ကို အပစ်အခတ်ရပ်စဲရန် အမိန့်ပေးထားခြင်း ရှိ၊ မရှိမှာမူ ရှင်းလင်းခြင်း မရှိသေးပေ။

သောကြာနေ့နံနက်တွင် ခန်းယွန်းနစ်မြို့ကို အစ္စရေးက တိုက်ခိုက်

အစ္စရေးတိုက်လေယာဉ်များသည် သောကြာနေ့ နံနက်အစောပိုင်းတွင် ဂါဇာတောင်ပိုင်း၊ ခန်းယွန်းနစ်မြို့လယ်ကို ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

တိုက်ခိုက်မှုများသည် ဒေသစံတော်ချိန် နံနက် ၅:၄၅ နာရီ (ကြာသပတေးနေ့၊ အရှေ့ပိုင်း တော်ချိန် ည ၁၀:၄၅ နာရီ) တွင် ဖြစ်ပွားခဲ့သည်။ ခန်းယွန်းနစ်မြို့လယ်ကို အစ္စရေးက အမြောက်များဖြင့် ဆက်လက်ပစ်ခတ်နေပြီး ဒရုန်းများမှာလည်း မြို့အပေါ်တွင် ပျံဝဲနေသည်။

မျက်မြင်သက်သေများကလည်း သောကြာနေ့နံနက်တွင် ဂါဇာမြို့၊ အထူးသဖြင့် အယ်လ်-ဆာဘရာ နှင့် တဲလ်-အယ်လ်-ဟာဝါ ရပ်ကွက်များတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် အမြောက်များဖြင့် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း CNN သို့ ပြောကြားခဲ့သည်။

ရိုက်တသတင်းဌာနမှ ဗီဒီယိုဖိုင်တွင် ဒေသစံတော်ချိန် နံနက် ၅:၅၅ နာရီ၌ ဂါဇာ၏ ကောင်းကင်ယံတွင် အလင်းတန်းတစ်ခု ဖြစ်ပေါ်ခဲ့ပြီးနောက် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်ကို တွေ့ရသည်။ မကြာမီမှာပင် မီးခိုးလုံးမည်းကြီးတစ်ခု အဝေးမှ တက်လာသည်ကို မြင်တွေ့နိုင်သည်။

၎င်းဗီဒီယိုသည် ခန်းယွန်းနစ် သို့မဟုတ် ဂါဇာမြို့ တိုက်ခိုက်မှုကို ပြသခြင်း ဟုတ်၊ မဟုတ် ရှင်းလင်းစွာ မသိရပေ။

ထိုနေ့နံနက်အစောပိုင်းတွင် အစ္စရေးအစိုးရက အပစ်အခတ်ရပ်စဲရေး အစီအစဉ်တစ်ခုကို အတည်ပြုခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းအသက်ဝင်စေခဲ့ကြောင်း အမည်မဖော် လိုသူ အစ္စရေးအရာရှိနှစ်ဦးက CNN သို့ ပြောကြားခဲ့သည်။ သို့သော် အစ္စရေးဝန်ကြီးချုပ် ရုံးက အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များကို အပစ်အခတ်ရပ်စဲရန် အမိန့်ပေးထားခြင်း ရှိ၊ မရှိမှာမူ ရှင်းလင်းစွာ မသိရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 16 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 20 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲစတင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင် ကန့်သတ် ခံရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 19 Views
၂၀၂၆ခုနှစ်၊ဧပြီလ၁ရက် အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Türk က သတိပေးပြောကြားလိုက်သည်။ ပဋိပက္ခစတင်ကတည်းက အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း “
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ ပို့ကုန်ဝင်ငွေများ မြင့်တက်နေချိန်တွင် ၎င်း၏ ရေနံလုပ်ငန်းအပေါ် ယူကရိန်းက တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 137 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မော်စကိုအစိုးရသည် ရေနံစိမ်းစျေးနှုန်း မြင့်တက်လာခြင်းနှင့် အချို့သော ပိတ်ဆို့ အရေးယူမှုများ လျှော့ချခံရခြင်းတို့ကြောင့် အကျိုးအမြတ်များ ရရှိနေစဉ်အတွင်း ယူကရိန်းစစ်တပ်သည် ရုရှား၏ စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အမေရိကန်

မြောက်ကိုရီးယားဟက်ကာများက အမေရိကန်ကုမ္ပဏီထောင်ပေါင်းများစွာ အသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ကို ဖောက်ထွင်းပြီး ခရစ်ပတိုခိုးယူရန် ကြိုးပမ်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မြောက်ကိုရီးယားဟက်ကာများဟု သံသယရှိသူများသည် အမေရိကန်ကုမ္ပဏီပေါင်း ထောင်ချီအသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ပက်ကေ့ဂျ်တစ်ခုအတွင်းသို့ ဗိုင်းရပ်စ်ထည့်သွင်းကာ ကြီးမားသော ထောက်ပံ့ရေးကွင်းဆက် (Supply-chain) တခုလုံးအားတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို ပြန်လည်ကုစားရန်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 233 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် သမ္မတ ဒေါ်နယ်ထရန့် မျှဝေခဲ့သည့် မကြာသေးမီက ဗီဒီယိုမှာ အီရန်နိုင်ငံ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on the ground) ချထားမည့် ကိစ္စနှင့် ပတ်သက်လာလျှင် အမေရိကန် စစ်တပ်အနေဖြင့် “ခန့်မှန်းရခက်အောင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 340 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က