နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးအစိုးရက ဂါဇာအပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သော်လည်း တိုက်ခိုက်မှုများ ဆက်လက်ရှိနေခဲ့

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၀ရက်

အစီအစဉ်ကို အတည်ပြု: အရာရှိနှစ်ဦး၏ ပြောကြားချက်အရ၊ အမေရိကန်က ကြားဝင် ဖျန်ဖြေပေးသည့် အစီအစဉ်ကို အစ္စရေးအစိုးရက အတည်ပြုပြီးနောက် ဂါဇာအပစ်အခတ် ရပ်စဲရေး သဘောတူညီချက်၏ ပထမအဆင့်ဆိုင်ရာ သတ်မှတ်ချက်များမှာ အသက်ဝင်နေပြီ ဖြစ်သည်။ သို့သော် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက စစ်တပ်ကို တိုက်ခိုက်မှုများ ရပ်တန့်ရန် အမိန့်ပေးထားခြင်း ရှိ၊ မရှိမှာမူ ရှင်းလင်းခြင်း မရှိသေးပေ။

  • အမေရိကန်၏ အခန်းကဏ္ဍ: အမေရိကန်သည် အီဂျစ်၊ ကာတာ၊ တူရကီနှင့် ယူအေအီးတို့မှ စစ်သားများနှင့်အတူ အစီအစဉ် အကောင်အထည်ဖော်မှုကို စောင့်ကြည့်ရန် အရှေ့အလယ်ပိုင်းဒေသသို့ တပ်ဖွဲ့ဝင် ၂၀၀ ဦး စေလွှတ်လိုက်ကြောင်း အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ “အမေရိကန်တပ်ဖွဲ့ဝင်များကို ဂါဇာ အတွင်းသို့ သွားရောက်ရန် ရည်ရွယ်ထားခြင်း မရှိပါ” ဟု အခြားအရာရှိ တစ်ဦးက ပြောသည်။
  • သဘောတူညီချက်တွင် ပါဝင်သောအချက်များ: ဓားစာခံအားလုံးကို ပြန်လွှတ် ပေးရေး၊ သဘောတူညီထားသည့်နေရာသို့ အစ္စရေးစစ်တပ် ဆုတ်ခွာရေးနှင့် ပါလက်စတိုင်းအကျဉ်းသားအချို့ကို လွှတ်ပေးရေးတို့ ပါဝင်သည်။ ဓားစာခံများကို မလွှတ်ပေးမီ စစ်ပွဲပြီးဆုံးကြောင်း “တရားဝင်ကြေညာချက်” တစ်ခု ထုတ်ပြန်ရမည် ဟု ဟားမတ်စ်အဖွဲ့က ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး အစီအစဉ် ရှေ့ဆက်နေစဉ် ဂါဇာတွင် နေ့စဉ်သေဆုံးသူ ၂၇ ဦးအထိ ရှိလာ

ကမ္ဘာ့ခေါင်းဆောင်များက သွေးထွက်သံယိုမှုများကို အဆုံးသတ်နိုင်မည်ဟု မျှော်လင့် ထားသည့် အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို အစ္စရေးက သဘောတူခဲ့သည့်နေ့မှာပင် ပါလက်စတိုင်းလူမျိုးများအပေါ် စစ်ပွဲက သက်ရောက်စေသည့် ဆုံးရှုံးမှုများကို မီးမောင်း ထိုးပြလိုက်သည့်အနေဖြင့် ဂါဇာတွင် သေဆုံးသူဦးရေမှာ ၂၇ ဦးအထိ ရှိလာခဲ့သည်။

ကြာသပတေးနေ့က အစ္စရေး၏ ပစ်ခတ်မှုကြောင့် ရှစ်ဦးသေဆုံးခဲ့ပြီး ကျန် ၁၉ ဦးတွင် အပျက်အစီးများအောက်မှ ပြန်လည်တွေ့ရှိရသည့် ရုပ်အလောင်း ၁၅ လောင်းနှင့် ဒဏ်ရာ များဖြင့် သေဆုံးသွားသူ လေးဦး ပါဝင်ကြောင်း ဂါဇာဒေသတစ်ဝှမ်းရှိ ဆေးရုံအရာရှိ များ၏ စာရင်းအရ သိရသည်။ သေဆုံးသူအများစုမှာ ဂါဇာမြို့မှ ဖြစ်သည်။

ကြာသပတေးနေ့ အစောပိုင်းက ဂါဇာမြို့ရှိ နေအိမ်တစ်လုံးကို အစ္စရေးက တိုက်ခိုက် ခဲ့မှုကြောင့် အမျိုးသမီးများနှင့် ကလေးများအပါအဝင် ပါလက်စတိုင်းလူမျိုး ၄၀ ကျော် အပျက်အစီးများအောက်တွင် ပိတ်မိခဲ့ပြီး အနည်းဆုံး ခြောက်ဦး သေဆုံးခဲ့ကြောင်း ထိုဒေသ၏ အရပ်ဘက်ကာကွယ်ရေးအဖွဲ့က ပြောကြားသည်။

အစ္စရေးစစ်တပ်က “ဟားမတ်စ်အကြမ်းဖက်အဖွဲ့ငယ်” တစ်ခုကို ပစ်မှတ်ထားတိုက်ခိုက် ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း အထောက်အထား တစ်စုံတစ်ရာ ပြသခဲ့ခြင်း မရှိပေ။ CNN သတင်းဌာနအနေဖြင့် စစ်တပ်၏ ထုတ်ပြန်ချက်ကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အစ္စရေးစစ်တပ်ကို အပစ်အခတ်ရပ်စဲရန် အမိန့်ပေးထားခြင်း ရှိ၊ မရှိမှာမူ ရှင်းလင်းခြင်း မရှိသေးပေ။

သောကြာနေ့နံနက်တွင် ခန်းယွန်းနစ်မြို့ကို အစ္စရေးက တိုက်ခိုက်

အစ္စရေးတိုက်လေယာဉ်များသည် သောကြာနေ့ နံနက်အစောပိုင်းတွင် ဂါဇာတောင်ပိုင်း၊ ခန်းယွန်းနစ်မြို့လယ်ကို ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

တိုက်ခိုက်မှုများသည် ဒေသစံတော်ချိန် နံနက် ၅:၄၅ နာရီ (ကြာသပတေးနေ့၊ အရှေ့ပိုင်း တော်ချိန် ည ၁၀:၄၅ နာရီ) တွင် ဖြစ်ပွားခဲ့သည်။ ခန်းယွန်းနစ်မြို့လယ်ကို အစ္စရေးက အမြောက်များဖြင့် ဆက်လက်ပစ်ခတ်နေပြီး ဒရုန်းများမှာလည်း မြို့အပေါ်တွင် ပျံဝဲနေသည်။

မျက်မြင်သက်သေများကလည်း သောကြာနေ့နံနက်တွင် ဂါဇာမြို့၊ အထူးသဖြင့် အယ်လ်-ဆာဘရာ နှင့် တဲလ်-အယ်လ်-ဟာဝါ ရပ်ကွက်များတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် အမြောက်များဖြင့် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း CNN သို့ ပြောကြားခဲ့သည်။

ရိုက်တသတင်းဌာနမှ ဗီဒီယိုဖိုင်တွင် ဒေသစံတော်ချိန် နံနက် ၅:၅၅ နာရီ၌ ဂါဇာ၏ ကောင်းကင်ယံတွင် အလင်းတန်းတစ်ခု ဖြစ်ပေါ်ခဲ့ပြီးနောက် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်ကို တွေ့ရသည်။ မကြာမီမှာပင် မီးခိုးလုံးမည်းကြီးတစ်ခု အဝေးမှ တက်လာသည်ကို မြင်တွေ့နိုင်သည်။

၎င်းဗီဒီယိုသည် ခန်းယွန်းနစ် သို့မဟုတ် ဂါဇာမြို့ တိုက်ခိုက်မှုကို ပြသခြင်း ဟုတ်၊ မဟုတ် ရှင်းလင်းစွာ မသိရပေ။

ထိုနေ့နံနက်အစောပိုင်းတွင် အစ္စရေးအစိုးရက အပစ်အခတ်ရပ်စဲရေး အစီအစဉ်တစ်ခုကို အတည်ပြုခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းအသက်ဝင်စေခဲ့ကြောင်း အမည်မဖော် လိုသူ အစ္စရေးအရာရှိနှစ်ဦးက CNN သို့ ပြောကြားခဲ့သည်။ သို့သော် အစ္စရေးဝန်ကြီးချုပ် ရုံးက အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များကို အပစ်အခတ်ရပ်စဲရန် အမိန့်ပေးထားခြင်း ရှိ၊ မရှိမှာမူ ရှင်းလင်းစွာ မသိရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 80 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 74 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက