နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာမှ မိုတက်ဇ်အာဇိုင်ဇာ (Motaz Azaiza) ၏ ဓာတ်ပုံများသည် စစ်ပွဲ၏ ကြေကွဲဖွယ်ရာများကို ပြသခဲ့သည်။ ယခု အမေရိကန်တွင် ရှေ့သို့သွားမည့်လမ်းကို ရှာဖွေနေသည်

၂၀၂၅ ခုနှစ်၊ နိုဝင်လာလ (၁၀) ရက်

မိုတက်ဇ်အာဇိုင်ဇာသည် စစ်ပွဲ၏ ထိတ်လန့်ဖွယ်ရာများကို မျက်မြင်တွေ့ရှိခဲ့ရသူဖြစ်သည်။ ယခုအခါ သူသည် လူသားမျိုးနွယ်အပေါ် ၎င်း၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန် ကြိုးစားနေသည်။ ရက်ပေါင်း ၁၀၇ ရက်တာကာလပတ်လုံး သူသည် မိမိ၏ ရင်းနှီးသော ရပ်ကွက်များအတွင်းရှိ စစ်မြေပြင်၏ရှေ့တန်းတွင် ဓာတ်ပုံသတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အစ္စရေး၏ မဆုတ်မနစ်သော လေကြောင်းတိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသည့် သတ်ဖြတ်မှုများကို မူရင်းအတိုင်း၊ တည်းဖြတ်ခြင်းမရှိသော အသေးစိတ် အချက်အလက်များဖြင့် မှတ်တမ်းတင်ခဲ့သူတစ်ဦးဖြစ်သည်။

ဂါဇာအတွင်းသို့ ပင်မသတင်းမီဒီယာ အဖွဲ့အစည်းများက ဝင်ရောက်ရိုက်ကူးနိုင်ခြင်း မရှိသည့်အတွက် အာဇိုင်ဇာသည် ထိုဒေသရှိ အခြားသော ပါလက်စတိုင်း သတင်းထောက်များကဲ့သို့ပင် ပဋိပက္ခ၏ အစောပိုင်းရက်များကို မှတ်တမ်းတင်ခဲ့သည်။

ဒေသတွင်း ကျန်းမာရေး အရာရှိများ၏အဆိုအရ လွန်ခဲ့သော ၂၁ လတာ ကာလအတွင်း လူဦးရေ ၆၈,၀၀၀ ကျော် သေဆုံးခဲ့ပြီး လူနေအဆောက်အအုံများ၏ ၉၀% ကျော် ပျက်စီးသွားသည့်အတွက် လူဦးရေအများစုသည် နိုင်ငံအတွင်း အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။

အာဇိုင်ဇာသည် သူ အသက်ရှင်နေခြင်းအတွက် ကံကောင်းသည်ကို သိသည်။ “ ကျွန်တော် သေသွားတာထက် အခုမှ ကျွန်တော့်ဘဝက ပိုတန်ဖိုးရှိပါတယ်” ဟု ၎င်းက ယခုလအစောပိုင်း တွင် CNN သို့ ပြောကြားခဲ့သည်။ “ ဂါဇာသားတွေ အများကြီး သေခဲ့တယ်။ ဘယ်သူမှ သူတို့နာမည်တွေကို မပြောကြဘူး။”

အာဇိုင်ဇာသည် ၎င်း၏ မိသားစုနှင့်အတူ ကာတာသို့ ထွက်ပြေးခဲ့သည်မှာ ၂၁ လ ရှိခဲ့ပြီဖြစ်ပြီး ယခုအခါ နယူးယောက်တွင် နေထိုင်လျက်ရှိသည်။ ၎င်းသည် ဂါဇာပြည်သူများကို ကူညီရန်အတွက် အကူအညီပေးရေး အဖွဲ့များနှင့် ပူးပေါင်း လုပ်ကိုင်ခဲ့ပြီး ဒေါ်လာ သန်း ၆၀ ရှာဖွေနိုင် ခဲ့ကာ အသက်များစွာကို ကယ်တင်နိုင်ခဲ့သည်ဟု ဆိုသည်။ ၎င်းသည် ဂါဇာရှိ ပါလက်စတိုင်းများအတွက် ရန်ပုံငွေ ဆက်လက်ရှာဖွေရန် ဖောင်ဒေးရှင်းတစ်ခုကို မကြာသေးမီက စတင် တည်ထောင်ခဲ့ပြီး၊ အစားအသောက်နှင့် မုန့်မျိုးစုံ၊ သန့်ရှင်းသောရေ တိုင်ကီကားများ၊ စောင်များနှင့် ခိုလှုံရာများ ပံ့ပိုးပေးနိုင်ရန် ကူညီမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ Motaz Foundation ကို Instagram ဖော်လိုဝါများအား “ မှောင်မိုက်ထဲက ဖယောင်းတိုင်တစ်တိုင်” အဖြစ် ဖော်ပြပြီး အကူအညီ လိုအပ်သူများကို ကိုယ်တိုင် ဆက်သွယ်ရန် တိုက်တွန်းခဲ့သည်။

ဂျော်ဂျီယာပြည်နယ်၊ ရော့စဝဲလ် (Roswell) ရှိ မွတ်စလင် ကျန်းမာရေးစင်တာတွင် မကြာသေးမီက ပြုလုပ်ခဲ့သော ပွဲတစ်ခုတွင် ၎င်း၏အမည်ဖြင့် အဘယ်ကြောင့် ဖောင်ဒေးရှင်းအမည် ပေးရသနည်းဟု မေးသောအခါ၊ အခြားမည်သည့်နာမည်ကိုမျှ စဉ်းစားမရနိုင်ခဲ့ကြောင်း ရိုးရှင်းစွာ ပြောကြားခဲ့သည်။ သို့သော် သူသည် ၎င်း၏ အလုပ်ကို ဂုဏ်ယူပြီး ၎င်း၏ဘဝ၏ စိတ်ဒဏ်ရာရဖွယ်ရာ အပြောင်းအလဲများကြားတွင် ရည်ရွယ်ချက်တစ်ခုကို လုပ်ဆောင်နေသည်။

“ ဒါက ကျွန်တော် ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခတွေကို မေ့သွားစေနိုင်မလား မသိဘူး” ဟု ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေရှာဖွေရေးပွဲ ကျင်းပခဲ့သော ယီမင်ကော်ဖီဆိုင် နောက်ဘက်ရှိ ပစ်ကပ်ထရပ်ကား နောက်ကျောကို မှီရင်း သူ စဉ်းစားနေသည်။ “ ကျွန်တော် လူတွေကို ရန်ပုံငွေ လွှဲပေးပြီး အကူအညီ၊ ထောက်ပံ့မှုနဲ့ အစားအသောက်တွေ ရတဲ့အခိုက် အတန့်မှာ၊ ကျွန်တော် ပျော်ရွှင်မှုကို ခံစားရတယ်!” သူသည် ခံစားချက် မုန်တိုင်းကို ဖြတ်သန်း နေရချိန်တွင် ၎င်း၏ ပူပန်မှုနှင့် စိတ်အားထက်သန်မှု နှစ်မျိုးစလုံးသည် ထင်ရှားသည်။

“ ကျွန်တော် တစ်ခါမှ အသုံးမဝင်တဲ့လူ မဖြစ်ခဲ့ဘူး” ဟု ၎င်းက ပြောသည်။ “ ခြေလှမ်းတိုင်းမှာ အသုံးဝင်အောင် အမြဲ ကြိုးစားနေတယ်” ။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ် ဦးဆောင်သော အကြမ်းဖက်တိုက်ခိုက်မှုတွင် လူပေါင်း ၁,၂၀၀ ကျော် သေဆုံးပြီး ၂၅၀ ခန့် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရကာ အစ္စရေး၏ ပြင်းထန်သော စစ်ရေးတုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ထိုအချိန်မှစ၍ ဂါဇာတွင် သတင်းထောက် ၂၄၀ ကျော် အသတ်ခံခဲ့ရသည်။ အစ္စရေးက သတင်းထောက်များကို ပစ်မှတ်ထားခြင်းမရှိဟု ငြင်းဆိုသော်လည်း သတင်းထောက်များ ကာကွယ်ရေးကော်မတီ၏အဆိုအရ ဂါဇာသည် ၎င်းတို့အတွက် သမိုင်းတစ်လျှောက် အသေအပျောက် အများဆုံး ပဋိပက္ခဒေသ ဖြစ်လာခဲ့သည်။

အာဇိုင်ဇာက သူ နယ်မြေမှ မထွက်ခွာမီ မကြာမီတွင် အမည်မသိ ဖုန်းခေါ်ဆိုမှုများမှတစ်ဆင့် လုပ်ကြံသတ်ဖြတ်မည့် ခြိမ်းခြောက်မှုများကို လက်ခံရရှိခဲ့ပြီး ၎င်း၏ ဇာတ်လမ်းသည် ထိုနေရာတွင် အလွယ်တကူ ပြီးဆုံးနိုင်ခဲ့ကြောင်း သိသည်။ သေခြင်းတရားနှင့် အလွန်နီးစပ်ခဲ့ခြင်းက သူ့ကို ပို၍ အသက်ရှင်သလို ခံစားရစေသလားဟု ခံစားရပြီး စိတ်ကို ရှုပ်ထွေး စေသည်။ “ ဟုတ်ပါတယ်” ဟု ၎င်းက ပြန်ဖြေသည်။ “ ဘာဖြစ်လို့လဲဆိုတော့ ရှုံးနိမ့်စရာ ဘာမှ မရှိတော့ဘူးလေ။”

သူသည် ဂါဇာတွင် သူငယ်ချင်းများစွာ ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။ သို့သော် သူသည် အတွင်းစိတ်တွင် သေဆုံးနေသကဲ့သို့ ခံစားရသည်။ “ ကျွန်တော့် စိတ်ဝိညာဉ်က ပိတ်သွားပြီ” ဟု ၎င်းက ပြောသည်။ တစ်ခါတစ်ရံ အသက်ရှင်ကျန်ရစ်ခြင်းအတွက် ကံကောင်းသည်ဟု ခံစားရပြီး လွတ်မြောက်ခဲ့ရခြင်းအတွက် ပို၍ ကံကောင်းသည်ဟု ခံစားရသည်။ စစ်ပွဲမှ ထွက်ပြေးလွတ်မြောက်လာသူများ သို့မဟုတ် ဝေးလံသောအရပ်မှ မြင်တွေ့ခဲ့ရသူများကဲ့သို့ပင် သူသည် ယခုတိုင် အသက်ရှင်ကျန်ရစ်သူတွင် အပြစ်ရှိသည်ဟု ခံစားချက်နှင့် ရုန်းကန်နေရသည်။

“ ဒါက လူတွေ ကျွန်တော့်ကို ခံစားစေချင်တဲ့ ခံစားချက်ပါ” ဟု သူ ရှင်းပြသည်။ “ ဒါမှမဟုတ် အစ္စရေးက ကျွန်တော့်ကို ခံစားစေချင်တာ၊ ဘာဖြစ်လို့လဲဆိုတော့ သင့်ကို အတွင်းစိတ်ထဲမှာ အနိုင်ယူလိုက်ရင် သူတို့ ဘာမှ ထပ်လုပ်စရာ မလိုတော့ဘူး။ ကျွန်တော့်မှာ အဲဒီ ခံစားချက် ရှိတယ်၊ ဒါပေမယ့် အဲဒါကို ကျွန်တော့်ကို ထိန်းချုပ်ခွင့်မပေးဖို့ ကြိုးစားနေပါတယ်” ။

အာဇိုင်ဇာက သူသည် ဓာတ်ပုံဆရာ ဖြစ်ချင်ခဲ့ကြောင်း အမြဲပြောသော်လည်း အကြမ်းဖက်မှုက သူ့ထံသို့ လမ်းခရီးကို ထိုးဖောက်မလာခဲ့ပါက သူသည် ရှာဖွေခဲ့မည်မဟုတ်ဟု ဆိုသည်။ သူသည် စည်ကားသော ဈေးနေရာများ သို့မဟုတ် ကမ်းခြေတွင် ကစားနေသော ကလေးများ၏ အနုပညာဆန်သည့် ဓာတ်ပုံများကို ရိုက်ကူးခြင်းကို ပိုနှစ်သက်ပြီး၊ သူနှင့် ဂါဇာမှ အခြား ဓာတ်ပုံသတင်းထောက်များက လေကြောင်း တိုက်ခိုက်မှုအပြီး အထိခိုက်ဆုံး မြင်ကွင်းများကို ရိုက်ကူးရန် ယှဉ်ပြိုင်ကြသည့်အခါမှသာ ပြင်ပကမ္ဘာသည် သူ၏အလုပ်အတွက် ငွေပေးချေရန် စိတ်ဝင်စားပုံရသည့်အတွက် မကျေမနပ်ဖြစ်ခဲ့သည်။

အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအပေါ် အစ္စရေး၏ တုံ့ပြန်မှုကို သူ၏ မှတ်တမ်းတင်မှုသည် သူ့ကို ဆိုရှယ်မီဒီယာတွင် ဖော်လိုဝါများ အများအပြား ရရှိစေခဲ့ပြီး အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အောင်မြင်မှုများကို ဆောင်ကြဉ်းပေးခဲ့သည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ  ၃၁ ရက်နေ့က ဂါဇာအလယ်ပိုင်းရှိ နူဆာရက် (Nuseira) ဒုက္ခသည် စခန်းတွင် ပြိုကျနေသော တိုက်ခန်းတစ်ခန်းထဲ ပိတ်မိနေသည့် အမျိုးသမီးတစ်ဦး၏ဓာတ်ပုံသည် Time မဂ္ဂဇင်း၏ တစ်နှစ်တာ အကောင်းဆုံး ဓာတ်ပုံ ၁၀ ပုံထဲတွင် အသိအမှတ် ပြုခြင်း ခံခဲ့ရသည်။ သို့သော် အခြားနိုင်ငံများရှိ သူ၏လုပ်ငန်းနယ်ပယ်မှ လုပ်ဖော်ကိုင်ဖက်များနှင့် မတူဘဲ၊ သူ၏ ရပ်ရွာ၏ ပြင်းထန်သော ဆင်းရဲဒုက္ခကသာ အောင်မြင်ရန် အခွင့်အလမ်းပေးခဲ့သည့်အတွက် သူသည် ထိုအောင်မြင်မှုကို ဂုဏ်မပြုနိုင်ခဲ့ပေ။

စစ်ပွဲ အိပ်မက်များ

အာဇိုင်ဇာသည် ဂါဇာမှ သတ်ဖြတ်မှုများနှင့် ပြင်ပကမ္ဘာအကြား ပေါင်းကူးတံတားဖြစ်ရန် ကံကြမ္မာက သူ့ကို တစ်နည်းနည်းဖြင့် ရွေးချယ်ခဲ့သည်ဟု ခံစားရပြီး စစ်ပွဲမတိုင်မီကပင် သူ၏အနာဂတ်ကို အကြိမ်ပေါင်းများစွာ မြင်မက်ခဲ့ကြောင်း ယခုအခါ ထုတ်ဖော်ပြောကြားသည်။

အာဇိုင်ဇာသည် သတင်းထောက်ဝတ်စုံဝတ်၍ လမ်းများပေါ်တွင် ပြေးလွှားနေသည်၊ သူ့ဘေးရှိ အဆောက်အအုံတစ်လုံး ပေါက်ကွဲပြီး မြေပြင်ပေါ် ခေါင်းရိုက်မိကာ အိပ်ယာမှ နိုးလာသည်ဟု မကြာခဏ အိပ်မက်မက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုအိပ်မက်က သူ့အတွက် အဓိပ္ပာယ်မရှိခဲ့ပေ။ “ ပြီးတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သတင်းထောက်ဝတ်စုံနဲ့၊ ဦးထုပ်ဆောင်းပြီး၊ ကျွန်တော် အိပ်မက်ထဲမှာ မြင်ခဲ့ရတဲ့ အဆောက်အအုံ (အနားကနေ) ကားနဲ့ ဖြတ်သွားတာကို တွေ့ခဲ့ရတယ်” ဟု ၎င်းက ပြောသည်။ “ အဲဒါ မီးလောင်နေတယ်။ ကျွန်တော် အိမ်မက်ထဲမှာ တွေ့ထားခဲ့တဲ့အရာတွေ အများကြီး ဖြစ်ခဲ့တယ်” ။

ဂျော်ဂျီယာရှိ ရန်ပုံငွေရှာဖွေရေးပွဲတစ်ခုတွင် အမျိုးသမီးငယ်တစ်ဦးက မတ်တပ်ရပ်၍ သူ့ကို စကားပြောသည်။ “ ကျွန်မတို့ရဲ့ မျက်လုံးတွေကို ဖွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု သူမ၏အသံသည် စိတ်ခံစားမှုဖြင့် တုန်ရီနေပြီး မျက်ရည်များကို သုတ်ရင်း ပြောခဲ့သည်။ “ အသက်ရှင်နေပေးတဲ့အတွက်၊ ဒီမှာ ရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ သင့်ကို အရမ်းကျေးဇူးတင်ပါတယ်” ။ နောက်ထပ် အမျိုးသားတစ်ဦးက မတ်တပ်ရပ်ပြီး သူ့ကို သူရဲကောင်းအဖြစ် ဂုဏ်ပြုခဲ့သည်။ “ ကျွန်တော်က သူရဲကောင်း မဟုတ်ပါဘူး” ဟု အာဇိုင်ဇာက ငြင်းပယ်သည်။ “ ကျွန်တော် စူပါမန်း မဟုတ်ပါဘူး။ ကျွန်တော် အိမ်သာတန်းစီဖို့တောင် စောင့်ရတုန်းပါပဲ” ။

အာဇိုင်ဇာသည် ကျော်ကြားသူ ဖြစ်ချင်ခဲ့သူ မဟုတ်ဘဲ Instagram တွင် ဖော်လိုဝါ ၁၅ သန်းကျော် ရှိသော်လည်း သူသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့က မူလ လူကဲ့သို့ပင် ဖြစ်သည်၊ ပခုံးပေါ်တွင် ဖိအားပိုများလာရုံသာရှိသည်ဟု ဆိုသည်။ ဂါဇာကိစ္စနှင့် ပတ်သက်လာလျှင် နိုင်ငံရေးနှင့် ကင်းအောင်နေရန် မဖြစ်နိုင်ကြောင်း ခက်ခက်ခဲခဲ သင်ယူခဲ့ရသည်။

ဂါဇာတွင် အပြိုင်အဆိုင် အုပ်စုများစွာက ၎င်းတို့၏ ရည်ရွယ်ချက်များကို မြှင့်တင်လိုကြသည်။ ယခင်က သူ့ကို ချီးကျူးခဲ့သူအချို့သည် ယခုအခါ သူ့ကိုမနာလိုဖြစ်ပြီး ဆိုရှယ်မီဒီယာတွင် ဆဲဆိုကြိမ်းမောင်းနေကြသည်ဟု ၎င်းက ပြောသည်။ အမုန်းစကားများသည် တစ်နည်း အားဖြင့် ကျည်ဆံများထက် ပိုဆိုးသည်ဟု သူက ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ကျည်ဆံက မည်သို့ ထိခိုက်စေမည်ကို သိသောကြောင့် ဖြစ်သည်။

“ ဒါပေမယ့် ဒီအရာက” ဟု အသားပေးပြောကြားရန် ခဏရပ်လိုက်ပြီး “ သင့်ကို အတွင်းထဲကနေ တိုက်စား ပြုန်းတီးသွားတယ်၊ သင့်နှလုံးသားကို နာကျဉ်းစေတယ်၊ သင့်ဗိုက်ကို အစာမစားနိုင်အောင် လုပ်တယ်၊ သင့်ကို အတွေးများစေတယ်။ ပြီးတော့ သင့်ပတ်ဝန်းကျင်က တခြားသူတွေကို ထိခိုက်စေတယ်၊ သင့်အမေကို ထိခိုက်စေတယ်။ ကီးဘုတ် စစ်သည်တွေ၊ ဒါက အစ္စရေး (နိုင်နိုင်တဲ့) နည်းလမ်းပဲ။ သူတို့ ကျွန်တော်တို့ကို ခွဲဖို့ မလိုဘူး၊ ကျွန်တော်တို့က အရင်ကတည်းက ကွဲပြားနေပြီးသား” ။

သူသည် အပစ်အခတ်ရပ်စဲမှုနှင့် သတ်ဖြတ်မှုများ အဆုံးသတ်သွားသည့်အတွက် ကျေးဇူးတင်သော်လည်း ပါလက်စတိုင်းများအတွက် မျှတသည်ဟု မထင်ပေ။ “ ကျွန်တော်က မျိုးဖြုတ် သတ်ဖြတ်မှု ရပ်တန့်သွားစေချင်ရုံ သက်သက်ပါ” ဟု သူ ရှင်းပြသည်။ “ အောက်တိုဘာ ၉ ရက်ကတည်းက ကျွန်တော်တို့ ရပ်တန့်ဖို့ ခေါ်နေခဲ့တာ။ သူတို့ကို (အစ္စရေးကို) ဓားစာခံတွေကို ပေးလိုက်ပါ။ ဒါပေမယ့် ကျွန်တော်တို့ အရာအားလုံး ဆုံးရှုံးသွားတဲ့အထိ ဘယ်သူမှ ကျွန်တော်တို့ပြောတာကို နားမထောင်ခဲ့ဘူး။

“ အခုတော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပြီးနောက် အစ္စရေးကို ပိုမိုငြိမ်းချမ်းမှုနဲ့ ပိုမိုအာဏာပေးနေတဲ့ ငြိမ်းချမ်းရေးလို ဖြစ်နေပြီ၊ သူတို့ လိုချင်တာ အကုန်ရသွားပြီ၊ တစ်ခုလုံးကို ရသွားပြီ။ ဘာမှ မကျန်တော့ဘူးဆိုတော့ ဒါက ရေရှည်တည်တံ့ သွားနိုင်တယ်။”

ကုလသမဂ္ဂ၏ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ခုက စက်တင်ဘာလတွင် အစ္စရေးသည် ဂါဇာရှိ ပါလက်စတိုင်းများအပေါ် မျိုးဖြုတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု ကောက်ချက်ချခဲ့ပြီး အခြား မျိုးဖြုတ်သတ်ဖြတ်မှုဆိုင်ရာ ကျွမ်းကျင်သူများနှင့် လူ့အခွင့်အရေးအဖွဲ့များ၏ တွေ့ရှိချက်များကို ထပ်ဟန် ပြုခဲ့သည်၊ ယင်းတို့ကို အစ္စရေးက အားလုံး ငြင်းပယ်ခဲ့သည်။

ယခုအချိန်တွင် အာဇိုင်ဇာသည် ၎င်း၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ အပေါ် အာရုံစိုက်နေသော်လည်း တစ်မျိုးတစ်မည်သော မရေရာသည့်ဘဝတွင် နေထိုင်နေရသည်။ သူသည် ပင်လယ်ဘေးတွင် အိမ်ဆောက်ရန် ဂါဇာသို့ ပြန်သွားရန် အိပ်မက်မက်သော်လည်း မည်သည့်ဘဝမျိုးကို ပြန်သွားရမည်ကို တွေးတောနေသည်။ သူသည် တစ်ချိန်တွင် ဂါဇာ၏ လူငယ်ရေးရာဝန်ကြီး ဖြစ်ချင်သည်ဟု ဆိုသော်လည်း နိုင်ငံရေးသမားများစွာသည် အကျင့်ပျက်ခြစားလာသည်ကို သိသည်။ သူသည် မိသားစု စတင်ထူထောင်ရန်လည်း နှစ်သက်သည်။

အရာရာထက် ပို၍ သူသည် ၎င်း၏ ကင်မရာဖြင့် ရိုးရှင်းသော ဘဝတွင် အလုပ်လုပ်ရန် အိပ်မက်မက်သည်။ “ တာဇံ (Tarzan) ကို သိလား” ဟု သူက မေးခွန်းထုတ်သည်။ “ ကျွန်တော် ကင်မရာကိုင်ထားတဲ့ တာဇံ ဖြစ်ချင်တယ်။ ကင်မရာနဲ့ တန်ဇန်းနီးယားကို သွားချင်တယ်၊ ခြင်္သေ့တွေနဲ့ တိရစ္ဆာန်တွေကို ရိုက်ကူးချင်တယ်။ ကျွန်တော် လူသားတွေကို ထပ်မရိုက်ကူး ချင်တော့ဘူး၊ လူသားတွေက ပြဿနာတွေ၊ နာကျင်မှုတွေနဲ့ ဒုက္ခတွေကို ယူဆောင်လာတယ်။ လူသားတွေ မလိုတော့ဘူး၊ တိရစ္ဆာန်တွေပဲ လိုချင်တယ်၊ ဒါပါပဲ။”


[ဓာတ်ပုံ]အမေရိကန်ရောက် မိုတက်ဇ်အာဇိုင်ဇာ(Motaz Azaiza)ကိုလူများလာရောက်တွေ့ဆုံ

[ဓာတ်ပုံ]အစ္စရေးနှင့် ဟားမတ်စ် အုပ်စုအကြား ဂါဇာကမ်းမြှောင်၌ ဖြစ်ပွားသော စစ်ပွဲ၏ သက်ရောက်မှုများကို မှတ်တမ်းတင်နေသည့် ပါလက်စတိုင်း ဓာတ်ပုံသတင်းထောက် မိုတက်ဇ်အာဇိုင်ဇာ (Motaz Azaiza) သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က ပါလက်စတိုင်း နယ်မြေ၏ အလယ်ပိုင်းဒေသရှိ လမ်းမတစ်ခုပေါ်တွင် ရပ်နေသည်ကို တွေ့ရသည်။ Mohammed Abed/AFP/Getty Images

[ဓာတ်ပုံ]အစ္စရေးတိုက်ခိုက်မှုကြောင့်သေဆုံးသွားခဲ့သည့်သတင်းထောက်တယောက်၏ ကင်မရာ ။

[ဓာတ်ပုံ] ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့တွင် ဂါဇာစီးတီး၌ အစ္စရေး၏ ညတွင်းချင်း တိုက်ခိုက်မှုခံခဲ့ရသော အိမ်တစ်လုံး၏ နေရာကို ပါလက်စတိုင်းများက စစ်ဆေးနေကြစဉ်။ Ebrahim Hajjaj/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 18 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 24 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 22 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 24 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 25 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

“ မည်သည့်စနစ်ကမျှ မဖြေရှင်းနိုင်ပါ” – လက်ဘနွန်ရှိ ခိုလှုံရေးစခန်းများတွင် နေရပ်စွန့်ခွာသူများ ပြည့်လျှံနေကြောင်း ကူညီကယ်ဆယ်ရေးဝန်ထမ်း ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၁ရက် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း လက်ဘနွန်နိုင်ငံတွင် ဖြစ်ပေါ်နေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် လူပေါင်းသိန်းချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ဘေးကင်းရာသို့ ရှာဖွေနေရသဖြင့် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေကြောင်း နယ်စည်းမထား