နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ကျောက်တော်မြို့ပေါ်ရှိ လူနေရပ်ကွက်နဲ့ ဈေးထဲကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

ဇန်နဝါရီလ (၁၁)ရက်။

ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်ရှိ လူနေရပ်ကွက်နဲ့ ဈေးထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ကျောက်တော်မြို့ပေါ်က လူနေထူထပ်တဲ့နေရာတွေဖြစ်တဲ့ ရပ်ကွက်နဲ့ ဈေးထဲကို အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံး (၃)ကြိမ် လာကြဲသွားတာ” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဂျက်တိုက်လေယာဉ်နဲ့ ကျောက်တော်မြို့ပေါ်ရှိ ရပ်ကွက်နဲ့ ဈေးအပါအဝင် လူနေထူထပ်တဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံး (၃)ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

“ လေကြောင်းဗုံးကြဲတာက ဗုံးအရေအတွက် စုစုပေါင်း (၁၅)လုံးလောက်ရှိတယ်။ ဗုံးကြဲတာကြောင့် ဈေးရောင်း၊ ဈေးဝယ်တွေနဲ့ လမ်းသွားလမ်းလာတွေ သေဆုံးထိခိုက်တာတွေရှိပါတယ်။ အသေးစိတ်ကိုတော့ ဆက်ပြီးတင်ပြသွားပါမယ်” လို့ ပြောဆိုထားပါတယ်။

ကျောက်တော်မြို့ပေါ် ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာရှိသလို ဈေးဆိုင်တန်းနဲ့ နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ‌ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၈)ရက်နေ့ကလဲ ရမ်းဗြဲမြို့ ကျောက်နီမော်ရွာကို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား (၄၀)ကျော်သေဆုံးပြီး (၅၀)ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်နယ်ထဲ စစ်ကောင်စီရဲ့လေယာဉ်တစီး ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဇွန်လ 24 ရက်
  • 34 Views
ဇွန်လ (၂၃)ရက်။ မြိုင်နယ်ထဲ စစ်ကောင်စီရဲ့ Mi-17 လေယာဉ်တစီးကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့ကြား အင်အားသုံးဖြေရှင်းတာကို PRF နဲ့ PDA ဆန့်ကျင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 34 Views
ဇွန်လ (၂၃)ရက်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အင်အားသုံးဖြေရှင်းတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်လို့ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုဖြေရှင်းတာတွေကြောင့် မိုင်းထိမှန်ကာ ထိခိုက်ခဲ့တဲ့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက စိတ်ရောဂါသည်အပါအဝင် ပြည်သူ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 27 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၁၅)ရက်နေ့မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ We Love Myaing ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာက တပ်မ(၉၉)နဲ့ ပခုက္ကူက
မြန်မာသတင်း

PLA က ပြည်သူတဦးကို ဖမ်းဆီးပြီး ငွေညှစ်ခြိမ်းခြောက်ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 23 Views
ဇွန်လ (၂၃)ရက်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ဟာ ပြည်သူတဦးကို ဖမ်းဆီးပြီး သတ်ပစ်မယ်ဆိုကာ ခြိမ်းခြောက်ငွေညှစ်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ မေလ (၂၆)ရက်နေ့က ဝဲလောင်းရွာနေ ဦးသန်း(အမည်လွှဲ)ဆိုသူက PLA က ဖမ်းဆီးခဲ့ပြီး
မြန်မာသတင်း

PLA အထိုင်စခန်းတွေကို NUG အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း 

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 35 Views
မြင်းခြံခရိုင်ထဲက PLA တပ်တွေ ထွက်ခွာဖို့ အမိန့်ပေးထားတယ်လို့ဆို ဇွန်လ (၂၂)ရက်။ မနေ့ကစပြီး တောင်သာမြို့နယ်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ တပ်စခန်းတွေကို NUG က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ NUG ရဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့
မြန်မာသတင်း

ရေနံချောင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းမိတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 32 Views
ဇွန်လ (၂၂)ရက်။ ရေနံချောင်းမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၂၀)ရက်နေ့က နယ်မြေလုံခြုံရေးလုပ်ဆောင်ချိန် ရေနံချောင်းမြို့ရဲ့ အရှေ့မြောက်ဘက်ရှိ လွန်းပင်ရှိုရွာစာကြည့်တိုက်မှာ YGN နဲ့ မကွေး-PDF
မြန်မာသတင်း

မူးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 31 Views
လယ်ဒိုမှာ စစ်မှုထမ်းတပ်သား (၁၆)ဦး KNDO ထံ အလင်းဝင်ခဲ့ ဇွန်လ (၂၂)ရက်။ ဇွန်လ (၂၀)ရက်နေ့ ည (၁၁)နာရီခန့်က မူးမြို့ ဒိုးဒိုရွာရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ
၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်သတင်းသမားတွေ စုပေါင်းပြီး အာရက္ခမီဒီယာကောင်စီ(APC) ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
ဇွန်လ (၂၂)ရက်။ ပြည်တွင်း၊ ပြည်ပရှိ လွတ်လပ်တဲ့ ရခိုင်သတင်းသမားတို့ စုပေါင်းပြီး အာရက္ခမီဒီယာကောင်စီ(APC)ကို ဖွဲ့စည်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရခိုင်သတင်းသမား (၃၃)ဦးဟာ ဇွန်လ (၁၄)ရက်နေ့က အစည်းအဝေးပြုလုပ်ပြီး ညီညွတ်တဲ့ ဆုံးဖြတ်ချက်နဲ့ APC