နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်အစိုးရ ထောက်ပံ့ထားသော Radio Free Europe နှင့် Voice of America (VOA) မှ ဌာနများကို ပိတ်ပစ်ရန် မတ်စ် တောင်းဆို

ဖေဖော်ဝါရီလ (၁၁) ရက်။

ဘီလျံနာအီလွန်မတ်စ်က ဖေဖော်ဝါရီ ၉ ရက်နေ့က အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ Radio Free Europe နဲ့ Voice of America တို့ကို ပိတ်ပစ်ရန် တောင်းဆိုခဲ့ပါတယ်။

အထူးမစ်ရှင်များအတွက် အမေရိကန် အထူးသံတမန် ရစ်ချက်ဂရန်နဲလ် (Richard Grenell) ရဲ့ မှတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ မတ်စ်က X မှာ “ ဟုတ်တယ်၊ သူတို့ကို ပိတ်လိုက်ပါ။ ဥရောပဟာ အခုလွတ်လပ်နေပြီပဲ” လို့ ရေးသားခဲ့ပါတယ်။ (အနှောက်အယှက်ဖြစ်စေတဲ့ ဗျူရိုကရေစီကို ထည့်မတွက်ပါဘူး။)

သူတို့ (Radio Free Europe နဲ့ Voice of America ) ပြောတာကို ဘယ်သူမှ နားမထောင်တော့ဘူး။ သူတို့ကိုယ်ကို စကားပြောနေတဲ့ လက်ဝဲအစွန်း ရောက်တွေက အရူးတွေချည်းပါပဲ” “အမေရိကန်အခွန်ထမ်းတွေရဲ့ ငွေတွေ တစ်နှစ်ကို ဒေါ်လာ တစ်ဘီလီယံဖိုးကို မီးရှို့နေတာပါ” လို့ မတ်စ်က ပြောခဲ့ပါတယ်။

” Radio Free Europe နဲ့ Voice of America (VOA) တို့ဟာ အမေရိကန်အခွန်ထမ်းငွေတွေနဲ့ လုပ်ဆောင်နေတဲ့ မီဒီယာဌာနခွဲတွေ ဖြစ်ပြီး နိုင်ငံပိုင်မီဒီယာတွေ ဖြစ်ကြပါတယ်။ အဲ့ဒီဌာနတွေမှာ လက်ဝဲအစွန်း တက်ကြွ လှုပ်ရှားသူတွေနဲ့ ပြည့်နေပါတယ်” လို့ ဂရင်နဲလ် (Grenell) က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ “ ဒီသတင်းထောက်တွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒါက အတိတ်ရဲ့ အမွေအနှစ်ပါပဲ။ ကျွန်တော်တို့က အစိုးရငွေထောက်ပံ့ခံ မီဒီယာဌာနတွေ မလိုအပ်ပါဘူး။”

အီလွန်မတ်စ်နဲ့ ရစ်ချက်ဂရန်နဲလ်တို့ နှစ်ဦးစလုံးဟာ မီဒီယာအဖွဲ့အစည်းတွေကို အစိုးရ ရန်ပုံငွေ ထောက်ပံ့ပေးနေမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပြီး အဲ့ဒီဌာနတွေကို ထောက်ပံ့ဖို့ အခွန်ထမ်းပြည်သူတို့ရဲ့ငွေတွေကို အသုံးမပြုသင့်ဘူးလို့ ပြောဆိုခဲ့ကြပါတယ်။

အစိုးရ စွမ်းဆောင်ရည် မြှင့်တင်ရေးဌာန (DOGE) ၏ အကြီးအကဲဖြစ်တဲ့ မတ်စ်က Politico ၊ Associated Press နဲ့ New York Times စတဲ့ မီဒီယာအဖွဲ့အစည်းတွေကို ဖက်ဒရယ်အစိုးရက ထောက်ပံ့နေတာကို ဝေဖန်ခဲ့ပြီး အဲ့ဒီအဖွဲ့အစည်းတွေဟာ အခွန်ထမ်းရန်ပုံငွေတွေကို ထိရောက်စွာ အသုံးမပြုနိုင်တာကြောင့် သူတို့ကို ဖယ်ရှားပစ်ဖို့ လှုံ့ဆော်ဝေဖန်ခဲ့ပါတယ်။

အလားတူ ထရန့်ရဲ့ အထူးမစ်ရှင်သံတမန်အဖြစ် ဂရန်နဲလ်က မီဒီယာတွေက သတင်းရယူဖို့ လစဉ်ကြေးပေးသွင်းမှု (subscriptions) တွေမှာ အစိုးရအသုံးစရိတ်ကို သုံးစွဲမှုတွေကို လူသိရှင်ကြား ရှုတ်ချခဲ့ပြီး အဲ့ဒီရန်ပုံငွေတွေကို ချက်ချင်းရပ်စဲသင့်တယ်လို့ မတ်စ်ရဲ့ ရပ်တည်ချက်ကို ပဲ့တင်ထပ် ပြောခဲ့ပါတယ်။

ထရန့် အစိုးရဟာ Politico လို သတင်းဌာနတွေမှာ လစဥ်ကြေးပေး စာရင်းသွင်းမှုတွေကို ရပ်တန့်ဖို့ လုပ်ဆောင်ခဲ့ပြီး အစိုးရက ထောက်ပံ့ထားတဲ့ မီဒီယာတွေကို ပိုမိုကျယ်ပြန့်စွာ စိစစ်ခြင်းနဲ့ ထောက်ပံ့တာကို အငြင်းပွားမှုတွေအကြားမှာ ဒီလို ပြောဆိုမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 11 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဆွစ်ဇာလန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲအသစ်များကို ‘စဉ်းစားသုံးသပ်နေဆဲ’ ဟု အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 16 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲအဝိုင်းအဝန်းအသစ်တစ်ခုကို “ စဉ်းစားသုံးသပ် နေဆဲဖြစ်သည်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန
နိုင်ငံတကာစီးပွားရေး နိုင်ငံတကာသတင်း

သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 14 Views
ရှာနာ့ဇ် မူဆာဖာ (Shanaz Musafer) ဘီဘီစီ စီးပွားရေးသတင်းထောက်ပေးပို့သည်။ BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် မနေ့ညက အမေရိကန်နှင့် အီရန်တို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ ပြီးနောက် ယနေ့နံနက်တွင် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိသည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဗန်စ့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ‘အချို့အရာတွေကို မှားယွင်းလုပ်ဆောင်ခဲ့တယ်’ ဟု ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 21 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲအတွင်း မဟာမိတ်နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ မကြာသေးမီ သီတင်းပတ်များအတွင်း တင်းမာလာပုံရချိန်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု သည် “ အချို့အရာတွေကို အသေအချာပဲ မှားယွင်းလုပ်ဆောင်ခဲ့တာ ရှိပါတယ်” ဟု
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲက အီရန်ကို ဟော်မုဇ်ရေလက်ကြားအား လက်နက်တစ်ခုသဖွယ် ဘယ်လိုအသုံးချရမလဲဆိုတာ သင်ကြားပေးခဲ့သည်

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 15 Views
ရေးသားသူ- ဂျယ်ရမီ ဘိုဝင် (Jeremy Bowen) နိုင်ငံတကာရေးရာ အယ်ဒီတာ BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဒီကိစ္စတွေအားလုံး ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့ချိန်တုန်းက ဒေါ်နယ်ထရမ့်နဲ့ ဘင်ဂျမင် နေတန်ယာဟုတို့က အစိုးရအပြောင်းအလဲ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်သဘောတူညီချက်အပေါ် ထရမ့် ရင်ဆိုင်နေရသည့် ဒေါ်လာ ဘီလီယံ ၃၀၀ ပြဿနာ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၇ရက် သမ္မတ ဒေါ်နယ်ထရမ့်နှင့် အီရန်တို့အကြား စတင်ပျိုးထောင်နေဆဲဖြစ်သော သဘောတူညီ ချက် သည် ရှေးရိုးစွဲကွန်ဆာဗေးတစ်အများအပြား၏ ငြင်းဆန်မှုကို ကြုံတွေ့နေရသဖြင့် လက်ရှိတွင် ပြဿနာပေါင်းစုံနှင့် ရင်ဆိုင်နေရသည်။ သို့သော် အဆိုပါပြဿနာများ၏ ထိပ်ဆုံးတွင်
နိုင်ငံတကာသတင်း ပြင်သစ် ယူကရိန်း အမေရိကန် အီရန် ဥရောပ

ယနေ့စက်မှု (၇)နိုင်ငံ၏ (G7) အစည်း အဝေး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 17 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၇)ရက် Aljazeera News- ဂျီ၇ (G7) အစည်း အဝေး သည် အဓိကအီရန်နှင့် ယူကရိန်းတို့အရေးကလွှမ်းမိုးမှုအများဆုံး ဖြစ်နေခဲ့‌သည် ဟုသိရသည်။ ထို (G7) အစည်း အဝေး သည်အမေရိကန်နှင့်အီရန်တို့ အကြားငြိမ်းချမ်းရေး
အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်တွင် အဓိကကျသော လျှို့ဝှက်ကတိကဝတ်များ ပါဝင်ခြင်း မရှိဟုဆိုကာ စာသားပါအချက်အလက်များကို အမေရိကန်အရာရှိများ လျှော့ချပြောဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက် ဝါရှင်တန်နှင့် တဟီရန်တို့အကြား ရရှိထားသော သဘောတူညီချက်ပါ တိကျသည့် စာသား အသုံးအနှုန်းများ၏ အရေးပါမှုကို လျှော့ချပြောဆိုနေကြသော်လည်း၊ အမေရိကန် ညှိနှိုင်း ရေးမှူးများသည် အဆိုပါသဘောတူညီချက်