နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်အစိုးရ ထောက်ပံ့ထားသော Radio Free Europe နှင့် Voice of America (VOA) မှ ဌာနများကို ပိတ်ပစ်ရန် မတ်စ် တောင်းဆို

ဖေဖော်ဝါရီလ (၁၁) ရက်။

ဘီလျံနာအီလွန်မတ်စ်က ဖေဖော်ဝါရီ ၉ ရက်နေ့က အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ Radio Free Europe နဲ့ Voice of America တို့ကို ပိတ်ပစ်ရန် တောင်းဆိုခဲ့ပါတယ်။

အထူးမစ်ရှင်များအတွက် အမေရိကန် အထူးသံတမန် ရစ်ချက်ဂရန်နဲလ် (Richard Grenell) ရဲ့ မှတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ မတ်စ်က X မှာ “ဟုတ်တယ်၊ သူတို့ကို ပိတ်လိုက်ပါ။ ဥရောပဟာ အခုလွတ်လပ်နေပြီပဲ” လို့ ရေးသားခဲ့ပါတယ်။ (အနှောက်အယှက်ဖြစ်စေတဲ့ ဗျူရိုကရေစီကို ထည့်မတွက်ပါဘူး။)

သူတို့ (Radio Free Europe နဲ့ Voice of America ) ပြောတာကို ဘယ်သူမှ နားမထောင်တော့ဘူး။ သူတို့ကိုယ်ကို စကားပြောနေတဲ့ လက်ဝဲအစွန်း ရောက်တွေက အရူးတွေချည်းပါပဲ” “အမေရိကန်အခွန်ထမ်းတွေရဲ့ ငွေတွေ တစ်နှစ်ကို ဒေါ်လာ တစ်ဘီလီယံဖိုးကို မီးရှို့နေတာပါ” လို့ မတ်စ်က ပြောခဲ့ပါတယ်။

” Radio Free Europe နဲ့ Voice of America (VOA) တို့ဟာ အမေရိကန်အခွန်ထမ်းငွေတွေနဲ့ လုပ်ဆောင်နေတဲ့ မီဒီယာဌာနခွဲတွေ ဖြစ်ပြီး နိုင်ငံပိုင်မီဒီယာတွေ ဖြစ်ကြပါတယ်။ အဲ့ဒီဌာနတွေမှာ လက်ဝဲအစွန်း တက်ကြွ လှုပ်ရှားသူတွေနဲ့ ပြည့်နေပါတယ်” လို့ ဂရင်နဲလ် (Grenell) က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ “ဒီသတင်းထောက်တွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒါက အတိတ်ရဲ့ အမွေအနှစ်ပါပဲ။ ကျွန်တော်တို့က အစိုးရငွေထောက်ပံ့ခံ မီဒီယာဌာနတွေ မလိုအပ်ပါဘူး။”

အီလွန်မတ်စ်နဲ့ ရစ်ချက်ဂရန်နဲလ်တို့ နှစ်ဦးစလုံးဟာ မီဒီယာအဖွဲ့အစည်းတွေကို အစိုးရ ရန်ပုံငွေ ထောက်ပံ့ပေးနေမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပြီး အဲ့ဒီဌာနတွေကို ထောက်ပံ့ဖို့ အခွန်ထမ်းပြည်သူတို့ရဲ့ငွေတွေကို အသုံးမပြုသင့်ဘူးလို့ ပြောဆိုခဲ့ကြပါတယ်။

အစိုးရ စွမ်းဆောင်ရည် မြှင့်တင်ရေးဌာန (DOGE) ၏ အကြီးအကဲဖြစ်တဲ့ မတ်စ်က Politico ၊ Associated Press နဲ့ New York Times စတဲ့ မီဒီယာအဖွဲ့အစည်းတွေကို ဖက်ဒရယ်အစိုးရက ထောက်ပံ့နေတာကို ဝေဖန်ခဲ့ပြီး အဲ့ဒီအဖွဲ့အစည်းတွေဟာ အခွန်ထမ်းရန်ပုံငွေတွေကို ထိရောက်စွာ အသုံးမပြုနိုင်တာကြောင့် သူတို့ကို ဖယ်ရှားပစ်ဖို့ လှုံ့ဆော်ဝေဖန်ခဲ့ပါတယ်။

အလားတူ ထရန့်ရဲ့ အထူးမစ်ရှင်သံတမန်အဖြစ် ဂရန်နဲလ်က မီဒီယာတွေက သတင်းရယူဖို့ လစဉ်ကြေးပေးသွင်းမှု (subscriptions) တွေမှာ အစိုးရအသုံးစရိတ်ကို သုံးစွဲမှုတွေကို လူသိရှင်ကြား ရှုတ်ချခဲ့ပြီး အဲ့ဒီရန်ပုံငွေတွေကို ချက်ချင်းရပ်စဲသင့်တယ်လို့ မတ်စ်ရဲ့ ရပ်တည်ချက်ကို ပဲ့တင်ထပ် ပြောခဲ့ပါတယ်။

ထရန့် အစိုးရဟာ Politico လို သတင်းဌာနတွေမှာ လစဥ်ကြေးပေး စာရင်းသွင်းမှုတွေကို ရပ်တန့်ဖို့ လုပ်ဆောင်ခဲ့ပြီး အစိုးရက ထောက်ပံ့ထားတဲ့ မီဒီယာတွေကို ပိုမိုကျယ်ပြန့်စွာ စိစစ်ခြင်းနဲ့ ထောက်ပံ့တာကို အငြင်းပွားမှုတွေအကြားမှာ ဒီလို ပြောဆိုမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 59 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 65 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက