နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း-ရုရှား ပဋိပက္ခတွင် အဆင့်အမြင့်ဆုံး ရုရှားအရာရှိတစ်ဦး သေဆုံးခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လရက်

CNN —

ရုရှားရေတပ်၏ လက်ထောက်အကြီးအကဲသည် ရုရှားနိုင်ငံ ကာ့စ်(Kursk) ဒေသတွင် သေဆုံး သွားခဲ့သည်၊ ရုရှားနိုင်ငံ အရှေ့ဖျားရှိ ပရီမော်စကီး (Primorsky) ဒေသ၏ အုပ်ချုပ်ရေးမှူး အိုလက် ကိုဇမ်ယာကို (Oleg Kozhemyako) က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ယူကရိန်းမှာ တိုက်ခိုက်ခဲ့တဲ့ တပ်မဟာကို ဦးဆောင်ခဲ့တဲ့ ရုရှားရေတပ်ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် မီခေးလ် ဂူဒကော့ဗ်(Maj. Gen. Mikhail Gudkov )ဟာ မနှစ်က ယူကရိန်းရဲ့ အောင်မြင်စွာ ကျုးကျော်ဝင်ရောက် ခဲ့ရတဲ့ ရုရှားနယ်စပ် ဒေသမှာ သေဆုံးခဲ့ပါသည်။

၎င်းသည် လွန်ခဲ့သည့် သုံးနှစ်ခန့်က ယူကရိန်းအား လုံးလုံးလျားလျား ကျူးကျော်မှု စတင်ချိန်မှစ၍ သေဆုံးခဲ့ရသည့် ရုရှား၏ ထိပ်တန်းအရာရှိများထဲမှ တစ်ဦးဖြစ်သည်။

ကိုဇမ်ယာကို သည် ယခင်က ရဲစွမ်းသတ္တိအတွက် ဂူဒကော့ဗ် (Gudkov)ကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သေဆုံးကြောင်း ကြေငြာချက်တွင် နှစ်များတစ်လျှောက် ၎င်းတို့နှစ်ဦး သည်ရင်းနှီးစွာ စကားများစွာ ပြောဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။

သူသည် ဂူဒကော့ဗ် ကို “သူ၏ရဲဘော်ရဲဘက်များနှင့်အတူ အရာရှိအဖြစ် တာဝန်ထမ်း ဆောင်စဉ်သေဆုံးသွားသော” စိတ်အားထက်သန်သောစစ်သည်တော်” အဖြစ်ဖော်ပြခဲ့သည်။ ကိုဇမ်ယာကို သည် ဂူဒကော့ဗ် ၏သေဆုံးမှုအခြေအနေများနှင့် ပတ်သက်၍ နောက်ထပ် အသေးစိတ်အချက်အလက်များကိုမဖော်ပြပါ။

ဂူဒကော့ဗ် သေဆုံးမှုအား ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် အတည်ပြုခဲ့ပြီး ကာ့စ်(Kursk)ဒေသတွင် တိုက်ပွဲတွင် သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းဘက်မှ ချက်ခြင်းမှတ်ချက်ပေးခြင်း မရှိသေးပါ။

ဂူဒကော့ဗ် ကို သမ္မတ ဗလာဒီမာပူတင်က ကမ်းရိုးတန်းနဲ့ မြေပြင်တပ်ဖွဲ့တွေအတွက် ရုရှားရေတပ်ရဲ့ လက်ထောက်အကြီးအကဲအဖြစ် မတ်လမှာ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က ပူတင်က “မင်းရဲ့အတွေ့အကြုံကို တခြားယူနစ်တွေမှာ ထပ်တူကူးဖို့ လိုအပ်တယ်လို့ ဝန်ကြီးနဲ့ စစ်ဦးစီးချုပ်က ယုံကြည်တဲ့အတွက်၊ မင်းရဲ့ တာဝန်အဆင့်ကို တိုးမြှင့်ဖို့ မင်းကို ရာထူးတစ်ခုဆီ လွှဲပြောင်းဖို့ ငါဆုံးဖြတ်ခဲ့တယ်”ဟုဆိုခဲ့သည်။

ယူကရိန်းစစ်တပ်သည် ဂူဒကော့ဗ် နှင့် ၎င်း၏ တပ်မဟာ ၁၅၅ သည် ယခင်က ယူကရိန်းတွင် စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့ကြောင်း၊ ရုရှားစစ်ပွဲအစောပိုင်းလများတွင် ဘူချာ(Bucha)၊ အာပင်(Irpin) နှင့် ဂေါ့စတိုမဲလ် (Gostomel) မြို့များတွင် အရပ်သားများကို သတ်ဖြတ်ခြင်း အပါအဝင် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ယခင်က စွပ်စွဲခဲ့ဖူးသည်။

တပ်မဟာ ၁၅၅ သည် ယူကရိန်း စစ်သုံ့ပန်းများကို ကွပ်မျက်ရာတွင် ပါဝင်ခဲ့ကြောင်း ယူကရိန်းနိုင်ငံ နယ်ခြားစောင့်တပ်က သီးခြားထုတ်ပြန်ခဲ့သည်။

ယူကရိန်းနှင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးမှူးများ စုဆောင်းထားသည့် အထောက် အထား များ ရှိနေသော်လည်း ရုရှားသည် ယူကရိန်းတွင် စစ်ရာဇ၀တ်မှုများ ကျူးလွန်ကြောင်း တစိုက်မတ်မတ် ငြင်းဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက